Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liu Fengchao
5.8
Once Upon a Time in China ( 2024 )
1920-1930 ခုနှစ်ဝန်းကျင်လောက်က ရှန်ဟိုင်းမြို့ကြီးမှာ ဖြစ်ပါတယ်။ မြစ်ကမ်းစပ်မှာ သေတ္တာတစ်လုံးတွေ့ပြီး အထဲမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့တဲ့အတွက် ရှာဖေးလမ်းရဲစခန်းက တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ်။အင်္ဂလန်က ပညာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးစုံထောက်အသစ်စီးမာနန်က ဒီအမှုပို ဦးဆောင်စစ်ဆေးဖို့ တာဝန်ယူခဲ့ပါတယ်။ အထက်က ၅ ရက်အတွင်း အမှုဖော်နိုင်ရမယ်ဆိုတဲ့ ဖိအားကြောင့် စီးမာနန်၊ လော်ချုံးနဲ့ ချန်ခယ်တို့ဟာ အမှုကို ဖြေရှင်းဖို့ သဲလွန်စတွေကို လိုက်ရှာပါတော့တယ်။အလောင်းကို စစ်လိုက်တော့ သတ်ဖြတ်ပုံသတ်ဖြတ်နည်းက ထူးခြားနေတာကို တွေ့ရှိရပါတယ်။ သေသူရဲ့ ရင်ဘတ်ကို ခွဲစိတ်ဓားနဲ့ သပ်သပ်ရပ်ရပ်ခွဲပြီး နှလုံးကို ထုတ်ထားတာဖြစ်ပါတယ်။ ဒီလို ရက်စက်တဲ့ လူသတ်နည်းမျိုးကို လုပ်နိုင်တဲ့လူက ရှန်ဟိုင်းမှာသိပ်မရှိလှပါဘူး။မြစ်ဘေးမှာ သေတ္တာထဲက အမျိုးသမီးအလောင်းတွေ ဆက်တိုက်တွေ့ရတဲ့အခါမှာတော့...... စီးမာနန်တို့တစ်တွေ တရားခံအစစ်ကို ရှာတွေ့နိုင်မလား...... တရားခံအစစ်က ဘယ်သူဖြစ်လိမ့်မလဲ...... တရားခံက ဘယ်လိုအကြောင်းကြောင့် အမျိုးသမီးတွေကိုပဲ သတ်ဖြတ်ရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Filesize : 0.99 GB / 572 MB Quality : WEB-DL 1080p HEVC , 720p ...
movie
Once Upon a Time in China ( 2024 )
5.8
The Bodyguard ( 2024 )
CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျ ကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကို စမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့ အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့် လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူက ကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့ ကိုယ်ရံတော်မလေး ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ်လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီး ရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်က မသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ် အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့ ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကို မသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့ ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကို ဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော် Filesize : 1.27 GB / 668 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie
The Bodyguard ( 2024 )
6.2
Blade of Fury ( 2024 )
တကယ့်အက်ရှင်ကားမှ ကြည့်ချင်ပါတယ်ဆို ရှောင်လင်ကိုယ်ရင်ကတုံးလေးကားထဲက ကလေးသရုပ်ဆောင် ကတုံးလေးရဲ့ ၂၀၂၄ ခုနှစ်မှာ ထွက်တဲ့ ကားသစ်လေးကို ညွှန်ပေးလိုက်ပါတယ်... ဒီကားလေးကတော့ မိမိသည် မိမိဘာသာနေသော်လည်း ပြဿနာက မိမိအား လာရှာသော်အခါ ဆိုတဲ့ အတိုင်းပါပဲ.... ဇာတ်လိုက်မင်းသား ခွေးရူး ခေါ် ဖေရှင်း က ယနေ့ခေတ်အခေါ်ဆို ကြေးစားလူသတ်သမားပေါ့... ဒါပေမယ့် သူက ရုံးတော်က ဝရမ်းထုတ်ထားတဲ့ အပြစ်သားတွေကိုပဲ တကူးတက သတ်ပေးတဲ့ ကြေးစားသမား...ဒီတော့ သူ့အလုပ်သူလုပ်ချိန်မှာပဲ... ပုလဲသူခိုးဆိုပြီး သွားဖမ်းတာ ... သူခိုးသေပြီး ပုလဲရတနာမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်... မလွှဲသာတော့လည်း ရုံးတော်ကို အပ်ခဲ့တာ.. ဆုကြေးမရတဲ့အပြင် သူအပ်ခဲ့တဲ့ အမျိုးသမီးကိုလည်း ညတွင်းချင်း တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့ကြတယ်... နောက်တော့ သူ့ကိုသတ်ဖို့ပါ တခြားကြေးစားလူသတ်သမားတွေ ထပ်ငှားခဲ့ကြတယ်တဲ့... ဒီတော့ သူလည်း သူ့ကိုသတ်ဖို့ကြေးစားအထိငှားတဲ့သူကို ရှာရပါတော့တယ်ဒီအမျိုးသမီးကဘယ်သူလဲ... ဘာလို့ ထွက်ပြေးနေရတာလဲ နောက်ပြီး သူ့ကိုဘယ်သူသတ်ဖို့ကြိုးစားတာလဲ.... ဘာလို့ သတ်ဖို့ကြိုးစားတာလဲဆိုတာတွေကို စုံစမ်းနိုင်ပါ့မလား ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့မလဲဆိုတာ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပါ Filesize : 3.43 GB / 1.34 GB / 759 MB Quality : ...
movie
Blade of Fury ( 2024 )
4K HEVC
5.9
Treasure Hunting : The Palace of the North Hell (2024)
ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ် သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခု ဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့ လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက် ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းက ဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့က ခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ...... ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ...... ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့ အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.14 GB / 666 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Action , Mystery Runtime : 1h 27 min Subtitle : ...
movie
Treasure Hunting : The Palace of the North Hell (2024)
6.2
Black Storm ( 2024 )
အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်...ဇာတ်လမ်းအကျဉ်းလေးကတော့... ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့...ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့... တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့...တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်... တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ ... ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်... ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့... ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်..ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား... တခြား ဘာပတ်သက်မှုတွေရှိသေးလဲ... လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ... ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်... Filesize : 6.15 GB / 1.55 GB / 801 MB Quality : WEB-DL 4K HEVC , ...
movie
Black Storm ( 2024 )
4K HEVC
6.1
The Wild Blade of Strangers ( 2024 )
ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ သုတ်သင်ခံလိုက်ရပါတော့တယ် ။မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , ...
movie
The Wild Blade of Strangers ( 2024 )
6.1
Eye for an Eye 2 ( 2024 )
2023 တုန်းက ထွက်ရှိထားတဲ့ Eye For An Eye ( 2023 ) – Channel Myanmar ရဲ့ အဆက်ပဲဖြစ်ပါတယ်..အရင်ကားကြည့်ချင်ရင်တော့အပေါ်လင့်လေးမှာ ထောက်ကြည့်နိုင်ပါတယ်Eye for an eye 2 မှာ မျက်မမြင်သူရဲကောင်းဟာ တရားရုံးတော်က ဆုကြေးဝရမ်းထုတ်ထားတဲ့ လူဆိုးတွေကိုဖမ်းတဲ့ ကြေးစားတစ်ယောက်အဖြစ်လုပ်ကိုင်ပြီးနေခဲ့တယ်။ သူနေတဲ့မြို့မှာ အဖေ့ရဲ့ရာထူးကိုအားကိုးပြီး လူ့အသက်ကိုတန်ဖိုးမထား ထင်ရာဆိုင်းနေတဲ့ လူ့အမှိုက်တစ်ယောက်က သောင်းကျန်းနေပါတယ်။ကံဆိုးစွာနဲ့ အဲဒီလူရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ကလေးလေးတစ်ယောက်ကို မျက်မမြင်သူရဲကောင်းက မထင်မှတ်ပဲကယ်မိရာကနေ ကလေးလေးကသူ့နားမှာပဲတွယ်ကပ်နေပါတော့တယ်။ ကလေးလေးကလက်စားချေပေးဖို့ အကြိမ်ကြိမ်ပြောပေမယ့် လက်စားချေခြင်းဆိုတဲ့မပြန်လမ်းကိုမလျှောက်စေချင်တဲ့အတွက်အကြိမ်ကြိမ်ငြင်းခဲ့တယ်။ကံကြမ္မာကထင်သလိုမဖြစ်လာတော့ မျက်ကန်းသူရဲကောင်းတစ်ယောက် ကလေးလေးကိုကူပြီးလက်စားချေဖို့ဖြစ်လာခဲ့တယ်။ Eye for an eye အရင်ကားကိုကြည့်ဖူးသူတွေကိုတော့ မျက်ကန်းကြီးဘယ်လိုကြမ်းမလဲဆိုတာ ထူးထွေပြီးပြောပြနေစရာမလိုပါဘူး။ မကြည့်ဖူးသေးတဲ့သူတွေအတွက် ဒါကသိုင်းကားဖန်တွေအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie
Eye for an Eye 2 ( 2024 )