Channel Myanmar

Luis Alberto García

Los Frikis (2024) 6.8
Los Frikis (2024)  Los Frikis (2024)IMDb Rating (6.8) / Rotten Tomatoes (85%) ၁၉၉၀ ကျူဘားနိုင်ငံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ HIVတော်တော်ဇောင်းကြွနေတဲ့ ကုသနည်းမရှိတဲ့ သူစပေါ်ခါစ ကာလမှာ ဇာတ်အိမ်တည်ထားတယ်။နိုင်ငံရေးအခြေအနေကလည်း တော်တော်ကျပ်တည်းနေတဲ့ကာလပေါ့။ ဘာမဟုတ်တဲ့ ဘာအမှုနဲ့မဆို ထောင်ထဲကျသွားနိုင်ပြီး အလုပ်အကိုင်ရှားပါးတဲ့ခေတ်ပေါ့။ဒီခေတ်မှာ လူငယ်တွေက ခေတ်ကြီးကခက်ခဲပေမဲ့ ဂီတကို ချစ်နေကြသေးတယ်။ ဒီရုပ်ရှင်ကတော့ အဲဒီထဲကမှ လူငယ် punk rock band ထောင်ထားတဲ့ လူငယ်လေးတွေကိုပြထားတယ်။ကျပ်တည်းလှတဲ့ခေတ်ကြီးကို ကျော်ဖြတ်ဖို့ HIVတမင်အကူးခံခဲ့တဲ့လူငယ်တွေပေါ့။ သေလုဆဲဆဲကာလမှာတောင် သီချင်းတွေကို ဆက်ချစ်နေကြတုန်းပဲ။သဘောထားလည်းသိပ်ကြီးကြတဲ့ ပန့်တွေပေါ့။ သေမင်းနဲ့စစ်ခင်းရင်း ဂီတကိုဖက်တွယ်တာက ဒီရုပ်ရှင်ရဲ့ အဓိကအချက်တော့မဟုတ်ပေမဲ့ အဲဒါကပဲ ဒီရုပ်ရှင်ကိုပိုလှစေခဲ့တယ်။အေအိုင်ဒီအက်စ်ရဲ့ကာလကြီးအကြောင်းမှာ သီချင်းတွေဝေနေတာကို ဒီရုပ်ရှင်မှာမြင်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(4.5 GB) / (1.6 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:47 Subtitle….Myanmar ...
movie

Los Frikis (2024)

2024
Juan of the Dead (2011) 6.4
Juan of the Dead (2011)  Juan of the Dead ဇာတ်ကားလေးဟာ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အမျိူးအစားကတော့comedy ဆန်ဆန် zombie apocalypse အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဟွမ်လို့ခေါ်တဲ့ တေလေဂျပိုးတစ်ယောက်ဖြစ်ပြီး သူရဲ့စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည် Cuba မှာပဲနေထိုင်အလေလိုက်ချင်သူ တစ်ယောက်ပါ။ မိုင်ယာမီရောက်သွားပြီဖြစ်တဲ့သူ့အရင်မိန်းမနဲ့ ရခဲ့တဲ့ သမီး ကမ်မီလာကတော့ သူ့အဖေကို အရင်အတိုင်းတေလေဂျပိုးလို့ ထင်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းမရှိပါဘူး။တစ်နေ့တော့ သူတို့နေတဲ့မြို့လေးမှာ zombie ဆန်ဆန် တစ်ယောက်နဲ့တစ်ယောက်ကိုက်ပြီး ရောဂါတွေ ကူးစက်ပြန့်ပွားလာပါတယ်။ ကျူးဘားအစိုးရကတော့အတိုက်အခံတွေဟာ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး ဒုက္ခပေးနေတာလို့ ပြောပါတယ်။အဲ့ရောဂါကြောင့် ခေတ်ပျက်သွားတဲ့အခါမှာ ဟွမ်အနေနဲ့ ဘယ်လိုအကျိူးရှိအောင် လုပ်မလဲ။ သူ့သမီးကကော ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမှာလဲ။ အချိန်တန်လို့ မနိုင်တော့ခဲ့ရင် ဘယ်လိုလုပ်ဖို့ ကြံစည်ကြမလဲ။ဟွမ်တစ်ယောက် သူ့သမီးကိုကော ကာကွယ်နိုင်မှာလား စတာတွေကိုရင်ခုန်စွာ ဟာသလေး နှောပြီး ကြည့်ရမှာ ဖြစ်ပါတယ်။ ...
movie

Juan of the Dead (2011)