Channel Myanmar

Liza Huget

The 5-Year Christmas Party (2024)
The 5-Year Christmas Party (2024) 2024 ‌Octoberနှောင်းပိုင်းမှာထွက်ရှိခဲ့ပြီး Holiday, Romance Genres အမျိုးအစားရုပ်ရှင်ဖြစ်တဲ့ The 5 Year Christmas Party လေးကတော့ တက္ကသိုလ်တက်နေတဲ့လူငယ်နှစ်ဦးရဲ့ School Life ကိုအသားပေး‌ဖော်ပြတာမဟုတ်ပဲ ခရစ္စမတ်ကာလ ၅ခုမှာ သူတို့ဘယ်လိုတွေဖြတ်သန်းလဲဆိုတဲ့ Holiday POV ကို ခရစ္စမတ်အငွေ့အသက်တွေနဲ့အတူ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းပြဇာတ်ဘာသာရပ်ကို သင်ယူနေကြတဲ့ Alice နဲ့ Max တို့ Christmas Party တစ်ခုမှာ ဆုံကြပုံနဲ့ အစပျိုးထားပါတယ်။ ရည်မှန်းချက်ကြီးလွန်းတဲ့ကောင်မလေး Alice ဟာ သူ့အမေလုပ်ငန်းဆုံးရှုံးသွားတဲ့အခါ အိမ်ငှားခ၊ ကျောင်းလခတွေအတွက် အလုပ်ရှာရပါတော့တယ်။ တစ်ချိန်တည်းမှာတော့ Max ဆိုတဲ့ကောင်လေးက သရုပ်ဆောင်လုပ်ဖို့အတွက် လေ့ကျင့်မှုတွေလုပ်ရင်း ကြိုးစားနေချိန်ပါ။Alice က Max ရဲ့အစ်မ Pam ရဲ့Catering Serviceမှာ သူငယ်ချင်း Daniel အကူအညီနဲ့ အလုပ်ရခဲ့ပြီး Max ကတော့ Audition တွေလုပ်ရင်း ...
movie

The 5-Year Christmas Party (2024)

This Time Each Year (2024) 6.3
This Time Each Year (2024) This Time Each Year (2024)*********************************ဒီတစ်ခါမှာ‌တော့ This Time Each Year ဆိုတဲ့ ခရစ္စမတ်ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ကယ်ဗင်နဲ့လောရန်တို့ဇနီးမောင်နှံဟာ သူတို့စိတ်ကူးအိပ်မက်ထားတဲ့ အိမ်လေးတစ်လုံးကိုဝယ်လိုက်ပေမယ့် အဲဒီအိမ်ကြောင့်ပဲ ပြဿနာတွေဖြစ်ပြီးလင်မယားခွဲနေကြတဲ့အထိဖြစ်သွားတာပါ။လင်မယားခွဲနေပေမယ့်သားဖြစ်သူချာလီအတွက် ခရစ္စမတ်ရောက်ရင်တော့ အတူပြန်ဆုံဖြစ်ကြပါတယ်။တစ်နေ့မှာတော့ သူတို့လင်မယားခွဲနေတာကိုမသိသေးတဲ့လောရန်ရဲ့မိခင်ဖြစ်သူဟာ လောရန်ဆီကိုလာနေဖို့အကြောင်းဖန်လာပြီး ကယ်ဗင်နဲ့လောရန်တို့လည်း အတူတူနေသလိုဟန်ဆောင်ဖို့ဖြစ်လာပါတော့တယ်။မိသားစုကိုပြန်ပေါင်းထုပ်ချင်နေတဲ့ကယ်ဗင်အတွက် ဒီခရစ္စမတ်ဟာ သူ့အတွက်လက်ဆောင်လိုဖြစ်လာပြီး ကယ်ဗင်တို့မိသားစုလေး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပါ။ခရစ္စမတ်ကာလကိုအခြေခံထားတဲ့ Romance ကားလေးဆိုတော့ ခရစ္စမတ်​vibes အပြည့်ရစေမှာတော့အမှန်ပါပဲ။ (အညွှန်းကို Thura Mg Mg မှ ရေးသားထားပါတယ်)File size…1.66GB / 864MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Life, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Thura Mg Mg Encoded by AHtet
movie

This Time Each Year (2024)

Signed, Sealed, Delivered: A Tale of Three Letters (2024)
Signed, Sealed, Delivered: A Tale of Three Letters (2024) Signed, Sealed, Delivered: A Tale of Three Letters (2024) IMDb (7.2/10)ဒီနေ့ခေတ်ကြီးမှာ မင်းသားကဗီလိန်ကို အနိုင်ယူတဲ့ဇာတ်လမ်းတွေ ဗီလိန်အသားပေးဇာတ်လမ်းတွေ နိုလန်ရဲ့ကားတွေလို ကြည့်တဲ့သူခေါင်းစားတဲ့ကားတွေ စသဖြင့် ရုပ်ရှင်အမျိုးအစားပေါင်းစုံက ကြည့်ရှုသူပရိသတ်အစုံအတွက် ရသစုံစွာတင်ဆက်ပေးလျှက် ရှိနေတာပါပဲ…. အခုဒီဇာတ်ကားသစ်လေးကတော့ ဇာတ်လမ်းလဲမရှုပ်ပါဘူး နာမည်ကြီးတဲ့သရုပ်ဆောင်တွေ ဒါရိုက်တာတွေမပါပါဘူး ထူးခြားဆန်းပြားရိုက်ချက်တွေ ရိုက်ကွင်းနေရာတွေလည်း မပါပါဘူး… အဲ့ဒါဆို ဘာကိုကြည့်ရမှာလဲလို့ မေးလာရင်တော့ ကျွန်တော်တို့ဘဝမှာ မထိတွေ့ခဲ့ရတာကြာခဲ့တဲ့ ပျောက်ဆုံးလုနီးပါး ဖြစ်နေတဲ့ ရိုးရှင်းတဲ့ကြည်နူးစရာ family movie လေးပဲ ဖြစ်ပါတယ် ရိုးရှင်းတယ် ရင်ထဲထိတယ်ပေါ့ဗျာ မိသားစုနဲ့တူတူကြည့်လို့ရမယ် ကောင်မလေးနဲ့နှစ်ယောက်တည်း movie date လို့ ရအောင်လည်း ရိုမန့်ဆန်တယ် အဲ့တော့ ဇာတ်လမ်းလေးက ရိုးရှင်းပေမယ့် နဲနဲတော့တမျိုးဆန်းပါတယ် လွန်ခဲ့တဲ့ ၇ နှစ်က ပျက်စီးသွားတဲ့စာတိုက်ပုံးတစ်ခုထဲက ပြန်ဆယ်လို့ရသမျှ စာလေးတွေကို သက်ဆိုင်ရာပိုင်ရှင်တွေဆီ ပြန်ပို့ဖို့ကြိုးစားကြရင်း စာသုံးစောင် ဇာတ်လမ်းသုံးခုနဲ့ စာတိုက်မှူးစုံတွဲတို့အပါ ရိုးရှင်းလှပတဲ့ဘဝဇာတ်လမ်းလေးတွေကို စိတ်အပန်းပြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေအညွှန်းနဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ...
movie

Signed, Sealed, Delivered: A Tale of Three Letters (2024)