Channel Myanmar

Lyndsy Fonseca

The Girl Who Wasn’t Dead (2024) 5.5
The Girl Who Wasn’t Dead (2024)  CM ပရိသတ်ကြီးကို ဖြစ်ရပ်မှန် Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က ဖြစ်ရပ်မှန်တစ်ခုကို မှီငြမ်းပြီးတော့ ကယ်လီဖိုးနီးယားမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းမှာ အဲရီကာဆိုတဲ့ ၁၅ နှစ်သမီးလေး ကျောင်းကိုသွားပြီးနောက် အိမ်ကို ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။အဲရီကာဟာ အရင်ကလည်း အိမ်ကနေ ထွက်ပြေးဖူးပြီးတော့သူ့ထက် အသက် ၆နှစ်ကြီးတဲ့ ရည်းစားနဲ့ မိုတယ်မှာ သွားနေခဲ့တာပါ။ ဒီတစ်ခါမှာတော့ သူ့ရည်းစားက လမ်းခွဲပြီးသားမို့သူနဲ့ မဆိုင်ဘူးလို့ တွင်တွင်ပြောနေခဲ့လို့ ရဲတွေ လမ်းစရှာမရအကြပ်ရိုက်နေခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ကွင်းဆက် လူသတ်သမား ပေါ်လာခဲ့တာကြောင့်အဲရီကာဟာ လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ပြီးအထင်နဲ့ ၂ နှစ်အကြာမှာ လက်လျှော့ပြီး ဈာပနပွဲပါ ကျင်းပခဲ့ပါတယ်။ အဲရီကာ ပျောက်ဆုံးတာ ၄ နှစ်နီးပါး ရှိပြီးချိန်လူသတ်သမားရဲ့ တရားခွင် ရုံးချိန်းမှာ အဲရီကာ ရောက်လာခဲ့တဲ့အချိန်မှာတော့ ဒွိဟဖြစ်မှုတွေ မယုံကြည်နိုင်မှုတွေ အများပြည်သူတွေကြားမှာ ဖြစ်လာခဲ့ပါတော့တယ်။ဒီဇာတ်ကားမှာ အိမ်ထောင်ရေး ...
movie

The Girl Who Wasn’t Dead (2024)

The Magic of Lemon Drops (2024)
The Magic of Lemon Drops (2024) ဒီတစ်ခါမှာတော့ The Magic of Lemon Drops ဆိုတဲ့ Magical/Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် "သင်လိုချင်ခဲ့ပေမဲ့ မရနိုင်ခဲ့တဲ့ဘဝမျိုးမှာ တစ်ရက်တာနေခွင့်ရမယ်ဆိုရင် သင်လက်ခံမှာလား" လိုလီဟာ မိခင်ဖြစ်သူဆုံးပါးသွားပြီးနောက် ကျန်ရှိခဲ့တဲ့စားသောက်ဆိုင်ကို ဖခင်ဖြစ်သူနဲ့အတူလုပ်ကိုင်နေသူပါ သူမရဲ့ရည်းစားဟောင်းဖြစ်တဲ့ ရိုရီနဲ့ကလည်း သဘောထားမတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ရပြီး ရိုရီကလည်း တခြားမြို့မှာပဲ အိမ်ထောင်ပြုလိုက်ပါတယ်လိုလီရဲ့ ဘဝဟာ သူငယ်ငယ်ကမျှော်မှန်းထားသလို တစ်ခုမှဖြစ်မလာခဲ့တာကြောင့် နောင်တတွေနဲ့ ပြောင်းလဲပစ်ချင်တာတွေအများကြီးရှိနေပါတယ် လိုလီရဲ့အဒေါ်​ဖြစ်သူ အန်တီဂါ့ဒ်က တစ်နေ့မှာ သူ့ဆီကို လီမွန်ချိုချဥ်ခဲလေးတွေလာပေးပါတယ် နောက်ပြီးတော့ အဲ့ဒီလီမွန်ချိုချဥ်လေးတွေဟာ သာမန်မဟုတ်ဘဲ မှော်ဆန်တယ်လို့ဆိုပါတယ် အဲ့ဒီချိုချဥ်ခဲလေးတွေရဲ့ ထူးခြားတဲ့အစွမ်းကဘာဖြစ်မလဲ.......လိုလီကိုရော ဘယ်လိုကူညီပေးနိုင်မလဲ ဘယ်လိုအံ့သြစရာကောင်းတာတွေလုပ်ပေးနိုင်မလဲ ဒါ့အပြင် ရိုရီကလည်း လက်ရှိအိမ်ထောင်နဲ့ကွာရှင်းပြီး မိဘတွေရှိရာမွေးရပ်မြေကို အလည်ပြန်လာတဲ့အခါ ချစ်သာဟောင်းနှစ်ယောက် ရင်ခုန်သံတွေပြန်လည်နိုးကြားလာမလား........ File size…(1.6 GB)/(892 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre...  Romance  Subtitle….Myanmar Subtitle (Hardsub)  Encoder….Swan Min Htet Translated ...
movie

The Magic of Lemon Drops (2024)

The Ward (2010) John Carpenter’s The Ward 5.6
The Ward (2010) John Carpenter’s The Ward The Ward (2010) John Carpenter's The Wardမင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ဇာတ်လမ်းကတော့....Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်... ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်... Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်... ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ... ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်... Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်... Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ ...
movie

The Ward (2010) John Carpenter’s The Ward

2010
Kick-Ass 2 (2013) 6.5
Kick-Ass 2 (2013) Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie

Kick-Ass 2 (2013)

2013
4K HEVCHDR
Kick-Ass (2010) 7.6
Kick-Ass (2010) Kick-Ass (2010)IMDb Rating (7.6) / Rotten Tomatoes (77%)ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ.....ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ ...
movie

Kick-Ass (2010)

2010
4K HEVCHDR
Where Are You, Christmas? (2023) 6.4
Where Are You, Christmas? (2023) Where Are You, Christmas? (2023) ========================= IMDb Rating - 6.4/10ပျော်ရွှင်ဖွယ်ခရစ်စမတ်ပါခင်ဗျာ..ခရစ်စမတ်ကာလကို ဖြတ်သန်း ရတော့မှာမို့ ခရစ်စမတ်ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်စမတ်ဆိုတာကတော့ ဘာသာရေးအရကြည့်ရင်တော့ ဘာသာ တစ်ခုတည်းရဲ့ ပျော်ပွဲရွှင်ပွဲလို့ ထင်မှတ်ကြမှာပါ။ ဒါပေမယ့် ယနေ့ ခေတ်မှာတော့ ကျွန်တော်တို့တတွေဟာ ဘာသာရေးဘောင်တွေကို အခြေခံလူမှုစံနှုန်းအဖြစ် ပြောင်းလဲလာနိုင်တဲ့အခါမှာ ဘာသာရေး တစ်ခုရဲ့ ပျော်ပွဲရွှင်ပွဲအခါသမယဟာ အဲဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမှု အသိုင်းအဝန်းကသာမက နည်းပညာရဲ့ ကျေးဇူးကြောင့် ရပ်ဝေးက လူတွေကပါ ခံစားလို့ရတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါပြီ။ခုတစ်ခါမှာလည်း ခရစ်စမတ်ကို ထူးခြားစေချင်တဲ့အတွက် စိတ်ကူး ယဥ်ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ ခရစ်စမတ်ဆိုတာ လူတိုင်း က နှစ်တိုင်းမှာ ကြုံရတော့ ခရစ်စမတ်ရဲ့ တကယ့်အနှစ်သာရကို မေ့ ပျောက်လာကြတဲ့အတွက် ခရစ်စမတ်ဆိုတာ ဘာလဲဆိုတာကို ပြန်လည် ရှာဖွေတာပါ။ မိသားစုနဲ့အတူ ကြည့်ဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါဗျ။ ဒီ Where are you Christmas (2023)က MDB rating 6.5 ကိုရရှိ ထားပါတယ်။ ဒါရိုက်တာ Dustin Rikert ...
movie

Where Are You, Christmas? (2023)

2023
Hot Tub Time Machine (2010) 6.4
Hot Tub Time Machine (2010) လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ...
movie

Hot Tub Time Machine (2010)

Spinning Gold (2023) 6.3
Spinning Gold (2023) Spinning Gold (2023)ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။"မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့"သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ...
movie

Spinning Gold (2023)

2023
North to Home (2022) 7.5
North to Home (2022) North to Home (2022) မြန်မာစာတန်းထိုး********************************** ဒီကားလေးက မိသားစုနဲ့ အတူကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဟန်နာ၊ ဘက်သ်နဲ့ ပိုစီဆိုတဲ့ ညီအစ်မ ၃ ယောက် အကြောင်းရိုက်ထားတဲ့ ဇာတ်ကားလေးပါ။တကယ်တော့ သူတို့ ကလေးဘဝက အင်မတန် ဆိုးရွားခဲ့ပါတယ်။ မိဘအရင်းတွေက တောင်တက်ပြီး နှင်းမုန်တိုင်းနဲ့ သေသွားခဲ့ကြတယ်။ အဲ့လိုနဲ့ သူတို့အမေအရင်းရဲ့ အချစ်ဆုံး ဆူဇန်းတို့ လင်မယားက မတော်တဆမှုက သူတို့ မပါလို့ ဖြစ်ရတာလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း သူတို့လေး ၃ ယောက်ကို မွေးစားပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။ညီအစ်မ ၃ ယောက် အမေ့ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ပွဲလေးလုပ်ဖို့ မိဘအိမ်ကို ပြန်လာကြတဲ့အခါ ဘယ်လို အခက်အခဲတွေ ဘယ်လို စိတ်ခံစားမှုတွေကို ကြုံတွေ့ရမလဲ။ဆောင်းတွင်းလေး စောင်ထဲကွေးပြီး ကြည့်ရင်း မျက်ရည်ကျရမယ့် ဇာတ်ကားလေးပါပဲ။ဒီကားလေးကို ကြည့်ရင်း “မိသားစု” တန်ဖိုးကို ...
movie

North to Home (2022)

2022
Next Stop, Christmas(2021) 7.6
Next Stop, Christmas(2021) Next Stop, Christmas (2021)IMDb 7.8Hello Helloခရစ်စမတ်လည်း နီးလာပြီဆိုတော့ နှင်းတစ်ဖွဲဖွဲ ရှုခင်းလှလှလေးတွေနဲ့ ခရစ်စမတ်နောက်ခံအချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်ဒီကားရဲ့ ထူးခြားချက်က time-travel ဇာတ်လမ်းကြိုက်သူတွေလည်း ကြည့်လို့ အဆင်ပြေမယ့်ကားလေးပါဇာတ်လမ်းအကျဉ်းအန်ဂျီဟာ အာရုံကြောအထူးကုဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်အများသူငါတွေ အနားယူ မိသားစုဆီ အလျှိုလျှို ပြန်ကြတဲ့အားလပ်ရက် ခရစ်စမတ်မှာ သူကတော့ on call တာ၀န်နဲ့ အိမ်မပြန်နိုင်သူပေါ့။တကယ်တော့ သူကိုယ်တိုင်ကလည်း မိသားစု အရှုပ်တွေကြောင့်အိမ်မပြန်ဘဲ တာ၀န်ကျကာ မြို့မှာပဲ တစ်ယောက်တည်း ခရစ်စမတ်ကို ဖြတ်သန်းချင်သူပါ။ဒီလိုနဲ့ အလုပ်ပြီးလို့ ဘားထိုင်ပြီး အပြန် ဘူတာလက်မှတ်ရုံက ထူးဆန်းတဲ့ အဘိုးကြီးနဲ့စကားစမြည်ပြော လက်မှတ်၀ယ်ပြီး ရထားပေါ်မှာ အိပ်စက်အနားယူ လိုက်လာခဲ့ပါတယ်။သူနိုးလာတဲ့ အချိန်မှာတော့ စီးနေတဲ့ ရထားဟာလည်း ပုံစံတွေပြောင်းအရာအားလုံးလည်း ခေတ်တွေ နောက်ပြန်လည်သွားပါတော့တယ် ....ဘာတွေဖြစ်ကုန်တာလည်း သူကိုယ်တိုင် မသိသလိုဘာကြောင့် အချိန်တွေ နောက်ပြန်လည်သွားတယ်ဆိုတာလည်း သူစဉ်းစားမရပါဒီတော့ CM ပရိသတ်ကြီးက ...
movie

Next Stop, Christmas(2021)

2021
The Escort (2016) 6.0
The Escort (2016) Escort ( 2016 ) - Spoiler free , just movie review !!!!အသက် ၂၅ပတ်ချာလည် သူဌေးသား လူငယ်တစ်ယောက် ။ ဂျာနယ်လစ်သတင်းရေးသူတစ်ယောက်အဖြစ်နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ကြိုးစားနေတယ် ။ သူ့မှာ sex addict ဆိုတဲ့ sex မလုပ်ရရင်မနေနိုင်တဲ့ ရောဂါရှိတယ် ။ dating apps တစ်ခုထဲက ကြုံရာ မိန်းကလေးတွေနဲ့ sex လုပ်ရင်း တစ်ဖက်က အလုပ်ကိုပုံမှန်လုပ်ရင်း RS မရှိဘဲ နေထိုင်နေတယ် ။တစ်နေ့မှာတော့ သူ့အလုပ်က သူ့ကို အကြောင်းမယ်မယ်ရရ မရှိဘဲ အလုပ်ထုတ်လိုက်တယ် ။ လေလွင့်သွားလာရင်း ဘားတစ်ခုမှာ ကောင်မလေး တစ်ယောက်နဲ့ တွေ့တယ် ။ ကောင်မလေး က စတန်းဖို့ တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ပညာတတ်မိန်းကလေး ။ ဒါပေမယ့် မိန်းကလေးက Escorts ခေါ်တဲ့ လူကြီးလူကောင်းတွေကို ကြေးကြီးကြီးနဲ့ ...
movie

The Escort (2016)

2016