Channel Myanmar

Liv Tyler

The Ledge (2011) 6.5
The Ledge (2011) The Ledge (2011) IMDb Rating (6.5)ဟိုးအမြင့်ကြီးက အမိုးစွန်းနားလေးမှာ သေကြောင်းကြံစည်ဖို့ ခုန်ချတော့မယ့် လူတယောက်... လေတွေက တဟူးဟူးနဲ့ အသည်းယားစရာ ရပ်နေ...ဒီတော့ ရဲစခန်းကစုံထောက်တယောက်ရောက်ချလာပြီး ပြတင်းပေါက်နားကနေ ဒီလူ့ကို နားချတယ် .... ဘာလို့ခုန်ချမှာလဲ...အိမ်ထောင်ရှိလို့လားတဲ့ ဟိုလူက မရှိပါဘူးတဲ့... ဟ..အိမ်ထောင်လဲမရှိဘဲ ဘာတွေစိတ်ညစ်လို့ ခုန်ချမှာလဲ ငါ့ကောင်တဲ့။ ဒီတော့ ခုန်ချမယ့်လူက ပြန်ပြောတယ် စုံထောက်ကြီး...ခင်ဗျားကတော့ သေချာပေါက်အိမ်ထောင်ရှိပုံပဲတဲ့။ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တယောက်ပြသနာတယောက်သိသွားကြပြီး အမိုးစွန်းနဲ့ ပြတင်းပေါက်နားကနေ သူတို့ဘဝတွေကို နောက်ကြောင်းပြန်ကြပါတော့တယ်။ယောကျ်ားတယောက်ဘဝကို ဘယ်အရာကများ ကပြောင်းကပြန် လှုပ်နိုင်စွမ်းရှိမလဲ.... သိပ်သေချာတာပေါ့ဗျာ ဣတ္ထိယ မိန်းမတို့ပါပဲ.... ဘယ်လိုတွေဖြစ်လို့ အမိုးစွန်းကနေ ကိုယ့်ကိုယ်ကိုခုန်ချဖို့ထိ ဆုံးဖြတ်သွားရတာလဲဆိုတာတော့ အသည်းတယားယားနဲ့ကြည့်ရှုကြရမှာပါ။အသည်းယားဆို မင်းသမီးက Liv Tyler ကြီးဗျ.... လူ့သဘာဝရဲ့အမှောင်ခြမ်းတွေကိုရိုက်ထားတာဆိုတော့ အိပ်ရာခန်းတချို့နဲ့ လှုပ်လှုပ်ခတ်ခတ် ဇာတ်နာထားရပါသေးတယ်။ မင်းသားတွေကတော့ Charlie Hunnam , Patrick Wilson , Terrence Howard တို့နဲ့ လေးလေးနက်နက်ဇာတ်ကားတကားပါပဲ။ File size…(1.1 GB )/ (635 ...
movie

The Ledge (2011)

Captain America: Brave New World (2025) 6.1
Captain America: Brave New World (2025)  Captain America: Brave New World (2025)IMDb Rating (6.1) / Rotten Tomatoes (49%) (WEB-DL အကြည်ဗားရှင်း ရပါပြီ) ကပ္ပတိန်အမေရိက ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီ။ မာဗယ်ရုပ်ရှင်ရဲ့ ၃၅ ကားမြောက်ပါပဲ။ အဆင့်-၅ ရှေ့က ၃၄ ကားလုံးကိုလည်း ချန်နယ်မြန်မာ App နဲ့ Web မှာ ကြည့်နိုင်ပါပြီ။Endgame အထိ ရုပ်ရှင်တွေကို အဆင့်-၃ လို့ ခေါ်ပြီး။ နောက်ပိုင်းရုပ်ရှင်တွေက အဆင့် ၄ မှာ ပါဝင်ပါတယ်။အခုရုပ်ရှင်ကတော့ အဆင့် ၅ ဖြစ်လာပြီး၊ Thunderbolts နဲ့ Blade တို့လာဖို့ ရှိပါသေးတယ်။ဒီရုပ်ရှင်ကတော့ အရင့်အရင်ကားတွေနဲ့ယှဉ်ရင် လူကြိုက်နည်းနိုင်ပေမဲ့ အရေးကြီးတဲ့ နောက်ပိုင်းအဆင့်တွေအတွက် မပါမဖြစ်မို့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ဇာတ်လမ်းအကျဉ်းကပ္ပတိန်အမေရိကရဲ့ နေရာကို ဖယ်ကန်ဖြစ်ခဲ့တဲ့ ဆမ်ဝယ်ဆင်က ဆက်ခံပြီးတဲ့အချိန်ပါ။ဟော့ခ်ရဲ့ ရန်သူဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ရော့စ်ကတော့ သမ္မတဖြစ်လာပါတယ်။ ...
movie

Captain America: Brave New World (2025)

2025
4K HEVC
Stealing Beauty (1996) 6.5
Stealing Beauty (1996)  Stealing Beauty (1996)IMDb Rating (6.5) / Rotten Tomatoes (49%) မင်းသမီးချော Liv Tyler နုနုထွတ်ထွတ်အရွယ် ၁၉၉၆ တုန်းက ကားဟောင်းလေးပါ။၁၉ နှစ်အရွယ် အမေရိကန်သူလေး လူစီတစ်ယောက် မိခင်ဖြစ်သူဆုံးတော့ ဖခင်ရဲ့တိုက်တွန်းမှုနဲ့ အီတလီက မိခင်ရဲ့မိတ်ဆွေတွေရှိရာ သာယာလှပတဲ့ နယ်လေးတစ်နယ်ကို ရောက်လာပါတယ်။လွန်ခဲ့တဲ့ ၄ နှစ်က လူစီဟာ အီတလီကို တစ်ခေါက်လာဖူးပြီး အီတလီသားတစ်ယောက်နဲ့ ပထမဆုံးအကြိမ် နမ်းခဲ့ပါတယ်။အဲဒီအီတလီကောင်ချောလေး ပြန်အလာကိုစောင့်ရင်း အမေ့မိတ်ဆွေတွေရှိတဲ့ အိမ်မှာတည်းကာ သူတစ်ခါမှ မခံစားဖူးသေးတဲ့ လိင်အတွေ့အကြုံနဲ့ အချစ်ကို ရှာဖွေခြင်းနဲ့အတူသေဆုံးသူ အမေရဲ့ ကဗျာစာသားတွေအရ သူ့ရဲ့အဖေအရင်းကိုပါ ရှာဖွေရာမှာတော့ ..... (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike tan ဖြစ်ပါတယ်။)File size…(2.9 GB) / (1.3 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:58:42 Subtitle….Myanmar Subtitle ...
movie

Stealing Beauty (1996)

1996
Reign Over Me (2007)
Reign Over Me (2007)  အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ...
movie

Reign Over Me (2007)

Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
The Strangers (2008) 6.1/10
The Strangers (2008) ဒီနေ့မှာတော့ IMDb 6.1 ရထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ The Strangers စိတ္တဇလူသတ်ကားလေးတင်ပေးမှာဖြစ်ပါတယ်၊ ဇာတ်လမ်းအစမှာ ဂျေမီနဲ့ ခရစ်စတန်တို့ အတွဲက ကတောက်ကစလေးတွေ ဖြစ်ပြီး အပန်းဖြေအိမ်ကိုပြန်လာကြပါတယ်၊ နောက်မှသူတို့သိလိုက်ရတာကတော့ အပန်းဖြေအိမ်က အပန်းပြေစရာမကောင်းမှန်းပါ။ အိမ်ပတ်လည်မှာ တင် မျက်နှာဖုံးစွပ်နဲ့လူတွေရောက်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်ရာက နောက်ဆုံး သူတို့ကို ကိုယ်ထိလက်ရောက် အန္တရာယ်ပေးဖို့ဖြစ်လာကြပါတယ်။ ကဲ…. သဲထိတ်ရင်ဖိုကားမို့ အရမ်းမ spoil ချင်တာကြောင့် ဒီလောက်နဲ့တင်အညွှန်းရပ်ပြီး၊ ကိုယ်တိုင်ရှုစားကြည့်ဖို့အကြံပေးပါတယ်။  File size…(950Mb)/(400Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

The Strangers (2008)

Empire Records (1995) 6.7
Empire Records (1995) Empire Records (1995)~ IMDb - 6.7/10, VUDU - 4.5/5 ~Empire Records ဆိုတဲ့ ဆိုင်တစ်ဆိုင်မှာ ဆယ်ကျော်သက်အလုပ်သမား‌လေးတွေနဲ့ သက်လတ်ပိုင်းမန်နေဂျာတစ်ယောက်ဟာ ပျော်ရွှင်လွတ်လပ်စွာ အလုပ်လုပ်ကြပါတယ်။ တစ်ညမှာ မန်နေဂျာ Joe Reeves ဟာ ဆိုင်က Lucas ဆိုတဲ့ကောင်လေးကို ညဆိုင်ပိတ်ဖို့မှာပြီး ထားခဲ့ပါတယ်။ Lucas ဟာ သူတို့ဆိုင်ဟာ Music Town ဆိုတဲ့ Industry တစ်ခုအောက်ကိုရောက်တော့မယ့်စာချုပ်တစ်ခုကို တွေ့တဲ့အခါမှာ ဒါကိုကယ်တင်နိုင်ဖို့ ရှိတဲ့ပိုက်ဆံ 9000 ကို Casino ရုံမှာ သွားပွားပါတော့တယ်။ ဒါပေမယ့်အကုန်ရှုံးပြီး ပိုခက်ခဲတဲ့အခြေအနေတစ်ခုကိုရောက်သွား‌ပါတယ်။လွတ်လပ်တဲ့ သူတို့ရဲ့ဆိုင်လေးကို အုပ်ချုပ်သူအသစ်ရဲ့အောက်မှာ တင်းကျပ်တဲ့စည်းကမ်းတွေဖြစ်လာမယ့်အရေးကို မလိုလားတာ‌ကြောင့် သူတို့ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ 24 နာရီတစ်ရက်တာ‌ကို ရိုက်ပြထားတဲ့ဒီဇာတ်ကားထဲမှာ လူငယ်တွေဟာကိုယ်ရေးကိုယ်တာ ပြဿနာမျိုးစုံတွေနဲ့အတူ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို 1990 ဝန်းကျင် ...
movie

Empire Records (1995)

1995
The Lord of the Rings: The Return of the King (2003) 8.9
The Lord of the Rings: The Return of the King (2003) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Return of the King (2003)

2003
4K HEVCHDR
The Lord of the Rings: The Two Towers (2002) 8.7
The Lord of the Rings: The Two Towers (2002) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Two Towers (2002)

2002
4K HEVCHDR
The Lord of the Rings: The Fellowship of the Ring (2001) 8.8
The Lord of the Rings: The Fellowship of the Ring (2001) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Fellowship of the Ring (2001)

2001
4K HEVCHDR
Inventing the Abbotts (1997) 6.4
Inventing the Abbotts (1997) Inventing the Abbotts (1997)Joker ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ Joaqin Phoenix နဲ့ LoTR ထဲက Liv Tyler တို့ အဓိက သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Jennifer Connelly နဲ့ Billy Crudup စတဲ့ နာမည်ကြီးတွေလည်း ပါဝင်ထားကြပါတယ်...ခုလို မိုးအကုန်ကာလမှာ စောင်လေးခြုံပြီး ကော်ဖီလေးတစ်ခွက်နဲ့ စီးကရက်လေးခဲပြီး ဆွေးချင်ရင်တော့ ဒီကားလေးက အဖော်ပြုပေးမှာပါ...မိသားစုနှစ်ခုရဲ့ ပြဿနာတွေ..ချမ်းသာတဲ့ မိသားစုရဲ့ လူတန်းစားခွဲခြားမှုတွေ..စတဲ့ မတူညီမှုတွေ ကြားထဲမှာ ချစ်ခြင်းမေတ္တာဆိုတာ ဒါပါပဲလားလို့ ခံစားမိစေမယ့် ဇာတ်ကားလေးဖြစ်မယ်ဆိုတာ ပြောကြားလိုက်ရင်း...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Additional hintsSize - 1.6GB, 1.1GB Quality - 1080p, 720p IMDb Rating - 6.4/10 Format - ...
movie

Inventing the Abbotts (1997)

1997
U Turn (1997) 6.8
U Turn (1997) [Unicode] U Turn (1997) ========= ဘဝမှာမှားခဲ့တဲ့ လူတိုင်းကို ဘုရားသခင်က ဂငယ်ကွေ့ခွင့်ပြုပါတယ်တဲ့။ ကိုယ် ဒီလမ်းကလေးကို ဂငယ်ကွေ့ခဲ့မိတဲ့ဘက်က ငရဲလမ်းတုရှုပါပဲ။ ကုန်းကမူ ကန္တာရလွင်ပြင်နဲ့ ဖုန်ထူတဲ့ ဒီလမ်း‌ဘေးမှာ လဒတွေ ယုန်သေကောင်ပုပ်အပေါ်နားလို့။ ငရဲဖြစ်စေ သင်္ချိုင်းဖြစ်စေ သေဘေးလွတ်ဖို့ လူဟာ ဘာမဆို လုပ်မှာပဲမဟုတ်လား။ လက်ချောင်းနှစ်ချောင်းနှုတ်ယူခံထားရတဲ့ ကိုယ့်ဆီက သူတို့က အသက်ကိုယူဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ တိမ်းရှောင်သူကိုယ်က မင်းနဲ့တွေ့ခဲ့တယ် အင်းဒီယန်းတစ်ဝက်မ‌လေးရေ။ မင်းတို့နေတဲ့ မြို့ကလေးကို ကိုကွေ့လာတဲ့အချိန်မှာ ကတောက်ကဆတ် ၁ က စတာပါပဲ။မင်းသိမှာပါ ပြဿနာဟာ မြို့အဝင်ဝပ်ရှော့က ဗိုက်ပူပူ ချေးအထပ်ထပ်နဲ့ အေးတဲ့အချိန်နဲ့ ပူတဲ့အချိန် အလုပ်မလုပ်ချင်တဲ့ စက်ပြင်ဆရာငတိနဲ့ စတာပေါ့။ ကိုယ်ပိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ ၁၉၆၄မော်ဒယ် မတ်စတန်းအမိုးဖွင့်ကားလေးကို ဒီငတိနဲ့ ထားခဲ့ရတာ သိပ်စိတ်မချလှပါဘူး ရွေးစရာမှမရှိပဲ။ ဒီညစ်ပတ်ဖုန်ထူတဲ့ မြို့ဟာ မင်းကို မတွေ့ခင်အထိတော့ တကယ်ငရဲပါပဲ။ ကတောက်ကဆတ် ၂ ကတော့ ခရီးသွားဟန်လွဲ စားသောက်ဆိုင်အသွားတိုးတဲ့ မျက်မမြင် အင်းဒီးယန်းအဘိုးကြီးပါပဲ။ ဒီအဘိုးကြီးက အတော်ခက်ပါတယ်။ မျက်မမြင်တစ်ယောက်နဲ့ မလိုက်အောင်ကို ကင်းမြှီးကောက်သတ်သေတာအစ အတွဲတွေပလီတာအဆုံး အကုန်မြင်နေတော့တာပါပဲ။ စကားတွေကလည်း ဖောင်ဖွဲ့လို့ မကုန်အောင်ပါပဲ။ ဒီအချိန်မှာပဲ လမ်းတစ်ဘက်က မင်းကို ကိုယ် မြင်လိုက်ပါတယ်။ ဒါအချစ်မဟုတ်ပါဘူး။ အလှကိုတပ်မက်မှုပါ။ အချစ်ဟာ လှတာကိုလိုချင်တာဆိုတဲ့ ...
movie

U Turn (1997)

Ad Astra (2019) 7.0
Ad Astra (2019) unicodeဘရက်ပစ်ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်လာပါပြီ။ဇာတ်လမ်းနာမည်ကတော့ လက်တင်ဘာသာစကားလုံးကိုယူထားတာဖြစ်ပြီး “ကြယ်တွေဆီသို့” လို့ အဓိပ္ပါယ်ရပါတယ်။သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် စစ်စစ်ပါပဲ။ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာပေါ့။လူတွေဟာ လကမ္ဘာနဲ့ နေအဖွဲ့အစည်းက ဂြိုလ်တွေပေါ်မှာစခန်းတွေဆောက်ပြီး သုတေသနတွေ လုပ်နေကြပါပြီ။ဒီ အာကာသ သုတေသနတွေရဲ့ သူရဲကောင်းကြီးတစ်ယောက်ဖြစ်တဲ့ဒေါက်တာ ကလစ်ဖို့ မက်ဘရိုက်ဟာ အာကာသထဲမှာအသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ရှာဖို့ နေအဖွဲ့အစည်းရဲ့ အဆုံးအစွန်ထိ သွားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။၁၀ နှစ်ကျော်ကြာလာတဲ့အခါ အဲဒီပျောက်ဆုံးသွားတဲ့ အဖွဲ့ရဲ့ယာဉ်စခန်းကနေ ကမ္ဘာနဲ့ဂြိုလ်တွေအားလုံးကို အန္တရာယ်ပေးမယ်စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့် ဒေါက်တာ မက်ဘရိုက်ကို ရှာဖို့ သူ့ရဲ့ သားဖြစ်သူဗိုလ်မှူး ရွိုင် မက်ဘရိုက်က အာကာသထဲကို စွန့်စားခန်းဖွင့်ရပါတော့တယ်။ဒီရုပ်ရှင်ကတော့ အာကာသထဲကို ခရီးသွားတာတွေကိုသဘာဝကျကျမြင်ချင်ရင်၊ အခက်အခဲတွေကိုရင်တမမနဲ့ ကြည့်ချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။File Size : ( 1 GB , 437 MB )Quality :  WebRip 720pRunning Time : 2 ...
movie

Ad Astra (2019)

2019
Jersey Girl (2004) 6.2
Jersey Girl (2004) တက်​ကြွဖျတ်​လတ်​​သော ​တေးထုတ်​လုပ်​သူတစ်​ဦးဖြစ်​တဲ့ အိုလီထရင်​ကီ ဆိုတဲ့လူငယ်​​လေးက အလုပ်​ကြိုးစား​သောဝန်​ထမ်းတစ်​ဦးဖြစ်​သလို မိခင်​ဆုံးပါးသွားတဲ့သမီး​လေးကို ​စောင့်​​ရှောက်​​နေရ​သော ဖခင်​တစ်​ဦးလည်းဖြစ်​ပါတယ်​။ လုပ်​ငန်းခွင်​အတွင်း အဆင်​မ​ပြေမှု​တွေ၊မိသားစု​ရေးပြသနာ​တွေ ကြုံ​တွေ့ရချိန်​မှာ​တော့ ဖိအား​ပေါင်းများစွာရဲ့ ဒဏ်​​တွေ​ကြောင့်​ အလုပ်​ကိုဆုံးရှုံးခဲ့ရပြီး သမီး​လေးအနားမှာ အချိန်​​ပေးဖို့ ဆုံးဖြတ်​ခဲ့ပါတယ်​။ သို့​သော်​ အမှတ်​မထင်​ ကြက်​ကန်းဆန်​အိုးတိုးဆိုတဲ့အတိုင်း အလုပ်​အကိုင်​အခွင့်​အ​ရေးပြန်​ရချိန်​မှာ​တော့ သူသိပ်​ချစ်​ရတဲ့သမီး​လေးအတွက်​ ဘယ်​လိုအခက်​အခဲ​တွေရှိလာမလဲ ​အောင်​မြင်​မှု​နေရာ ပြန်​ရနိုင်​မလား သူ့ဘဝရဲ့ လက်​တွဲ​ဖော်​ကို​ရော ထပ်​​တွေ့ခွင့်​ရဦးမှာလား ဆိုတာကို​တော့ ဒီဇာတ်​လမ်း​လေးထဲမှာပဲ ဆက်​လက်​ကြည့်​ရှု​ပေးကြပါခင်​​ဗျာ ရုပ်ရှင်ကားကို Kay Khaing Htun မှ ဘာသာပြန်ပေးထားပါတယ်
movie

Jersey Girl (2004)

2004
Super(2010) 6.8
Super(2010) Super(2010) IMDb.....6.8 2010 မှာထွက်ရှိခဲ့တဲ့ အလန်းစား Superhero ဇာတ်လမ်းပဲဖြစ်ပါတယ် Superhero Comedy ဇာတ်ကားဖြစ်ပြီး ဘာဖြစ်လို့ IMDB 6.8 အထိတောင်ရခဲ့တာလဲ..ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ Guardian of the Galaxy ကိုပုံဖော်ပေးခဲ့တဲ့ ဒါရိုက်တာ James Gunn ပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းထဲမှာတော့ ဟာသမင်းသားကြီး Rainn Wilson က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပြီးနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Ellen Page နဲ့ Liv Tyler တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ငယ်စဉ်ကလေးဘဝတည်းကလူတွေရဲ့အနှိမ်ခံဘဝနဲ့နေထိုင်လာရတဲ့ ဖရန့်ခ်ဒါဘို (Rainn Wilson)ရဲ့ မသိစိတ်ထဲမှာတော့ psycho အသေးစားလေးတစ်ခုစွဲကပ်ခဲ့ပါတယ်...အရွယ်ရောက်လာတဲ့အခါမှာလည်း မိန်းမဖြစ်သူ'ဆာရာ'(Liv Tyler)ဟာ သူ့ကိုစွန့်ပစ်ပြီး 'ဂျော့ခ်'ဆိုတဲ့လူနောက်ကိုလိုက်သွားခဲ့ပါတယ် 'ဂျော့ခ်'ဆိုတဲ့သူဟာလည်း ဒုစရိုက်မှုတွေလုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ဒီတော့ဖရန့်ခ်ရဲ့စိတ်မှာ စွဲကပ်နေတဲ့ psycho တွေဟာကြီးမားလာပြီးသူဟာ ဘုရားသခင်ရဲ့ရွေးချယ်ခြင်းကိုခံရတဲ့လူတစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်ကာ ရာဇဝတ်မှုတွေကိုနှိမ်နင်းပါတော့တယ် သူ့လုပ်ရပ်တွေကိုသဘောကျနေတဲ့ 'လစ်ဘီ'(Ellen Page)ဆိုတဲ့ ချာတိတ်မတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနှစ်ယောက်အတူပူးပေါင်းမိခဲ့ပါတယ် အဲ့နောက်မှာတော့ ဖရန့်ခ်နဲ့လစ်ဘီဟာ 'ဆာရာ့'ကိုကယ်ဖို့ကြိုးစားရင်း ...
movie

Super(2010)

2010
Wildling (2018) 8.4
Wildling (2018) အခု Horror / Mystery ပရိတ်သတ်တွေအတွက် IMDB 7/10 ရရှိထားတဲ့ ဒီ Wilding ဆိုတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ်Carrie တို့ ခုနောက်ပိုင်းထွက်ထားတဲ့ Thelma တို့လို Supernatural/ Thriller ကိုကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိတ်သတ်တွေ ဒီကားလေးကိုကြိုက်ကြမယ်ထင်ပါတယ်ဇာတ်လမ်းလေးကတော့အန်နာလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်က သူ့အဖေနဲ့ မြို့ငယ်လေးတစ်မြို့မှာ နေပါတယ်ဒါပေမယ့် ထူးဆန်းတာက သူ့အဖေက အန်နာလေးကို အိမ်ထဲကအိမ်ပြင်မပြောနဲ့ အခန်းထဲကတောင်ပေးမထွက်ပါဘူးအစားအသောက်ဆိုလည်း သက်သက်လွတ်ပဲကျွေးပါတယ်ဒီလိုနဲ့ အန်နာလေးအရွယ်ရောက်လာတဲ့တစ်နေ့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေဖြစ်ပြီး သူ့ဘဝမှာပထမဆုံးအကြိမ် အပြင်လောကကိုရောက်သွားပါတော့တယ်ဒါ့အပြင် သူ့အဖေလို့ထင်ထားခဲ့တဲ့သူက သူ့အဖေအရင်းမဟုတ်မှန်းသိလိုက်ရတဲ့အခါ ..သူ့မိဘအရင်းတွေက ဘယ်သူတွေလဲ...သူ့ကိုဘာလို့ပိတ်လှောင်ထားခဲ့တာလဲ...ဇာတ်လိုက် အန်နာအဖြစ် Diary of a teenage girl ထဲမှာလည်း ပါဝင်ခဲ့တဲ့ Bel Powley ကသရုပ်ဆောင်ထားပြီးEnding Song အဖြစ်သုံးထားတဲ့ Linda Perry ရဲ့ Wildling ဆိုတဲ့သီချင်းလေးကလည်းဇာတ်လမ်းနဲ့အတော်လိုက်ဖက်တာမို့ ကြည့်ရှုခံစားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူပါ)File Size : ...
movie

Wildling (2018)

2018