Channel Myanmar

Lyna Khoudri

An Urban Allegory (2024) 6.8
An Urban Allegory (2024)  ဒီဇာတ်လမ်းတိုလေးကတော့ နာမည်ကြီးအီတလီရုပ်ရှင်ရိုက်ကူးသူ"Alice Rohrwacher"က ရိုက်ကူးထားပြီး ပြင်သစ်မှာဇာတ်အိမ်တည်ထားပါတယ် ဒီဇာတ်လမ်းလေးက ရှေးဂရိဒဿနပညာရှင်ကြီး"Plato"ရဲ့ "The Allegory of the cave"ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်"မွေးကတည်းက လှိုဏ်ခေါင်းကြီးတစ်ခုထဲမှာ သံကြိုးတွေနဲ့ချုပ်နှောင်ခံထားရသူတွေ, သူတို့ကလှိုဏ်ခေါင်းထဲမှာရှိတဲ့အရိပ်တွေကိုပဲ ပုံရိပ်အစစ်လို့ထင်မှတ်နေကြပါတယ် သူတို့ထဲကတစ်ယောက်ယောက်သာ ချုပ်နှောင်ထားတဲ့သံကြိုးတွေကိုဖြုတ်ပြီး လှိုဏ်ခေါင်းအပြင်ကိုထွက်ပြေးလွတ်မြောက်သွားရင် ဘာဆက်ဖြစ်မလဲ......"ကပြဖျော်ဖြေသူတစ်ဦးမှာ ပြဇတာ်တစ်ခုလူရွေးပွဲကိုသွားရာမှာ သူမရဲ့သားလေးဖျားနေတယ်လို့ကျောင်းကဖုန်းဆက်လို့ဝင်ခေါ်ရာကနေ လူရွေးပွဲကိုနောက်ကျမှရောက်သွားပါတယ် သူရောက်သွားတဲ့အခါ ဒါရိုက်တာကြီးကို တောင်းပန်ပြီး သူ့ကိုလူရွေးပွဲဝင်ပြိုင်ခွင့်ပေးဖို့တောင်းဆိုပါတယ် ဒါရိုက်တာကြီးကခွင့်ပြုပြီး သူမရဲ့ခုနစ်နှစ်အရွယ်သားလေးကို Platoရဲ့ "The allegory of the cave"ထဲမှာပါတဲ့ မေးခွန်းရဲ့အဖြေကိုပြောပြလိုက်ပါတယ် "ချုပ်နှောင်မှုမှလွတ်မြောက်လာတဲ့အကျဥ်းသား ဘာဆက်ဖြစ်မလဲ"ဆိုတာကိုပေါ့ File size…(510 Mb)/(210 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:21:00 Genre... Drama, Fantasy, Short Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane
movie

An Urban Allegory (2024)

The Empire (2024) L’empire 5.2
The Empire (2024) L’empire The Empire (2024)IMDb Rating (5.2)/ Rotten Tomatoes (64%)ပြင်သစ်ကထုတ်လုပ်လိုက်တဲ့ ကောင်းကင်တိုက်ပွဲ " Star Wars" ဇာတ်ကားကြီးလာပါပြီ။Star Wars ရုပ်ရှင်နဲ့ Hollywood နာမည်ကြီးရုပ်ရှင်တွေကို အပြောင်အပျက်ရိုက်ကူးထားတာဖြစ်ပြီးParody , Comedy , Sci-Fi အမျိုးအစားဖြစ်တာကြောင့် ပြင်သစ်စတိုင် လွန်လွန်ကျူးကျူးတွေနဲ့ ပေါ့ပေါ့ပါးပါး ခွီနေရမှာပါ။ဇာတ်လမ်းကတော့....ပြင်သစ်နိုင်ငံက ရွာ‌လေးတစ်ရွာမှာ တမူထူးခြားတဲ့ကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ဒီကလေးတစ်ယောက်ကြောင့် အ‌ကောင်းနဲ့အဆိုးဆိုတဲ့ လူ့ကိုယ်ခန္ဓာထဲဝင်နိုင်တဲ့အာကာသအပြင်ဘက်က အင်ပါယာကြီးနှစ်ခုကြား တိုက်ပွဲတွေ ဖြစ်လာမဲ့အကြောင်းပါပဲ။ဇာတ်လမ်းကရှယ်မိုက်သလို ပြင်သစ်မင်းသမီးလေး Anamaria Vartolomei ကလဲ ရှယ်လှတာပါပဲ။တခါတလေ လောကကြီးကိုအရွဲ့တိုက်ရင်းနဲ့ အလှအပလေးတွေခံစားချင်တယ်ဆိုရင်တော့ဒီပြင်သစ်ဟာသကားလေးက ကွက်တိပါပဲ ညီကိုတို့ရေ။အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Khant Sett Naing မှတင်ဆက်ထားပါတယ်။)File size…(2.2 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Science Fiction Duration….01:51:38 Subtitle….Myanmar ...
movie

The Empire (2024) L’empire

2024
The Three Musketeers Part II : Milady (2023) 6.5
The Three Musketeers Part II : Milady (2023) The Three Musketeers Part II : Milady ( 2023 )ပြင်သစ်စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာ အလက်ဇန္ဒားဒူးမားရဲ့ ဝတ္တုတွေဟာ ကမ္ဘာကျော်သလို ရွှေဥဒေါင်းရဲ့ မြန်မာမူ ဘာသာပြန်လိုက် လက်ချက်တွေနဲ့ တော်တော်မစိမ်းကြဘူး။ သူရေးခဲ့သမျှထဲ ဒီထဲ ရုပ်ရှင်အဖြစ် အသက်သွင်းမှုအများဆုံးက The Three Musketeers ပါပဲ။ ဇာတ်လမ်းအမျိုးမျိုးပေါင်းပြီး တစ်ဖုံ ချိတ်ပြီးတစ်ဖုံ သူ့ဘာသာတစ်ဖုံ အဖုံဖုံ ရိုက်ကူးခဲ့ကြတာ ကားပေါင်း ၅၀လောက်ရှိပါတော့မယ်။ ဒီထဲကမှ အနုပညာအရ အအောင်မြင်ဆုံး Ratingအမြင့်ဆုံးလို့ပြောရမှာကတော့ မနှစ်ကနှစ်လယ်လောက်မှာထွက်ခဲ့တဲ့ The Three Musketeers: D'Artagnan ပါပဲ။ ကောင်းဆို ပြင်သစ်ကပဲ ထုတ်တာကိုး။ ပြင်သစ်စာရေးဆရာ ဝတ္တုကို ကမ္ဘာအရပ်ရပ်က ပတ်ထုတ်လို့ဝမှ ပြင်သစ်က ပြန်ကောက်ထုတ်လိုက်တာပါ။ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က သူ့ဇာတ်ကွန့်တွေက တခြားကားလိုတွေလို မဟုတ်ဘဲ တစ်သားတည်းဖြစ်ပြီး တော်တော်လေး သေသပ်တာပါပဲ။ကောင်းဆို ဒါရိုက်တာအပါအဝင် ဒီကားထဲပါကြတဲ့လူအတော်များများက The Three Musketeersနဲ့ ရေစက်မကင်းတဲ့လူတွေ The Three ...
movie

The Three Musketeers Part II : Milady (2023)

2023
The Three Musketeers: D’Artagnan (2023) 7
The Three Musketeers: D’Artagnan (2023) The Three Musketeers: D'Artagnan (2023)~ IMDb - 6.9/10, Rotten Tomatoes - 96% ~ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent ...
movie

The Three Musketeers: D’Artagnan (2023)

2023
4K HEVC
A Place to Fight For (2023) 6.1
A Place to Fight For (2023) A Place to fight for (2023)ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့ လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။ သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။ အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။ နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။ မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ် ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။ သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ ...
movie

A Place to Fight For (2023)

2023
Secret Name (2021) 6.4
Secret Name (2021) Secret Name (La place d'une autre) (2021) ============================== Genre - Drama IMBb Rating - 6.4/10ဒီကားလေးကို ကြည့်ပြီး ကျွန်တော် တစ်ခု ပြေးမြင်မိတာကတော့ ဝင်ကစွပ်အကောင်လေးတွေအကြောင်းပါ။ ကိုယ်နဲ့မသက်ဆိုင်တဲ့ အခွံလေးထဲ ဝင်ရောက်နေထိုင် ရှင်သန်ကြတယ်မဟုတ်လား...။ဒီဇာတ်လမ်းလေးကလည်း ၁၉၁၄ ခုနှစ် ပြင်သစ်နိုင်ငံ အခြေပြု ထားတဲ့ ဒရမ်မာကားလေးတစ်ကားပါ။ ဇာတ်ဆောင်ဖြစ်သူ နေလီ ရဲ့ဘဝဟာ အင်မတန်မှ ကြမ်းတန်းလွန်းလှတယ် ဘာတစ်ခုမှ အ ဆင်ပြေတာမရှိသလို စားဖို့သောက်ဖို့ ခိုးဝှက်တာကအစ ပြည့်တန် ဆာအဆုံး လုပ်ခဲ့ပြုခဲ့ရပါတယ်။ ဒီလိုနဲ့ လေလွင့်ပေတေနေတုန်း ကြက်ခြေနီအသင်းနဲ့ ချိတ်ဆက်မိပြီး ဝင်ကူညီရာကနေ စစ်ပွဲရှေ့ မျက်နှာပြင်ထိ ခက်ခက်ခဲခဲ ရောက်ရှိလာပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ သူဟာ ခရီးသွားမိန်းကလေးတစ်ယောက် ကို ကယ်တင်ပေးပြီး အကျိုးအကြောင်းမေးကြည့်တော့ သူဟာ ဆွစ်ဇာလန်သူတစ်ယောက်ပါ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ ဖခင်ဖြစ် သူရဲ့ မိတ်ဆွေဆီကို လာရောက်ခိုလှုံကြောင်း ပြောပြပါတယ်။အကြောင်းအရာကတော့ ချမ်းသာတဲ့လူကုံထံ အမျိုးသမီးတစ် ယောက်ရဲ့အိမ်ကို စာဖတ်သူအနေနဲ့ သွားရောက်ရမှာတဲ့ သူ့ကိုလည်း မြင်ဖူးခြင်းမရှိလို့ ထောက်ခံစာနဲ့ အတူလာရပါတယ်ပေါ့။ ...
movie

Secret Name (2021)

2021
November (2022) 6.9
November (2022) November (2022) ============= IMDb Rating - 6.9/10၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.36 GB) / (555 MB) / (313 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Alias Encoder..........SWM
movie

November (2022)

2022
The French Dispatch (2021)
The French Dispatch (2021) The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - ...
movie

The French Dispatch (2021)

2021