Channel Myanmar

Libia Regalado

Lucca’s World (2025) 6.6
Lucca’s World (2025)  Cerebral palsy လို့ခေါ်တဲ့ ဦးနှောက်အကြောသေရောဂါကြောင့်လူကာဆိုတဲ့ကလေးငယ်ဟာ စကားမပြောနိုင် ၊ အစားမစားနိုင်သလိုလမ်းလည်းမလျှောက်နိုင်ပါဘူး။ မိခင်ဖြစ်သူဘာဘာရာကတော့ကလေးမွေးတုန်းက သူမညှစ်နိုင်ခဲ့လို့ဖြစ်ရတာဆိုတဲ့အပြစ်ရှိစိတ်နဲ့လူကာကိုလူကောင်းလိုဖြစ်တဲ့အထိ ကုသပေးမယ်လို့ ဆုံးဖြတ်ထားသူပါ။တစ်ရက်မှာတော့ ဆိုင်တိုထရွန်လို့ခေါ်တဲ့ အိန္ဒိယကစက်တစ်မျိုးအကြောင်း သိလိုက်ရတာကြောင့် ဘာဘာရာတို့မိသားစုဟာ အိမ်ပေါင်ပြီးလူကာကို အိန္ဒိယခေါ်လာခဲ့ကြပါတယ်။ ဆိုင်တိုထရွန်ကြောင့် လူကာရဲ့ဦးနှောက်နှစ်ခြမ်းဟာ ဆက်သွယ်မှုတွေလုပ်နိုင်လာပြီး အစားစားတာ၊စကားပြောတာနဲ့လမ်းလျှောက်တာတွေကို စလုပ်လာနိုင်ခဲ့ပါတယ်။ကုသမှုပြီးလို့ မက္ကစီကိုကိုပြန်ခဲ့ရပေမယ့် ဘာဘာရာကတော့ဆိုင်တိုထရွန်နဲ့ဆက်ကုမယ်ဆိုရင် လူကာဟာ အခုထက်ပိုတိုးတက်လာနိုင်တာကိုသိနေပေမယ့် သူတို့မိသားစုကလည်း အိန္ဒိယအထိထပ်ခရီးနှင်ဖို့မတတ်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ မက္ကစီကိုဆိပ်ကမ်းတစ်ခုမှာ အမေရိကန်ကိုပို့ဆောင်ဖို့ ဆိုင်တိုထရွန်စက်နှစ်လုံးရောက်နေကြောင်းသိရှိလိုက်ရတာကြောင့် ဘာဘာရာတစ်ယောက်ဒီစက်တွေကို အမေရိကန်အထိမရောက်ဘဲ မက္ကစီကိုကလေးဆေးရုံမှာတင်အသုံးချနိုင်အောင် စတင်ကြိုးပမ်းပါတော့တယ်။ဘာဘာရာရဲ့စိတ်ကူးအတိုင်း ဆိုင်တိုထရွန်စက်တွေကို မက္ကစီကိုမှာတင်တကယ်ပဲအသုံးပြုနိုင်သွားမှာလား။လူကာကရော ဘယ်အခြေအနေအထိပြန်ကောင်းလာမှာလဲဆိုတာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.34GB) / (732MB ) Quality… WEB-DL  1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Lucca’s World (2025)

Radical (2023) 8
Radical (2023) Radical (2023)~ IMDb - 8/10, RT - 94%, Meta - 70% ~Directed by "Christopher Zalla"မက္ကဆီကန်နယ်စပ်က ဘယ်သူမှဘောင်မသွင်းကြတဲ့ အပယ်ခံကျောင်းက အပယ်ခံအတန်းကို အတန်းပိုင်ဆရာအသစ်ယောက်ရောက်လာခဲ့တယ်။ အဲဒီအတန်းက ကျောင်းသားတွေမှာ အမှိုက်ကောက်စားရတဲ့ကလေးတွေလည်းပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ကလေးတွေလည်းပါတယ်။ အောက်ခြေလူတန်းစားကလေးတွေချည်းပေါ့။ ဒီလိုကလေးတွေလည်း ဖြစ်နေသလို စာမေးပွဲမှာလည်း အမှတ်တွေမကောင်းကြတော့ အားလုံးက ဝိုင်းကြဉ်တာခံနေရတဲ့ အတန်းဆိုလည်း မမှားဘူး။ ရောက်လာတဲ့ဆရာက "ခေတ်ကြောင့်ကလေးတွေဟာ ထက်လာကြပေမဲ့ ပညာရေးစနစ်ကတော့ အဲဒီလို ထက်တဲ့ ကလေးတွေနဲ့ မလိုက်အောင် ခေတ်နောက်ကျန်နေတဲ့အရာ" လို့ ယုံကြည်တဲ့သူ။ သူ့စကားအရတော့ ခေတ်ကြီးကလည်း ပြောင်းလဲသွားပြီ။ ကလေးတွေလည်း ပြောင်းလဲသွားကြပြီ။ ပညာရေးနစ်ကြီးကပဲ နှစ်တစ်ရာလုံး ဘာမှမပြောင်းလဲဘဲ ကျန်နေတယ်တဲ့။ ဒီပညာရေးစနစ်ကြီးက လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက ကလေးတွေကို ယန္တရားအသေကြီးတစ်ခုထဲက အစိတ်အပိုင်းအသေလေးတွေဖြစ်လာပြီး သူတို့အိပ်မက်နောက် သူတို့မလိုက်နိုင်အောင် ...
movie

Radical (2023)

2023