Channel Myanmar

Lisa Thornhill

After the Sunset (2004) 6.2
After the Sunset (2004) After the Sunset (2004)****************************အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာတစ်​နေ့မှာ​တော့ FBI ​အေးဂျင့် စတန်လေ ကိုယ်တိုင် ​စောင့်​ရှောက်​နေတဲ့ ကြားက​နေစိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲဒီစိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့စိန်တုံး သုံးတုံး ထဲက ဒုတိယ​မြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့​နောက်မှာ​တော့မက်စ်နဲ့ လိုလာတို့ဟာ သူခိုး​လောကက​နေ အနားယူခဲ့ပြီး Bahamas နိုင်ငံကParadiseကျွန်း​ပေါ်မှာ အပန်း​​ဖြေ​နေခဲ့ကြပါတယ်။ ဖြစ်ချင်​တော့ နပိုလီယံရဲ့ တတိယ​​မြောက်စိန်တုံးဟာ တ​နေ့မှာ Paradiseကျွန်း​ပေါ်ကို ဆိုက်ဆိုက်​​မြောက်​မြောက် ​ရောက်လာပါ​တော့တယ်။ဒီ​နောက်မှာ​တော့ ဘာ​တွေဆက်ဖြစ်ကြမလဲ။မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။တတိယ​မြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။FBI​အေးဂျင့် စတန်​လေ က​ရော ဒီတ​ခေါက် ဘာအကြံအစည်​တွေများ ရှိ​နေဦးမလဲ။သူတို့​တွေရဲ့ အားပြိုင်မှု ကြားထဲ Paradise ကျွန်း​ပေါ်က ​ဒေသခံ ဂိုဏ်း​တစ်ခုကပါပါ၀င်လာတဲ့ အချိန်မှာ​တော့......IMDb rating 6.2 ရရှိထားပြီး ကြာမြင့်ချိန် ၁နာရီ ၄၀မိနစ် ...
movie

After the Sunset (2004)

Life or Something Like It (2002)
Life or Something Like It (2002) ကြည့်သူတိုင်းကြိုက်ကြတဲ့ ရုပ်ရှင်ဇတ်ကားကောင်းတစ်ခုဆီးယက်တဲလ်ရုပ်သံလွှင့်ဌါနက သတင်းထောက်နဲ့ သတင်းကြေညာသူ လေးနီကာရီဂန်( အိန်ဂျယ်လီနာဂျိုးလီ)ရဲ့ ဘဝဟာ သူ့ကိုယ်သူရှေ့ဖြစ်ဟောဆရာလို့ အမည်တပ်ထားတဲ့ အိမ်ယာမဲ့ ဂျက်ခ်(တိုနီရှားလုဘ်)နဲ့တွေ့ပြီးဂျက်ခ်ကသူ(မ)လိုချင်တဲ့“ယူအက်စ်အေနက်ထ်ဝေါ့ခ်”ရုပ်သံလွှင့်ချန်နယ်ကြီးကအလုပ်ကိုလည်းမရဘူးပြီးတော့သူ(မ)တစ်ပါတ်ပဲအသက်ရှင်တော့မယ်လို့ဟောလိုက်တဲ့အခါအလုပ်အကိုင်ငွေကြေးရုပ်ရည်အချစ်ရေးဘဝကအစပြီးပြည့်စုံတယ်ထင်ရတဲ့သူ့ဘဝကိုပြန်သုံးသပ်ရမယ့်အခြေအနေကိုရောက်လာပါတယ်။ “ဂျက်ခ်ရဲ့ ရှေ့ဖြစ်ဟောပြောချက်တွေကိုမယုံပေမယ့်အခြားအတိအကျမှန်လာတဲ့အချက်တွေရှိလာခဲ့ပြီးနောက်တစ်ပါတ်ထိပဲအသက်ရှင်ရတော့မယ်လို့ ယုံလာတဲ့အခါ လေးနီတစ်ယောက်ရင်ဖွင့်ဖို့အနီးကပ်ဆုံးလူတွေကိုစကားစကြည့်တဲ့အခါသူတို့တစ်တွေရဲ့တုံ့ပြန်မှုတွေက ဘာတွေဖြစ်မလဲ။ဂျက်ခ်ရဲ့ဟောပြောချက်မှန်လာမလား။ဒီရက်သတ္တပါတ်အတွင်း လေးနီဘာအလှည့်အပြောင်းတွေကြုံရမလဲ။လူအများစုဟာ သေခြင်းတရားကိုမေ့လျော့နေကြပြီး ရှင်သန်နေထိုင်စဥ်ကာလမှာလည်း ဘယ်လိုနေထိုင်စိတ်ထားမယ်ဆိုတာကို သတိလက်လွတ်နေတတ်ကြပါတယ် ။ဒီရုပ်ရှင်ကရှင်သန်နေထိုင်ခြင်းနဲ့သေခြင်းတရားအတွက်အတွေးအခေါ်အယူအဆတွေကိုပြောပြမှာဖြစ်တယ်။တန်ဖိုးထားရမယ့်အရာတွေကိုလည်း ပြောပြပေးသွားမှာဖြစ်တယ်။အကြိုက်ဆုံးစကားလေးတွေက“တကယ်လို့ တစ်ပါတ်အတွင်းငါသေတော့မယ်ဆိုရင်-ငါကအချိန်အခိုက်တန့်တိုင်းကိုကြိုးစားပြီးနေထိုင်မှာ။လူတွေကိုသွားတွေ့မယ်ငါ့အတွက် အဓိပ္ပါယ်အရှိဆုံးသူတွေပြီးတော့ သူတို့မျက်နှာတွေကို ကြိုးစားပြီးအမှတ်တရဖြစ်အောင်လုပ်မယ်”ဇတ်လမ်းနဲ့လိုက်ဖက်တဲ့သီချင်းလေးတွေကိုထည့်သွင်းထားပြီး တစ်ချို့ဇတ်ဝင်ခန်းတွေက သင့်မျက်ရည်ကိုချူမယ့်ဇတ်ဝင်ခန်းတွေဖြစ်တယ်။ ဒါရိုက်တာက စတီဗင်ဟားရက်ခ်(Steven Herek)ကရိုက်ကူးထားပါတယ်။Edward Burns ( အက်ဒ်ဝါ့ဒ် ဘန်းစ်)က ပီးထ်အဖြစ် သရုပ်ဆောင်ထားပြီးအခြားသရုပ်ဆောင်များလည်းပါဝင်အားဖြည့်ထားပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin
movie

Life or Something Like It (2002)

The Family Man (2000) 6.8
The Family Man (2000) The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..?ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ...
movie

The Family Man (2000)

2000
Exploited (2022)
Exploited (2022) လူတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်လာနိုင်ပေမဲ့ တကိုယ်ရေပေါင်းသင်းရေးနဲ့ အပြင်လောကမိတ်ဆွေဖွဲ့ရေးတွေမှာတော့ အလုံးစုံကျရှုံးရပါတယ်။ ဆိုရှယ်မီဒီယာအကောင့်ပေါ်မှာ သူငယ်ချင်းထောင်နဲ့ချီပြီးရှိပေမဲ့ ပြင်ပလောကမှာတော့ အထီးကျန်ရှာတဲ့သူတွေဟာ ကွန်ပျူတာစခရင်ရှေ့မှာပဲ အချိန်ဖြုန်းကြရရှာတာပေါ့။အဲဒီအခါမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဘ်ကမ် ဖျော်ဖြေရေးသမားဆိုတာ ပေါ်လာပါလေရော။ သူတို့ဟာ တဖက်လူကပေးတဲ့ငွေကြေးအပေါ်မူတည်ပြီး ဝန်ဆောင်မှုတွေပေးကြပါတယ်။ လိင်ကိစ္စ အဖော်အချွတ်တွေ၊ အားပေးစကားပြောတာတွေ၊ သူတပါးကို မြှောက်ပင့်ပြောဆိုပေးရတာတွေ။ တစ်ခါတလေမှာ သူတို့ကိုပေးတဲ့ငွေကြေးက သိပ်များသလောက် ပြန်လုပ်ပေးရတဲ့အရာတွေကလည်း တရားလွန်လာပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့ ၂၀၂၂ ခုနှစ်ထွက် horror, crime, student Life ဇာတ်လမ်းလေးပါ။ စတာလင်တက္ကသိုလ်ကို ကျောင်းသားသစ် ခပ်ရိုးရိုးလေးတစ်ယောက်အနေနဲ့ ရောက်ရှိလာတဲ့ ဘရိုင်ယန် ဆိုတဲ့ကောင်လေး မျက်စိသူငယ် နားသူငယ်နဲ့ ကျောင်းသားကြီးတွေကြား ဟိုလိမ့်ဒီလိမ့်ပေါ့။သူ့အခန်းဖော်ဆီက မန်မော်ရီစတစ် တစ်ချောင်း မှားဖွင့်မိရာကနေ သူနဲ့ သူ့အစ်ကို ပါဝင်ပက်သက်မိတဲ့ ဇာတ်ရှုပ်ကြီးကို ဖြေရှင်းကြရတာပါ။ တယောက်ယောက်ကတော့ ကျောင်းသားတွေရဲ့ ကွန်ပျူတာတွေကို ဟက်ခ်ပြီး ...
movie

Exploited (2022)

Red Dragon (2002) 7.2
Red Dragon (2002) Red Dragon (2002)================IMDb Rating - 7.2/10#Unicodeခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Nortonတို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်း ******** ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုးဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာသူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာလူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးသူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေကမပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်းတိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius ...
movie

Red Dragon (2002)

2002