Channel Myanmar

Lombardo Boyar

The Accountant² (2025) The Accountant 2 7.0
The Accountant² (2025) The Accountant 2  The Accountant² (2025)IMDb Rating (7.0) / Rotten Tomatoes (77%) 2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O'Connor ပါပဲ။ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို့ ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။ဇာတ်လမ်းအကျဉ်းရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသခံလိုက်ရပါတယ်။အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို့ ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. ...
movie

The Accountant² (2025) The Accountant 2

2025
4K HEVC
Brother (2000) 7.1
Brother (2000)  Brother (2000)IMDb Rating (7.1) / Rotten Tomatoes (47%) Brother ဆိုတာ တကာရှီ ကီတာနိုရဲ့ ဒါရိုက်တာအဖြစ်နဲ့ ဂျပန်-အမေရိကန် ယာကူဇာဇာတ်ကားတစ်ကားပါ။ယာကူဇာအဖွဲ့ပြိုကွဲပြီးတဲ့အခါ ယမမတိုဆိုတဲ့ ဇာတ်လိုက်က ဂျပန်ကို စွန့်ခွာပြီး လော့စ်အိန်ဂျလိစ်ကို သွားရပါတယ်။အဲဒီမှာ သူ့ညီဖြစ်သူ ကင်ကို ရှာဖွေပြီး မိမိရဲ့အခြေခံကို ပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ယမမတိုအနေနဲ့ တကာရှီ ကီတာနိုရဲ့ သရုပ်ဆောင်မှုက တကယ်ကိုအေးဆေးတည်ငြိမ်နေတာနဲ့ ကြမ်းတမ်းမှုတွေကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တာ အံ့သြစရာပါပဲ။ဇာတ်လမ်းက မိသားစုတန်ဖိုး၊ သစ္စာရှိမှု၊ ယာကူဇာရဲ့ယဉ်ကျေးမှုတွေအပြင် အကြမ်းဖက်မှုရဲ့ကျိန်စာတွေကိုပါ ထိထိရောက်ရောက် ဖော်ပြထားပါတယ်။ဂျပန်ယာကူဇာယဉ်ကျေးမှုနဲ့ အမေရိကန်လမ်းသရဲဂိုဏ်းတွေ ပေါင်းစပ်မှုကလည်း တမူထူးခြားတဲ့ ပုံစံတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ဇာတ်လမ်းရဲ့အဆုံးသတ်ကတော့ ဝမ်းနည်းစရာဖြစ်စေနိုင်သလို တကယ်တန်ဖိုးရှိတဲ့ သင်ခန်းစာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ရိုက်ချက်ကလည်း ရိုးရှင်းပြီး တကာရှီရဲ့ထုံးစံအတိုင်း ဟာသနဲ့ ကြမ်းတမ်းမှုတွေကို သေချာပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တကယ်ပျော်ဖိုလည်းကောင်းသလိုအထာလည်းကျပါတယ်။ယာကူဇာဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ Brother ကို လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Brother (2000)

2000
Tales of Halloween (2015) 5.5
Tales of Halloween (2015)  Tales of Halloween (2015)IMDb Rating (5.5) / Rotten Tomatoes (77%) Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ်ပါတယ်။ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။လူသားစား ဖရုံသီး၊ ‌Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 GB) / (760 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

Tales of Halloween (2015)

2015
Coco (2017) 8.8
Coco (2017) ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့(၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့မိသားစုရဲ့ တားမြစ်ချက်ကိုဆန့်ကျင်ပြီး ဝါသနာပါရာ ဂီတအတွက်စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက်ဂီတကို ရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင် အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီးသူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး ...
movie

Coco (2017)

2017
4K HEVC
Group Sex (2010) 5.0
Group Sex (2010) Group Sex (2010) =============ခေါင်းစဉ်ကိုကြည့်ပြီး အထင်မလွဲကြပါနဲ့၊ ပျော်စရာကောင်းတဲ့ romantic/comedy ကားလေးပါ။ ဒါပေမယ့်ခေါင်းစဉ်နဲ့လိုက် အောင်ပါဝင်တဲ့ အောက်လုံးတွေ တစ်ချို့ပြကွက်တွေကြောင့် တော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ဇာတ်လမ်းအကျဉ်းအနေနဲ့ အန်ဒီက အချစ်ကိုကိုးကွယ်တဲ့လူရိုး လေးတစ်ယောက်ပါ။ အချစ်ကိုကိုးကွယ်လွန်းလို့လည်း သူ့ရဲ့ ငါးနှစ်တာချစ်သူက လက်ထပ်ပွဲမတိုင်ခင်ကာလလေးမှာ တစ်ခြား တစ်ယောက်နဲ့အိပ်ပြီး သူ့ကိုပစ်သွားတဲ့စိတ်ဒဏ်ရာကိုအခုချိန်ထိ ခံစားနေရဆဲဖြစ်သလို အလုပ်တူတူလုပ်တဲ့သူငယ်ချင်း ဂျယ်ရီ အိမ်မှာကပ်နေရပါတယ်။ သူ့သူငယ်ချင်း ဂျယ်ရီကတော့ မိန်းမ တွေကိုဖျော်ဖြေရေးလောက်ပဲသဘောထား ပွေလွန်းရှုပ်လွန်းတဲ့ သူဖြစ်ပါတယ်။တစ်နေ့တော့ စိတ်ညစ်ညစ်နဲ့လမ်းလျှောက်ထွက်လာတဲ့အချိန် တွေ့မိတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းစွဲလန်းရာ ကနေနောက်ကတစ်ကောက်ကောက်လိုက်ရင်း anonymous meetings(ဆေး၊အရက်စသည်ဖြင့်စွဲလန်းသူများအချင်းချင်း အားပေးနှစ်သိမ့်အဖြေရှာရာတွေ့ဆုံပွဲ) တစ်ခုကိုရောက်သွား ပါတယ်။ သူရောက်သွားတဲ့နေရာကတော့ လိင်ကိစ္စကိုမူးယစ် ဆေးလိုစွဲလန်းနေနသူတွေ အချင်းချင်းအားပေးနှစ်သိမ့်အဲ့ဒီ စိတ်ကိုဖျောက်ဖျက်ဖို့ကြိုးစားကြတဲ့နေရာတစ်ခုပါ။ အဲ့ဒီအပြင် သူချစ်မိတဲ့ကောင်မလေးကပါ ဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာ ကိုသိလိုက်ရတဲ့အခါ..။အဲ့ဒီအဖွဲ့ဝင်တွေစိတ်ဝင်စားတဲ့ စွဲလန်းနေတဲ့လိင်ကိစ္စတွေဟာ လည်း တကယ့်ကိုကပ်သီးကပ်သပ်ပေါက်ပေါက်ရှာရှာထူးထူး ဆန်းဆန်းတွေဖြစ်နေလေတော့ ဒီအဖွဲ့ဝင်တစ်သိုက်နဲ့ အူကြောင် ကြောင် အန်ဒီတို့ ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲ? သူရည် ရွယ်တဲ့ ကောင်မလေးနဲ့ရောအဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက် လက်ရှုစားလိုက်ကြပါ။ (supernatural ထဲမှာ Chuck အဖြစ်ပါဝင်ခဲ့တဲ့ Rob Benedict ကလည်း ပါဝင်အားဖြည့်ထားပါတယ်)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (830 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Alias Encoder..........SWM
movie

Group Sex (2010)

2010
Candy Cane Lane (2023)
Candy Cane Lane (2023)  Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ -ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ...
movie

Candy Cane Lane (2023)

Bad Santa 2 (2016) 5.6
Bad Santa 2 (2016)   ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့Bad Santa 2003 ရဲ့အဆက်ဖြစ်တဲ့ Bad Santa 20016ဆိုတဲ့ ဒုတိယမြောက်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကိုတော့ဒါရိုက်တာ Mark Waters ကရိုက်ကူးပုံဖော်ထားပြီး မင်းသားWilly Bob Thornton,Tony Cox နှင့် မင်းသမီးKathy Batesတို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဒီဇာတ်ကားမှာလည်း ဝီလီ အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Willy Bob Thornton ကဇာတ်ကားနာမည်အတိုင်း အရင်လိုဆိုးပေနေတဲ့ ဆန်တာကလော့စ်ဖြစ်နေသေးတုန်းပဲဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းက ထောင်ကထွက်လာတဲ့ သူငယ်ချင်းဖြစ်သူမားကတ်နဲ့ ဝီလီတို့ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ကြိုးစားကြပုံကို ကြည်နူးပျော်ရွှင်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ဝီလီတို့သူငယ်ချင်းနှစ်ယောက်မီးခံသေတ္တာကိုဖောက်ထွင်းဖို့အတွက် ချီကာဂိုမြို့ကိုရောက်တဲ့အခါမှာတော့ ဝီလီမျှော်လင့်မထားတဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်ရမည့် ပါတနာတစ်ယောက်ပါလာပါတယ်အဲ့တာကတော့ ဝီလီကိုငယ်ငယ်လေးကတည်းက ပစ်သွားတဲ့ ဝီလီရဲ့ အမေ ဆန်နီဆုတ်ပဲဖြစ်ပါတယ် နှစ်ပေါင်းများစွာဝေးကွာ သွားပြီးနောက် သားမိနှစ်ယောက်ပြန်လည်ဆုံတွေ့တဲ့အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဝီလီအမေကရော ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ဝီလီကိုပစ်သွားရတာလဲ သူတို့တွေအောင်မြင်အောင်ကော လုပ်ဆောင်နိုင်ကြပါ့မလားဒီဇာတ်ကားမှာ ဝီလီရဲ့စိတ်ကိုနူးညံ့ပျော့ပြောင်းသွားစေတဲ့ ...
movie

Bad Santa 2 (2016)

Satanic Hispanics (2022) 5.7
Satanic Hispanics (2022) Satanic Hispanics (2022)~ IMDb - 5.7/10, Rotten Tomatoes - 91% ~"Satanic Hispanics" ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။~ ဇာတ်လမ်းအညွှန်း ~စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ "သွားလေသူ" လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ ...
movie

Satanic Hispanics (2022)

2022
Happy Feet Two (2011) 5.8
Happy Feet Two (2011)  ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood ...
movie

Happy Feet Two (2011)

Happy Feet (2006) 6.4
Happy Feet (2006) Happy Feet (2006) Won 1 Oscar. Another 19 wins & 26 nominations IMDb - 6.4/10_____Rotten - 76%  Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါ သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့ ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့ ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး အသိပညာတွေ ပေးပါတယ် ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့ နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး မျက်ရည်ကျလောက်အောင် ဝမ်းသာမိဖူးတယ် (ငယ်ငယ်တုန်းကပါ) :D ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့ သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့ ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင် ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့ ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့ စော်ကြည်ဘဲ တွေပါပဲ.... ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့ ပင်ဂွင်း အထီး နဲ့ ...
movie

Happy Feet (2006)

2006
S1m0ne 6.1
S1m0ne လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်ခန့်က မြန်မာစာတန်းထိုးတွေ ခေတ်မစားခင်Simone ဆိုတဲ့ ရုပ်ရှင်ကားကို E လို မတက်တစ်ခေါက်လေးနဲ့ ကြည့်ခဲ့ရတယ်အတော်လေးကို  သဘောကျခဲ့တာ အဲ့ဒါပြီးပြန်တော့5 Movie စပေါ်တဲ့အချိန် Simone ကို မြန်မာစာတန်းထိုးနဲ့ အနှစ်အရသာအပြည့်ပြန်ကြည့်ခဲ့ရပြန်တယ်...ဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော် ဒီ ရုုပ်ရှင်ကားကိုတော့ဖြင့် CM မှာ  တင်မယ်ပေါ့ ဆိုပြီးစိတ်ကူးတယ် အလုပ်တွေလဲ ရှုပ်ရင်းနဲ့ ထပ်မေ့သွားတယ်...အခုတော့ အကြောင်းတိုက်ဆိုင်စွာ သေချာ ဘာသာပြန်ပြီး တင်ပေးမယ်ဆိုပြီးOnline မှာ English စာဖိုင်ကို လိုက်ရှာရင်း မြန်မာတစ်ယောက် ဘာသာပြန်ထားတဲ့Simone ကို ရေကန်အသင့်ကြာအသင့် ရှာတွေ့ခဲ့ပြီး ဘာသာပြန်လဲ ကောင်းမွန်တဲ့အတွက်ပိုင်ရှင်ကို Facebook မှာ လိုက်ရှာပြီး ခွင့်တောင်း CM ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်...ဒီဇတ်လမ်းလေးရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်...ဗစ်တာထရန်စကီး ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးဟာ သူအရမ်းဖီးလ်ဖြစ်တဲ့ ဇတ်လမ်းတစ်ခုကို ရိုက်ဖို့ပြင်ဆင်နေပါတယ် အဲ့ ရုပ်ရှင်ကား ရဲ့ အရှေ့မှာ ရိုက်ခဲ့သမျှ ဟာလဲ အရှုံးပေါ်ခဲ့ပြီးသားပါ ပြောရရင်တော့ဒေဝါလီ ...
movie

S1m0ne

2002