Channel Myanmar

Liu Yan

Tempting Hearts ( 2021 ) 5.9
Tempting Hearts ( 2021 ) ဒီတစ်ခါတင်ဆက်ပေးမှာတော့ ပေါ့ပေါ့ပါးပါးအချစ်ကားလေးဖြစ်ပါတယ် ထိုင်ဝမ် F4 မင်းသား Jerry Yan သရုပ်ဆောင်တဲ့ အိုင်တီကုမ္ပဏီပိုင်ရှင် ကျိုးချီဝိန်ရဲ့ ဂိမ်းကုမ္ပဏီဟာ လက်အောက်ကဝန်ထမ်းတွေရဲ့Live လွှင့်မှုကြောင့် အွန်လိုင်းမှာ ယုတ်မာတဲ့ယောင်္ကျားတွေဆိုပြီးဟိုးလေးတစ်ကျော်ဖြစ်သွားပြီးကုမ္ပဏီကိုဖျက်သိမ်းလိုက်ရပါတယ်။ပြဿနာရဲ့ဇာစ်မြစ်ကိုရှာလိုက်တဲ့အခါ ကြင်ဖက်ရှာတဲ့App ကုမ္ပဏီဝန်ထမ်းဆိုတော့ ကျိုးချီဝိန်တို့ ညီအကိုတစ်သိုက်ကိုခေါ်ပြီး ပြဿနာသွားရှာလေရဲ့ ကြင်ဖက်တွေ့App အဖွဲ့ဝင်အမည်ခံပေမယ့် သူတို့ရဲ့စီးပွားရေးဖျက်ဖို့ရည်ရွယ်ချက်ထားကြပါတော့တယ်။ ဒါပေမယ့် ကျိုးချီဝိန်ကAppပိုင်ရှင်သူဌေးမ ချိန်ရန်( Suxi Ren )ရဲ့စီစဉ်မှုကိုကောင်းကောင်းကြီးခံရပါတော့တယ်။ ကြင်ဖက်ရှာရင်း တွေဆုံရင်းနဲ့ သူတို့၂ယောက်က တစ်ယောက်အပေါ် တစ်ယောက်ထားခဲ့တဲ့အမုန်းတွေကိုဖယ်ရှားနိုင်ပြီး သံယောဇဉ်တွေညှိတွယ်လာပါတော့တယ်။ သူတို့၂ယောက်ကအချစ်စစ်ရခဲတဲ့ခေတ်ကြီးမှာ လွဲချော်သွားမလား အချစ်ကိုတန်ဖိုးထားဆုပ်ကိုင်နိုင်မလား ဆိုတာကိုပြုံးပြုံးကြီးကြည့်ရမှာဖြစ်ပါတယ်။ Filesize : 1.33 GB / 750 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Romance Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Tempting Hearts ( 2021 )

Honey Money Phony (2025) 6
Honey Money Phony (2025) သာမန်ကုမ္ပဏီဝန်ထမ်းမလေးတစ်ယောက်ဖြစ်တဲ့လင်ချင်လန်ဟာ သူ့ရဲ့ယုတ်မာတဲ့ရည်းစားလိမ်တာကိုခံရပါတယ်။ စိတ်ကူးယဉ်အချစ်တွေနဲ့ပြည့်နေတဲ့ဘဝနေပြီးတော့ တစ်နေ့အတွင်းမှာ ၂၀၁၃၁၄အကြွေးတွေအများကြီးတင်နေတဲ့သူဖြစ်သွားခဲ့ပါတယ်။အကြွေးတွေကိုဆပ်ဖို့ အကုန်လုပ်တွေကုန်းရုန်းလုပ်ရင် ဘဝကိုစိတ်ပျက်လာတဲ့အချိန်မှာ အိုးရန်ဟွေးဆိုတဲ့လူလိမ်တစ်ယောက်နဲ့ထပ်တွေ့ပါတယ်။ အကြောင်းဖန်ချင်တော့ အိုးရန်ဟွေးကိုအသုံးချပြီးတော့ သူ့ရဲ့အရင်ရည်းစားလိမ်ယူသွားတဲ့ပိုက်ဆံတွေကို ပြန်လိမ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ လင်ချင်လန်နဲ့ အိုးရန်ဟွေးတို့က လမ်းပေါ်မှာကားတိုက်ခံရယောင်ဆောင်ပြီးလိမ်စားနေတဲ့ ချန်လန်ရဲ့သူငယ်ချင်းရှောင်ဟွေ့ရယ် ပညာရှင်ဟောင်းအိုးရန်ဟွေးရဲ့ဦးလေးရယ် ပူးပေါင်းပြီးတော့လိမ်ဖို့စတင်လိုက်ပါတယ်။ အချစ်နဲ့ငွေလိမ်ယူသွားတဲ့ ရည်းစားဟောင်းကိုပြန်လက်စားချေဖို့ လိမ်ရင်းအလိမ်တွေကြားမှာအချစ်စစ်ဖြစ်လာနိုင်မလား နောက်ဆုံးမှာသူတို့ရဲ့လိမ်ပွဲဟာဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 1.46 GB / 817 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Comedy  Runtime : 1h 55 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Honey Money Phony (2025)

Great Nobody ( 2024 ) 5.9
Great Nobody ( 2024 ) ဒီနေ့မှာတော့ ဖန်သားပြင်ပေါ်မှာ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ Tiny Times ထဲက ကုလီ (Amber Kuo) ရဲ့ ရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းလေးကတော့... တိုးတက်နေတဲ့ခေတ်ကြီးမှာ... ဘတ်ထရီတစ်တောင့်ဝယ်တာနဲ့ တစ်သက်လုံးသုံးနိုင်မယ်ဆို စိတ်ဝင်စားကြမလား... ဟုတ်ပါတယ်.. စိတ်ဝင်စားကြလောက်မယ့် စူပါဘတ်ထရီကို လုံထန်လုပ်ငန်းစုက တီထွင်နေတာဖြစ်ပါတယ်...ဈေးကွက်ထဲ မိတ်ဆက်မယ်ဆိုတဲ့နေ့မှာပဲ... ယန်ရှောက်ရှောက်၊ မာလီ၊ ဟုတ်ကျစ် ၃ ယောက်ကို အလုပ်ထုတ်လိုက်ပါတော့တယ်... နောက်ပြီး စီအီးအို လုံပိုင်ချွမ်ကိုယ်တိုင်ကလည်း ကုမ္ပဏီက နှုတ်ထွက်ပြီး ဘတ်ထရီက မအောင်မြင်ဘူးလို့ကြေညာခဲ့တယ်...အဲ့တော့ မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်လက်မဲ့ ၃ ယောက်ပေါင်းပြီး.... လုံပိုင်ချွမ်ဘာကြံနေတယ်ဆိုတာကို လိုက်ရှာဖွေတော့တာပါပဲ... ဘဝသမား ၃ ယောက် သူဌေးတွေရဲ့ အကျိုးအမြတ်ပြိုင်ပွဲ ဝဲကရက်ထဲ ဘယ်လို ချာလပတ်လည်မယ်ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာမို့... ဘဝအမောတွေကို CM နဲ့အတူ ဒီ Great Nobody လေးကြည့်ပြီး ဖြေဖျောက်လိုက်ကြတာပေါ့ Filesize : 987 MB / 533 MB Quality : WEB-DL 1080p HEVC , 720p HEVC Format ...
movie

Great Nobody ( 2024 )

Full Moon Scimitar Harmony Initial (2024) 5.6
Full Moon Scimitar Harmony Initial (2024) ရှုပ်ထွေးလှတဲ့ သိုင်းလောကကို ဓားသိုင်းကျမ်းတစ်ခုအားကိုးနဲ့ ဝင်လာတဲ့ တင်းဖောင်တစ်ယောက်... လောကနံပါတ်၁ နေရာရဖို့ သိုင်းပညာရှင်တစ်ယောက်ပြီး တစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ပြီး နေရာတစ်ခုရဖို့ ကြိုးစားနေချိန်မှာပဲ... တစ်နေ့တော့ မိန်းကလေးတစ်ယောက်က သူနားနေတဲ့ သစ်ရိပ်ဆီ အပြေးရောက်လာပြီး... ပြန်ပေးသမားတွေလက်က ထွက်ပြေးလာရတာမို့ ကယ်တင်ပေးဖို့ တောင်းပန်ခဲ့တယ်...တင်းဖောင်လည်း အဲ့မိန်းကလေးတောင်းဆိုသမျှကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားခဲ့တယ်... နောက်တော့လည်း အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုပဲ... တင်းဖောင်နဲ့ ဒီမိန်းကလေး ချစ်ကျွမ်းဝင်ခဲ့တယ်...ဒါပေမယ့် ၇ လပိုင်း ၁၅ ရက်နေ့မှာ ဂိုဏ်းချုပ်တစ်ဦးနဲ့ စိန်ခေါ်တိုက်ခိုက်ရမှာမို့ သူ့ကိုမနှောင့်ယှက်ချင်လို့ဆိုပြီး မိန်းကလေးပျောက်သွားခဲ့တယ်... တင်းဖောင်လည်း ဒီစိန်ခေါ်ပွဲအတွက် သူကြိုးစားလေ့ကျင့်ခဲ့တယ်... တကယ့် စိန်ခေါ်ပွဲနေ့မှာတော့.... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....... Filesize : 1.56 GB / 852 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ...
movie

Full Moon Scimitar Harmony Initial (2024)

Life Hotel ( 2024 ) 6
Life Hotel ( 2024 ) အားလုံးအတွက် ဒီနေ့မှာတော့ ဘဝတစ်ကွေ့အကြောင်း ပုံဖော်ရိုက်ကူးပြထားတဲ့ Life Hotel ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... ထိခိုက်စေမှုနဲ့ ထောင်ကျထားတဲ့ မိဘကလည်း လျစ်လျူရှုထားတာခံနေရတဲ့ ထောင်ထွက်တစ်ယောက်... ထောင်သက်တမ်းလွတ်လို့ ထွက်လာချိန်မှာ အိမ်ကလည်း တာဝန်မယူသလို... မိသားစုကလည်း လက်မခံ... ထောင်မကျခင်ကတော့အစ်ကိုဆိုပြီး မြှောက်စားခဲ့တဲ့ ညီအစ်ကိုတွေလည်း ဆက်သွယ်တာတောင် လက်မခံကြတော့ဘူး...ဒီအသိုင်းအဝိုင်းကလည်း ပြစ်မှုမှတ်တမ်းဆိုတာ အရေးကြီးတော့ ပြစ်မှုမှတ်တမ်းရှိသူကို တော်ရုံ အလုပ်လက်မခံကြဘူး... နှိမ့်ချချင်ကြတယ်... ဒီတော့ ဇာတ်လိုက် စန်းချင်းတစ်ယောက် ဘယ်မှာ အလုပ်ရသွားလဲဆိုတော့ ဆေးရုံနားက လိုင်ဖူဟိုတယ်ဆိုတဲ့ ငွေကြေးမပြေလည်လို့ ဆေးရုံမတက်နိုင်တဲ့သူတွေကို ငှားပေးတဲ့ တည်းခိုခန်းမှာ အလုပ်ရသွားတယ်...ဒီအလုပ်ကို သူလုပ်တာ အကြောင်းရင်းတစ်ခုတော့ ရှိနေတယ်... ဒီတော့ စန်းချင်းတစ်ယောက် ဒီဟိုတယ်မှာ အလုပ်လုပ်ရင်း ဘာတွေရမှာလဲ... သူမူလဦးတည်ချက်အတိုင်း ပြည့်ဝနိုင်မှာလား .. စိတ်ကူးပြောင်းသွားမလား...ဒီလိုင်ဖူဟိုတယ်ကရော တကယ်ပဲ ရိုးရိုးဟိုတယ်တစ်ခုလား... နှလုံးသားကပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မလို့ နှလုံးသားလေးနဲ့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... Filesize : 1.48 GB / 888 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama ...
movie

Life Hotel ( 2024 )

The Caller ( 2024 ) 6
The Caller ( 2024 ) Horror ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် Horror ကားကောင်းကောင်းလေး တစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်ကားလေးကတော့ နာမည်အတိုင်း ဝင်လာတဲ့ ဖုန်းကောလ်တစ်ကောလ်ကနေ ပြဿနာတွေတသီတစ်တန်းကြီး တတ်တဲ့ကားပါ ။ဇာတ်လမ်းအညွှန်းလေးကတော့ လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့် ယောက်ျားနဲ့ကွာရှင်းဖို့လျှောက်ထားပြီး ရှောင်ရင်းနဲ့ နယ်မြို့လေးတစ်မြို့မှာ အိမ်ပြောင်းနေခဲ့ပါတယ် ။ သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်‌ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။ ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့ သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောင်စားသောက်ဆိုင်ကိုလာခဲ့ပေးပါ စောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။မုန့်ကျားတစ်ယောက် မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့ အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာက လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။ ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်း သူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့ အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးက သူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့ ၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့ မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကို‌ နှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကို စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော် ။ Filesize : 451 ...
movie

The Caller ( 2024 )

Love Life Light / The Shop Of The Lamp ( 2024 )
Love Life Light / The Shop Of The Lamp ( 2024 ) သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက အကောင်းဆုံးအဓိပ္ပာယ်ကိုနားလည်လိုပါသလား ? Shop of the lamp ဇာတ်ကားကိုသာကြည့်လိုက်ပါ ။ ဒီဇာတ်လမ်းလေးက အရမ်းကိုမှ လျို့ဝှက်ပြီး ဘာများဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရင်း အဆုံးသတ်ကျမှ ဇာတ်အိမ်အလွှဲအပြောင်းအကြီးကြီးနဲ့ ဒီလိုဒီလိုပါလားဆိုပြီး ဖြစ်သွားရမဲ့ horror ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် ။ မကြည့်ခင် တစ်သျူးဆောင်ထားဖို့လည်း မမေ့ပါနဲ့နော် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - သူနာပြုမလေးရွှီနျန့်က သူ့ချစ်သူနဲ့အတူတိုက်ခန်းတစ်ခုကိုပြောင်းသွားခဲ့ပါတယ် ။ အဲဒီပြောင်းတဲ့နေ့မှာပဲ ခပ်လှမ်းလှမ်းမှာလည်း ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းဖို့ကြံရွယ်ထားတဲ့ သူမရဲ့ဘဝမှာ မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ် ။သူတို့ငှားနေတဲ့ အဆောက်အဦးကို အသစ်ထပ်ပြောင်းလာတဲ့ လျိုယွီရှန်းဆိုတဲ့ကောင်မလေးမှာ အရိပ် နှစ်ခု ရှိနေတာကို ရွှီနျန့်ကမြင်သွားခဲ့ပါတယ် ။ အဲဒါတင်မကသေးဘူး ။ အမြဲတမ်း လက်အိတ်စွပ်ထားတဲ့ ကျူးကျူးရဲ့မေမေ ၊ twinkle twinkle little star သီချင်းကိုအမြဲတမ်းသီဆိုနေတဲ့ အဘိုးအို ၊ နောက်ပြီး သူ့ကိုဆို မီးသီးမရောင်းပေးတဲ့ လမ်းဆုံက မီးသီးဆိုင်...ဒါ့အပြင် လူတစ်စုကိုတွေ့မိလားဆိုပြီး အမြဲတမ်းမေးမေးနေတဲ့ တစ်ကိုယ်လုံးသဲတွေဖုံးနေတဲ့ လူကြီးတစ်ယောက်.. ဒီလမ်းထဲမှာဘာတွေလျို့ဝှက်ထားမလဲ ? မီးသီးဆိုင်ကရော ဘယ်လိုဖြစ်တည်မှုမျိုးလဲ ? သူကအရာရာကိုထူးဆန်းနေတယ်‌ထင်ပေမဲ့ သူကိုယ်တိုင်ကမှ ပြဿနာရှိနေတာလို့ပြောလာတဲ့ မီးသီးဆိုင်ပိုင်ရှင်နဲ့ ရွှီနျန့် ...
movie

Love Life Light / The Shop Of The Lamp ( 2024 )

I Like You More ( 2023 ) 5.9
I Like You More ( 2023 ) ရိုးရိုးလေးနဲ့ တသသတွေးနေရမဲ့ အချစ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ရောခ်ဂီတအဖွဲ့တစ်ခုနဲ့ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဖန့်ခွေအန်းဟာ သူမရဲ့ ဂီတအိပ်မက်ကို လက်လျှော့လိုက်ရချိန်မှာပဲ သူမရဲ့အဖေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်သွားခဲ့တဲ့ သတင်းကို ရခဲ့ပါတယ်။အဖိုးလက်ထပ်ကတည်းက အောင်မြင်ခဲ့တဲ့ စားသောက်ဆိုင်က ဒီလိုနဲ့ပဲ သူ့လက်ထဲကို ရောက်လာပါတော့တယ်။ မိသားစုလုပ်ငန်းဖြစ်သော်လဲ သူမမှာ ဟင်းချက်နည်းတွေကို မြင်သာမြင်ဖူးပြီး ကိုယ်တိုင်က မလုပ်တတ် မကိုင်တတ်ဖြစ်နေပါတယ်။တိုက်ဆိုင်စွာနဲ့ သူမတို့ စားသောက်ဆိုင်မှာ စားပြီး ဝမ်းလျှောသွားတာကြောင့် သူမက လျော်ကြေးမပေးနိုင်ပဲ အိမ်မှာ လက်ခံထားတဲ့ ကုန်းပေါင်ဆိုတဲ့ လူကြီးဟာ Michelin စားဖိုမှူးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ......သူတို့နှစ်ယောက် အတူတကွ စားသောက်ဆိုင်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလား ...... သူတို့ နှစ်ယောက်ကရော မတည့်အတူနေ ကနေ ချစ်မေတ္တာတွေက ဘယ်လို ပေါက်ဖွားလာမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ကြည့်ရှု ခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h ...
movie

I Like You More ( 2023 )

The Tai Chi Master (2022)
The Tai Chi Master (2022) The Tai Chi Master (2022)ဒီတစ်ခေါက်မှာတော့ သိုင်းလောကရဲ့ နောက်ကြောင်းကို ပြန်သွားပြီး ကျင့်စရာ သိုင်းအသစ်တွေနဲ့ ဝူတန်းဂိုဏ်းချုပ်ကြီး ငယ်ဘ၀ကို ပြန်ရှု့စားလိုက်ရအောင်ဗျာ။ဇာတ်လမ်းအကျဉ်းကတော့ ..... ဝူတန်းဂိုဏ်းဆိုတာ ဖြစ်မလာသေးခင် ကျန်းကျွင်းပေါင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဝူးကျိဂိုဏ်းရဲ့ အားထားရတဲ့ သိုင်းပညာရှင်လေးပေါ့။ သူဟာ သိုင်းလောကမှာ အထက်လမ်းသိုင်းပညာ အောက်လမ်းသိုင်းပညာဆိုတာမရှိ လူ့အကျင့်ပေါ်မှာပဲ သိုင်းပညာဟာ မူတည်တယ်လို့ ခံယူထားတဲ့ လူပျော်တစ်ယောက်ပေါ့။ အောက်လမ်းသိုင်းလောကရဲ့ဘုရင်ကို သိုင်းဂိုဏ်းကြီးတွေပေါင်းပြီး ဝူးကျိ ရဲ့မြေအောက်ခန်းမှာ ဖမ်းထားချိန်မှာ တစုန့်ပြည်ကို "ဒီ" တိုင်းပြည်က ကျူးကျော်လာချိန် သိုင်းလောက အရှုပ်အထွေးတွေကြားမှာ ကျန်းကျွင်းပေါင်တစ်ယောက် လောကဓံကို ဘယ်လိုခံရမယ်။ ဝူတန်းဂိုဏ်းကရော ဘယ်လိုဖြစ်ပေါ်လာတယ် စတဲ့ သိုင်းလောကကြီးအကြောင်း ကို လှလှပပ ရိုက်ကူးထားပြီး အတွင်းအားထက် သိုင်းကွက်ပိုပါတာမို့ သိုင်းလောကသားတွေ စိတ်၀င်စားမယ့် သိုင်းကားတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးချင်ပါတယ်။အညွှန်းကိုတော့ Lwin Htoo Aung မှ ရေးသားထားပြီး ...
movie

The Tai Chi Master (2022)

Painted Skin (2008) 6.3

Painted Skin (2008)

HEVC 1080p 5.1
The Winners 2020 6.5
The Winners 2020 Winner 2020 အခုလို ကိုဗစ်ကာလမှာ ပျင်းနေကြပြီလား။အပျင်းပြေအောင် ဆန်းလည်းဆန်း ၊ ရယ်စရာလဲကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါ့မယ်။ Comedy အမျိုးအစားဖြစ်ပြီး Chinese IMDBအရ Rating 6.8ရထားတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ရထားတဲ့ ratingနဲ့အညီ နောက်ဆုံးအထိ ရယ်လဲရယ်ရသလို မြုပ်ကွက်တွေကလဲ တကယ်အံသြစရာကောင်းပါတယ်။ အဓိကလူက ယန်ဂျင်။ ဂျင်ဆိုတဲ့ စကားလုံးက တာဝန်သိတတ်မှု၊ အလေးအနက်ထားမှုနဲ့ အသေးစိတ်ကျမှုဆိုပြီ အဓိပ္ပါယ်ရတယ်။ ဒီလိုပါပဲ ယန်ဂျင်တစ်ယောက်ဟာလဲ နာမည်နဲ့အတူ တာဝန်ကျေပွန််တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်းသွားတယ်၊ စည်းစနစ်ကျတယ်။ အဲ့လိုလူတစ်ယောက်ဖြစ်တဲ့ ယန်ဂျင်ဟာ တစ်ရက်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဓားပြနေရာသရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါလေရော။ ယန်ဂျင်က ဘဏ်ဝန်ထမ်းတစ်ယောက်၊ စစ်ရေးလေ့ကျင်မှုက ဘယ်လိုလဲဆိုရင် တကယ်ဘဏ်ကို ဓားပြအတိုက်ခံရသလိုမျိုး လေ့ကျင့်ရတာ။ ယန်ဂျင်ရဲ့ ဇာတ်ဆောင်နေရာက.... ဓားပြ။ ဘယ်အရာမဆို အသေးစိတ်ကျတတ်တဲ့ ယန်ဂျင််ကတော့ ထုံးစံအတိုင်း ဓားပြတိုက်ဖို့ အစီအစဥ်တွေဆွဲ၊ အကြံတွေထုတ်၊ လေ့ကျင့်ခန်းတွေ လုပ်တာပေါ့လေ။ ရဲတွေကတော့ ဒီတိုင်းပြီးသွားမှာပဲ ဆိုပြီး ...
movie

The Winners 2020

2020
Yesterday Once More (2016) 6.7
Yesterday Once More (2016) [Unicode]Yesterday once more (2016)IMDb rating- 6.7/10"Our Times"တို့ "You are the apple of my eyes"တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ဒီကားကိုလည်းကြိုက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ Box office မှာ ယွမ်26.3millions ရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။*လင်ထျန်းကျောင်း*ဆိုတဲ့ကောင်မလေးကစာအရမ်းတော်တဲ့အတန်းခေါင်းဆောင်ကောင်မလေးပါ။ ရှင်းဟွာတက္ကသိုလ်ရဲ့ဘဏ္ဍာရေးမေဂျာမှာတက်ခွင့်ရဖို့ကြိုးစားနေပြီး နက္ခတ္တဗေဒပညာရှင်ဖြစ်ချင်တဲ့သူ့အိပ်မက်ကိုမေ့ထားခဲ့သူပါ။အမှတ်ရချင်ဇောနဲ့စာမေးပွဲတစ်ခုမှာခိုးချမိရင်း ကျောင်းပြောင်းကျောင်းသား *ကောင်းရှန်*နဲ့ချစ်သူတွေအဖြစ်အထင်လွဲခံရပါတယ်။ *ထျန်းကျောင်း*က*ကောင်းရှန်*ကိုအိပ်မက်မရှိတဲ့လူညံ့လို့သတ်မှတ်ပြီးအထင်သေးခဲ့ပါတယ်။ တကယ်တော့သူအထင်သေးတဲ့*ကောင်းရှန်*ဆိုတာ သူ့အိပ်မက်ကိုတကယ်ဖြစ်လာအောင်လုပ်ရဲပြီး စိတ်ထားမှန်ကန်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့*ထျန်းကျောင်း*လည်း လူငယ်ဘဝကိုကောင်းကောင်းနားလည်လာပြီး အိပ်မက်အစစ်အမှန်ကဘာလဲဆိုတာသိလာခဲ့ပါတယ်။စာကလွဲပြီးဘာမှမစွန့်စားရဲတဲ့"ထျန်းကျောင်း"တစ်ယောက် "ကောင်းရှန်"ရဲ့အားပေးမှုတွေနဲ့ သူလုပ်ချင်တဲ့အရာတွေကိုလုပ်ရဲလာခဲ့ပါတယ်။ သူရချင်တဲ့အတော်ဆုံးကျောင်းသူဆုကိုလက်ခံရတော့မဲ့အချိန်မှာ "ကောင်းရှန်"တစ်ယောက်တခြားမြို့ကိုသွားဖို့ရထားထွက်ခါနီးအချိန်ဖြစ်နေခဲ့ပါတယ်။ သူတို့တွေဘာကိုရွေးချယ်ခဲ့ကြပါသလဲ... ကောင်းရှန်နဲ့တွေ့ပြီးနောက်မှာ ဘဝအပေါ်မြင်တဲ့အမြင်တွေပြောင်းလဲသွားတာကရော မှန်ကန်မယ်လို့ထင်ပါသလား... မိသားစုကိစ္စတွေ သူငယ်ချင်းသံယောဇဉ်တွေနဲ့ သူတို့တွေတစ်ယောက်ချင်းစီရဲ့ဘဝတွေကိုကြည့်ရင်း လူငယ်ဘဝအငွေ့အသက်တွေကိုပြန်ခံစားမိပြီး ငယ်ဘဝကိုပြန်အမှတ်ရလာပါလိမ့်မယ်။( အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) [Zawgyi]Yesterday once more (2016)IMDb rating- 6.7/10"Our Times"တို့ "You are the apple of my eyes"တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ...
movie


I Belonged to You(2016) 5.6
I Belonged to You(2016) I Belonged to You(2016)CM fan တွေ အတွက် 2016 က ထွက်ရှိထားတဲ့ Chinese movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာ Zhang Jia Jia ရဲ့ အရောင်းရဆုံး ၀တ္ထုတိုများ ကို အခြေခံပြီးရိုက်ကူးထားတာပါ..heart ထိလောက်မယ့် ရိုမန့်ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်...ဒီဇာတ်လမ်းထဲမှာ မောရှီဘာအဖြစ် မင်းသား Yang Yang က ပါ၀င် သရုပ်ဆောင်ထားပါသေးတယ်..ချန်မိုဟာ ရေဒီယို  အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တယ်...အဲ့ဒီအသံလွှင့်လိုင်းမှာလည်း လုပ်ဖော်ကိုင်ဘက် ကောင်မလေးတစ်ယောက်နဲ့ချစ်သူဖြစ်တော့ သူ့အတွက် အရာရာအဆင်ပြေနေသလိုပဲ...ချစ်သူမျက်နှာကြည့်လိုက် အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်လိုက်နဲ့...ဒီလိုနဲ့တစ်နေ့တော့ သူ့ချစ်သူက လမ်းခွဲစကားပြောလာတယ်...အချစ်ကြီးချစ်ခဲ့သူရဲ့ရုတ်တရက်လမ်းခွဲမှုဒဏ်ကိုသူမခံနိုင်ခဲ့ဘူး...အသံလွှင့်စဉ်မှာလည်း ပေါက်ကရတွေလုပ် အလုပ်ကိုကောင်းစွာအာရုံမစိုက်နိုင်တော့သူ့နာမည်လည်းတဖြည်းဖြည်းကျလာတဲ့အပြင် နေ့စဉ် အဆင်မပြေမှုများစွာနဲ့ ဖြတ်သန်းနေရတယ်..အဲ့ဒီအချိန်မှာပဲ သူ့ဘဝထဲကို အလုပ်သင်ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဉီး....File Size : (1.03 GB) and (396 MB) Quality : ...
movie

I Belonged to You(2016)

The Thousand Faces of Dunjia (2018) 5.7
The Thousand Faces of Dunjia (2018) A thousand face of Dunjia (2017)– – – – – – – – – – – – – – – – – – – – 1000 faces of dunjia ကားလေးကတော့ Guardians of the Galaxy လိုကားမျိုးပါ၊အရမ်းမိုက်တဲ့အထူးပြုလုပ်ချက်တွေ၊ဟာသလေးတွေလဲပါတာမို့ရသမျိုးစုံပေးတဲ့ကားကောင်းလေးပါ12th Asian Film Awards မှာ Best Action Film ၊ Best Costume Design ဆု၊ Best Visual Effects ဆုတွေအတွက် Nominate ဝင်ခဲ့တဲ့ကားလေးပါလျို့ဝှက်စွာလူသားတွေကိုကာကွယ်စောင့်ရှောက်နေတဲ့ ဝုရင့်အဖွဲ့ဝင် ၇ ယောက်ဟာ တစ်နေ့မှာတော့ငါးမိစ္ဆာတစ်ကောင်ကိုဖမ်းလာရင်း သူ့ထက်စွမ်းအားကြီးသောမိစ္ဆာတစ်ကောင်လာနေတယ်ဆိုတာကိုသိခဲ့ရပါတယ်အဖွဲ့စခန်းချရာနေရာကိုပြောင်းရွှေ့ခဲ့ပြီး မိစ္ဆာဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာကိုစုံစမ်းရင်း အမှုလိုက် သောင်ရိချန်ရဲ့ကာကွယ်ပေးမှုကြောင့် ချင်းထင်တို့ ...
movie


2018
The Four 3: Kingdom Of Blood (2014) 5.6
The Four 3: Kingdom Of Blood (2014) The Four 3: Kingdom Of Blood (2014)_____IMDb - 5.6/10  ဒီကားကတော့ The Four သုံးကားထဲမှာ နောက်ဆုံး ကားပဲ ဖြစ်ပါတယ်။ပထမကားနဲ့ ဒုတိယကားကို မကြည့်ဖူး ရင် သိပ်သဘောပေါက်လောက်မှာ မဟုတ်လို့ ပထမ နှစ်ကားကို ကြည့်ဖို့ အကြံပြုချင်ပါတယ်။ဇာတ်လမ်းကို နည်းနည်း ပြန် မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ဒုတိယကားထဲမှာ မိသားစုအကြောင်း အမှန်တရားကို ရှောင်ယွယဲ့ (Yifei Liu) က သိရှိသွားခဲ့ပြီး ကျူးကယ်ကျုံး နဲ့ သံလက်တို့ကို စိတ်ပျက်သွားခဲ့ပါတယ်။လန်လင်ကျီး လဲထို့အတူပါပဲ ဒါပေမဲ့ သူက ရှေင်ယွယဲ့ အပြင် ဋ္ဌာနခြောက် က ကျိယောင်ဟွာတို့နဲ့လဲ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်နေပြန်ပါတယ်။ကျိယောင်ဟွာ တစ်ယောက်ကတော့ သခင်အန်းဆိုတဲ့ လူရဲ့ အမိန့်ကို မလွန်ဆန်နိုင်ဖြစ်နေတာပါ။ သခင်အန်းတစ်ယောက်ကတော့ သူ့သားအတွက် လက်စားချေဖို့ အတွက် ဋ္ဌာနခြောက် ဆန်ဟုန်ဖူတို့ အပြင် မင်းကြီး အရိုက်အရာကိုပါရယူချင်နေတာပါ။ ဒီလိုနဲ့ တစ်ရက်မှာ မင်းကြီးတစ်ယောက် သာမန်အဝတ်အစားနဲ့ ...
movie

The Four 3: Kingdom Of Blood (2014)

2014
The Four 2: Lawless Kingdom (2013) 5.8
The Four 2: Lawless Kingdom (2013) The Four 2: Lawless Kingdom (2013)_____IMDb - 5.8/10  ဒီဇာတ်ကားကတော့ The Four 1 ရဲ့ အဆက်ဖြစ်ပါတယ်။ပထမပိုင်း ကြည့်ဖူးမှ ကောင်းကောင်း နားလည် သဘောပေါက်မယ်လို့ ထင်ပါတယ်။မင်းသမီးချော ဂူဂူး ပါဝင်ထားတာဖြစ်လို့ ပရိတ်သတ် တွေ အကြိုက် တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင်တော့ ပထမကားမှာ ငွေအတု ကိစ္စ ကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ အန်ရှီကျန်းကို နှိမ်နှင်းပြီးတဲ့ နောက်မှာ တော့ ဆန်ဟုန်ဖူ(ဒီဗိုင်းအဖွဲ့) ဟာဆိုရင် နေပြည်တော် တစ်ဝိုက်မှာ ဋ္ဌာန ခြောက် ထက်ကို ပိုပြီး အလေးပေး ခြင်းကို ခံလာရပါပြီ။ ပြည်သူတွေက လည်း အားကို တကြီးပေါ့။ဒီလိုအချိန်မှာပဲ ပထမကားက ဗီလိန် အန်ရှီကျန်းက မသေသေးပဲ သစ်ပင်တစ်ခုကို ကပ်ပါး ဘဝနဲ့ မှီခို နေရပါတယ်။သူ့သားဒီလို ဘဝကို ရောက်သွားလို့ မကျေမနပ်နိုင်ဖြစ်နေသူကတော့ လူကြီမင်း အန်းပါ။သူက ဆန်ဟန်ဖူ နဲ့ ...
movie

The Four 2: Lawless Kingdom (2013)

2013