Channel Myanmar

Lourisinha Fernandes

A Mother’s Embrace (2024) 5.7
A Mother’s Embrace (2024)  ဒီကားကိုတော့ ဒါရိုက်တာ Cristian Ponce ရိုက်ကူးထားပြီးမင်းသမီး Marjorie Estiano က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာဆန်ဆန်‌Horror  ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအစမှာတော့ အန်နာရဲ့ငယ်ဘဝအိပ်မက်ဆိုးကနေစတင်ထားပါတယ်။အမေအရင်းရဲ့‌ ဆေးခတ်ထားတဲ့နွားနို့ကိုသောက်ပြီးတော့ထူးဆန်းတဲ့နေရာတစ်ခုမှာ ပိတ်မိနေခဲ့ပြီး မီး‌လောင်ပြင်ထဲကနေကယ်ထုတ်ခဲ့ရပါတယ်။ အနှစ်နှစ်ဆယ်ကျော်အကြာမှာ အမေဖြစ်သူရဲ့ သေဆုံးမှုသတင်းနဲ့အတူ မီးသတ်ဌာနမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့အန်နာက ငယ်စဉ်က အိပ်မက်ဆိုးတွေကို မေ့ဖျောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ဒီလိုနဲ့ ရီယိုမုန်တိုင်းကြောင့်‌ နေရာအနှံ့ရေကြီးခဲ့တဲ့အချိန်မှာ ဂေဟာတစ်ခုကို ကယ်တင်ဖို့ အန်နာတို့အဖွဲ့က တာဝန်ရရှိခဲ့ပါတယ်။‌အဲဒီဂေဟာက ရိုးရှင်းတဲ့ သက်ကြီးရွယ်အိုဂေဟာမဟုတ်ပဲ ထူးဆန်းနေတဲ့အခါ...အန်နာတို့အဖွဲ့က တစ်‌‌ယောက်စီခွဲသွားမိတဲ့နောက် သူတို့ကံကြမ္မာတွေကဘယ်လိုဖြစ်သွားမလဲ...အန်နာရဲ့သေသွားတယ်ဆိုတဲ့ အမေကို ဂေဟာမှာတွေ့နေရတဲ့အခါ...‌‌‌ဂေဟာကလူတွေက ထွက်မသွားနိုင်ဘဲ ဘာကိုစောင့်နေကြတာလဲ‌...အန်နာနဲ့က‌ရော ဘာတွေပတ်သက်နေတာလဲ...အဲဒီအရာရဲ့ လက်ထဲက အန်နာလွတ်‌မြောက်နိုင်မလား...ဒါတွေကို ဒီဇာတ်ကား‌ထဲမှာ အဖြေရှာရမှာပါ‌။ File size… (1.96GB) / (686MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard ...
movie

A Mother’s Embrace (2024)

Perdida (2023) 6.1
Perdida (2023) Perdida (2023) ============ IMDb Rating – 6.1/10မတူညီတဲ့ ခေတ်နှစ်ခေတ်ကို အခြေခံထားတဲ့ ပေါ်တူဂီစကားပြော ဘရာဇီး အချစ်ကားလေး ဖြစ်ပါတယ်။ ဆိုဖီယာဆိုတာက လက်ရှိအချိန်ကာလမှာ စာအုပ်ထုတ်ဝေရေးတိုက်က ရှေးဂန္ဒဝင်စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ ကောင် မလေးတစ်ယောက်၊ အချစ်ဆိုတာကို နာကျင်မှုတွေနဲ့သာ အဆုံးသတ်လေ့ရှိပြီး စာအုပ်တွေထဲမှာသာ ပျော်စရာဇာတ်သိမ်း ရှိနေတယ်လို့ အချစ်ကို အယုံအ ကြည်မရှိ အစွန်းရောက်နေသူလေးပေါ့။ ငယ်စဉ်ကတည်းက တစ်ဦးတည်းရှိတဲ့ သူငယ်ချင်းမလေး နီနာက အချစ်စစ်နဲ့တွေ့ပြီး အိမ်ထောင်ပြုမယ် ယောင်နောက် ဆံထုံးပါတော့မယ်ဆိုတော့ လက်ထပ်တာကို မယုံကြည်သူ ဆိုဖီယာနဲ့ နီနာတို့ စကားများကြပြီး တစ်ယောက်တည်း အိမ်ပြန်လာချိန် ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ဆုံစည်းခဲ့ပါတယ်။ထို အမျိုးသမီးဖြစ်သူက ဆိုဖီယာကို သူ သိပ်နှစ်သက်တဲ့ ရှေးဂန္ဒဝင်စာအုပ်တွေ ထဲကအတိုင်း ၁၈၀၀ ကျော်ကာလဆီကို ပို့ပေးလိုက်ပါတော့တယ်။ အဲဒီမှာ ဆိုဖီ ယာတစ်ယောက် အမျိုးသမီးတွေဆို အပိုးကျိုးကျိုးနေရတဲ့ ရှေးခေတ်ကို ရောက် သွားပြီး လူကုံထံအသိုင်းအဝိုင်းက ရုပ်ချော ဥစ္စာပေါ သူဌေးလေး အီယန်နဲ့ တွေ့ ဆုံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ...
movie

Perdida (2023)

2023