Channel Myanmar

Liu Xun

Yin Yang Mansion (2024) 5.9
Yin Yang Mansion (2024) အခုလိုအင်တာနက်တွေသုံးလာကြတဲ့ခေတ်ကြီးထဲမှာ အင်တာနက်ပေါ်မှာမြင်မြင်သမျှတွေကို လိုက်လံဝေဖန်နေကြတဲ့လူတွေကလူတစ်ယောက်ကိုဘဝပျက်အောင် ဖျက်စီးပစ်နိုင်စွမ်းရှိလာခဲ့ကြတယ်။ဖုန်းရွှယ်ချင်လို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်က သနားကြင်နာတတ်ပြီးရုပ်ချောမောလှပတာကြောင့် သူ့စီနီယာအစ်ကိုဖြစ်တဲ့ လျိုကျန့်ကျုံးကအသည်းအသန်ကြိုက်ခဲ့တာပေါ့။ဒါပေမဲ့တနေ့အင်တာနက်ပေါ်မှာ အိမ်သာထဲကလေးမွေးဖွားတဲ့တက္ကသိုလ်ကျောင်းသူဖူန်းရွှယ်ချင် ဗီဒီယိုဖိုင်ပြန့်နှံ့သွားတဲ့အခါ မြင်မြင်သမျှကိုလိုက်လံဝေဖန်နေကြတဲ့ အင်တာနက်ပေါ်က လူတွေကြောင့် ဖုန်းရွှယ်ချင်တယောက်ဘဝပျက်သွားပြီး သေသွားခဲ့တယ်သူသေသွားတဲ့အချိန်မှာ မိဘမရှိဆွေမျိုးမရှိတာကြောင့်သူယုံကြည်ရတဲ့ စီနီယာအစ်ကို လျိုကျန့်ကျုံးနဲ့ သူနဲ့ပတ်သက်ခဲ့တဲ့အထက်အရာရှိ စူးကျဲခဲ့သူတို့တွေကို သူအာမခံဝယ်ခဲ့တဲ့ အန်းရှန်အာမခံကုမ္ပဏီက ဆက်သွယ်လာပြီး ဖုန်းရွှယ်ချင်ရဲ့အာမခံလျော်ကြေးကို သေတမ်းစာအတိုင်းပေးဖို့ခေါ်ယူခဲ့တယ်။ဒါပေမဲ့ စည်းကမ်းချက်အနေနဲ့ အချစ်ဌက်စံအိမ်မှာခုနှစ်ရက်တိတိ နေရမှာဖြစ်ပြီးအဲ့စံအိမ်ထဲမှာ နောက်ဆုံးအချိန်ထိကျန်နေတဲ့လူမှာ အာမခံလျော်ကြေးအများအပြားကိုရရှိပါဖြစ်တယ်။အဲ့စံအိမ်ကတော့တကယ်တမ်းမှာ အိမ်မဟုတ်ဘူး သရဲအိမ်ကြီးဖြစ်နေတာကြောင့် လျိုကျန့်ကျုံးနဲ့သူ့ကောင်မလေးကျန်းချန်နှင့်အတူ စူးကျဲခဲ့တို့ကလက်မခံချင်ပေမဲ့ နောက်ဆုံးမှာတော့ ခုနှစ်ရက်တိတိသည်းခံဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ် Filesize : 1.19 GB / 616 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Mystery , Thriller , Horror Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK   
movie

Yin Yang Mansion (2024)

Great Nobody ( 2024 ) 5.9
Great Nobody ( 2024 ) ဒီနေ့မှာတော့ ဖန်သားပြင်ပေါ်မှာ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ Tiny Times ထဲက ကုလီ (Amber Kuo) ရဲ့ ရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းလေးကတော့... တိုးတက်နေတဲ့ခေတ်ကြီးမှာ... ဘတ်ထရီတစ်တောင့်ဝယ်တာနဲ့ တစ်သက်လုံးသုံးနိုင်မယ်ဆို စိတ်ဝင်စားကြမလား... ဟုတ်ပါတယ်.. စိတ်ဝင်စားကြလောက်မယ့် စူပါဘတ်ထရီကို လုံထန်လုပ်ငန်းစုက တီထွင်နေတာဖြစ်ပါတယ်...ဈေးကွက်ထဲ မိတ်ဆက်မယ်ဆိုတဲ့နေ့မှာပဲ... ယန်ရှောက်ရှောက်၊ မာလီ၊ ဟုတ်ကျစ် ၃ ယောက်ကို အလုပ်ထုတ်လိုက်ပါတော့တယ်... နောက်ပြီး စီအီးအို လုံပိုင်ချွမ်ကိုယ်တိုင်ကလည်း ကုမ္ပဏီက နှုတ်ထွက်ပြီး ဘတ်ထရီက မအောင်မြင်ဘူးလို့ကြေညာခဲ့တယ်...အဲ့တော့ မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်လက်မဲ့ ၃ ယောက်ပေါင်းပြီး.... လုံပိုင်ချွမ်ဘာကြံနေတယ်ဆိုတာကို လိုက်ရှာဖွေတော့တာပါပဲ... ဘဝသမား ၃ ယောက် သူဌေးတွေရဲ့ အကျိုးအမြတ်ပြိုင်ပွဲ ဝဲကရက်ထဲ ဘယ်လို ချာလပတ်လည်မယ်ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာမို့... ဘဝအမောတွေကို CM နဲ့အတူ ဒီ Great Nobody လေးကြည့်ပြီး ဖြေဖျောက်လိုက်ကြတာပေါ့ Filesize : 987 MB / 533 MB Quality : WEB-DL 1080p HEVC , 720p HEVC Format ...
movie

Great Nobody ( 2024 )

Viva La Vida ( 2024 ) 6.8
Viva La Vida ( 2024 ) CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့‌ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ‌ ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 2h 9 ...
movie

Viva La Vida ( 2024 )

My Love ( 2021 ) 6.2
My Love ( 2021 ) ဒီတစ်ခါတော့ CMကနေ ၂၀၁၈ကထွက်ထားတဲ့ ကိုရီးယားကား On Your Wedding Dayကို ပြန်လည်ရိုက်ကူးထားတဲ့ တရုတ်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ ၁၅နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ ဇာတ်ကြောင်းလေးကတော့...ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ် ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ သူ့အသက် ၁၇နှစ်အရွယ်မှာပဲ ရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက် ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူ ပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီး ထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲ ရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာ ဆက်လက်ပြီးတော့ ကြည့်ရှုခံစားကြရမှာပါနော် Quality : WEB-DL 720p Format : mp4 During : 1h 55min Genres : Drama , Romance Subtitle : Myanmar Subtitle ...
movie

My Love ( 2021 )

Shanghai Grand (1996) 6.6
Shanghai Grand (1996)  Shanghai Grand (1996)ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်တဲ့လူတိုင်း ဟောင်ကောင်မင်းသားတွေကို သဘောကျကြမှာပဲ။ ကျွန်တော်လည်း ဟောင်ကောင်မင်းသား အတော်များများကို သဘောကျပါတယ်။ ဒီထဲ ကျွန်တော်အကြိုက်ဆုံးမင်းသားက လတ်စလီချောင်ပါပဲ။ ဒီတော့ လတ်စလီချောင်ကားဟောင်းတွေ စိတ်ပေါက်တိုင်းရှာကြည့်ဖြစ်တယ်။ သူ့မှာမာစတာပိစ်ကားတွေလည်း မနည်းပါဘူး။ ရိုးရိုးအချစ်ကားတွေလည်း မနည်းဘူး။ ရိုးရိုးအချစ်ကားတွေတောင် လတ်စလီချောင်ပါနေရင် အတော်လေးကြည့်ကောင်းပါတယ်။ သူ့ကိုချစ်တဲ့စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အခု ရှန်ဟိုင်းဂရန်းမှာတော့ လတ်စလီချောင်အပြင် Andy Lauလည်းပါပါတယ်။ ဟောင်ကောင်ရဲ့ဆရာတွေထဲက နှစ်ပါးပေါ့။ သူက ဂန်းကားဆိုပေမဲ့ ၁၉၃၀ကာလမှာ ဇာတ်အိမ်တည်ထားပြီး ထိုင်ဝမ်ရဲ့တော်လှန်ရေးအကြောင်းကိုလည်း ပါးပါးစွတ်ထားတယ်။ ဂန်းကားပီပီသသ ဂန်းကားတို့အခေါင်ကြီး Godfatherက ဇာတ်ဝင်ခန်းတစ်ချို့ကိုတောင် မှီးထားသေးတယ်။ နည်းနည်းမှီးထားတဲ့ကားဆိုတော့ မာစတာပိစ်တော့မဖြစ်လှပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားကောင်းစာရင်းတော့ဝင်ပါတယ်။ ဟောင်ကောင်ဂန်းကားကြိုက်တဲ့သူတွေအတွက် ရွှေလို့ပြောရမယ်။ သူ့ဇာတ်ဝင်တေးကလည်း အတော်များများရင်းနှီးပြီးသားသီချင်းဖြစ်သလို တကယ့်နာမည်ကြီး သီချင်းပါပဲ နားထောင်ကြည့်ရင်သိမှာပါ။ ဒီထဲကဗားရှင်းကိုတော့ Andy Lauကိုယ်တိုင် ပြန်ဆိုထားတယ်ထင်ပါတယ်။ရှန်ဟိုင်းဂရန်းဟာ ဟောင်ကောင်ဂန်းကားကောင်းဖြစ်သလို လတ်စလီနဲ့ ...
movie

Shanghai Grand (1996)

Dragon Inn (1992) New Dragon Gate Inn 7.3
Dragon Inn (1992) New Dragon Gate Inn The New Dragon Gate Inn / Gragon Inn (1992) ===================== IMDb Rating. - 7.3/10Rotten Tomatoes - 78%မာယာများတဲ့ ကန္တာပြင်ရာသီဥတုဟာ အစောကမှ ခြစ်ခြစ်တောက်နေသာရာက ခုတစ်ဖန် သည်းကြီးမည်းကြီး မိုးတွေရွာနေပေါ့။ ဒီအပြောကျယ်တဲ့ကန္တာပြင်မှာ လူတွေရဲ့ တစ်ခုတည်းသော မှီတည်ရာက နဂါးအင်း။ လူ့ကမ္ဘာကိုရှုပ်ထွေးရက်စက်တဲ့ နေရာလို့ဆိုရင် နဂါးအင်းဟာ အဲ့ဒီရှုပ်ထွေးရက်စက်မှုအပေါင်းကို တပ်မက်စွာ သိမ်းဆည်းရာနေရာဖြစ်တယ်။ နဂါးဂိတ်နားက နဂါးအင်းဟာ လွင်တီးခေါင်ကန္တရမှာ ထီးတည်းတည်ရှိနေတဲ့ အိုအေစစ်မဟုတ်တဲ့ ငရဲ။ လူဆိုးသူခိုးတွေရဲ့ ဆုံမှတ်နေရာ။ တွေးကြည့်လို့တောင်မရတဲ့ ရက်စက်မှုတွေ ဒီနေရာမှာရှိတယ်။နဂါးအင်းကိုရောက်လာသူတို့ဟာ ကိုယ်တိုင်တောင်မသိလိုက်ရဘဲ ဇာတ်တူသားစားသူတွေ ဖြစ်လာတယ်။ နဂါးအင်းရဲ့ စားဖိုခန်းထဲက ဘာဘရီယန်တစ်ကောင်ဟာ လျှို့ဝှက်လမ်းကကျလာတဲ့ လူသေတွေကို အရိုးအတိကျန်အောင်နွှင်ပြီး ပေါက်စီ လုပ်တယ်။နဂါးအင်းရဲ့ ဆိုင်ရှင်မိန်းမလှဟာ သူ့အလှမှာ ယစ်မူးပျော်၀င်သူ ယောကျာ်းသားတို့ကို အသားလုပ် ရောင်းတယ်။ နယ်စပ်မျဉ်းမှာရှိနေတဲ့ မသာမယာ ဒီနဂါးအင်းကို ရောက်လာသူတို့မှာ ကောင်းသော ရည်ရွယ်ချက်များ မရှိခဲ့ကြဘူး။ ကလဲ့စား တဏှာ အာဏာ ရန်ကြွေး ငွေအရေး ဤအချက်များမှ မကင်းလွတ်ကြဘူး။ ဒီလူတွေကပဲ နဂါးအင်းကို ရက်စက်စေတာလား နဂါးအင်းကိုယ်၌ကပဲ ခက်ထန်နေတာလားလဲ မသိရဘူး။ ဘယ်လိုပဲဆိုဆို သူရဲကောင်းတွေတောင် ရင်မဆိုင်ဝံ့တဲ့ ဒီကန္တာအလယ်က နဂါးအင်းမှာ မလှပတဲ့ ဇာတ်လမ်းများစွာဖြစ်ပြီးခဲ့ပြီး ...
movie

Dragon Inn (1992) New Dragon Gate Inn