Channel Myanmar

Liu Jianyu

Red Land (2025) 5.7
Red Land (2025) နျူကလီယားစစ်ပွဲကြီးသာတကယ်ဖြစ်သွားခဲ့ရင် ကမ္ဘာကြီးကဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ကူးယဉ်ပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ မထင်မှတ်ပဲနျူကလီယားစစ်ပွဲဖြစ်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးကပျက်စီးသွားပြီးတော့ လူသားတွေကမြေအောက်မှာပဲရှင်သန်ကြရတဲ့ကာလတစ်ခုကို စိတ်ကူးယဉ်ဖန်တီးပြီး ပုံဖော်ထားတာပဲဖြစ်ပါတယ်။မြေပြင်ပေါ်ကကမ္ဘာကြီးပျက်စီးသွားပြီးနောက်ပိုင်းမှာ အရင်ကမြေအောက်ရထား ဘူတာဟောင်းဖြစ်တဲ့ အနီရောင်မြေဆိုတဲ့နေရာမှာ အသက်ရှင်ကျန်သူတွေက စုဝေးပြီးတော့ မြို့တစ်မြို့တည်ထောင်ပြီး နေကြတယ်။ မြေအောက်မှ ာအသက်ရှင်နေတာလူသားတွေတင်မကပဲ ခူမျိုးနွယ်စုဆိုတဲ့ လူသားကိုမျိုုးရိုးဗီဇပြောင်းထားတဲ့မျိုးနွယ်စုတစ်စုလဲရှိပါတယ်။လူသားတွေနဲ့ခူမျိုးနွယ်စုဟာ မြေအောက်အရင်းအမြစ်တွေလုရင်း အမြဲတိုက်ခိုက်နေကြပါတယ်။ တစ်နေ့မှာတော့ ခူမျိုးနွယ်မိန်းကလေးတစ်ယောက်ဟာ အနီရောင်မြေထဲကိုဝင်လာပြီးတော့ မြို့ဝန်ကိုလုပ်ကြံဖို့ကြိုးစားပါတယ်။ အဲဒီအချိန်မှာ အနီရောင်မြေရဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ဟာတစ်ဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပါတယ်......4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.13 GB / 555 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller, Adventure Runtime : 1 h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Red Land (2025)

Sianviathan ( 2024 ) 5.7
Sianviathan ( 2024 ) စွေ့မင်းဆက်ခေတ် မော့နှစ်မှာ စစ်ပွဲတွေအဆက်မပြတ်ဖြစ်ပြီး လောကကြီးတစ်ခုလုံး ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်ကုန်ကြပါတယ် ။ အဲဒီအချိန်မှာပဲ ကောလဟာလတစ်ခုကပြည်သူတွေကြားထဲမှာ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါတယ် ။ အဲဒီကောလဟာကတော့ မြောက်ပိုင်းမဟာတံတိုင်းကြီးရဲ့ အောက်ခြေမှာ နတ်သစ်ပင်တစ်ပင်နဲ့နတ်ဓားတစ်လက်ပေါ်လာတယ်ဆိုတာပဲဖြစ်ပါတယ် ။လူတွေကိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာစေတာက အဲဒီနတ်ဓားကို ပိုင်ဆိုင်ခွင့်ရတဲ့ဘယ်သူမဆို မိမိရဲ့အလိုဆန္ဒတွေ ပြည့်သွားတတ်တယ်ဆိုတဲ့သတင်းကြောင့်ပါပဲ ။ အဲဒီသတင်းပြန့်သွားပြီးနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်က အဆင့်မြင့်သိုင်းသမားတွေက အဲဒီဓားကိုလုဖို့လာကြပါတော့တယ် ။အဲဒီသိုင်းသမားတွေထဲ ဘယ်သူကနတ်ဓားကိုပိုင်ဆိုင်သွားမလဲ ? နတ်ဓားနဲ့နတ်သစ်ပင်ရဲ့ဇစ်မြစ်ကရော ထင်ထားသလိုမျိုး ရိုးရှင်းမှုရှိပါ့မလား ။ နတ်သစ်ပင်ကိုစောင့်ရှောက်တဲ့နတ်သားရဲကြီးကရော နတ်ဓားကိုလွယ်လင့်တကူ‌ယူခွင့်ပေးပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : History , Action , Fantasy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Sianviathan ( 2024 )