Channel Myanmar

Luise Heyer

The Calendar Killer (2025) Sebastian Fitzeks Der Heimweg 5.5
The Calendar Killer (2025) Sebastian Fitzeks Der Heimweg   The Calendar Killer (2025)IMDb Rating (5.5) ဂျာမန်စကားပြော သည်းထိပ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး ပြက္ခဒိန်လူသတ်သမားဟာ ကလာရာကို ပြန်ပေးဆွဲသွားပြီး ကလာရာ သတိပြန်ရလာတော့ နံရံပေါ်မှာ "၁၂ လပိုင်း ၆ ရက်နေ့ - သူ(သို့မဟုတ်) မင်း - နှစ်ယောက်ထဲက တစ်ယောက်သေရမယ်" လို့ သွေးနဲ့ရေးထားတာကို တွေ့လိုက်ရတယ်။ကလာရာဆိုတာ နိုင်ငံရေးသမားတစ်ဦးရဲ့ ဇနီးသည်ဖြစ်ပြီး ရှေ့နေအလုပ်ထွက်ကာ အိမ်ထောင်ရှင်မအဖြစ် ယောကျာ်းစိတ်တိုင်းကျနေရတဲ့အပြင်ဇနီးသည်ကို အရာဝတ္ထုလိုစိတ်တိုင်းကျခိုင်းစေပြီး အနိုင်ကျင့်တတ်တဲ့ သူ့ယောကျာ်းကတော့ စောနက ပြက္ခဒိန်လူသတ်သမား ခြိမ်းခြောက်ထားတဲ့ "သူ" ပါပဲ။ဒီဇင်ဘာ ၆ ရက်နေ့မှာ ကူကယ်ရာမဲ့ထွက်ပြေးလာတဲ့ ကလာရာကို "ကူညီပါရစေ" ဖုန်းလိုင်းမှ ဂျူးလ်ဆိုတဲ့လူကကယ်တင်ပေးနိုင်မှာလား ဆိုတာကတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(4.4 GB) / (1.2 GB) / (600 MB) Quality….WEB-DL ...
movie

The Calendar Killer (2025) Sebastian Fitzeks Der Heimweg

2025
4K HEVC
Jack (2014) 7.2
Jack (2014)  IMDb – 7.2 / Rotten Tomatoes – 8.2%အဆုံးသတ်မှာ နှလုံးသားကိုကွဲအက်သွားစေတဲ့ ရုပ်ရှင်တွေဘဝမှာ ဘယ်နှစ်ခေါက်လောက်ကြည့်ဖူးကြလဲ ကျွန်တော့်အတွက်တော့ ဂျက်ဆိုတဲ့ ၂၀၁၄ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင်တစ်ကားဟာ အပါဝင်ပဲ။ လောကကြီးကို လူမမည်ကလေးတစ်ယောက်ရဲ့ မြင်ကွင်းကနေကြည့်နေရသလိုပဲ။ ဂျက်ဆိုတဲ့ ချာတိတ်လေးဟာအရွယ်နဲ့မလိုက်တဲ့ တာဝန်ဝတ္တရားတွေကို ပုခုံးပေါ်ထမ်းပိုးပြီးမိခင်မေတ္တာတွေကိုငတ်မွတ်ရင်း ဘဝကို သတ္တိရှိရှိ ရင်ဆိုင်နေတဲ့ချာတိတ်လေးတစ်ယောက်ပဲ။ သားသမီးကိုအချိန်မပေးတဲ့ဘဝကိုအလေးနက်မထားဘဲ ခပ်ပေါ့ပေါ့ နေတတ်တဲ့ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်မိခင်ဖြစ်သူ ဆန်နာ ကို ဂျက်ဟာအရမ်းချစ်တယ်။ ညီဖြစ်သူ ကလေးလေးရဲ့ဝေရာဝတ်စတွေကိုဂျက်ဖြစ်သူပဲ ခြေအစခေါင်းအဆုံးလိုက်လုပ်ပေးတယ်။ နောက်တော့မိခင်ဖြစ်သူဟာ ဂျက်ကိုလူငယ်ဂေဟာပို့အငယ်ကောင်လေးကိုသူငယ်ချင်းနဲ့ အပ်ပြီး ရုတ်တရက်ပျောက်ဆုံးသွားတယ်ဆက်သွယ်လို့မရတော့ဘူး။ ဒီလိုနဲ့ပဲ မိခင်မေတ္တာကို ငတ်မွတ်လွန်းတဲ့ဂျက် တို့ညီအစ်ကို နှစ်ယောက်သား ဘာလင်မြို့ရဲ့လမ်းမတွေပေါ်မှာမိခင်ရှာပုံတော်ဖွင့်ပါတော့တယ်။ ချာတိတ်နှစ်ယောက်ကွန်ကရစ်တောကြီးထဲ နေ့နေ့ညည ဘယ်လိုတွေဖြတ်သန်းကြမလဲဆိုတဲ့ အတွေးနဲ့တင် အုပ်စီးလွန်းလှပါတယ်။ ဒီလိုနဲ့ရှာပုံတော်ကြီးအဆုံးမှာ ဂျက်ဟာ ဘာတွေကိုနားလည်ပြီးဘယ်လိုဆုံးဖြတ်ချက်မျိုး ချခဲ့လဲ ဆိုတာ ဆက်လက်ကြည့်ရှုကြည့်ပါ။ File size…2.21GB / 938MB Quality…WEB-DL ...
movie

Jack (2014)

JGA: Jasmin. Gina. Anna. (2022) 5.0
JGA: Jasmin. Gina. Anna. (2022) JGA: Jasmin. Gina. Anna. (2022) ========================="စင်ဂယ်တွေဆိုတာ သစ်သီးတွေလိုပဲ ပထမတော့ ချိုမြမြအနံ့လေးနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ဒါပေမယ့် ကြာလာလေလေ ပုပ်ဖို့မြန်လာ လေလေပဲ၊ အဲဒီနောက် ယင်ကောင်တွေရောက်လာပြီး မှိုတက်စပြုလာမယ်" ။ ဒါကတော့ စင်ဂယ်အဖြစ် ကြာရှည်စွာ ရပ်တည်နေတဲ့ ယက်စမင်၊ ဂျီနာ နဲ့ အန်နာ ဆိုတဲ့ ကောင်မလေး သုံးယောက်ရဲ့ စကားတွေပါ။အိမ်ထောင်ပြုတော့မယ့် ဟယ်လင်နာအတွက် ဘက်ချလာပါတီလုပ်ပေးဖို့ စီစဉ်ထားပေမယ့် ဟယ်လင်နာက ကလေးအရင်ရသွားတဲ့အခါ အဆိုပါ သုံးယောက်ရဲ့ ပါတီလည်း ပျက်ခဲ့ရပါတယ်။ ဒါနဲ့ပဲ သတို့သမီးမရှိလည်း ကိုယ့်ဘာသာ ဘက်ချလာပါတီကြမယ်ဆိုပြီး အီဘစ်ဇာကျွန်းကို ထွက်လာ ခဲ့ကြတာပေါ့။အဲဒီကျွန်းမှာ ယက်စမင်ရဲ့ ရည်းစားဟောင်း တင်မ်နဲ့ ပြန်တွေ့ပြီး ဇာတ်လမ်း မပြတ်နိုင်ဖြစ်နေတဲ့ ယက်စမင်ကို ဂျီနာတို့က နင်မမှတ်သေးဘူးလားဆိုပြီး ပညာတွေပေးကြမယ့် ဇာတ်ကားလေးပါ။ အဲဒီမှာပဲ အဆင်လေးတွေ တစ် ယောက်ပြီးတစ်ယောက်နဲ့ တွေ့ပြီး စင်ဂယ်ဘဝက ကျွတ်ဖို့ အစွမ်းကုန် ကြိုး စားကြမယ့် သူငယ်ချင်းမသုံးယောက်ကို မြင်တွေ့ရဦးမှာပါ။ အားလုံး sold out ဖြစ်သွားမလား အရင်ကပြောခဲ့ကြသလို ...
movie

JGA: Jasmin. Gina. Anna. (2022)

2022