Channel Myanmar

Lung Ying

Shaolin Intruders (1983) 7.1
Shaolin Intruders (1983)  သိုင်းကားတွေမြတ်နိုးကြတဲ့ ပရိသတ်ကြီးအတွက် ရှောင်လင်သိုင်းကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Shaw Brothers ကနေ ထုတ်လုပ်ထားပြီး ဒါရိုက်တာကလည်း ကွန်ဖူးကားတွေကိုပိုင်နိုင်တဲ့ Chia Tang ပဲ ဖြစ်ပါတယ်။ကျား လေ တိမ် နဂါးဆိုတဲ့ အိမ်တော်ကြီးလေးအိမ်က အကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ သိုင်းပညာရှင်မလေး ယဲ့ချင်းဟွားကို လူသတ်သမားလို စွပ်စွဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ ယဲ့ချင်းဟွားရဲ့မိတ်ဆွေတွေဖြစ်တဲ့ သိုင်းသမားလိန်ရွှင်းနဲ့ ချောင်ယိသော်တိုနှစ်ယောက်ရဲ့ကျေးဇူးနဲ့ မြားဦးဟာ ရှောင်လင်ကျောင်းက ဘုန်းတော်ကြီးတွေဆီ ရောက်သွားတော့တာပါပဲ။ လိန်ရွှင်းတို စွပ်စွဲတာကို သည်းမခံနိုင်တဲ့ ကိုယ်တော်တို့ဟာ လိန်ရွှင်းတိုသုံးယောက် စွပ်စွဲချင်သပဆိုရင် ဘယ်သူမှမကျော်လွှားနိုင်ဘူးလို့ နာမည်ကြီးတဲ့ ရှောင်လင်ကျောင်းရဲ့အဆင့်သုံးဆင့်ကို ကျော်ဖြတ်ရမယ်လို စိန်ခေါ်လိုက်တဲ့အခါ...အိမ်တော်ကြီးလေးအိမ်ကို သတ်နေတဲ့ လက်ဝါးသိုင်းဟာ ရှောင်လင်ကျောင်းထွက် ဘုန်းကြီးတွေဆီကနေပဲ ရောက်လာတာလား? ဘုန်းကြီးတွေက တကယ်ပဲ လူသတ်ခဲ့သလား?လိန်ရွှင်းနဲ့ ချောင်ယိသော်တို့ အဆင့်သုံးဆင့်ကိုကျော်ဖြတ်ပြီး လူသတ်သမားအစစ်အမှန်ကို သိသွားမလား? စတာတွေကိုတော့ IMDb 7.1/10, RT ...
movie

Shaolin Intruders (1983)

My Lucky Stars (1985) 6.3
My Lucky Stars (1985)   ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie

My Lucky Stars (1985)

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

The Young Master (1980) 7.1
The Young Master (1980) The Young Master (1980)~ IMDb - 7.1/10, Rotten Tomatoes - 79% ~ဂျက်ကီချမ်းကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး သရုပ်ဆောင်ထားတဲ့ Classics ကားပေါ့။ သူ ဒါရိုက်တာစလုပ်တဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ပထမကားကတော့ The Fearless Hyena တဲ့။ သိပ်တော့မကောင်းခဲ့ဘူး။ ဒီကားကတော့ အများကြီးပိုတိုးတက်လာခဲ့ပုံပါပဲ။သူ့ဇာတ်က တရုတ်ရိုးရာ ခြင်္သေ့အကကတာကနေ အခြေပြုထားတယ်။ ဒီနောက် ပြဿနာတွေတက် သူ့ဆရာက သူ့အစ်ကိုနဲ့ရန်ဖြစ်ပြီး ထွက်သွား နည်းနည်းတော့ဇာတ်နာတဲ့ဟန်နဲ့ပေါ့။ သူက သူ့အစ်ကိုနောက်လိုက်ပြီး သွားပြန်ခေါ်ဖို့လုပ်ရာက‌နေ ဟာသတွေ စလာတယ်ပြောရမှာပဲ။ နောက်ပိုင်းအဆုံးထိ ဘော့စ်နဲ့တိုက်တဲ့အခန်းအထိ ဟာသတွေရဲ့အရှိန်ဟာ တက်ပြီးရင်းတက်လာခဲ့တယ်။ ပြောရရင် ဂျက်ကီချမ်း အငွေ့အသက်အပြည့်ရတဲ့ အက်ရှင်ဟာသကားပေါ့။ သူ့ရဲ့ အကောင်းဆုံးကားတွေကို စာရင်းလုပ်ရင် ဒီကားက ၁ကနေ ၁၀အတွင်း တစ်နေရာရာမှာတော့ရှိနေမယ်ထင်ရတာပါပဲ။စိတ်မကောင်းစရာကတော့ ဒီကားရဲ့ ၃နာရီဗားရှင်းဟာ ...
movie

The Young Master (1980)

1980