Channel Myanmar

Lukas Haas

Cash Out (2024) 5.5
Cash Out (2024)  မင်းသားကြီး John Travoltaရဲ့ ဘဏ်ဖောက်ကားတစ်ကားကိုထပ်မံရှုစားရဦးမှာဖြစ်ပါတယ်....။ဒီဇာတ်ကားမှာတော့ မေဆန်(John Travolta)ဟာနိုင်ငံတကာကအလိုရှိတဲ့နာမည်ကျော်သူခိုးဖြစ်ပြီးခိုးဖို့အစီအစဥ်ချရာမှာ ကျွမ်းကျင်သူပါ...။ဒီတစ်ခါလည်း ဘဏ်တိုက်ထဲကနေ crypto walletတစ်ခုကိုခိုးယူဖောက်ထွင်းဖို့ကြံစည်ပါတယ်...။သူတို့မသိလိုက်တာ ဒီဖောက်ထွင်းမှုဟာ FBIဖက်ကထောက်ချောက်ဆင်ထားတာဖြစ်ပြီး သူတို့ဖောက်ထွင်းမယ့်ပစ္စည်းကလည်း ဟန်ပြသက်သက်ဖြစ်နေတဲ့အခါ....။ဘဏ်ထဲမှာ ပိတ်မိနေတဲ့ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုဟာရဲတွေလက်ကလွတ်အောင် ဘယ်လိုအကွက်ချပြီးလွတ်မြောက်လာမလဲဆိုတာကို ရှုစားရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်...။  File size…2.23GB /679MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Cash Out (2024)

High Rollers (2025) 5.5
High Rollers (2025)  ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ RandallEmmett က ရိုက်ကူးထားပါတယ်။၂၀၂၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Cash Out ဇာတ်ကားရဲ့ sequelဖြစ်ပြီးတော့ မင်းသားကြီး John Travolta က Mason ဇာတ်ကောင်နေရာကနေ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပါတယ်။အရှေ့ကဇာတ်ကားထဲမှာ ဘဏ်ဓားပြတိုက်မှုကနေ Mason နဲ့သူ့အဖွဲ့ဟာ ပြန်လွတ်လာပြီးနောက် အငြိမ်းစားယူလိုက်ပါတော့တယ်။ဒီဇာတ်ကားမှာတော့ Mason ရဲ့ချစ်သူကို သူ့ရန်သူတော်ကြီးSalazar က ပြန်ပေးဆွဲသွားပြီးတော့ မဖြစ်နိုင်တဲ့ ကာစီနိုဓားပြတိုက်မှုကို အတင်းအကျပ်လုပ်ခိုင်းပါတယ်။ဒီလိုနဲ့ Mason လည်း အငြိမ်းစားယူထားရာကနေ ဒုစရိုက်လောကထဲပြန်ရောက်လာပြီးတော့ သူ့အဖွဲ့နဲ့အတူ ချစ်သူကိုပြန်ကယ်တင်ဖို့အတွက် ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။အရှေ့ကဇာတ်ကားတုန်းကသရုပ်ဆောင်တွေဖြစ်တဲ့ Gina Gershon,Lukas Haas, Quavo, Natali Yura, Noel Gugliemi တို့ကပဲဒီဇာတ်ကားထဲမှာ ဆက်လက်ပါဝင်ပေးထားကြပါတယ်။ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တာကြောင့်အက်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်ပါတယ်။  File size… (1.52 GB) / (863 MB) Quality… WEB-DL ...
movie

High Rollers (2025)

Widows (2018) 7.2
Widows (2018) Widows (2018) *************2018 ထွက် Widows ဆိုတဲ့ စိတ်လှုပ်ရှား အံ့အားသင့်စရာ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်…IMDb -7.2 / Rotten Tomatoes 91% နဲ့ အကောင်းစား Rating ကြီးတွေရထားလေတော့ ကားကောင်းဖြစ်ကြောင်းနဲ့ဒေါင်းကြည့်ပါလို့တော့ ပြောစရာလိုမယ်မထင်ဘူးဗျာ...သို့ပေမဲ့ ဇာတ်လမ်းအကြောင်းအနည်းငယ်တော့လိုအပ်မယ်ထင်လို့ပြောပါရစေ...ဒုစရိုက်လုပ်ငန်းတွေကို အာဏာရှင်တွေ ကျောထောက်နောက်ခံနဲ့ဆောင်ရွက်နေတဲ့ ဟယ်ရီ ရောလင်း (Liam Neeson)ဟာလူမည်းလုပ်ငန်းရှင်တစ်ဦးထံက အမေရိကန်ဒေါ်လာ တစ်သန်းလုယူအပြီး အပြန်လမ်းမှာ ရဲတွေနဲ့ပက်ပင်းမိတာကြောင့်ပစ်ကြခတ်ကြရင်း သူအပါအဝင် နောက်လိုက်နှစ်ယောက်လည်း သေဆုံးသွားပါတော့တယ်...သူတို့နဲ့အတူ လုယူလာတဲ့ ဒေါ်လာ တစ်သန်းလည်း ကားပေါက်ကွဲ မီးလောင်တဲ့အထဲပါသွားပါတယ်…သေတဲ့လူတွေကသေသွားပြီဖြစ်ပေမဲ့ ဒေါ်လာတစ်သန်းကိစ္စဟာ ကျန်ရစ်သူ ဟယ်ရီရဲ့မိန်းမ ဗရော်နီကာထံပြဿနာခေါင်းပုံကျလာပါတော့တယ်...အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက်ကြောင့်ဗရော်နီကာဟာ ပေါက်ကွဲမှုမှာသေဆုံးသွားသူတွေရဲ့ ဇနီးတွေထံဆက်သွယ်ပြီး မုဆိုးမသုံးယောက် ဒီပြဿနာကိုဘယ်လိုများဖြေရှင်းကြမလဲ...ဒုစရိုက်ဂိုဏ်းကြီးနဲ့မှ ပတ်သက်မိတော့ မိန်းမသားတွေအဖို့ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား...အားနွဲ့တဲ့မိန်းမသားတွေလား ကျားသစ်မတွေလားဆိုတာကိုတော့ ...ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...File Size : 2.01GB / 787MB Quality : WEB-DL ...
movie

Widows (2018)

The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါတွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ HughGlass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။survival adventure ...
movie

The Revenant (2015)

2015
4K HEVC
Transcendence (2014) 6.3
Transcendence (2014) Transcendence(2014)2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ...Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်....PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး...နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်း လုံးဝဖျက်ဆီးခံလိုက်ရပါတယ်...နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့..သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ..လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်..အဲဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် ...
movie

Transcendence (2014)

2014
Witness (1985) 7.4
Witness (1985)   ဒီရုပ်ရှင်ကတော့ စိတ်လှုပ်ရှားစရာ၊ လွမ်းမောစရာတွေနဲ့ ပြည့်နေတဲ့ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးလို့ ပြောရမှာပဲ ရိုက်ထားတာ ၁၉၈၅ ခုနှစ်တုန်းကတည်းကဆိုပေမယ့် အခုအချိန်အထိ တော်တော်လေး ကြည့်လို့ကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာပါပါတယ် ဒီရုပ်ရှင်က ဒါရိုက်တာပီတာရေးရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ခုဆိုလည်း မမှားဘူး အကယ်ဒမီဇကာတင်စာရင်းမှာတောင် စာရင်းသွင်းတာခံထားရတဲ့ ကားတစ်ကားပါဇာတ်ကားထဲမှာ အားမစ်ရှ်လို့ခေါ်တဲ့ မိမိမှာရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး နေတတ်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ခေတ်ပေါ်နည်းပညာတွေအပေါ် အရမ်း မှီခိုနေကြတဲ့ အမေရိကန်တွေအကြောင်း ယှဉ်တွဲပြထားတယ်အားမစ်ရှ်တွေဟာ သူတို့အသိုင်းအဝိုင်းရဲ့ပြင်ပက လူတွေကို သံသယမျက်လုံးနဲ့ကြည့်လေ့ရှိပြီး သူတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲတိုးတက်နေနေ သူတို့ကတော့ မြင်းတွေ ရထားတွေနဲ့ သွားလာကြတုန်း လျှပ်စစ်မီးအစား မီးအိမ်တွေ သုံးကြတုန်းပါပဲဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်မင်းသမီးရဲ့ ယောကျာ်း အားမစ်ရှ်တစ်ယောက်သေသွားတယ် မင်းသမီးနဲ့ သူ့သားငယ်လေးတို့က ရထားနဲ့ သူ့ညီမဆီကို ခရီးထွက်လာကြတယ် ရထားဘူတာရုံမှာ ကလေးလေးက လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားတယ် ဒီမှာ ...
movie

Witness (1985)

Inception (2010) 8.8
Inception (2010) Inception (2010)IMDb Rating (8.8) / Rotten Tomatoes (87%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်း....ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ ...
movie

Inception (2010)

2010
4K HEVC
Jobs (2013) 6.0
Jobs (2013) Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီးAugust 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်...Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့Apple Computer ကို စတင်တီထွင် ဖို့အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကိုသူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်...ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့်Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ...ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ...
movie

Jobs (2013)

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

The Tripper (2006) 5.0
The Tripper (2006) The Tripper (2006) ===============လွတ်လပ်မှုကို မြတ်နိုးတဲလူငယ်တစ်သိုက်... ဆေးချမယ်၊ သောင်းကျန်းမယ်၊ ကာမဂုဏ်ခံစားမယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ကိုယ်ကြိုက်တာလုပ်ခွင့်ရှိမယ်။ အဲ့ဒါမျိုးက လွတ်လပ်မှုလား၊ အထိန်းအချုပ်မဲ့တာလား၊ ကောင်းတာလား၊ ဆိုး တာလား၊ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ထဲမှာတော့ လွတ်လပ်မှုကိုမြတ်နိုးတယ်ဆိုပြီး ဟစ်ကြွေးနေကြတဲ့ လူငယ်အုပ်စု ဒုက္ခလှလှတွေ့ရပုံလေး ရိုက်ကူးထားပါတယ်။ဆမန်သာတို့လူငယ်အုပ်စုလေးကတော့ တောအုပ်ထဲမှာဖျော်ဖြေပွဲတစ်ခုကို ဆင်နွဲဖို့ချီတက်ခဲ့ကြပါတယ်။ ဖျော်ဖြေပွဲဆိုပေမယ့်လည်း မူးယစ်ဆေးဘာညာ အကုန်လုပ်မယ့်ပွဲလေးပါ။ ဆမန်သာက မသွားချင်ပေမယ့် သူ့ရည်းစားဟောင်း လက်ထဲကနေလွတ်ဖို့ လိုက်လာခဲ့ပါတယ်။ တောထဲရောက်တော့ သူငယ်ချင်း ငါးယောက်ပေါင်းပြီး ဆေးတွေကွဲလိုက်ကြတာ မြင်လို့မှမကောင်း... သူတို့တင် ပဲမဟုတ် တစ်ခြားလူငယ်တွေလည်း အပျော်ကြူးကုန်ကြပါပြီ။ ဒါပေမဲ့ ဖျော် ဖြေပွဲနဲ့မလှမ်းမကမ်းနေရာကနေ အလောင်းတစ်လောင်းကို စတွေ့ပါတော့တယ်။ ညနေပိုင်းရောက်တော့ နောက်ထပ်အလောင်းတစ်လောင်းထပ်တွေ့တော့ ပါတီ ပွဲကိုဖျက်သိမ်းဖို့လုပ်ပါတော့တယ်။ လူငယ်တွေလည်း အထိတ်တလန့်ဖြစ်ကုန် ကြပြီး ဆမန်သာတို့သူငယ်ချင်းအုပ်စုကလည်း အဖွဲ့ကွဲသွားတဲ့အခါ.... ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်.... (သွေးသံရဲရဲတွေပါဝင်တာမို့ နှလုံးအားကောင်းသူများသာ ကြည့်ရှုသင့်ပါတယ်ခင်ဗျ )(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.64 GB) / (1.13 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar ...
movie

The Tripper (2006)

2006
Brick(2005) 7.2
Brick(2005)  IMDb 7.2/10 Rotten tomatoes 80%ဇာတ်လမ်းအကျဥ်းကတော့ တစ်ရက်မှာ ဘရန်ဒန်လို့ခေါ်တဲ့အထက်တန်းကျောင်းသားတစ်ယောက်ဆီကိုသူ့ရည်းစားဟောင်း အမ်မလီကဖုန်းဆက်လာခဲ့ပါတယ် ။ စူးစူးဝါးဝါးအော်ပြီး ဖုန်းချသွားတဲ့ အမ်မလီပြီးတော့ ဖုန်းထဲမှာ အမ်မလီပြောခဲ့တဲ့ “ပင်န် ၊ တက်ဂ် ၊ အုတ်ခဲ နဲ့ ဖရစ္စကို “ ဆိုတဲ့ထူးဆန်းတဲ့နာမည်တွေ ။ “သူ့ကို ကူညီပါ “ လို့ အကူအညီတောင်းသွားတဲ့ရည်းစားဟောင်းအတွက် ဘရန်ဒန်တစ်ယောက် သူ့သူငယ်ချင်း ဘရိန်း အကူအညီနဲ့အဲဒီသဲလွန်စတွေနောက်ကို လိုက်ရပါတော့တယ် ။ သဲလွန်စ တစ်ခုပြီးတစ်ခုလူတစ်ယောက်ပြီး တစ်ယောက်နောက်ကို လိုက်ရင်းနဲ့ ဘရန်ဒန် နောက်ဆုံးမှာပင်န် နဲ့ တွေ့ခဲ့ရပါတယ် ။ ပင်န်ဆိုတာ ဘယ်သူလဲ ၊ အမ်မလီနဲ့ရောဘယ်လိုဆက်စပ်နေမလဲ ။ အမ်မလီတောင်းထားတဲ့ အကူအညီကိုရောဘရန်ဒန် ပေးနိုင်မလားဆိုတာကို Brick ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာအားလုံးအတူတူ ကြည့်လိုက်ရအောင်နော် ။ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဘရန်ဒန်အဖြစ်အားလုံးသိကြတဲ့ 500 ...
movie

Brick(2005)

Alpha Dog (2006) 6.9
Alpha Dog (2006)   ၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် " Based on true story " ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ ...
movie

Alpha Dog (2006)

Pawn Shop Chronicles (2013) 5.9
Pawn Shop Chronicles (2013) Genre – Action, Comedy, Crime IMDB – 5.9/10Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်မထင်ပါနဲ့Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး(နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ်မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။ကဲ ဇာတ်လမ်းအကြောင်းပြောမယ်…ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီးထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများဟုတ်တယ် ဒီ ...
movie

Pawn Shop Chronicles (2013)

2013
The Brothers Bloom (2008) 6.7
The Brothers Bloom (2008) IMDb Rating (6.7) / Rotten Tomatoes (68%)နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ The Pianist မင်းသားကြီး Adrien Brody, MCU ရဲ့ Hulk မင်းသားကြီး Mark Ruffalo,The Mummy ရဲ့အသည်းကျော်မင်းသမီးကြီး Rachel Weisz တို့ပါ၀င်ထားပြီးဒါရိုက်တာ Rian Johnson ရိုက်ကူးထားတဲ့ Action,Adventure,Comedy ရုပ်ရှင်ကားလေးပါ။ဇာတ်လမ်းကတော့....မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့Bloomတို့ဟာငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီးအစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီးညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။နှစ်‌တွေကြာပြီးမှာတော့ Bloomညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူတစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ဖို့အကြောင်းဖန်လာတဲ့အခါ....။ File size…(2 GB)/ (970 MB) Quality….BluRay 1080p /720p Format…mp4 Duration….01:53:40 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by SP
movie

The Brothers Bloom (2008)

Mars Attacks! (1996) 6.4
Mars Attacks! (1996)  နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB)  / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Drama / Crime / ...
movie

Mars Attacks! (1996)

Contraband (2012) 6.4
Contraband (2012) Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie

Contraband (2012)

2012
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
Midnight in the Switchgrass (2021)
Midnight in the Switchgrass (2021)  Midnight in the Switchgrass(2021) ======================= No Rating Yetတာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။ သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊ နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက် က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့် အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။ မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့ ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့ စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဒုတိယအချက်ကို အမိအရသုံးထားတယ်။မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့ ကားအစမှာကတည်းက ဖော်ပြထားလို့ သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။ ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့ သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။ ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့ ရင်ဖိုစရာတော့ကောင်းတယ်။ အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ်မှုတစ်ခုတော့ ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင် အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့ Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmett ကတော့ The Irishmanကားအပါအ၀င် ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာ လုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောက ကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။ သို့ပေမဲ့ ...
movie

Midnight in the Switchgrass (2021)

First Man (2018) 7.3
First Man (2018) First Man (2018) IMDb - 7.3/10_____Rotten - 86% Won 1 Oscar. Another 30 wins & 190 nominations  အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ...
movie

First Man (2018)

2018