Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Loknath Dey
6.4
Tekka (2024)
Tekka 2024 ကောက်ရိုးတစ်မျှင်IMdb 6.4/10လောကကြီးက တစ်ခါတလေ အရာရာကိုစွန့်လွှတ်ဖို့ တွန်းအားပေးလာချိန်မှာ ဆင်ခြင်တုံတရားကို အမှောင်ဖုံးလို့ လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိတတ်ကြပါသတဲ့။လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအလွှာက ဒေါသအိုး သန့်ရှင်းရေးသမားလေးအစ်လက်ခ်တစ်ယောက် အထက်လူကြီးတွေရဲ့ သက်သက်မဲ့စော်ကားမှုတွေကို ဒေါသနဲ့တန်ပြန်မိတဲ့အတွက် အလုပ်ပြုတ်သွားတော့တာပေါ့။အဲဒါနဲ့ပဲ အိမ်ကိုပြန်ရောက်လာတော့ သားဖြစ်သူကလည်း ကျောင်းလခမပေးနိုင်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကို ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ။ စိတ်ပျက်နာကျည်းမှုတွေနဲ့ အထက်တန်းလွှာတွေရဲ့ နင်းပြားဘဝကို စိတ်ကုန်နေတဲ့ အစ်လက်ခ်တစ်ယောက် သူ့ရဲ့ရုံးအဆောက်အဦထဲမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အထိ ဖြစ်သွားပါတော့တယ်။ဒီတော့ ACP မာယာတို့လည်း အစ်လက်ခ်ဆီကနေ ကလေးမလေးကိုကယ်ဖို့ ညှိနှိုင်းမှုလုပ်ဖို့လာရာကနေ အစ်လက်ခ်ရဲ့တောင်းဆိုမှုက ငွေမဟုတ်ဘဲ သူ့ရဲ့သန့်ရှင်းရေးအလုပ်ပဲဆိုတာကို သိလိုက်ရတာဖြစ်လို့ အားလုံး အဆင်ပြေလုဆဲဆဲမှာပဲ သမီးကိုကယ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ ကလေးမလေးရဲ့အမေ ပူဂျာကလည်း အစ်လက်ခ်ကိုခြိမ်းခြောက်ဖို့ သူ့သားကိုပါ ပြန်ပေးဆွဲထားတာကို သိလိုက်ရချိန်မှာတော့...ဖခင်မေတ္တာနဲ့ မိခင်မေတ္တာရဲ့ အားပြိုင်မှုကြားမှာ ဒီကလေးနှစ်ယောက် မြေစာပင်မဖြစ်ရေးအတွက် ACP မာယာတို့အရာရှိတစ်သိုက် ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.33 GB / 832 MB Quality…WEB DL 1080p HEVC/ ...
movie
Tekka (2024)
7.5
Toofan (2024)
Toofan (2024)"မုန်တိုင်း" =================အသစ်ထွက်ထားတဲ့ IMDb 8/10 ရ ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်ကောင်းတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယမှာ K.G.F တို့ Animal တို့လို ဂိုဏ်းစတား အကြမ်းပတမ်းကားတွေ အောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း အဆင့်မီ ဂိုဏ်းစတားအက်ရှင်ကားကောင်းတစ်ခုကို ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်လောကက အိန္ဒိယလောက် နာမည်မကြီးပေမဲ့ ဇာတ်လမ်းအင်မတန်ကောင်းတဲ့ရုပ်ရှင်တွေ၊ သရုပ်ဆောင်ကောင်းတွေ တော်တော်လေးများတဲ့ Underrated ဖြစ်တဲ့ Industry ဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ နာမည်ကြီးမင်းသား ရှာကစ်ဘ်ခန်းက လက်ရဲဇက်ရဲ ဂိုဏ်းစတားတစ်ယောက်နဲ့၊ တက်သစ်စသရုပ်ဆောင်လေးတစ်ယောက်နေရာကနေ စရိုက်နှစ်မျိုးနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.. ရှာဖိတ်ဆိုတဲ့ ရုပ်ရှင်မင်းသားရူးလေးတစ်ယောက် သူနဲ့ရုပ်ချင်းဆင်တူတဲ့လူတစ်ယောက်ကိုရှာတွေ့ပြီး ဘဝအလှည့်အပြောင်းတွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ကို တင်ဆက်မှုကောင်းကောင်းနဲ့ တင်ပြထားတဲ့အပြင် ဇာတ်လမ်းကလည်း အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေ ဘင်္ဂလားဒေ့ရှ်အက်ရှင်အရသာကို မြည်းစမ်းနိုင်ဖို့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.23 GB / 1.16 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Toofan (2024)
6.9
Pariah Vol. 1 (2024)
Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ..ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ..( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် ) File size… 1.8GB / 840MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Pariah Vol. 1 (2024)
7.5
Fatafati (2023)
Fatafati IMDb-8/10အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ body shaming ဆိုတဲ့ အယူအဆအမှားကို ထောက်ပြထားတဲ့ drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူလော်ရာဘာဒူရီဆိုတဲ့ သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ် သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ကလေးမရနိုင်တာလို့ ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကို ခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ body shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါအဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်း တဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦး ဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ် body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး သူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ်ထပ်ဆောင်းအနေနဲ့ ဒီ" Fatafati "ဇာတ်ကားဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကို ထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်းလေးတစ်ခုမို့ လက်မလွှတ်တမ်း ကြည့်ရှုခံစားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေလားရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်) File size…2.04GB ...
movie
Fatafati (2023)
2023