Channel Myanmar

Lorri Bagley

Mickey Blue Eyes (1999)
Mickey Blue Eyes (1999) Mickey Blue Eyes ကတော့ နယူးယော့ခ်မှာရှိတဲ့ လေလံလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ ရိုးသားကြိုးစားတဲ့လူရိုးလေးတစ်ယောက် သူချစ်ရတဲ့မိန်းကလေးကို လက်ထပ်ခွင့်တောင်းလိုက်တဲ့အချိန်မှာ ကောင်မလေးမိသားစုနဲ့ပတ်သက်ပြီး မထင်မှတ်ထားတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပြီးနောက် သူ့ဘဝကြီးဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရမယ့် အလွဲတွေများတဲ့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်မင်းသားရဲ့ရည်းစားကိုယ်တိုင်ထုတ်လုပ်ထားတဲ့ရုပ်ရှင်မို့ သရုပ်ဆောင်ပီပြင်ချက်တွေနဲ့ ကြည့်ရတာအရသာရှိမယ့် ကားတစ်ကားဖြစ်ပါတယ် The Godfather ဇာတ်ကားထဲမှ မင်းသားကြီး James Cann ကိုကြည့်မဝတဲ့သူတွေရှိရင်လည်း ဒီဇာတ်ကားထဲမှာ မင်းသားကြီးကိုယ်တိုင် မာဖီးယားအဖြစ် ပါဝင်ပေးထားတာမို့ ကြည့်ရတန်မယ်လို့ထင်ပါတယ် ဘာသာပြန်ကြောင့်ကြည့်ရတာ ပိုအနှစ်သာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Comedy, Crime, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by KST
movie

Mickey Blue Eyes (1999)

Tommy Boy (1995) 7.1
Tommy Boy (1995) တွမ်မီ..လူလေးတွမ်မီလို့ ချစ်စနိုးခေါ်တဲ့ ဝတုတ်လေးတစ်ယောက်ရှိပါတယ်။ဘယ်နေရာမှာမှ မထူးချွန်ပေမယ့် လူချစ်လူခင်တော့ ပေါရှာသူပေါ့။ကောလိပ်ကို ၇နှစ်လောက်တက်ပြီးခါမှ ကပ်သီးလေးနဲ့ အောင်ပြီး အဖေရှိရာဆီ ပြန်ခဲ့ချိန်မှာတော့ အဖေဟာ သူ့အတွက် စပရိုက်ကြီး ၂ခုကို စီစဉ်ထားခဲ့ပါတယ်။တစ်ခုကတော့ ဖခင်ရဲ့ကားလုပ်ငန်းစက်ရုံမှာ ရုံးခန်းတစ်ခုပေးပြီး ရာထူးပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ .... အဲ့လို စပရိုက်စ်အကြီးစားကြီး ၂ခုပေးပြီး တစ်ခုကို မပြီးပြတ်ခင်မှာပဲအဖေဟာ ဆုံးပါးသွားပါတယ်။ လူလေးတွမ်မီ ဘယ်လိုရှေ့ဆက်မလဲ  File size…    2.6 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z
movie

Tommy Boy (1995)

Ice Age (2002) 7.5
Ice Age (2002) ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလိုကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါသုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့က​လေးတစ်​ယောက်ပါပဲ။ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေးလွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါ​တော့တယ်။  File size…  4.2 GB / 1.6 GB /  837 MB Quality… Web-DL  4K HDR /  1080p / 720p Format… ...
movie

Ice Age (2002)

2002
4K HEVCHDR
The Stepford Wives (2004) 5.3
The Stepford Wives (2004) The Stepford Wives (2004)မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ ...
movie

The Stepford Wives (2004)

2004