Channel Myanmar

Luthi Saputra

Love Therapy (2025) 5.8
Love Therapy (2025)  ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်..မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်..ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး.အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်‌ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ.ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်.လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ..ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်..အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား ....ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ...
movie

Love Therapy (2025)

Curse of the Seven Seas (2024) 5.8
Curse of the Seven Seas (2024) Curse of the Seven Seas (2024)*********************************တစ်ခါတလေမှာ ကျိန်စာလို့ ကိုယ်ထင်နေတဲ့အရာက ဘုရားပေးတဲ့ဆုလာဘ်တစ်ခု ဖြစ်သွားနိုင်သလို ဆုလာဘ်လို့ထင်နေတဲ့အရာတစ်ခုကလည်း ကိုယ့်ကို ကံဆိုး မိုးမှောင်ကျစေတဲ့ ကျိန်စာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ကီပ်တိုတစ်ယောက် သားလေးအာဒီ ကျောက်ကပ်ခွဲစိတ်နိုင်ဖို့ အလုပ်ကြိုးစားပြီး ရုန်းကန်ခဲ့ပေမဲ့ အာဒီက ခွဲစိတ်မှုအပြီးမှာ အရိပ်တွေမြင်နေတယ်ဆိုပြီး ငိုယိုနေတော့ ကီပ်တိုနဲ့မာနီတို့လည်း နောက်ထပ်အပူတစ်ခုတိုးပြီး ရတက်မအေးနိုင် ဖြစ်ရပြန်တာပေါ့။ဒီလိုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်လိမ္မာတဲ့ ရူစတန်ဆိုတဲ့လူကြီးရဲ့ အကူအညီနဲ့ အာဒီတစ်ယောက် အန္တရာယ်များတဲ့ခွဲစိတ်မှုအပြီးမှာ ထူးဆန်းစွာနဲ့ တတိယမျက်လုံးပွင့်သွားပြီး တစ်ပါးသူမမြင်နိုင်တဲ့ဝိညာဉ်တွေကို မြင်နေတာဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဒါပေမဲ့ အာဒီလေးအဆင်ပြေစေဖို့အတွက် ဒီတတိယမျက်လုံးရဲ့ အစွမ်းတွေကို ဖိနှိပ်ထားလိုက်ပြီး ရူစတန်ကတော့ အာဒီကို ဈေးထဲ မသွားခိုင်းဖို့ မိဘတွေကို မှာခဲ့တာပေါ့။နှစ်တွေအတော်ကြာပြီးချိန် အာဒီလည်း လူပျိုပေါက်အရွယ်ရောက်လို့ အာရစ်ဖ်ဆိုတဲ့ ညီတစ်ယောက်နဲ့ ရှီဖာဆိုတဲ့ညီမလေးတစ်ယောက်ရှိလာချိန်မှာတော့ သူအမြဲရှောင်နေတဲ့ အဖေ့ဆိုင်ရှိတဲ့ဈေးကို မဖြစ်မနေသွားရဖို့ဖြစ်လာပြီး ကံဆိုးချင်တော့ အဖေနဲ့ဦးလေးရဲ့ အငြင်းပွားသံကို နားစွန်နားဖျားကြားလိုက်ရပါတယ်။အဓိကကတော့ ဈေးထဲက ကုန်စုံဆိုင်တွေထဲမှာ ကီပ်တိုရဲ့ဆိုင်ကပဲ ထူးထူးခြားခြား အရမ်းအောင်မြင်ပြီး ရောင်းကောင်းနေတော့ မနာလိုရာကနေ အစပျိုးလာတဲ့ အငြင်းပွားမှုတွေ အာဃာတတွေဖြစ်လာတာပါ။ဒီလိုနဲ့ ဆိုင်ကို ထူးဆန်းတဲ့ ...
movie

Curse of the Seven Seas (2024)