Channel Myanmar

Mackenzie Davis

Swimming Home (2024)
Swimming Home (2024) Swimming Home" (2024) က ဂရိနိုင်ငံမှာရှိတဲ့မိသားစုတစ်စု ရဲ့ရေကူးကန်ထဲမှာ Kitti အမည်ရှိ အဝတ်မပါတဲ့အမျိုးသမီးတစ်ဦးကို တွေ့တဲ့အခါ မှာ ဘဝပြောင်းလဲသွားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဒီလိုထူးဆန်းတဲ့အရာတွေကမိသားစုအတွင်းကလျှိုဝှက်ချက်တွေပါ။ ဒီဇာတ်ကားဟာ Deborah Levy ရဲ့ စာအုပ်တစ်အုပ်ကို အခြေခံထားပြီး အထူးသဖြင့် Ariane Labed as Kitti ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တင်ဆက်မှုတွေပါရှိပါတယ်။ ဂရိဆက်တင်တွေ ရုပ်ပုံတွေကလှပေမယ့်လည်း အချို့သောလူတွေက ဇာတ်လမ်းနှင့် ပုံစံက ရုပ်ရှင်ထက် စာအုပ်အဖြစ်က ပိုကောင်းပါတယ်တဲ့။ ဒီဇာတ်ကားက စိတ်ကူးယဉ်ဆန်ပြီး အမြင်အာရုံကိုစွဲဆောင်နိုင်ပေမယ့် ကြည့်ရှုသူအချို့အတွက် လိုက်ကြည့်ဖို့ ခက်ခဲနိုင်ပါတယ်။ မိသားစုနှင့် လျှိုဝှက်ချက်တွေကို တွေးတောစေမယ့် ရုပ်ရှင်တစ်ကားဖြစ်သော်လည်း လူတိုင်းအတွက် မဖြစ်နိုင် နားမလည်နိုင်ပါ။File size…(1.7 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min ...
movie

Swimming Home (2024)

The Martian (2015) 8.0
The Martian (2015) Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာIMDb rating 8/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အင်္ဂါဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်းကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား ၃ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အင်္ဂါဂြိုလ်(Mars)ပေါ်မှာတစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ကမ္ဘာ မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အင်္ဂါဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့်ပညာရှင်တွေအကြပ်ရိုက်နေတုန်း ...
movie

The Martian (2015)

4K HEVC
Speak No Evil (2024) 7.1
Speak No Evil (2024) ဒီရုပ်ရှင်ကတော့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Speak No Evil ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။မူရင်းကားတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ အခန်းတစ်ခန်းပါပါတယ်။စိတ္တဇလူသတ်သမား စုံတွဲကို သားကောင်လင်မယားက မေးတဲ့အခန်းပေါ့။"မင်းတို့ ဘာလို့ ဒီလိုရက်စက်ရတာလဲ""မင်းတို့ လုပ်ခွင့်ပေးနေလို့ပဲ"ဒီရုပ်ရှင်မှာတော့ အဲဒီအခန်းမှာတင် အားမလိုအားမရနဲ့ ဇာတ်မသိမ်းဘဲသားကောင်မိသားစုက အသက်ရှင်ရေးအတွက်ပြန်တိုက်ခိုက်တဲ့ ဇာတ်ကွက်တွေ ထည့်ထားပြီးဆိုက်ကိုဟော်ရာ thriller အဖြစ် ပြောင်းလဲထားတာပါ။ရုံတင်တုန်းကလည်း အားပေးမှုများခဲ့ပြီး IMDb မှာလည်း 7.1 အထိ ရထားတာမို့ကောင်းကောင်းအရသာခံကြည့်လို့ရမဲ့ ဟော်ရာ ကားကောင်းတစ်ကားပါပဲ။ဒါရိုက်တာက James Watkins ဖြစ်ပြီး အဓိက ဗီလိန်နေရာမှာ X-Men Charles မင်းသားကြီးJames McAvoy ပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size :  6.8 GB, 1.8 GB, 866 MB Quality : WEB-DL HEVC 4K / 1080p / 720p Running ...
movie

Speak No Evil (2024)

4K HEVC
Terminator: Dark Fate (2019) 6.2
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie

Terminator: Dark Fate (2019)

Freaks of Nature (2015) 5.9
Freaks of Nature (2015)  ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကိုဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေကအတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီးမြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။  File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie

Freaks of Nature (2015)

Breathe In (2013) 6.3
Breathe In (2013) ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ် ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာ ဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့ လေ့လာရေးကျောင်းသူကို လက်ခံထားစဉ် လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီး မိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးက တွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ် ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေက တကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ် ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့် နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေ စသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…1GB / 475MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eunice
movie

Breathe In (2013)

2013
What If (2013) 6.8
What If (2013) What If (2013) Genre – Comedy, Romance IMDB – 6.8/10“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ်ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်”ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာကဒီသီချင်းလေး ဖြစ်နေလို့။အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကိုတွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင်ဘယ်လိုတွေဆက်လုပ်ကြမလဲ...လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား...မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား…ဝေခွဲမရဖြစ်မှာ သေချာပါတယ်။တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြောတလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်းကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ်ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ်ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့အခက်သားမဟုတ်လား…။သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်းရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ်ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့ကမျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ…ဘာဆက်လုပ်ရမလဲ…။ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီးဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ဒယ်နီရယ်ရတ်ကလစ်ဖ် ...
movie

What If (2013)

2013
Blade Runner 2049 (2017) 8.4
Blade Runner 2049 (2017) လောလောလတ်လတ်ထွက်ရှိလာတဲ့Blade Runner 2049(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ အရင် Blade Runner 2017(1982)ကားကို အခြေတည်ပြီး ထွက်ရှိလာတဲ့ ကားသစ်လေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူသားတွေနဲ့ ချွပ်စွပ်တူတဲ့ Replicantဆိုတဲ့ လူသားပုံတူတွေဟာ 2049မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။အဲ့ဒီမှာ K ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ Replicant ဗားရှင်းအဟာင်းတွေကို လိုက်သုတ်သင်ရင်း ထူးဆန်းမှုတစ်ခုကိုသိထားမိလာပါတော့တယ်။မီးဖွားထားတဲ့ လက္ခဏာနဲ့ Replicantအရိုးစုစက်ရုံကထုတ်လုပ်တဲ့ Replicantတွေက မျိုးပွားနိုင်သလားမွေးလာတဲ့ကလေးကရော ဘယ်မှာလဲOfficer Kကရောဘာလဲအရင်ကBlade Runner အရာရှိ ဒတ်ကတ်ကရောဘယ်မှာလဲ- စတဲ့ သိုလော့သို့လော မေးခွန်းတွေနဲ့ဇာတ်လမ်းကို အဆုံးထိဖမ်းစားနိုင်တဲ့ကားပါ။Rating မြင့်မြင့်နဲ့ သမာရိုးကျဇာတ်လမ်းတွေထဲက ခွဲထွက်လာတဲ့Mysteryကားကောင်းလေးကို ကြည့်ရှုလိုတဲ့ CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.2 GB)/(999 MB) Quality….Open Matte 1080p HEVC / 720p Format…mkv/mp4 Duration….02:43:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Thanhtike Zaw Translated by Aye Mon Kyaw
movie

Blade Runner 2049 (2017)

2017
Happiest Season (2020) 7.0
Happiest Season (2020) Happiest Season (2020)==================IMDb Rating - 6.9/10ချစ်ခြင်းမေတ္တာဆိုတဲ့အရာက ယောကျ်ား၊ မိန်းမမခွဲခြားဘဲ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လောကဓံကိုအတူရင်ဆိုင်ဖြတ်သန်းကြတာပါ......မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ခရစ်စမတ်ကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ အက်ဘီ.....ပြီးပြည့်စုံတဲ့ မိသားစုတစ်စုဖြစ်ဖို့ မိမိရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားရတဲ့ ဟက်ပါ......ဟက်ပါနဲ့ အက်ဘီတို့က lesbian ချစ်သူတွေပါ။ ဟက်ပါက သူမိသားစုနဲ့အတူ ခရစ်စမတ်မှာ အတူဖြတ်သန်းပြီးမိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အက်ဘီကို အိမ်ခေါ်သွားပါတယ်။ ခရစ်စမတ်မှာ အက်ဘီတစ်ယောက် ဟက်ပါကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ပြီး ဟက်ပါအိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုနဲ့ ဟက်ပါတို့ မိသားစုရဲ့ အိမ်တွင်းရေးအခြေအနေနဲ့ ခရစ်စမတ်မှာ မပျော်တတ်တဲ့ အက်ဘီတို့ကြား ပြဿနာလေးတွေ၊ ကတောက်တဆလေးတွေနဲ့၊ LGBT တွေမှာသာရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဒီဇာတ်ကားမှာ စီးမျောခံစားနိုင်မှာပါ။ ဒီကားထဲမှာ မင်းသမီး Kisten Stewart ကို ...
movie

Happiest Season (2020)

2020
Irresistible 2020 6.3
Irresistible 2020 Irresistible (2020) မှာ ဝင်စတန်လို့ခေါ်တဲ့ မြို့ငယ်ကလေးကို နိုင်ငံရေးပါတီကြီးတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ခါ ဖြစ်လာတဲ့အရာတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားပါတယ်။ ဒီမိုကရက်တစ် ပါတီတင် ဂယ်ရီက အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတ်၏ယောက်က အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ပြောဆိုတဲ့ ဗီဒီယိုကို အင်တာနက်မှာ တွေ့သွားပြီး သူတို့ပါတီ ပြန်လည်အနိုင်ရဖို့ သော့ချက်ကို တွေ့ပြီလို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရီပါ့ပလစ်ကန် ပါတီဘက်က သူနဲ့ယှဉ်ပြိုင်ဖို့ အတော်ဆုံးဖြစ်တဲ့ ရို့စ်ဆိုတဲ့ အမျိုးသမီးကို လွှတ်ပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ဘယ်ပါတီက အနိုင်ရသွားမလဲ... Irresistible (2020) ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 41min Genre :   Comedy, Drama  Subtitle ...
movie

Irresistible 2020

The Turning (2020) 3.7
The Turning (2020) ညအချိန်ကြီး အလယ်ခေတ်Gothic ပုံ အဆောက်အဦးတခုအတွင်းမှမိန်းကလေးတယောက် ထွက်ပြေးလာပြီးကားတံခါးကို အလျင်အမြန်ဖွင့်ကာ မောင်းပြေးသည်။အိမ်ကြီးထဲတွင်တော့ ကလေးတယောက်က ပြတင်းပေါက်မှ ကြည့်နေပြန်တယ်။ကားလေးက ခြံဝင်းတံခါးဆီအရောက်တွင်တော့တံခါးပိတ်ထားတာကြောင့် ရပ်သွားရတော့တယ်။အထဲမှ မိန်းကလေးထွက်လာပြီး တံခါးပွင့်အောင်လုပ်လိုက်နိုင်တယ်။တံခါးပွင့်လို့ ကားဆီပြန်သွားပြီး ကားတံခါးဖွင့်မယ်အလုပ်ကားဘေးမှန်ထဲပေါ်လာတာကတော့.....သူကတော့ သူ့အခန်းဖော်ကို ကြိုမပြောမိလို့ တောင်းပန်နေရတယ်။သူအလုပ်လုပ်တဲ့ကျောင်းကနေ ထွက်ပြီး ကလေးမလေးတယောက်ကိုထိန်းပေးဖို့ ကျောင်းကလူတွေကပဲ အလုပ်ရှာပေးလိုက်ကြတယ်။ရုတ်တရက်ကြီးဆိုတော့ သူ့အခန်းဖော်ကိုလည်း ပြောပြီးပြီးချင်းသူလည်း အလုပ်ကိုသွားရတော့မယ်။အလုပ်ကတော့ လုပ်တဲ့ဆီမှာပဲ နေရမှာဆိုတော့ အခန်းဖော်ကတော့သူမရှိတော့မှာကို စိတ်မကောင်းတော့ တဖျစ်တောက်တောက်ပေါ့။သူ့အမေဆီကိုလည်း သူမသွားခင် နှုတ်ဆက်သွားရအုံးမယ်။ဒီလိုနဲ့ သူနေရမယ့်ဆီ ရောက်လာတယ်။အိမ်ကြီးကတော့ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာရှိပြီးရှေးခေတ်အိမ်ကြီးပဲ နေတဲ့သူကတော့ အိမ်တော်ထိန်းခေါ်ရမယ့်အမျိုးသမီးကြီးတယောက်နဲ့ ကလေးမလေးပဲနေတယ်။ ...
movie

The Turning (2020)

Tully (2018) 7.0
Tully (2018) Tully (2018) IMDb - 7.0/10_____Rotten - 87%   ကဲ အခုမိတ်ဆက်ပေးမှာကတော့ Mad Max, Atomic Blonde, Snow White and the Huntsman တို့အပြင် Fate of the furious အစရှိတဲ့ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Charlize Theron အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Drama ကားအသစ်လေးပါအကြမ်းအရမ်းပိုင်တဲ့ ထိုမင်းသမီးဟာ ဒရမ်မာကိုလည်း ရှယ်ပိုင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့မာလိုတို့ မိသားစုလေးမှာ ရှစ်နှစ်အရွယ် သမီးကြီးဆယ်ရာရယ်အော်တစ်ဇင်ဖြစ်နိူင်ချေရှိတဲ့ သားလတ် ဂျိုနာရယ်အလုပ်အမြဲရှုပ်ပြီး ခရီးတွေခဏခဏထွက်ရတဲ့ ခင်ပွန်းသည်ဒရူးတို့ပါဝင်ပါတယ်မရည်ရွယ်ပဲ တတိယကိုယ်ဝန်ရရှိပြီး သမီးထွေးလေး မီယာကို မွေးဖွားပြီးတဲ့အခါမှာတော့ မာလိုတစ်ယောက် နေ့တိုင်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရရှာပါတယ်...မာလိုရဲ့ မောင်ပေးတဲ့ အကူအညီနဲ့အတူ တယ်လီလို့ အမည်ရတဲ့ ညကလေးထိန်းတစ်ယောက် သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့...အမြဲတမ်းပျော်ရွှင်တက်ကြွပြီး ဗဟုသုတကြွယ်တဲ့ တယ်လီကြောင့် မာလို့ဘဝလေး ပြန်စိုပြေလာပါတော့တယ်..ဒါပေမယ့် တယ်လီဆိုတာက...Plot Twist အကြီးကြီးပါဝင်ပြီး မိခင်တစ်ယောက်ရဲ့ဘဝဟာ ...
movie

Tully (2018)

2018