Channel Myanmar

Lucius Baston

Jessabelle (2014) 5.4
Jessabelle (2014) Jessabelle (2014)IMDb Rating (5.4) / Rotten Tomatoes (29%) ကားမတော်တဆမှုဖြစ်ပြီးတော့ ဗိုက်ထဲက ကလေးရော ရည်းစားရောဆုံးရှုံးလိုက်ရတဲ့ဂျစ်စဘယ်ဟာ မတော်မဆမှုကြောင့် လမ်းမလျှောက်နိုင်ပဲ ကုသမှုခံယူနေရသူဖြစ်ပါတယ်။ဒီလိုနဲ့ အမေလည်းမရှိတော့တာကြောင့် ဆေးရုံကဆင်းပြီး အဖေ့အိမ်မှာပဲ ပြန်လာနေဖြစ်ခဲ့ပါတယ်။ဂျစ်စဘယ်တစ်ယောက် အဖေ့အိမ်မှာပြန်လာနေပြီးနောက်ပိုင်း သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေကို ကြည့်မိသွားရာကနေ ခြောက်ခြားစရာကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။အသက်အန္တရာယ်ထိခြိမ်းခြောက်ခံရမှုတွေထိပါ ခြောက်ခြားစရာတွေကြုံလာရတဲ့အခါမှာ ဂျစ်စဘယ်တစ်ယောက်ဘာဆက်လုပ်မလဲ။သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေထဲမှာရှိနေတဲ့ လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Jia ဖြစ်ပါတယ်။)File size…(1.9 GB) / (990 MB) Quality….Blu-Ray 1080p / 720p Format….mp4 Genre….Horror,Thriller Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia
movie

Jessabelle (2014)

2014
Daphne & Velma (2018)
Daphne & Velma (2018) Scooby Doo တို့အဖွဲ့ထဲက Sub-team လေးတစ်ခုဖြစ်လာမယ့် ဒက်ဖနီ နဲ့ ဗယ်လ်မာတို့လာပါပြီဗျာ..စိတ်ဝင်စားစရာ ပဟေဠိတွေကိုလည်း စိတ်ဝင်စားမယ်..Scooby Doo တို့အဖွဲ့ဖန်လည်းဖြစ်တယ်ဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပေါ့ဒီကားလေးထဲမှာ ဒက်ဖနီ နဲ့ ဗယ်လ်မာ တို့စတွေ့တဲ့နေရာကနေ ဇာတ်လမ်းစထားပါတယ်။အပြင်မှာလူချင်းမတွေ့ရသေးတဲ့ အွန်လိုင်းသူငယ်ချင်းနှစ်ယောက်ပေါ့။ဒက်ဖနီချောချောလေးကတော့ အမေ့ရဲ့အလုပ်အပြောင်းအရွေ့ကြောင့်ဗယ်လ်မာ တက်နေတဲ့ ရေ့ဂျ်တောင်ကြားအထက်တန်းကျောင်းကို ပြောင်းလာဖို့ အကြောင်းဖန်လာပါတယ်။အွန်လိုင်းပေါ်မှာ စာအရမ်းတော် ဉာဏ်အရမ်းကောင်းတဲ့ ဗယ်လ်မာဆိုပြီး ဒက်ဖနီကသိထားပေမယ့်အပြင်လက်တွေ့မှာ ဗယ်လ်မာက အဆင့်ဘိတ်ချေးဖြစ်နေပါတယ်။တူဘိုင်းစ်ဘလွန်း ရင်းနှီးမြှုပ်နှံထားတဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားတိုင်းလိုလို အဆင့်တစ်လိုချင်ကြပေမယ့်အဆင့်တစ်ရကြတဲ့ ကျောင်းသားတိုင်းက ဇွန်ဘီလိုပုံစံ ပြောင်းသွားကြပါတယ်တဲ့။ဒက်ဖနီက အဆင့်ဘိတ်ချေးဖြစ်နေတဲ့ ဗယ်လ်မာကို ဘယ်လိုကူညီကြမလဲ?ဇွန်ဘီဆန်ဆန်ဖြစ်သွားတဲ့ အဆင့်တစ်ကျောင်းသားတွေကရော ဘယ်လိုပဟေဠိတွေရှိနေကြလဲဆိုတာအေးဆေးလေး Chill ပြီး အဖြေရှာကြည့်ဖို့ တိုက်တွန်းပါတယ်ဗျ ။  File Size : 1.9 GB, 727 MB Quality : Blu-Ray 1080p / 720p Running Time : ...
movie

Daphne & Velma (2018)

Cassadaga (2011) 5.5
Cassadaga (2011)  လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကိုပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီးလီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင်ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူတစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီးငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင်ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား..လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား...လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ..လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများပါဝင်မှာဖြစ်ပါတယ်... File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre …..  Horror , ...
movie

Cassadaga (2011)

57 Seconds (2023)
57 Seconds (2023)   ကြည့်ရှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားပါ။ဝါရင့်သရုပ်ဆောင်ကြီး Morgan Freeman လည်းပါဝင်ထားပြီး အနာဂတ်မှာတိုးတက်လာတဲ့ နည်းပညာနဲ့ဆေးပစ္စည်းတွေရဲ့ အကျိုးဆက်က အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတာကိုမီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း..... ဖရန့်ကလင်းဖော့စ်ကတော့ ဇီဝနည်းပညာရှင်တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူသေဆုံးမှုအတွက် တရားမျှတမှုကိုရှာပေးချင်နေတဲ့သူဖြစ်ပါတယ်။ လူတွေကိုလည်း အကောင်းဆုံးကျန်းမာရေးကိုပိုင်ဆိုင်နိုင်ဖို့ အမြဲနည်းလမ်းတွေပေးနေတဲ့သူဆိုလည်းမမှားပါဘူး။တစ်နေ့မှာတော့ အကောင်းဆုံးကျန်းမာရေးကိုဖော်ဆောင်ပေးနေတဲ့ နည်းပညာရှင်ဂုရုကြီးနဲ့သွားတွေ့ရာက မထင်မှတ်ဘဲ လက်စွပ်တစ်ကွင်းကောက်ရလာခဲ့ပါတယ်။ အဲဒီလက်စွပ်က ရှေ့ ၅၇ စက္ကန့်ကိုပြန်ရစ်လို့ရတဲ့လက်စွပ်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာ... ဖရန့်ကလင်းတစ်ယောက် လက်စွပ်ရဲ့အစွမ်းကိုအသုံးချပြီး သူ့ညီမအတွက်တရားမျှတမှုကိုဘယ်လိုရှာပေးမလဲ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn 
movie

57 Seconds (2023)

The Front Runner (2018) 6.1
The Front Runner (2018)  Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီးHugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင်ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံနိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ်ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက်၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီးတစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကိုဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူကအဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန်ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီအမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေနောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီးသတင်းမပြည့်စုံရာကနေ ...
movie

The Front Runner (2018)

Ride Along(2014) 6.2
Ride Along(2014) Ride Along(2014)===============ကယ်လ်ဗင်ဟာ့တ် လို့ပြောလိုက်တာနဲ့ မသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် တကယ်ခွီရမယ့် 2014မှာ ထွက်ရှိခဲ့တဲ့ ရဲ အက်ရှင်ဟာသဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ဘန်ဟာ စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့အားလပ်ချိန်တွေမှာတော့ ဂိမ်းတွေဆော့ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူတစ်ယောက်ပါ။ ဘန်မှာ သိပ်ချစ်ရတဲ့အန်ဂျလာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်းရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့ စုံတွဲဖြစ်ပါတယ် ဒါပေမယ့် ပြသနာကတော့ အန်ဂျလာရဲ့ အကို ဂျိမ်းစ်ပါ။ဂျိမ်းစ်ဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်သူတစ်ယောက်ပါ။ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တဲ့အထိ ဂျိမ်းစ်ဟာ ဇွဲရှိသူတစ်ယောက်ပါ။ ဂျိမ်းစ်က သူ့ညီမဖြစ်သူ အန်ဂျလာကို အရမ်းချစ်ပြီး ယောက်ဖလောင်းဖြစ်သူ ဘန်ကိုတော့ ကြည့်မရလို သဘောလည်းမတူပါဘူးတစ်နေ့တော့ ဘန်တစ်ယောက် အတ္တလန်တာ ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားခဲ့ပါတယ်။ဒီအကြောင်းကို ဂျိမ်းစ်ကို ပြောပြလိုက်တဲ့အခါမှာတော့ ဂျိမ်းစ်ဟာ ဘန်ကိုရဲတစ်ယောက်ဖြစ်ရန် ထိုက်တန်သလားဆိုတာ ဆုံးဖြတ်ဖို့ သူကင်းလှည့်စဉ်မှာအကူအဖြစ်နဲ့ ခေါ်ဖို့ ...
movie

Ride Along(2014)

Secret Headquarters (2022) 5.0
Secret Headquarters (2022) Paramount ကထုတ်တဲ့စူပါဟီးရိုးကားအသစ်ပါ။Charlie နဲ့သူမိသားစုတို့ဟာပျော်ပွဲစားထွက်ရင်း သူတို့အနားကိုလေယာဉ်ပျက်ကျလို့ Charlie အဖေ Jack ဟာသွားကူညီပါတယ်။အဲဒီမှာ မထင်မှတ်ဘဲ ထူးဆန်းတဲ့အရာနဲ့ထိတွေ့ပြီး Charlie တို့မိသားစုရဲ့ကံကြမ္မာကလည်း လုံး၀ပြောင်းလဲသွာရပါတော့တယ်။The Adam Project မှာ နာမည်ရလာတဲ့ ကလေးသရုပ်ဆောင်လေး Walker Scobell အပြင် နာမည်ကျော်မင်းသားကြီး Owen Wilson တို့ပါ၀င်ထားပါတယ်။ဒါ့အပြင် ပါရမီရှိတဲ့ တခြားကလေးသရုပ်ဆောင်တွေလည်း အားဖြည့်ထားပါတယ်။Superhero ရုပ်ရှင်ဆိုတဲ့အတိုင်း superpower တွေနဲ့ Fight scene တွေကအဆင့်မြင့်ပြီး အဖေဖြစ်သူနဲ့သားကြားက Dynamic ကိုလည်းစိတ်ဝင်စားဖွယ်ရာတင်ဆက်ထားပါတယ်။မိသားစုလိုက်ကြည့်ရင်လည်း မပျင်းရမယ့်ဇာတ်ကားမျိူးပါ။File Size__ (1.7GB) / (940 MB) Quality__ WEB-DL 1080p , 720p IMDb Rating__5.0/10 Format__mp4 Duration__01:45:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by SP Encoded by Naing Aung Latt
movie

Secret Headquarters (2022)