Channel Myanmar

Luis Arroyo

The Red Virgin (2024) 6.7
The Red Virgin (2024)  ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ်အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင်စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်းရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းကတော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလိုအိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်‌သွေးကနေစတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကိုပရောဂျက်တစ်ခုလိုမျိုး တိတိကျကျ‌စီစဥ်ပြီးမွေးဖွားခဲ့တာပါ။(ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကိုသာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက်၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ဆောင်းပါးတွေရေးသားလို့နေပါပြီ။ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှုအောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီးနိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက်နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့တင်သေဆုံးခဲ့ရတာပါ။ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး ...
movie

The Red Virgin (2024)