Channel Myanmar

Lulu Tobing

Guna Guna Istri Muda (2024) 5.0
Guna Guna Istri Muda (2024)   Guna Guna Istri Muda (2024)အိန်ဂျယ်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး သူ့အမေဖြစ်သူ ဆုံးပါးကာနီးမှာသွားတဲ့ ''လိုချင်တာတစ်ခုကို ဖြစ်တဲ့နည်းနဲ့ရအောင်ယူရမယ်'' ဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်ကြိးပြင်းလာသူဖြစ်ပါတယ်။အရွယ်ရောက်လာချိန်မှာတော့ ချစ်သူ ရွိုင်းကို ပစ်ပြီး အိမ်ထောင်သည်ရှူးဂါးဒက်ဒီကြီးဖြစ်တဲ့ ဘာဟန်ကိုအရရယူပြီး မယားပြိုင်အဖြစ်ခံယူခဲ့သလို ဘာဟန်ရဲ့တူဖြစ်တဲ့ လီယိုကိုလည်း သွေးသားဆန္ဒအတွက် တပ်မက်ပြီး အရယူဖို့ကြံပါတော့တယ်။သူစွန့်ပစ်ခဲ့တဲ့ ချစ်သူဟောင်း ရွိုင်းရဲ့မိခင်က အစွမ်းထက်အောက်လမ်းဆရာမတစ်ဦးဖြစ်ပြီး သူ့သားအတွက် ကလဲ့စားချေဖို့ကြိုးစားချိန်မှာအိန်ဂျယ်က အဘွားကြီးရဲ့ပျော့ကွက်ဖြစ်တဲ့ ရွိုင်းကိုချုပ်ကိုင်ပြီး လီယိုကို အရယူဖို့ကြိုးစားသလို ဘာဟန့်မယားကြိးဖြစ်တဲ့ ဗီဗီယန်ကိုပါ အောက်လမ်းအတတ်တွေနဲ့ဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။လတ်တလောခေတ်စားနေတဲ့ အလောင်ဇာတ်လမ်းတွေလို ဇာတ်အိမ်မျိုးကိုမှ အောက်လမ်းအတတ်တွေ မှော်ပညာပြိုင်ခန်းတွေနဲ့ထူးထူးခြားခြားရှူစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1 GB) / (680 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:37:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Guna Guna Istri Muda (2024)

2024
Two Blue Hearts aka Dua Hati Biru (2024) 7.8
Two Blue Hearts aka Dua Hati Biru (2024) Two Blue Hearts (2024) Original title: Dua Hati Biru Genre – Drama, Family2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား လူငယ်ပညာပေး ဒရမ်မာကားကောင်းလေး ဖြစ်တဲ့ (Two Blue Stripes) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရုပ်ရှင်သစ်လေး ဖြစ်ပါတယ်။ဒါကြောင့် CM မှာလည်း ဒီရှေ့ကကားလေးကို တင်ပေးထားတဲ့အတွက် အရင်သွားကြည့်ပြီးမှ ဒီကားလေးကို ခံစားမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်ဗျ။ဒီတော့ ပထမကားလေးမှာ ဘီမာနဲ့ ဒါရာတို့ အထက်တန်းကျောင်းသားဘဝမှာတင် လူငယ်သဘာဝကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့တာ နောက်ဆုံးကလေးမွေးပြီး ဒါရာတစ်ယောက် ကိုရီးယားကို ထွက်သွားတယ်၊ ဘီမာတစ်ယောက်လည်း မိဘ နှစ်ပါးနဲ့အတူ ဒီသားလေးကို မိန်းမ ကိုရီးယားသွားတုန်း ပြုစုပျိုးထောင်မယ်ဆိုပြီး ပြီးသွားခဲ့ပါတယ်။အခု ဒီဇာတ်ကားလေးမှာတော့ သူတို့သားလေးက ၄ နှစ် ရှိနေပါပြီ။ ဒါရာတစ်ယောက်လည်း ကိုရီးယားကနေ ပြန်ရောက်လာခဲ့ပါပြီ။ ခက်တာ ကလေးက ဖုန်းထဲမှာတော့ သူ့အမေကို သိပေမဲ့လည်း အပြင်မှာ တကယ်တမ်းကျ လက်မခံသေးပဲ သူ့အမေ ...
movie

Two Blue Hearts aka Dua Hati Biru (2024)

Balada Si Roy (2023) 7.4
Balada Si Roy (2023) Balada Si Roy (2023)******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူမတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကိုပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်..ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီးသူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် ...နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သားဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်..မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါလက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……..ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်....     File Size      ...
movie

Balada Si Roy (2023)

Two Blue Stripes (2019) 7.8
Two Blue Stripes (2019)  Original Title – Dua Garis Biru Genre – Drama IMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက်နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုးဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ်ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရောမိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေးတစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်းတော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီးကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေးနှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့်စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန်မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာလူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကိုနှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ကောင်လေးဖက်က ဆင်းရဲတယ် ...
movie

Two Blue Stripes (2019)