Channel Myanmar

Luc Morissette

The Human Stain (2003) 6.2
The Human Stain (2003)  Anthony Hopkins, Nicole Kidman တို့ ပါဝင်ထားတဲ့ ဒရာမာရုပ်ရှင်လေးဖြစ်ပါတယ်ကိုးလ်မန်းဆိုတဲ့ အဘိုးကြီးက ကောလိပ်တစ်ခုက ဌာနမှူးဖြစ်ပြီး တစ်နေ့အတန်းထဲမှာ ပျက်ကွက်တဲ့ကျောင်းသားနှစ်ယောက်ကို Spooks(တစ္ဆေတွေလား) လို့ လူရှေ့သူရှေ့ သုံးနှုန်းလိုက်မိပါတယ်သူမသိတာကတော့ အဲဒီကျောင်းသားနှစ်ယောက်က အာဖရိကန်အမေရိကန်(လူမည်း) ဖြစ်ပြီး Spooks ဆိုတဲ့ စကားလုံးက တစ်ချိန်က လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းဖြစ်နေတာပါဒီလိုနဲ့ အရှက်တကွဲအကျိုးနည်း အလုပ်ထွက်လိုက်ရပြီး သူ့မိန်းမပါ ဆုံးသွားပါတော့တယ်ဒါကိုမကျေနပ်တဲ့ အဘိုးကြီးက စာရေးဆရာတစ်ယောက်ဆီသွားပြီး သူ့အကြောင်းစာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့အခါကိုးလ်မန်းရဲ့ လက်ရှိအရှုပ်ဇယားတွေနဲ့ အတိတ်က လျှို့ဝှက်ချက်တွေ ဘယ်လိုပေါ်ပေါက်လာမလဲ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ် File size…(1.8 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie

The Human Stain (2003)

To Catch a Killer (2023) 6.6
To Catch a Killer (2023) To Catch a Killer (2023)ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။အယ်လနောကတော့ သာမန်ရဲတပ်သား။မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။လက်သည်ကတော့ တစ်ယောက်တည်းပဲ။သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ ...
movie

To Catch a Killer (2023)

2023
Best Sellers (2021) 6.1
Best Sellers (2021) Best Sellers (2021)==============IMDb Rating - 6.1/10ဖခင်ဖြစ်သူဆီကနေ စတန်းဘရစ်ပုံနှိပ်တိုက်ကိုအမွေရခဲ့ပေမဲ့ သူ့လက်ထက်ထုတ်ဝေတဲ့စာအုပ်တွေကလူတွေရဲ့ဝေဖန်မှုကိုခံရပြီး ပုံနှိပ်တိုက်ပါအခြေအနေယိုယွင်းလာခဲ့ပါတယ်။ အဲ့ဒီယိုယွင်းလာတဲ့ပုံနှိပ်ကိုကယ်ဖို့ လူစီတစ်ယောက်နောက်ဆုံးအကြံကိုထုတ်ရတော့တာပေါ့။ပုံနှိပ်တိုက်ပိုင် စာရေးဆရာကြီးကို ရရှိရေးပေါ့။ဒီလိုနဲ့ဟဲရစ်ရှောကို သူတို့စဉ်းစားမိခဲ့ကြတယ်။ ဟဲရစ်ရှောဆိုတာ “Atomic Autumn” ဆိုတဲ့စာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာကြီး သူကအဲ့တစ်အုပ်ပဲရေးခဲ့ဖူးပေမဲ့ အဲ့တစ်အုပ်ကလည်းအဲ့အချိန်ကရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်။ဒါပေမဲ့ အဲ့နောက်ပိုင်းစာမရေးတော့သလို လူတွေမြင်ကွင်းကပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း(၅၀)ကြာသွားပြီဖြစ်တဲ့အပြင်…. သူ့အကြောင်းဇာတ်လမ်းတွေကလည်း ကောင်းတာမရှိတဲ့ အရက်သမား..လူတွေကိုမုန်းလို့တစ်ယောက်တည်းနေနေတဲ့လူ…စကားပြောရင်ရင့်သီးတဲ့လူ…သူစိတ်ထဲရှိသလိုနေထိုင်တဲ့သူ့ကို လူစီစတန်းဘရစ်တစ်ယောက် ဘယ်လိုစည်းရုံးမှာလဲ။သူတို့နှစ်ယောက်ရဲ့စာအုပ်အရောင်းမြှင့်တင်ရေးခရီးလေးကရော ဖြောင့်ဖြူးမှာရဲ့လား….လူစီတစ်ယောက် သူ့ပုံနှိပ်တိုက်ကိုကယ်တင်နိုင်မှာလား စတာတွေကို စိတ်ဝင်တစားကြည့်ရှူရမှာပါ။ဇာတ်လမ်းလေးက ဟဲရစ်ရှောရဲ့အဆဲလေးတွေနဲ့ရယ်ရသလို ဒရမ်မာလေးပါ နှောထားတော့ ရယ်လိုက်ငိုလိုက်ခံစားလိုက်နဲ့ဖြစ်သွားစေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, ...
movie

Best Sellers (2021)

2021