Channel Myanmar

Lilyan Chauvin

The Man Who Wasn’t There (2001) 7.5
The Man Who Wasn’t There (2001)  မရှိခဲ့တဲ့သူတစ်ယောက်အကြောင်းမနေ့က လှေကားခွင်မှာမရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူရှိမနေပြန်ဘူးဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။မနေ့က လှေကားပေါ်တက်လာတော့မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူးဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။“Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ...
movie

The Man Who Wasn’t There (2001)

Universal Soldier (1992) 6.1
Universal Soldier (1992) 90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ ...
movie

Universal Soldier (1992)

Predator 2 (1990) 6.3
Predator 2 (1990) Predator 2(1990)IMDb Rating (6.3)ဒီဇာတ်ကားကတော့ ၁၉၈၇ မှာထွက်ရှိခဲ့တဲ့မင်းသားကြီးအာနိုးရဲ့ Predator ဇာတ်ကားရဲ့ Sequel ပါပဲ။ တခြားကမ္ဘာကဂြိုဟ်သားတွေကို ရဲတပ်ဖွဲ့ဝင်တွေကရင်ဆိုင်တိုက်ခိုက်ရတဲ့ဇာတ်လမ်းနဲ့ဗီလိန်ဖြစ်တဲ့ Predator ကိုသာကျောရိုးယူထားပြီး အဓိကဇာတ်ဆောင်တွေနဲ့ Storyline ပဲကွာသွားတာပါ။ဒီတစ်ခါမှာတော့ရဲအုပ်ကြီးဟယ်ရီဂန်နဲ့သူ့ရဲ့အဖွဲ့က ဒီအမျိုးအမည်မသိရပဲ လူအစုလိုက်သတ်ဖြတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ Predator ကိုကြိုးစားဖမ်းဆီးကြပုံတွေကို ထုံးစံအတိုင်းအက်ရှင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုရမှာပါ။ အက်ရှင်အသားပေးသိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာကြောင့်ရှည်ရှည်ဝေးဝေးညွှန်းစရာရယ်တော့သိပ်မရှိလှပါဘူး။ ထူးခြားချက်ကတော့ သူ့ခေတ်သူ့အခါနဲ့အထူးပြုလုပ်ချက်တွေကတကယ်ကိုချီးကျူးစရာပါ။အခုအချိန်မှာတော့ ဒီ Predator franchise ထဲကဇာတ်ကားခုနစ်ကားထိထွက်ရှိထားပြီဖြစ်ပြီး နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Prey ဟာဆိုရင်ဒီနှစ်ထဲမှာပဲလောလောလတ်လတ်ထွက်ရှိထားတာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/  ကြည့်ပါ။File size…(2.8 GB)/(1.2 GB) Quality…BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie

Predator 2 (1990)

1080p HEVC
Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002