Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Louis Mandylor
5.5
Jane Austen’s Mafia! (1998)
Jane Austen’s Mafia! (1998)ဒီဇာတ်ကားလေးကတော့ The Godfather နဲ့ Casino တို့လို နာမည်ကြီးမှုခင်းကားတွေကို ဟာသလုပ်ထားတဲ့ ရီစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ မိသားစုရဲ့ ပြဿနာအတိတ်ကနေ ရှောင်ထွက်ချင်ပေမဲ့ ထွက်မရတဲ့ လူတစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ဟာသကားတွေနဲ့ မတူပဲ ပေါ့ပေါ့ပါးပါးလဲ ဖြစ်မဲ့ ဇာတ်ကားမျိုးကို ကြိုက်တတ်တဲ့သူတွေကြည့်ဖို့ အကောင်းဆုံးဇာတ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (2.8 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime Duration…. 01:27:01 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin
movie
Jane Austen’s Mafia! (1998)
1998
5.0
Operation Blood Hunt (2024)
အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့Action/Horror အမျိုးအစားရုပ်ရှင်ကားလေးဖြစ်ပါတယ်.ဒီကားလေးမှာဆိုရင် မသေမျိုးအဖြစ်ပြောင်းသွားတဲ့ ဘုန်းတော်ကြီးတစ်ပါးနှင့် လက်မရွံ့အဖွဲ့တို့ဟာ ကျွန်းတစ်ကျွန်းပေါ်မှာပျောက်သွားတဲ့ စစ်သားများကို လိုက်လံရှာဖွေရတဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်..အကြောင်းကြောင်းကြောင့် မသေမျိုးဖြစ်သွားတဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ ဇာတ်မြှုပ်ရင်း နေထိုင်နေစဉ်မှာ စစ်ဗိုလ်နှစ်ယောက်ရောက်ရှိလာပြီး အပေးအယူလုပ်ကာ အသေခံစစ်ဆင်ရေးလုပ်ရမယ့် ကျွန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်..သို့သော်လည်း ၎င်းနှင့်အတူပါလာတဲ့ အဖွဲ့သားများဟာတကယ့်စစ်ဆင်ရေးရဲ့ သရုပ်သကန်အမှန်ကို မသိထားဘဲစစ်သားပျောက်ရှာဖွေရေးအနေနဲ့သာ သိရှိခဲ့ပါတယ်..ရွာတစ်ရွာအရောက် စစ်သားများအကြောင်း စုံစမ်းမေးမြန်းရာအနီးအနားရှိ အမေရိကန်စစ်စခန်းတစ်ခုရှိကြောင်း သိရ၍သွားရောက်ကြတဲ့အခါမှာတော့ ရုပ်ပျက်ဆင်းပျက်အလောင်းများကို နေရာအနှံ့တွေ့ရပြီး တိုက်ပွဲဒဏ်ရာမဟုတ်မှန်းသတိထားမိကာ ထိတ်လန့်ကြရပါတော့တယ်..ထိုသို့ ထိတ်လန့်ခြင်းနဲ့အတူ ရှိနေကြစဉ်မှာပဲ သွေးစုပ်ဖုတ်ကောင်များရုတ်တရက် ပေါ်ပေါက်လာချိန်မှာတော့ ဘုန်းတော်ကြီးနှင့်အဖွဲ့သားတို့ အသက်ဘေးအန္တရာယ်ရှိလာပါတော့တယ်..ထိုအသက်ဘေးကို လက်မရွံ့အဖွဲ့သားများ လွတ်မြောက်နိုင်ကြမလား...သေချင်နေတဲ့ မသေမျိုးဘုန်းတော်ကြီးရော ဆန္ဒပြည့်သွားမလား....အသက်နဲ့ခန္ဓာကို သွေးစုပ်ဖုတ်ကောင်တို့လက်ထဲပဲ ဝကွက်အပ်လိုက်ရသလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း အဖြေရှာကြည့်ကြစေချင်ပါတယ်...ဒီကားလေးမှာဆိုရင် အက်ရှင်ကားချစ်သူများအတွက် သေနတ်ပစ်ခန်းများပါရှိသလို သည်းထိတ်ရင်ဖိုရုန်းရင်းဆန်ခတ် သွေးစုပ်ဖုတ်ကောင်များနှင့်နပန်းလုံးကြတဲ့အခန်းများ ပါရှိတဲ့အတွက် ပရိသတ်များ မြည်းစမ်းကြည့်နိုင်ကြဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ.... File size… (1.31 GB) / (787 ...
movie
Operation Blood Hunt (2024)
5.2
The Mercenary (2019)
The Mercenary(2019)IMDb....5.6The mercenaryဆိုတဲ့အဓိပ္ပာယ်က ကြေးစားစစ်သား... မက်စ်တို့အဖွဲ့က Central Africa တို့ Columbia တို့မှာ သူတို့ကိုခိုင်းတဲ့ လူသတ်မှုတွေကို ကြေးကြီးကြီးယူပြီးလုပ်ကြတယ်.... South Americaမှာ သူတို့ mission လုပ်နေရင်း မက်စ်တစ်ယောက်ကို အကြောင်းတစ်ခုကြောင့်သေပြီဆိုပြီး ထားခဲ့ကြတယ်..... အနီးနားက ဘုရားကျောင်းက ဖာသာက သူ့ကိုကယ်တင်စောင့်ရှောက်ထားခဲ့တယ်.. သူ့ကျန်းမာရေးပြန်ကောင်းလာပြီးနောက် ဘုရားကျောင်းမှာပဲ သူ့ရဲ့ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေရင်းနဲ့မှ ဘာတွေ ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ကြပါတော့..... ဒီကားက အက်ရှင်ဆိုတဲ့အတိုင်း အစမှ အဆုံးထိ နင်းကန်ဗျင်းပါတယ်... နင်းကန်ဗျင်းတာကြိုက်တဲ့သူတွေအတွက်တော့ ဒေါင်းကြည့်ကြပါလို့ လက်တို့လိုက်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်...File Size : 2.45GB / 950MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:32:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo ...
movie
The Mercenary (2019)
4.5
Adrenaline (2023)
Adrenaline (2023)Andrenaline အက်ရှင်ကားကို ဒါရိုက်တာ Massimiliano Cerchi က စီစဥ်ရိုက်ကူးတင်ဆက်ထားပါတယ်။အလုပ်ကိုပဲ ဇောက်ချလုပ်တတ်တဲ့ FPI အေးဂျင့် ဗစ်တိုးရီးယားဟာ အလုပ်ကြိုးစားလွန်းတာကြောင့်သူ့အထက်လူကြီးက နယ်ဝေးကို အပန်းဖြေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ခံလိုက်ရပါတယ်။ဗစ်တိုးရီးယားကတော့ ဒါ သူ့ကို သက်သက်ညစ်လိုက်တာလို့ယူဆနေပါတယ်။ဒါပေမယ့်ဖြစ်ချင်တော့ အပန်းဖြေခရီးမှာပဲ သူ့အတွက် လုပ်စရာတွေရှိလာပါတော့တယ်။တဖက်မှာလဲ သူ့မိသားစုဟာ သူ့ကြောင့် ဒုက္ခရောက်ရတာမျိုး ကြုံလာတဲ့အခါပြသနာတွေကို သူပြန်ပြီးဖြေရှင်းနိုင်ပါ့မလားဆိုတာကတော့..(အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)File size…(1.5 GB) / (750 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime Duration….01:15:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa
movie
Adrenaline (2023)
2023
My Big Fat Greek Wedding (2002)
ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Romance ဇာတ်ကားလေးပါ။ ဂရိမျိုးနွယ်သူဖြစ်တဲ့ တူလာက အသက် ၃၀အရွယ်ထိ အိမ်ထောင်မကျသေးတဲ့၊ ဘဝရည်မှန်းချက် ပျောက်ဆုံးနေတဲ့သူပါ။ သူတို့ဂရိလူမျိုးတွေက ယူရင်လည်း ဂရိအချင်းချင်းပဲယူကြပြီး ကလေးတွေလည်း အများကြီးမွေးကြကာ မျိုးဆက်ပြန့်ပွားရေးကို အလေးထားကြသူများလည်း ဖြစ်ပါတယ်။တူလာ့ရဲ့အဖေဖြစ်သူက အရေပြားပြဿနာကနေ ဓာတ်မတည့်တာအဆုံး Windex ဆိုတဲ့ မှန်သုတ်ဆေးထည့်ရင်ပျောက်တယ်လို့ ယုံကြည်သူပါ။ (ဘာမဆို ဆရာခိုနဲ့ပျောက် ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပေါ့လေ။) ဂရိဖြစ်ရတာကို အလွန်ဂုဏ်ယူတဲ့ အဖေဖြစ်သူက ဂရိမျိုးနွယ်ဂုဏ်ကို ထိန်းသိမ်းတဲ့သူမို့ သူ့သမီးကို ဂရိတစ်ယောက်နဲ့ အမြန်ဆုံး အိမ်ထောင်ချပေးဖို့ နည်းမျိုးစုံနဲ့ကြံနေခဲ့တာပေါ့လေ။တူလာက တခြားမိန်းကလေးတွေနဲ့မတူဘဲ ဘဝကို သမားရိုးကျ မဖြတ်သန်းချင်သူဖြစ်တာနဲ့အညီ ဂရိမဟုတ်တဲ့ တခြားအမေရိကန်ကောင်လေး အီယန်ကို ချစ်မိသွားရာမှာတော့ မျိုးရိုးဂုဏ်စောင့်ထိန်းချင်တဲ့ သူ့အဖေနဲ့ တူလာ့ကြား ပဋိပက္ခတွေ ပေါ်လာပါတော့တယ်။ ချစ်သူကိုလည်း အင်မတန်ချစ်ပေမဲ့ အဖေ့စကားကို လွန်ဆန်ရခက်တဲ့ တူလာ့အတွက် ဘယ်လိုအခက်အခဲတွေနဲ့ ...
movie
My Big Fat Greek Wedding (2002)
5.5
Renegades (2022)
ဘာတန်ဆိုတာက အင်္ဂလန်စစ်တပ် SAS တပ်သားဟောင်းဖြစ်ပြီး ဘော့စနီးယားက နောက်ဆုံးစစ်ဆင်ရေးမှာ အဆင်မပြေဖြစ်ခဲ့လို့ လန်ဒန်မှာ ခြေသလုံးအိမ်တိုင်အဖြစ် လှည့်လည်သွားလာပြီးနေထိုင်နေတဲ့လူ။ အဲဒီမှာ ဖခင်ဖြစ်သူနဲ့ တာဝန်အတူတူထမ်းဆောင်ဖူးတဲ့ အထက်အရာရှိဟောင်းကြီးက တွေ့ပြီး နေစရာ စားစရာပေးပြန်လည်ပျိးထောင်ခဲ့တာပေါ့။ ဒီလိုနဲ့တစ်ရက်ကျ ဒီ အထက်အရာရှိဟောင်းကြီး အသတ်ခံလိုက်ရပါတယ်။ သာမန်လုယက်မှုတို့ ဘာတို့နဲ့မတော်မဆ အသတ်ခံရတာမဟုတ်ပဲ လန်ဒန်မြို့ရဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းကြီးနဲ့ ပတ်သက်တာဖြစ်နေတော့ ဘာတန်တစ်ယောက်အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ SAS အရာရှိဟောင်း ၃ ယောက်နဲ့လက်တွဲပြီး လက်စားချေဖို့အတွက် တစ်ဂိုဏ်းလုံးနဲ့ လူ ၄ ယောက်ရင်ဆိုင်ကြဖို့ ဖြစ်လာပါတော့တယ်…။ File size…1.99GB / 894MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie
Renegades (2022)
Skeletons in the Closet (2024)
Skeletons in the Closet (2024)ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.1GB, 510MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - ...
movie
Skeletons in the Closet (2024)
2024
5.2
Hellhound (2024)
Hellhound (2024)ဘုရားသခင်ကိုမယုံကြည်ဘဲ ဘ၀တစ်လျှောက်လုံး အကြမ်းဖက်သတ်ဖြတ်မှုတွေ ကြေးစားအလုပ်တွေပဲ လုပ်လာခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားရဲ့ အနားမယူခင် နောက်ဆုံး Mission ဆောင်ရွက်တာကို ရှုစားရမယ့် အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး လိုရန်နိုက မစ်ရှင်အတွက် အရင်တုန်းက သူနဲ့အတူတွဲလုပ်နေကျ ထိုင်းလူမျိုး မိတ်ဆွေဟောင်း Cetan အကူအညီနဲ့ ပစ်မှတ်ကို သတ်ဖို့ ရောက်လာပါတယ်။ ထိုင်းမှာ အနားယူတဲ့ လူချမ်းသာ သူဌေးကြီးကို မယားငယ်နဲ့ သူ့ရည်းစား ထာ က သတ်ပစ်တဲ့အတွက် သူဌေးကြီးရဲ့သမီးဖြစ်သူက တရားမျှတမှုပြန်ယူပေးဖို့ လိုရန်နိုကိုငှားတာဖြစ်ပါတယ်။ထာက နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ သူ့အဖွဲ့နဲ့ မကောင်းတာအကုန်လုပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့သူပါ။ ထာကို ရှာပြီးသတ်ဖို့ ရောက်လာပေမဲ့ အမှားသေးသေးလေး လုပ်မိပြီ ထာတို့ဘက်က သူ့ကို အရင်ရှာတွေ့သွားတဲ့အခါ... ထိုင်းမှာ ကျင်လည်ကျက်စားနေတဲ့ သူတို့လိုလူ အကူအညီယူခဲ့ပေမဲ့ သစ္စာဖောက်ခံရတဲ့အခါ...Easy Job လေးကနေ စစ်ပွဲအဖြစ် ပြောင်းလဲသွားပြီး ...
movie
Hellhound (2024)
2024
6.1
Sinners and Saints (2010)
လောကကြီးမှာ လူတန်းစားနှစ်မျိုးနှစ်စားရှိပါတယ်။အဲ့ဒီနှစ်မျိုးကတော့အပြစ်သားတွေနဲ့ သူတော်စင်တွေပဲဖြစ်ပါတယ်။သင်ကရောဘယ်လိုလူတန်းစားထဲမှာပါပါသလဲ။ အခုတင်ဆက်ပေးမဲ့ Sinners And Saints ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့ဒီလူတန်းစားနှစ်မျိုးကို အဓိကတွေ့ရမှာဖြစ်ပြီးအဲ့ဒါကိုပုံဖော်ဖို့အတွက် အကောင်းဆုံးဇာတ်ကောင်တွေဖြစ်တဲ့ ရဲနဲ့လူဆိုးတို့နဲ့ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရဲနဲ့ လူဆိုးဆိုပေမဲ့ ပျင်းစရာကောင်းလောက်အောင်လိုက်စုံစမ်းနေတာတွေ လိုက်ဖမ်းနေတာတွေပဲ တွေ့ရမှာမဟုတ်ဘဲဟိုဘက် ဒီဘက်သေနတ်တွေနဲ့အပြန်အလှန်ရှယ်ပစ်တဲ့ အက်ရှင်အကြမ်းကြီးတွေကိုအဓိကထားရိုက်ကူးထားတာပါ။IMDb မှာ Rating 6.1 အထိရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းကြိုက်တဲ့ သူတွေအတွက်တော့ အံကိုက်ပါပဲ။ရှောင်ရိုင်လေဆိုတဲ့ ရဲစုံထောက်ကစစ်ဆင်ရေးတစ်ခုမှာတွဲဖက်ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း တစ်ကိုယ်တည်းလှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့မြို့မှာအလောင်းတွေကို ရက်ရက်စက်စက်မီးရှို့ထားတဲ့ အမှုနဲ့ကြုံတွေ့လာရပါတော့တယ်။အဲ့ဒီမှာ တခြားရဲဌာနကစုံထောက်ဝေလ်ဂန့်ဇ်ဆိုသူနဲ့ တွေ့ခဲ့ကြပြီး ဒီအမှုကိုအတူတူလိုက်ဖို့ဖြစ်လာပါတော့တယ်။အမှုကိုလိုက်နေတဲ့ကြားက မီးရှို့ခံထားရတဲ့အလောင်းတွေကို ထပ်တွေ့လာရတဲ့အခါမှာဒီအမှုက သွေးရိုးသားရိုးမဟုတ်ဘဲ ဒုစရိုက်အဖွဲ့အစည်းတစ်ခုခုနဲ့သက်ဆိုင်နေမယ်ဆိုတာကို သိခဲ့ရပါတော့တယ်။ပိုထူးဆန်းတာက အဲ့ဒီအမှုကရှောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ပတ်သတ်နေတဲ့အခါမှာတော့ ဘယ်လိုအရှုပ်အထွေးတွေကိုကြုံတွေ့လာရပြီးလျှို့ဝှက်နက်နဲပြီး သေသပ်တဲ့ဒီအမှုကို စုံထောက်ရှောင်နဲ့ ဝေလ်တို့ ဘယ်လိုအတူဖြေရှင်းကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ် File size…2.01 GB / 0.98GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , ...
movie
Sinners and Saints (2010)
3 Days in Malay (2023)
Action မင်းသား Louis Mandylor သရုပ်ဆောင်ထားတဲ့ စစ်ကားတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပါတယ်ဒုတိယကမ္ဘာစစ်တုန်းက မလေးရှားနိုင်ငံမှာ ရှိတဲ့ လေယာဉ်ကွင်းမှာ စခန်းချထားတဲ့ မရိန်းတပ်တွေကို ဂျပန်တွေကဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်မှာ စစ်ကူတွေလည်းခေါ်မရတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲ ၃ ရက်ဆက်တိုက် ဘယ်လိုတွေဖြစ်လဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်............ File size…(1.6 GB)/(947 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie
3 Days in Malay (2023)
3.9
AWOL-72 (2015)
AWOL-72 (2015) ==============ကွန်ရက်ဒ်မေလာဆိုတာ မရိန်းတပ်သားတစ်ယောက်၊ ဒါပေမဲ့ အစိုးရ ဆီကနေ လျှို့ဝှက်ပစ္စည်းတစ်ခုကို ယူပြီး ချစ်ရသူနဲ့အတူ မိသားစုဘဝ လေး တည်ထောင်ဖို့ ကြိုးစားနေတဲ့အချိန်။ အဲဒီမှာ ရုရှား ထောက်လှမ်း ရေးနဲ့ လော့အိန်ဂျလိစ် ရဲဌာနက စုံထောက်အဒမ်တို့ကလည်း ဒီ မရိန်း တပ်သားကို AWOL သွားလို့ လိုက်လံပြီး ထောက်လှမ်းနေကြတာပေါ့။ AWOL ဆိုတာ တပ်ထဲကနေ စစ်ပြေးထိလုပ်ဖို့ မရည်ရွယ်ပေမဲ့ ခွင့်မရှိပဲ တာဝန်ပျက်ကွက်ပျောက်ဆုံးတာကို ဆိုလိုတာပါ။ဒီမှာတင် မေလာ့နောက်ကို ရုရှားထောက်လှမ်းရေးနဲ့ စုံထောက်တွေအပါ အဝင် ထူးဆန်းတဲ့လူတစ်ယောက်ကလည်း နောက်ယောင်ခံလိုက်နေတာ ပါ။ ဒီလိုနဲ့ မေလာတစ်ယောက် ချစ်ရတဲ့လူနဲ့ သာမန်ဘဝလေး ရရှိဖို့အတွက် လိုက်နေတဲ့လူတွေလက်က ထွက်ပြေးနေရပြီး ဘယ်လိုအခက်အခဲပေါင်းစုံ ကြုံရမလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်မြူး လေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့åç Thura Aung ဖြစ်ပါတယ်)File Size..........(1.4 GB) / (600 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator......Thura Aung Encoder..........SWM
movie
AWOL-72 (2015)
2015
4.2
The Flood (2023)
The Flood (2023) ================ဒီဇာတ်ကားလေးကတော့ အမေရိကန်နိုင်ငံ လူ၀စ်စီအာနားပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်းတိုက်နေတုန်း ထောင်ဖောက်ဖို့ကြိုးစားတဲ့ဇာတ်ကား လေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးအစမှာတော့ လူနှစ်ယောက်စကားပြော နေရင်း တစ်ယောက်က မုန်တိုင်းကြောင့်ရောက်လာတဲ့ မိကျောင်း(Alligator) စားတာခံလိုက်ရပါတယ်။ တစ်မြို့လုံးက ဟာရီကိန်းမုန်တိုင်းကြောင့် ရေ တွေကြီးပြီး မိကျောင်းတွေလည်းသောင်းကျန်းနေပြီပဲဖြစ်ပါတယ်။ရှဲရစ် ဟာအမျိုးသမီးအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ရဲစခန်းဟာ လည်း ရေကြီးတဲ့ဒဏ်ကို အလူးအလဲခံစားနေရပြီး မိကျောင်းတွေရောက် ရှိလာပါတယ်။ တစ်နေ့တော့ ဟာရီကိန်းမုန်တိုင်းတိုက်နေတဲ့ကြားကနေ ထောင်သားတွေကိုရွှေ့ပြောင်းလာတဲ့အဖွဲ့တစ်ဖွဲ့က သူ့ရဲ့ရဲစခန်းကို ခိုလှုံဖို့ ရောက်လာပါတော့တယ်။ ရှဲရစ် ကတော့သူတို့ကို လက်မခံချင်ပေမယ့် မတတ်နိုင်ခဲ့ဘဲ လက်ခံလိုက်ရပါတယ်။ လာရောက်ခိုလှုံတဲ့ထောင်သား တွေကလည်း အမျိုးမျိုးဆိုးသွမ်းကြတဲ့သူတွေဖြစ်ကြောင်းကို သိလိုက် ရပါတယ်။ အဲဒီထဲကမှ ကိုဒီရက်ဆယ် ဆိုတဲ့သူကတော့ တည်ငြိမ်ပြီး တခြားသူတွေနဲ့ကွဲပြားနေပါတယ်။တစ်ဖက်မှာလည်း ကိုဒီ ကိုကယ်ချင်နေတဲ့အဖွဲ့ကရှိနေပါတယ်။ မုန်တိုင်း သဲနေတဲ့အချိန်၊ မိကျောင်းတွေအပြည့်နဲ့ ရဲစခန်းထဲမှာ အဲဒီအဖွဲ့က အထဲ ကိုဖောက်၀င်ပြီး ကိုဒီ ကိုလာရောက်ကယ်ဆယ်တဲ့အခါမှာတော့ ဘယ်လို ကြောက်လန့်ဖွယ်ရာတွေဖြစ်မှာလဲ၊ ဒီအခြေအနေကိုဘယ်လိုကျော်ဖြတ် သွားမလဲ၊ ကိုဒီ ကရောဘယ်လိုလူလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.48 GB) / (565 MB) Quality............WEB-DL 1080p / ...
movie
The Flood (2023)
2023
5.5
As Good as Dead (2022)
As Good As Dead (2022)~ Rotten Tomatoes - 71% ~အခုမိတ်ဆက်ပေးမယ့် အက်ရှင်ဇာတ်ကားကတော့ ဝါရင့်မင်းသားကြီး Michael Jai White ကိုယ်တိုင်ရေး ကိုယ်တိုင် ဇာတ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Rotten Tomatoes မှာ 71 % အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။Michael Jai White ကတော့ Boxing လောကမှာ The Man, The Myth, The Legend လို့ ခေါ်လေ့ရှိကြတဲ့ Mike Tyson အနေနဲ့ HBO က ထုတ်လုပ်ထားတဲ့ 1995 တုန်းက Tyson - O Mito ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့သူပါ။ ဒီဇာတ်ကားထဲမှာတော့ Lucas Oriel နဲ့ Gabriela Quezada ...
movie
As Good as Dead (2022)
2022
6.4
Crossfire (2023)
အက်ရှင်မင်းသားကြီး Louis Mandylorရဲ့ ကားသစ်လေးဖြစ်တဲ့ Crossfire movieလေး ထွက်ရှိလာပါပြီ။ ဒီကားလေးထဲမှာတော့ Louisတစ်ယောက်ဟာ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ အေးဂျင့်ကောင်းတစ်ယောက်၊ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ကယ်တင်ပေးတဲ့ဟီးရိုးတစ်ယောက်ဖြစ်တဲ့ အေးဂျင့်Mark Patson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းတော်လွန်းတဲ့အေးဂျင့်တစ်ယောက်ကို အဖေတော်ထားရတဲ့ခံစားချက်ကဘယ်လိုဖြစ်မလဲ။ အများအမြင်မှာတော့ သူရဲကောင်းကိုအဖေတော်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့မြင်ကြပေမဲ့ လက်တွေ့မှာတော့ သူဖမ်းခဲ့တဲ့လူဆိုးတွေက လက်စားလာချေမှာကို စိုးရိမ်ထိတ်လန့်နေရတာမျိုးပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဒီရုပ်ရှင်လေးထဲက Alishaလေးရဲ့ဘဝဟာလည်း အလားတူပါပဲ။အမျိုးသမီးငယ်လေးတွေကို လူကုန်ကူးနေတဲ့ Godzillaမာဖီးယားဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် Mark Patsonဟာ လူအများပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အေးဂျင့်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရှင်းလင်းသုတ်သင်မှုရဲ့နောက်ကွယ်က အရင်းအနှီးကတော့ တစ်ဖက်ဂိုဏ်းရဲ့အငြိုးအတေးအောက်မှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းပါပဲ။ နဂိုထဲက အဖေဖြစ်သူစွမ်းဆောင်ချက်ကြောင့် နေရာတိုင်းမှာ သတိနဲ့နေနေရတာကို မနှစ်မြို့တဲ့Alishaကတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကတည်းက ဖခင်ဖြစ်သူကိုအမုန်းကြီးမုန်းပါတော့တယ်။ ကျော်ကြားမှုနဲ့မိသားစုကို လဲပစ်တဲ့လူ၊ မိသားစုအတွက်မတွေးဘဲ သူရဲကောင်းကြီးလုပ်ချင်နေတဲ့လူလို့ သူ့ကိုအထင်လွဲသွားတဲ့ Alishaကို ဖြေရှင်းချက်ပေးဖို့ Markတစ်ယောက် အလုပ်ထွက်ပြီး ...
movie
Crossfire (2023)
Breakout (2023)
အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့သားဖြစ်သူကိုလာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကိုအပိုင်စီးတဲ့ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကိုအသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie
Breakout (2023)
6.7
The Game of Their Lives(2005)
The Game of Their Lives(2005)*****************************၂၀၂၂ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြီးကတော့ အာဂျင်တီးနားအသင်းကဖလားကြီးကို ကိုင်မြှောက်ရင်းနဲ့ပဲ လှလှပပအဆုံးသတ်သွားခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မထင်မှတ်ထားတဲ့ပွဲတွေ မထင်မှတ်ထားတဲ့ရလဒ်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ကမ္ဘာ့ဖလားပွဲကြီးဟာ အားကစားပြိုင်ပွဲတွေအားလုံးထဲမှာ အကြီးကျယ်ဆုံးလို့သတ်မှတ်ခံထားရပါတယ်။ ၁၉၃၀ ခုနှစ်မှာအစပြုခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေဟာ လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၁၉၄၂ နဲ့ ၁၉၄၆ ခုနှစ်တွေမှာတော့ ဒုတိယကမ္ဘာစစ်ကြောင့်ခေတ္တရပ်နားခဲ့ရပါတယ်။ ၁၉၅၀ ခုနှစ်မှာကမ္ဘာ့ဖလားပွဲ ပြန်လည်စတင်ခဲ့တဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စုကလည်း ကမ္ဘာ့ဖလားကန်ဖို့အတွက် အခွင့်အရေးရခဲ့ပါတယ်။ ဘောလုံးအဆင့်အတန်းအနေနဲ့ နိမ့်ပါးနေတဲ့အမေရိကအသင်းဟာ အဲ့ဒီအချိန်အခါမှာတော့ အောက်ဆုံးအသင်းအဖြစ်အများက သတ်မှတ်ခံထားရတဲ့အသင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဘောလုံးအားကစားအပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ အသင်းသားတစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ နားလည်မှုတွေကြောင့် အဲ့ဒီခေတ်အခါမှာအင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် အသင်းသားတွေရဲ့အခက်အခဲတွေ တစ်ယောက်နဲ့တစ်ယောက်ရဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရပုံတွေနဲ့ ဘောလုံးအားကစားအပေါ်ထားတဲ့သူတို့ရဲ့ ပြင်းပြတဲ့စိတ်ဓာတ်တွေကိုရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားလေးကတော့ ဘောလုံးချစ်တဲ့ပရိတ်သတ်တွေရော ရုပ်ရှင်ချစ်တဲ့ပရိသတ်တွေရော ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။File Size :(2.3GB)(1.1GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:41:00 Genre :Sport, History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo ...
movie
The Game of Their Lives(2005)
5.6
The Quest (1996)
အရှေ့တောင်အာရှတောနက်တစ်ခုထဲမှာ တစ်ကမ္ဘာလုံးက ကိုယ်ခံပညာအသီးသီးရဲ့ အကျော်အမော်တွေကို တိတ်တဆိတ်ဖိတ်ခေါ်ကာ ပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ပျောက်ဆုံးမြို့တော်လေးတစ်မြို့ ရှိနေပါတယ်။အနိုင်ရရှိသူဟာ ရွှေအတိသွန်းလောင်းထားတဲ့ နဂါးရုပ်ထုကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ရမှာပါ။ပြိုင်ပွဲအမည်ကဂန်ဂန့်ဖြစ်ပြီးတော့ …. ဒီပြိုင်ပွဲကို အမေရိကားမှာ လူရွှင်တော်လုပ်စားနေတဲ့ ဗန်ဒိန်းတစ်ယောက် ပြန်ပေးဆွဲ ကျွန်ပြုခံရရင်းက ဒီ ဂန်ဂန့်ပြိုင်ပွဲကြီးမှာ ဘယ်လိုပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် …မွေ့ထိုင်းနဲ့ပက်သက်တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိုင်းပေါင်းစုံရဲ့ ကစားကွက်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Quest (1996)
4.3
Bring Him Back Dead (2022)
Bring Him Back Dead (2022) ======================အက်ရှင်မင်းသားကြီး Gary Danielsပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ အက်ရှင်ပရိသက်တွေ အကြိုက်တွေ့မယ့် ကားလေးပဲဖြစ်ပါတယ်။ ထရန့်ဆိုတဲ့လူက ဘဏ်တစ်ခုကနေ စိန် တွေခိုးဖို့အတွက် ဂိုဏ်းအဖွဲ့တစ်ခုကိုခိုင်းခဲ့ပါတယ်။ဒါပေမယ့် အဲဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဲလက်စ်က အဖွဲ့ကို သစ္စာဖောက်ပြီး စိန်တွေကိုယူသွားခဲ့ပါတယ်။ အဲ့တော့ထုံးစံအတိုင်း ဂိုဏ်းကနေ သူတို့စိန်တွေကိုပြန်ယူနိုင်မလား၊ အဲလက်စ်ကရော ဘာလို့သစ္စာဖောက်ရတာလဲ၊ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးရှင်းရှင်းလေးကို အက်ရှင်ကောင်းကောင်းနဲ့မြင်ရမဲ့ "Bring him back dead"ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Phway Cherry ဖြစ်ပါတယ်) File Size..........(1.81 GB) / (841 MB) / (576 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Moe Phway Cherry Encoder..........SWM
movie
Bring Him Back Dead (2022)
4.4
Blowback (2022)
Bloback 2022ဒီရုပ်ရှင်ကားလေးဟာ ၂၀၂၂ ရဲ့ အက်ရှင်ကားလေးတွေထဲမှာ နေရာတစ်နေရာစာဝင်ယူထားတဲ့ကားကောင်းလေးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်းမပါဘဲ မိမိဘာသာ rating ပေးရရင်တော့ 6/10 ပေးရမယ့်ကားလေးဖြစ်ပြီး တော်တော်လေးကြည့်ပျော်မယ့် အက်ရှင်ကားလေးလည်းဖြစ်ပါတယ်။တစ်ခါတလေတော့ ဘဝဆိုတာ သောက်ပြဿနာတွေတက်တဲ့အခါ တစ်ခုပြီးတစ်ခုပြုံပြီးတက်ပေမဲ့ သောက်ကောင်းတွေကျတော့ အခါတစ်ထောင်မှ တစ်ခါလာတဲ့အထိရှားပါတယ်။ ဒီလိုပါပဲ မစ်ရှင်တွေကို အောင်မြင်မယ်ထင်ထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်လိုက်၊ ကျရှုံးလိုက်ဖြစ်နေရတဲ့အခါ အဲလိုအခြေအနေကြီးက ဘယ်လိုရုန်းထွက်ရမလဲပေါ့။ကျွန်တော်အနေနဲ့အားပေးရမယ်ဆိုရင် လဲကျသွားတဲ့အခါ ပြန်မထပါနဲ့။ အိပ်နေလိုက်ပါ၊ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့။ ဒါပေမဲ့ မင်းသားကတော့ ပြန်ထတယ်။ ပြန်ကြိုးစားတယ်ဗျ။ သူ့မှာက သေအံ့ဆဲဆဲသမီးလေးကို ဆေးကုသဖို့အတွက် ရှာဖွေဖို့လိုတာကိုး။ ဒီတော့ဗျာ။ ဒီရုပ်ရှင်ကားလေးထဲမှာဆိုရင် မင်းသားနဲ့ သူသူငယ်ချင်းတစ်သိုက်က ဘဏ်တစ်ခုကို ဓားပြတိုက်ကြတယ်ပေါ့။ ဟောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်း ရှယ်စီစဉ်ပြီးတော့ကို တိုက်တာပေါ့ဗျာ။ ဘတ်မန်းလိုတော့ ပလန်ဘီမရှိဘူးပေါ့။ ဒီတော့ သူတို့တွေ ဘဏ်ဓားပြတိုက်တာက အောင်မြင်သွားလား၊ ဘာကြောင့် ရှယ်စီစဉ်ပြီးတော့ကို သရဲမရဲ တိုက်ဖို့ကြိုးစားကြတာလဲ၊ မင်းသားရဲ့ရည်းစားဟောင်းနဲ့ မင်းသားတို့အခြေအနေ၊ မင်းသားရဲ့သမီးလေး လျှောမလျှော(မင်းသားသမီးဆိုပြီး မလျှောဘူးမထင်နဲ့ဗျနော်) ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ၂၀၂၂ ခုနှစ်ထွက် အက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Blowback 2022 ထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie
Blowback (2022)
2022
6
Memory(2022)
မင်းသားကြီး လီယံနယ်ဆန် နဲ့ မင်းသမီး မိုနီကာဘယ်လူချီတို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားအသစ်ထွက်ပါပြီ။ Crime, Thriler အမျိုးအစားပါပဲ။ အဲလက်စ်ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ကို ကလေးသူငယ် လူကုန်ကူးတဲ့အဖွဲ့က လူတစ်ယောက်ကို သတ်ဖို့ ငှားရမ်းတာကနေ စတင်လိုက်ပါတယ်။ငှားလိုက်တဲ့အဖွဲ့ မသိသေးတာက အဲလက်စ်ဟာ အယ်ဇိုင်းမာရောဂါဖြစ်နေပြီး မှတ်ဉာဏ်တွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါပဲ။ အဲဒီလူကုန်ကူးအဖွဲ့ကိုပဲ မက္ကဆီကိုရဲတစ်ယောက်နဲ့ အက်ဖ်ဘီအိုင်တစ်ယောက်က လိုက်နေပါတယ်။ ဒီလူအားလုံးမှာ ဝမ်းနည်းစရာ နောက်ကြောင်းကိုယ်စီနဲ့ပေါ့။ဥပဒေ နဲ့ လက်စားချေမှုကြားမှာ လွန်ဆွဲပုံတွေ၊ ချမ်းသာပြီး ဩဇာကြီးလွန်းတဲ့သူတွေဟာ ဥပဒေအထက်ကိုရောက်နေပုံတွေကို ပြသထားတဲ့ ရုပ်ရှင်ကောင်းကောင်းတစ်ကားပါပဲ။ File size…(1.5GB)/(834MB)/(392MB) Quality…. 1080p/720p HDCAM/ 480p Format…mp4 Duration….01:54:00 Genre...Action/ Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie
Memory(2022)
4K HEVC Web-DL
1
2
Next