Channel Myanmar

Luke Ryan

Crispy (2024) 5.0
Crispy (2024)  ဒီဇာတ်ကားကတော့ ဒါရိုက်တာ Joe Leone ရိုက်ကူးထားပြီးLuke Ryan, Saoirse Tiernan, Colson Branum စတဲ့မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ဒီဇာတ်လမ်းစတင်တာကတော့ ဆယ်ကျော်သက်လူငယ်တစ်စုတို့တောအုပ်ထဲကို ရတနာရှာပုံ‌တော်ထွက်တဲ့ခရီးတစ်ခုကြောင့်ပါပဲ။ရစ်ကီဆိုတဲ့လူငယ်လေးက ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေကိုရှာဖွေရတာကို စိတ်ဝင်စားလွန်းတဲ့သူပါ။ တစ်နေ့မှာတော့လိုင်းပေါ်ကဂရုချက်တစ်ခုကနေ တော်လှန်ရေးစစ်ပွဲခေတ်ကဒင်္ဂါးပြားတွေမြှုပ်ထားတဲ့နေရာအကြောင်း သတင်းရတဲ့အခါသွားရောက်ရှာဖွေလိုစိတ်တွေပေါ်ပေါက်လာပါတယ်။ဒီလိုနဲ့ သူ့သူငယ်ချင်းအုပ်စုကိုခေါ်ပြီး ရတနာရှာဖို့တောအုပ်ဆီကိုသွားကြဖို့ ဖြစ်လာခဲ့ပါတယ်။‌ ‌‌‌‌မွေးရာပါ‌‌ဝေဒနာကိုခံစားနေရပြီးဝှီးချဲနဲ့နေရတဲ့ ရစ်ကီရဲ့အမဖြစ်သူက မသွားဖို့တားခဲ့ပေမယ့်လည်းဆယ်ကျော်သက်အုပ်စုကတော့ အိပ်မက်အသီးသီးကို အ‌ကောင်အထည်ဖော်ဖို့ ရတနာရှိတဲ့တောအုပ်ထဲကို ခရီးထွက်ခဲ့ပါတယ်။ဒါပေမယ့် တောထဲရောက်တော့မှ ‌မြေပုံကအမှန်မဟုတ်တာသိလိုက်ရတဲ့အပြင် လမ်းပါပျောက်သွားတဲ့အခါ ပြဿနာတွေစတက်ပါတော့တယ်။တောထဲကဆယ်ကျော်သက်အုပ်စုက လူသားစားတဲ့ဆိုက်ကိုကောင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ဘယ်လိုတွေရုန်းကန်ရမလဲ...‌‌တောထဲကရော လွတ်မြောက်သွားနိုင်မလား...ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်းအဖြေရှာရမှာပါ။ Plot twist အကြီးစားလည်းပါလို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။ File size… (1.25GB) / (632MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 16m Genre ….. Horror Subtitle….Myanmar Subtitle ...
movie

Crispy (2024)

Hot Tub Time Machine (2010) 6.4
Hot Tub Time Machine (2010) လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ...
movie

Hot Tub Time Machine (2010)

Black Mass(2015) 7.0
Black Mass(2015) Black Mass(2015)အညွှန်း********************(အလန်းစားကားမို့ 1080p5.1ch ပါပြုလုပ်ပေးထားပါတယ်....)IMDb...7.0,,,,Rottten...73%ဘော်စတွန်မှာနေတဲ့သူတွေဆိုရင် ဂျိမ်းစ်ဘော်လ်ဂျာကို မသိတဲ့လူမရှိဘူးတဲ့... သူဟာဘော်စတွန်မြို့တောင်ပိုင်းမှာ ကြီးပြင်းတယ် သူ့မှာ ဘီလီဆိုတဲ့ညီတစ်ယောက်ရှိတယ် သူ့ကို ဘော်စတွန်မြို့တောင်ပိုင်းက လူတွေတော်တော်များများချစ်ကြတယ် ဒါပေမဲ့ ဒီကောင်ကလူဆိုး လူမိုက် လူပေ လူတေ သူ့ဘဝရဲ့အရေးအကြီးဆုံး တန်ဖိုးအထားဆုံးက သစ္စာတရားပဲ ငယ်ငယ်တုန်းက ခင်ဗျားတို့တွေ ကိုယ့်ကို နာမည်ပြောင်လာခေါ်ရင် စိတ်ဆိုးရန်ဖြစ်တတ်ကြတယ်မလား.. .ပြောင်ကြီးတို့ ခေါလေးတို့... ဒီဘော်လ်ဂျာဆိုတဲ့ဘဲလည်း သူ့ကိုနာမည်ပြောင်လာခေါ်ရင် မကြိုက်ဘူး... ဒါပေမဲ့ သူက ရန်တော့မဖြစ်ဘူး... သတ်တာ... ဇာတ်ကားက အရမ်းကြမ်းပါတယ်..ကလေးသူငယ်နဲ့ သွေးသံရဲရဲကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အပြင် Johnny Depp နဲ့ Benedict Cumberbatch အဓိကသရုပ်ဆောင်ထားလေတော့ဒီကားကိုနင်းကန်ကြည့်သင့်ပါတယ်..စပွိုင်လာလုပ်လို့မကောင်းတဲ့ကားမျိုးမို့ ဒီလောက်ပဲပြောပါရစေ....ဇာတ်ကားတစ်ကားလုံး အစကနေအဆုံးထိ ဘာတွေဖြစ်မလဲ စိုးတထိတ်ထိတ်နဲ့ ကြည့်ရတဲ့ကားမို့လူမိုက်အကြမ်းစားကားတွေသဘောကျတဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း... File Size :(2.16GB)(1.04GB) and (451 MB) Quality :Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded ...
movie

Black Mass(2015)