Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Luke Kirby
7.1
Shattered Glass (2003)
ဒီဇာတ်ကား Stephen Glass ဆိုသူ ဂျာနယ်လစ်တစ်ယောက်ရဲ့ Biographical Film ပါ။ Stephen Glass ဟာ အမေရိကန်က နာမည်ကြီးမဂ္ဂဇင်းေတွထဲကတစ်ခုဖြစ်တဲ့ The New Republic မဂ္ဂဇင်းတိုက်က လူချစ်လူခင်ပေါများပြီး အောင်မြင်တဲ့ ၂၄ နှစ်အရွယ် ဂျာနယ်လစ်လေးတစ်ယောက်ပါ။Glass ကဘယ်လိုလူစားမျိုးလဲဆိုတာကို ပညာရှင်ဆန်ဆန်နဲ့ နာမည်တွေရှိမှာပါ။ ဒါပေမဲ့ အရပ်စကားနဲ့ဆို ပျော့ပျော့နဲ့နံတဲ့ကြောင်ချေးလိုလူမျိုးလို ပြောရမလားပဲ။ အမြဲတမ်းအခွင့်အရေးယူတတ်ပြီးတော့ သူအမှားလုပ်ထားလည်း နစ်နာသူအဖြစ်ဟန်ဆောင်တတ်သူမျိုး။ သူက အရွယ်နဲ့မလိုက်အောင်တော်ပါတယ်။ ဒါပေမဲ့ မတော်သင့်တဲ့နေရာမှာပါတော်နေတော့ လူတွေအများကြီးကိုပါ ဒုက္ခရောက်စေတယ်။ အပြစ်ကင်းတဲ့ပုံစံလေးနဲ့သူဟာ ဆောင်းပါး ၄၁ ပုဒ်ရေးခဲ့တဲ့အထဲ ၂၇ ပုဒ်က ဘာအထောက်အထားမှမပါဘဲ သူ့ဘာသာသူ စိတ်ကူးယဉ်ရေးပြီးတော့ တကယ့်အဖြစ်အပျက်လိုမျိုး ဂျင်းထည့်ခဲ့တာပါ။သူလိမ်ထားတာတွေ ဘယ်လိုမျိုးပေါ်သွားခဲ့လဲ၊ အလိမ်ပေါ်သွားပြီးတဲ့နောက်မှာရော Glass တစ်ယောက် ဘယ်လိုမျိုးတုံ့ပြန်မှာလဲဆိုတာကတော့...တကယ့်အဖြစ်အပျက်ကို စိတ်၀င်စားဖို့ကောင်းအောင်ရိုက်ထားကိုတော့ ပြောစရာမလိုပါ။ Stephen Glass နေရာကိုတော့ Star ...
movie
Shattered Glass (2003)
5.7
Turn Me On (2024)
Turn Me On (2024)IMDb Rating (5.7) ဒီရုပ်ရှင်ကတော့ thought-provoking ဖြစ်တဲ့ Dystopian/Indie Drama အမျိုးအစား ဇာတ်ကားတစ်ခုဖြစ်ပါတယ်။မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလိုရမ္မက်တွေက လောကကြီးရဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်လို့ယူဆပြီးဒီခံစားချက်တွေကို ချိုးနှိမ်ထားနိုင်တဲ့ ဗိုက်တာမင်ဆေးဝါး တစ်မျိုးကို Our Friends လို့ အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုက တီထွင်ခဲ့ပါတယ်။Joy နဲ့ William တို့ဟာ Our Friends က ဖန်တီးထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခုက စုံတွဲဖြစ်ပြီး ဘဝကို ပုံမှန်အတိုင်း ခံစားချက်မရှိ၊စက်ရုပ်လို ဖြတ်သန်းနေရာမှ တစ်နေ့မှာ Joy ဟာ နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဆေးပြားကို တစ်ရက်တာ မသောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။အဲဒီအခါမှာ ခါတိုင်းနဲ့မတူတဲ့ လူသားတွေရဲ့ ပင်ကိုယ်ခံစားချက်တွေ၊ အချစ်၊ ရမ္မက်နဲ့ ရှုပ်ထွေးတဲ့ စိတ်အခြေအနေတွေကို ...
movie
Turn Me On (2024)
2024
7.2
Out of My Mind (2024)
Drama အမျိုးအစားဖြစ်တဲ့ Out of My Mind ဟာစိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်တဲ့ကလေးကားလို့ပြောလို့ရပါတယ်။ ဦးနှောက်အကြောသေရောဂါကြောင့် စကားမပြောနိုင်ဘဲ ဘီးတပ်ကုလားထိုင်တစ်ခုနဲ့ပဲသွားလာရတဲ့ခြောက်တန်းကျောင်းသူလေးမယ်လိုဒီဟာ ဥာဏ်အရမ်းကောင်းပြီး ထူးချွန်ပေမယ့် သူ့ရဲ့မသန်စွမ်းတဲ့အခြေအနေကြောင့်ခွဲခြားဆက်ဆံခံရတဲ့အပြင် သက်တူရွယ်တူတွေလို တူညီတဲ့အခွင့်အရေးတွေလည်းမရခဲ့ပါဘူး။ တစ်ရက်မှာတော့ပညာရေးလေ့လာမှုအတွက်ကျောင်းကိုရောက်ရှိလာတဲ့ဒေါက်တာတစ်ယောက်ကြောင့် မယ်လိုဒီဟာ မသန်စွမ်းအတန်းမဟုတ်ဘဲ ပုံမှန်ကျောင်းသားတွေတက်တဲ့ခြောက်တန်းအခန်းထဲမှာ စာသင်ခွင့်ရရှိလိုက်ပါတယ်။အတန်းထဲမှာ မယ်လိုဒီဟာ တခြားကျောင်းသားတွေထက်ထူးချွန်ပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ရှိနေဆဲပါပဲ။ဇာတ်လမ်းရဲ့အဆုံးပိုင်းမှာ တကယ်တော့ အသံမထွက်နိုင်တဲ့မယ်လိုဒီအတွက် ဘယ်လိုစကားပြောရမလဲဆိုတာကအရေးမကြီးဘဲ သူပြောစရာရှိတာကိုပြောနေဖို့ပဲလိုတယ်ဆိုတဲ့အချက်ကို မယ်လိုဒီတစ်ယောက်သဘောပေါက်နားလည်သွားခဲ့ပါတယ်။ အစစအရာရာလိုက်လုပ်ပေးဖို့လိုတဲ့ မယ်လိုဒီလိုကလေးတစ်ယောက်အတွက် မယ်လိုဒီရဲ့မိဘတွေရဲ့အပင်ပန်းခံပံ့ပိုးပေးမှုကလည်း မယ်လိုဒီရဲ့အောင်မြင်မှုနဲ့ထူးချွန်မှုအတွက်အဓိကအခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ File size… (1.64GB) / (853MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Out of My Mind (2024)
6.2
Touched with Fire (2015)
Touched with Fire ဟာ 2015 ခုနှစ်ကထွက်ရှိထားတဲ့အမေရိကန်ဒရာမာဇာတ်ကားကောင်းဖြစ်ပြီး ဒါရိုက်တာPaul Dalio က ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ စိတ်ကျန်းမာရေးဆေးရုံမှာဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့ ကဗျာဆရာနဲ့ကဗျာဆရာမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနဲ့ စာပေရေးသားဖန်တီးခြင်းကို ဝါသနာထုံပြီး ကဗျာပါရမီကောင်းကြပေမဲ့တဖက်မှာလည်း စိတ်ကြွစိတ်ကျ အစွန်းနှစ်ဖက်ရှိတဲ့Bipolar စိတ်ရောဂါခံစားနေရတဲ့ စိတ်ဝေဒနာရှင်တွေဖြစ်ပါတယ်။မာကိုနဲ့ ကာလာတို့နှစ်ဦးဟာ အဖွဲ့လိုက်ကုထုံးခံယူမှုမှာတယောက်ကိုတယောက် စသတိထားမိခဲ့ကြပြီးတော့တဖြည်းဖြည်းနဲ့ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ မိသားစုနဲ့ ဆရာဝန်ရဲ့ အကြံပေးစကားတွေကိုပါဆန့်ကျင်ပြီး သူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝတခုတည်ဆောက်ဖို့ကြိုးစားကြပုံကို ရင်ဖိုလှိုက်မောစွာ ကြည့်ရှုခံစားကြရမှာပါ။ File size…1.62GB / 759MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Touched with Fire (2015)
7.4
The Greatest Game Ever Played (2005)
ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်. ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best ...
movie
The Greatest Game Ever Played (2005)
5.4
Dark Harvest (2023)
ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။ ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်းရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေမကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲကဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံးမုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီးတစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန်အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်းအဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ... File size… 4.97 GB / 1.53 GB / 644 MB Quality… Web-Dl 4k /1080p / 720p Format… mp4 Duration…. 1h ...
movie
Dark Harvest (2023)
4K HEVC
Boston Strangler (2023)
Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား )IMDb - 6.5/10, RT - 63%Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူ Avenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ...
movie
Boston Strangler (2023)
5.3
The Independent (2022)
The Independent(2022) ====================== ဂျွန်ဆီးနားကြီးကို တည်တည်တံ့တံ့နဲ့ အမေရိကန် သမ္မတောင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးသမားတစ်ယောက်အဖြစ်တွေ့ရမှာပါအမေရိကန် နိုင်ငံရေးလောကရဲ့ ဒီမိုကရက်တစ်နဲ့ ရီပါ့ဘလစ်ကန်တွေကြား အားပြိုင်မှုက ထင်သလောက်မရိုးရှင်းပဲ နောက်ကွယ်က မဲအသာစီးရအောင် လွှမ်းမိုးထိန်းချုပ်နေတဲ့ လက်မဲကြီးတွေရှိနေပါတယ်... နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးခရိုနီကြီးတွေက ရွေးကောက်ပွဲကာလမှာ ပြည်သူကိုဖူးဖူးမှုတ်ပြီး အာဏာရရေးအတွက် ယှဉ်ပြိုင်နေကြတဲ့အချိန်ဖြစ်ပါတယ် နိတ်စတာလင်ဆိုတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင်တစ်ယောက်က နိုင်ငံရေးလောကထဲဝင်လာပြီး တစ်သီးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်က သူ့ရဲ့တည့်တိုးဟောပြောချက်တွေကြောင့် လူတွေကြားထဲမှာ ရေပန်းစားကြော်ကြားလာပါပြီ နှစ်ကောင်တဲ့ပြေးနေတဲ့ ပြိုင်ပွဲတစ်ခုကနေ နိတ်စတာလင်ပါ ဝင်ရောက်လာပြီး ... ဒီမိုကရက်တစ်...ရီပါ့ဘလစ်ကန်နဲ့ နိတ်စတာလင်ရဲ့ Independent ပါတီဆိုပြီး အင်အားကြီး ၃ ခုဖြစ်လာပါတယ်.... ဒီအကြောင်းကို ဝါရှင်တန်ခရိုနီကယ်က အလုပ်သင် ဂျာနယ်လစ်လေးတစ်ယောက်က သတင်းလိုက်ရင်း နောက်ကွယ်က ပါတီကြီးတစ်ခုရဲ့ငွေကြးအလွဲသုံးစားလုပ်မှုနဲ့ မသမာစွာ ယှဉ်ပြိုင်မှုတွေကိုပါ တွေ့ရှိလိုက်ရတာကြောင့် ဒီအကြောင်းတွေကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း နောက်ဆုံး အမေရိကန်ရဲ့ သမ္မတက ဘယ်သူဖြစ်သွားမလဲဆိုတာကို ကြည့်ရမယ့် နိုင်ငံရေး နဲ့ အမေရိကန်ရဲ့ဂျာနယ်လစ်ဆင် လောကကို ကောင်းကောင်းကြီး နားလည်သွားစေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ် Dialouge ကောင်းကောင်းတွေနဲ့ ဇာတ်ကားကိုဆွဲဆောင်သွားပြီး ကတုံးပေါ်ထိပ်ကွက်ဆိုသလို လူအချင်းချင်း ဉာဏ်နီဉာဏ်နက်တွေနဲ့ အာဏာကုန်လုကြတဲ့ နိုင်ငံရေးကားကောင်းတစ်ခုဖြစ်ပါတယ်(အညွှန်းနဲ့ ...
movie
The Independent (2022)
2022
6.5
No Man of God(2021)
No Man of God(2021)အညွှန်း**************************The Lord of the Rings ထဲက ဖရိုဒိုလေးက ဒီတစ်ခါတော့FBI အရာရှိ ဘေလ်ဟက်မိုင်ယာ အဖြစ်ပါဝင်ထားပါတယ်..." ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်ခြင်း ခံလိုက်ရတဲ့ တက်ဘန်ဒီ " တက်ဒ်ဘန်ဒီခေါ် အမည်ရင်း သီအိုဒေါဘန်ဒီဆိုတဲ့သူက ဘယ်သူများလဲ... ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ သေဒဏ်အထိ ပေးခံခဲ့ရတာလဲ... အမေရိကားမှာတော့ တက်ဘန်ဒီဆိုတဲ့နာမည်ကြားရင် မသိသူမရှိလောက်အောင်ပါပဲ .... ဘာလို့လဲဆိုတော့ သူက ၁၉၇၀ ကျော်မှာ အမေရိကန်ပြည်နယ်ပေါင်းများစွာကို လှည့်လည်ပြီး အရွယ်မရောက်သေးတဲ့ကလေးသူငယ်အပါအဝင် မိန်းကလေးပေါင်းများစွာကို ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေလို့ပါပဲ... သူနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ စာအုပ်တွေလည်း အမြောက်အများ ထုတ်ဝေခဲ့ကြဖူးပါတယ် ... ခုလည်း ၂၀၂၁ မှာ မင်းသား လုခ်ကာဘီ က တက်ဒ်အဖြစ် သရုပ်ဆောင်ထားတဲ့ဇာတ်ကားထွက်လာပြန်ပါပြီ ... ထူးခြားတာက ယခုဇာတ်ကားမှာတော့ တက်ဒ်ရဲ့ရှူထောင့်ဘက်က မဟုတ်ပဲ တက်ကို အင်တာဗျူးမယ့် FBI ...
movie
No Man of God(2021)
6.8
Glass (2019)
UNICODE Blu-Ray(1080p5.1,720p,480p)ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ သူ့ေ့ရှကထွက်နှင့်ထားပြီးသားဖြစ်တဲ့ The Unbreakable (2000) နဲ့ Split (2016) တို့ကိုအရင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားသုံးကားဟာ ချိတ်ဆက်နေတယကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ေ့ရှနှစ်ကားမှာဇာတ်ကောင်တွေရဲ့စရိုက်သဘာဝတွေကိုရိုက်ကူးထားတာဆိုတော့ အဲ့ကားတွေအရင်ကြည့်ပြီးရင် ဒီကားဟာအချိတ်အဆက်ရှိရှိကြည့်လို့ကောင်းမယ့်ကားပဲဖြစ်ပါတယ်။ Thriller/Si-Fi ဇာတ်ကားအမျိုးအစားဖြစ်ပြီးတော့ Cast တွေဟာလည်း သဘာရင့်မင်းသားကြီးတွေဖြစ်တဲ့ ေ့ရှကားတွေမှာလည်းပါဝင်ပြီးသားဖြစ်တဲ့ Bruce Willis, Samuel L.Jackson နဲ့ James McAvoy တို့ပဲဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်သူ Mr.Glass ခေါ် Elijah ၊ စိတ်စရိုက်ပေါင်း ၂၄မျိုးနဲ့ Keven ၊ သူမတူတဲ့ခွန်အားတွေရှိတဲ့ David တို့သုံးယောက်ကို ချုပ်နှောင်ထားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရာကစပါတယ်။ သူတို့ကိုယ်သူတို့ သဘာဝလွန်စွမ်းအားတယ်ရှိတယ်ဆိုတာကို မဟုတ်ကြောင်း၊ စိတ်ရောဂါတစ်ခုသာဖြစ်ကြောင်းဖြေရှင်းဖို့စမ်းသပ်နေကြတာပာ။ အစကတော့သီးခြားစီခွဲခြားပြီးလုပ်နေကြပေမဲ့ သုံးယောက်သားပူးပေါင်းမိမှာတော့ ရှုပ်ထွေးမှုတွေစပါတော့တယ်။ အထူးသဖြင့် Mr.Glass ၂၄မျိုးဘွဲ့ရှင် Keven တို့ပဲဖြစ်ပါတယ်။ တစ်ယောက်လည်း အင်မတန်ထူးဆန်းတဲ့ဦးနှောက်၊ နောက်တစ်ယောက်က ရှင်းပြရခက်တဲ့အမူအကျင့်တွေနဲ့ ပေါင်းမိတာအပြင် အဲ့ဒီစမ်းသပ်ခန်းကပါလွတ်ထွက်သွားလိုက်တော့ လိုက်ဖြေရှင်းရတာပါပဲ။ ဒါပေမဲ့ Mr. Glass ဟာလည်းသူ့ရဲ့ရည်ရွယ်ချက်အစစ်ကဘာလဲ။ Keven ဟာလည်းသူ့ရဲ့နောက်ဆုံးစရိုက်ဖြစ်တဲ့ The Beast ...
movie
Glass (2019)
2019