Channel Myanmar

Lucas Bleger

The Fantastic Three (2024) Les trois fantastiques 6.4
The Fantastic Three (2024) Les trois fantastiques The Fantastic Three (2024)IMDb Rating (6.4) Coming of Age ရုပ်ရှင်လို့ ပြောလို့ရတဲ့ ပြင်သစ်ရုပ်ရှင်ပါ။ ဒါပေမဲ့ လှပတဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူးပေါ့။လှလာမယ်လို့ ထင်ရအောင်လုပ်ရင်း ရက်ရက်စက်စက်ကို ချိုးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ အသက်၁၂အရွယ် ကောင်လေး၃ယောက်ရဲ့ဇာတ်လမ်းပေမဲ့ သူတို့မှာ အသက်၁၂နဲ့မလိုက်တဲ့ ဘဝကြီးကို လွယ်ထားရတဲ့ အကြောင်းကို ပြထားတယ်။သူတို့မြို့လေးရဲ့ အဓိက ပင်မအလုပ်အကိုင်အရင်းအမြစ် စက်ရုံက‌ ဒေဝါလီခံသွားတော့ သူတို့မိဘတွေအလုပ်မရှိကြသလို ကျောင်းရဲ့ စခန်းချခရီးထွက်ဖို့ငွေပေးစရာလည်းမရှိကြဘူး။ဒီငွေကို ရအောင်ကြံရင်း သူတို့ဒုက္ခများနေတာကိုမှ တခြားဒုက္ခတွေပါ နွယ်လာတာကို တင်ဆက်ထားတဲ့ရုပ်ရှင်ပါပဲ။ ကြည့်တော့ကောင်းပေမဲ့ တော်တော်ရက်စက်တဲ့ ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ၁၂နှစ်သားလေးတွေရဲ့ မောလွန်းစရာဘဝကို ပြထားတာမို့ နည်းနည်းတော့ ထူးထူးခြားခြားလေးဖြစ်နေမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.4 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:37:11 Subtitle….Myanmar ...
movie

The Fantastic Three (2024) Les trois fantastiques

2024
Not My Type (2022) 5.9
Not My Type (2022) Not My Type (2022)ကျွန်တော်တို့ မြန်မာနာမည်ကြီးတေးသံရှင် မနောကို ဥပမာပြုရရင် မနောဟာလည်းတစ်ချိန်က Rock ‌တွေဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့မြန်မာသံ တောဓလေ့သီချင်းတွေဟာ ပရိသတ်ရင်ကိုရောက်သွားတဲ့အခါ သူဟာ Rock ကိုပစ်ခါခဲ့သလိုပဲပေါ့။ Musician တစ်ယောက်ဟာ လူတွေအကြိုက်ကိုမလိုက်ပဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရင် ဒီ Musician ဟာ အောင်မြင်ပါ့မလား။ပြင်သစ်လူငယ်အဆိုတော်မလေး Marcia ဟာ ပြင်သစ် Classical တွေ Ballad သီချင်းတွေကို သီဆိုသူ ကြိုက်နှစ်သက်သူတစ်ယောက်ပေါ့။ အောင်မြင်သော မအောင်မြင်သော သူဟာ နေစရာမရှိလို့ မြစ်ထဲမှာ Houseboat နဲ့ နေရသူလေးလေ...အဲဒီလိုပါပဲ... ဒါဟေဂျန်း (Daredjane) ဆိုတဲ့ 70s အဆိုတော်တစ်ယောက် ဟာ 2021 မှာ အဘွားကြီးဖြစ်နေပြီပေါ့။ လူတွေလည်း သူ့ကိုမသိကြသလောက်ဖြစ်နေပါပြီ။ တစ်ခေတ်တစ်ခါက အဆိုတော်ဆိုပေမယ့် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့တဲ့ Musician ဖြစ်ပေတာကိုး။ ဒါပေမယ့် ...
movie

Not My Type (2022)

2022
Waiting for Bojangles (2022) 6.5
Waiting for Bojangles (2022) Waiting for Bojangles (2022) ==================== IMDb Rating - 6.5/10လူသားနှစ်ယောက်ရဲ့ တွေ့ဆုံမှုကလည်း ထူးဆန်းခဲ့ပါရဲ့ ၊ စတွေ့ကတည်းက နှစ်ယောက်ဆုံဆည်းမှုဟာ ပျော်စရာတွေ ယူဆောင်လာပေးမယ်ဆိုတာကို ကိုယ်စီ သိခဲ့ကြသလိုပါပဲ။ ဘဝရဲ့ လက်တွဲဖော်အစစ်နဲ့ ဆုံလာတဲ့အခါ နှလုံးသားကလည်း အလိုလို သိသည် ထင်ပါရဲ့ ၊ ဘယ်အရာတွေက တားတား အချစ် ခရီးက ခိုင်မာခဲ့တယ်။ မိသားစုဆိုတဲ့ အရာလေးကို ဖန်တီးနိုင်ခဲ့တယ်။ဒါပေမဲ့ ဘဝဆိုတာ သာယာလှပလွန်းနေရင် ပျင်းစရာကောင်း မယ်လို့ ယူဆပုံရတဲ့ ဘုရားသခင်က ကံကြမ္မာနဲ့ ပူးပေါင်းကြံစည်ပြီး ဒီမိသားစုလေးအပေါ် မိုးသက်လေပြင်းတို့ ကျရောက်စေခဲ့တဲ့အခါ၊ ဒီဒုက္ခတွေကို ရုန်းထွက်ရမှာ ဒီမိသားစုလေးရဲ့ တာဝန်ဖြစ်လာပါ တော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Yoon Sandi Aungမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Khant Sett Naing တို့ဖြစ်ပါတယ်)File Size..........(2.02 GB) / (842 MB) / (476 MB) Quality............BluRay 1080p / 720p ...
movie

Waiting for Bojangles (2022)

2022
Sauvage(2018) 7.0
Sauvage(2018) Sauvage(2018)IMDb....7.0ဒီကားက Gay တစ်ယောက်ရဲ့ ညဥ့်နက်ချိန်တွေဖြတ်သန်းရတဲ့ အကြောင်းကို အဓိကရိုက်ပြထားပါတယ်...... ပြောရရင် ညဥ့်ငှက် Gay ကောင်လေးတစ်ယောက်ဆိုပါတော့..... ဒါဆိုရင်တော့ သူလှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ရိပ်မိကြမယ်ထင်ပါရဲ့...... သူပျံသန်းတဲ့ ပတ်ဝန်းကျင်ဟာ လူတန်းစားအစုံပါပဲ... သူတို့ တဏှာစိတ်ပြေတာနဲ့ အမှိုက်တစ်စလိုလွှင့်ပစ်တတ်ကြသလို တစ်ခါတစ်ရံ လူသားမဆန်စွာ နှိပ်စက်တတ်ကြပါသေးတယ်.... ပေးဆပ်ရတာနဲ့မတန်တဲ့ ငွေအကြွေတစ်ချို့ကို မျက်ရည်သုတ်ပြီး ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ကျောခင်းစရာလိုက်ရှာရတဲ့ သူ့အဖြစ်က တကယ့်ကိုသနားစရာပါပဲ.... ကိုင်းခံစားကြည့်လိုက်ပါဦး.... ဒီကားက 18+ အမျိုးအစားဖြစ်လို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်းပြောကြားပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်...      File Size : (900 MB) and (380 MB) Quality : WEB-DL 720p, Format…mp4 Duration…01:39:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
movie

Sauvage(2018)

2018