Channel Myanmar

Lou Sumrall

Ghost Town (2008) 6.7
Ghost Town (2008)  Ghost Town (2008)IMDb Rating (6.7) / Rotten Tomatoes (85%)Ghost Twin ကားလေးဟာဆိုရင် IMDb Rating (6.7)ထိ ရရှိထားတဲ့ ဟာသ၊စိတ်ကူးယဥ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒေါက်တာ ပင်းကတ် ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေလေ့ရှိပြီးနားငြီးမခံနိူင်သော ဇီဇာကြောင်၊ ကပ်စီးနည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့​တော့ ပင်းကတ် ဟာ ကျန်းမာရေးကြောင့် အူမကြီးခွဲစိတ်ဖို့ဖြစ်လာပါတယ်။ဆေးရုံတစ်ခုမှာ ပင်းကတ်ဟာ အူမကြီးခွဲစိတ်ခံနေရင်း ၇မိနစ်သေးဆုံးသွားခဲ့ရာကနေ ပြန်သတိရလာခဲ့ပါတယ်။အဲ့အချိန်ကစပြီး ပင်းကတ်ဟာ ဝိဉာဥ်တွေကို မြင်နိူင်စွမ်းရှိလာပြီး ဝိဉာဥ်တချို့ဟာ သူတို့ မသေခင်ကမပြီးပြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို ကူညီပေးဖို့ပြောလာတဲ့အခါမှာတော့...လူမှုဆက်ဆံရေးညံ့တဲ့ ပင်းကတ်တစ်ယောက် ဝိဉာဥ်တွေအကူညီတောင်းတဲ့ကိစ္စတွေကို ကူညီပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဦးခင်ဗျာ.....File size…(2.6 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC ...
movie

Ghost Town (2008)

2008
The Bounty Hunter(2010) 5.7
The Bounty Hunter(2010)  ဒီတစ်ခေါက်မှာတော့ အချစ်နဲ့အက်ရှင်ရောစပ်ထားတဲ့ တစ်ကားလုံးခွီနေရမဲ့ Rom-com လေးတစ်ပုဒ်ကိုမိတ်ဆက်ပေးပါရစေ။အဓိကသရုပ်ဆောင်တွေအဖြစ်နဲ့ 300 မင်းသားကြီး Gerard Bulter ၊မင်းသမီးချော Jennifer Aniston တို့ပါဝင်သရုပ်ဆောင်ထားပြီး Jason Sudeikis နဲ့ မင်းသမီးကြီး Christine Baranski တို့ကအားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မိုင်လိုဟာရဲဝန်ထမ်းဟောင်းတစ်ဉီးဖြစ်ပြီးတော့ မကြာသေးခင်ကမှမိန်းမနဲ့ကွဲပြီးအရက်သောက်ကွဲပြဲကာတပ်ဖွဲ့မှအထုတ်ခံလိုက်ပါတယ်။ထို့ပြင်သူကလောင်းကစားလည်းအတော်လုပ်တတ်တဲ့သူဖြစ်ပြီး ရှုံးကြွေးတွေတင်နေလို့အကြွေးရှင်တွေလိုက်ဖမ်းတာကိုခံနေရပါတယ်။အဲ့လိုနဲ့တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ကြေးစားလူဆိုးဖမ်းပေးတဲ့ကုမ္ပဏီကနေစာချုပ်တစ်ခုကိုရလိုက်ပါတယ်။အဲ့တာကတော့ ယာဉ်ကြောစည်းကမ်းဖျက်မှုမှာ အာမခံရုံးချိန်းကိုရောက်မလာတဲ့ သူ့မိန်းမဟောင်းဖြစ်တဲ့ သတင်းသမားနစ်ကိုးလ်ကိုဖမ်းခေါ်လာခဲ့ဖို့ပါ။အကြွေးထူနေတာတွေကြောင့်ရော လောလောဆယ်ပိုက်ဆံလိုနေတဲ့မိုင်လိုကစာချုပ်ကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ နစ်ကိုးလ်ဟာသေကြောင်းကြံမှုတစ်ခုအကြောင်းကိုစုံစမ်းရင်း ထိုအမှုဟာရိုးရိုးမတော်တဆမှုမဟုတ်မှန်းသံသယဖြစ်စရာတွေပေါ်လာတဲ့အလျောက် လူသိမများခင်တစ်ဉီးတည်းတစ်ကိုယ်တော်စုံစမ်းနေတာပါ။သူ့ ex လိုက်ဖမ်းတာခံရတဲ့အခါမှာတော့ နှစ်ယောက်သားဖမ်းမိရင်းလွတ်အောင်ပြေးရင်းနဲ့ အလွဲဟာသပေါင်းစုံကိုတွေ့မြင်ရမှာပါ။အမှုနောက်ကိုလိုက်ရင်းကလည်း တဖြည်းဖြည်းဝင်ပါလာမိတဲ့အခါမကျေနပ်တဲ့ဆိုင်ရာသူတွေက နစ်ခ်ကိုသတ်ဖို့ကြိုးပမ်းပါတော့တယ်။အဲ့လိုနဲ့နှစ်ယောက်သားရဲ့ခရီးစဉ်က အသက်အန္တရာယ်ကလွတ်အောင်အတူကြိုးပမ်းကြရတဲ့ဆီကိုရောက်လာပါတော့တယ်။တစ်ဖက်မှာလည်းမိုင်လိုရဲ့အကြွေးရှင်တွေက သူ့ကိုဖမ်းမိဖို့အသည်းအသန်လိုက်လာကြပါတယ်။ထိုဗရုတ်သုတ်ခနှစ်ခုကြား သူတို့အဆက်ဟောင်းနှစ်ဉီးပြဿနာတွေရင်ဆိုင်ရင်း မေတ္တာတွေကျန်ရှိနေကြတုန်းပဲဆိုတာသိလိုက်ရပါတယ်။အန္တရာယ်ကြားက အိမ်ထောင်ရေးကိုပြင်ဆင်ဖို့ဒုတိယအခွင့်အရေးကို ပိုင်နိုင်စွာအသုံးချသွားကြမလားဆိုတာကိုတော့ ဒီကားလေးကိုဆက်လက်ကြည့်ရှုရင်းအဖြေရှာလိုက်ကြပါစို့။ Box office မှာလည်း တော်တော်လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.05 GB/ 806.1 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 50m Genre ..... Action , Comedy ...
movie

The Bounty Hunter(2010)