Channel Myanmar

Liang Jing

Upstream ( 2024 ) 6.2
Upstream ( 2024 ) အသက်(၄၅)နှစ်အရွယ်ပရိုဂရမ်မာတစ်ယောက်ဟာ ကုမ္ပဏီမှာ(၁၀)နှစ်ကျော်လုပ်ခဲ့ပေမယ့် လူငယ်တွေလောက်မလုပ်နိုင်တော့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါ အသက်အရွယ်နဲ့အတွေ့အကြုံအရ သတ်မှတ်လစာများတဲ့အတွက် ဘယ်ကုမ္ပဏီမှမခန့်ချင်ပဲ အလုပ်ရှာရခက်နေပါတယ်။သူဟာ မိသားစုအားလုံးကိုထောက်ပံ့နေရတဲ့သူဖြစ်တဲ့အတွက် ဖိအားတွေအများကြီးနဲ့ အကြပ်ရိုက်နေပါတယ်။ ကြံရာမရဖြစ်နေတဲ့အချိန်မှာ Delivery ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး Deliအလုပ်ကိုလုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တမ်းလုပ်ကြည့်တဲ့အခါကျမှ Deliveryအလုပ်ဟာမလွယ်ကူမှန်းသိလိုက်ရတယ်။ ဒါပေမယ့်လဲ မိသားစုအတွက် သမီးလေးရဲ့အနာဂတ်အတွက် ရှိတဲ့မာနတွေကိုချထားပြီး ကြိုးစားပြီးလုပ်သွားတဲ့အကြောင်းကိုရိုက်ထားတဲ့ အလုပ်ကြိုးစားတဲ့သူတွေ အားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 2.20 GB / 1.13 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama  Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Upstream ( 2024 )

The Day We Lit Up The Sky ( 2021 ) 5.6
The Day We Lit Up The Sky ( 2021 ) ဘဝမှာ ကိုယ့်ကိုသူများတွေက ဘယ်လိုပဲမြင်မြင် ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပျက်ရယ်ပြုပြု ကိုယ်ပျော်နေဖို့က အဓိကပါပဲ ကျွန်တော်တို့သာ လောကကြီးမှာ လေလာရာယိမ်းနေတဲ့ မြက်ပင်လေးလို ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်စိတ်ကြိုက်သာ နေလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲလို့ တွေးမိတယ် ခံစားမိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှောင်ဟွမ်ဟာ အရမ်းကို အကတော်ပြီး ကချင်ပေမဲ့လည်း အသားညိုပြီးအရပ်ပုတာကြောင့် ငါးခြောက်မလို့ အခေါ်ခံရကာ မိန်းကလေးကျောင်းမှာ အနှိမ်ခံရတဲ့လူတစ်ပါ တစ်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုမှာ အကအဖွဲ့တစ်ဖွဲ့လုံးညီညီညာညာကနေချိန်မှာ ရှောင်ဟွမ်က သူ့​စိတ်ကြိုက်စည်းချက်နဲ့ အတိုင်း ဘေးကနေ ပျော်မြူးကာ ကနေတာကို လောင်ကော်ဆိုတဲ့ကောင်လေးက တွေ့သွားပြီး စိတ်ဝင်စားသွားပါတော့တယ် လောင်ကော်ကတော့ ရှောင်ဟွမ်တို့ကျောင်းမျက်နှာချင်းဆိုင်က ယောကျာ်းလေးကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ​လောင်ကော်ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူ အရှုံးသမားလိုဆက်ဆံခံနေ ​ရတာပါ ဒါကို ဆက်သည်းမခံနိုင်ဘဲ သူတို့တွေ တစ်ခုခုကြီးကြီးကျယ်ကျယ်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာကတော့ ပျော်နေတဲ့အချိန်မှာ ပိုပျော်ရွှင်မှုပေးနိုင်ပြီးတော့ ဝမ်းနည်းအားငယ်နေချိန်မှာတော့ နှစ်သိမ့်မှုပေးနိုင်တဲ့ အက ကဖို့ပါပဲ ဒီလိုနဲ့ ရှောင်ဟွမ်နဲ့ လောင်ကော်တို့ သူငယ်ချင်းလေးယောက် ပေါင်းမိသွားပြီး လူတွေကိုသက်သေပြဖို့ သူမတူတဲ့နည်းလမ်းတွေကို သုံးကာ သူတို့ရဲ့ ဖြစ်တည်မှုကို ဘယ်လိုမျိုးရှာဖွေမလဲဆိုတာကို သီချင်း အကလေးတွေ ဟာသတွေ တပုံကြီးနဲ့ နှောပြီးတော့ ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : ...
movie

The Day We Lit Up The Sky ( 2021 )

Black Dog ( 2024 ) 7.2
Black Dog ( 2024 ) ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie

Black Dog ( 2024 )

The Eight Hundred ( 2020 ) 7.2
The Eight Hundred ( 2020 ) IMDB 7.2 ရရှိထားပြီးစစ်ကားကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့်august 21 2020မှာထွက်လာပြီး Budget $80millionသုံးထားတဲ့တရုတ်ဖြစ်ရပ်မှန် ဇာတ်ကားလေးပါBox office ဝင်ငွေ $451.5million စံချိန်တင်လည်းချိုးထားပါတယ်တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား၈၀၀ ရဲ့လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာတိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့တပ်သား၈၀၀အဖွဲ့ဟာတပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်..တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့်အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့်၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်.....ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲနယ်မြေသစ်မှာပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ.....တရုတ်တပ်သားတွေအသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ထက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်းဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်...ဒါပေမယ်လဲ နယ်မြေသစ်ရဲတံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမှာပါ....လိုနေတဲ့ရိက္ခာတွေကို အသက်စွန့်ပြီး ပို့ပေးမယ့်သူတွေပေါလာတဲ့အခါ....တပ်သားတွေရဲ့အသက်စွန့်ပြီးရဲဝံ့စွာတိုက်ခိုက်မှုတွေကြောင့်သတင်းစာမှာဖော်ပြခံရပြီးနိုင်ငံတစ်ကာက ချီးမွမ်းခဲ့ကြပေမယ့်လက်နက်အင်အားကြီးနေတဲ့ဂျပန်နိုင်ငံနဲ့ရန်ငြိုးမဖွဲ့လိုလို့ တရုတ်နိုင်ငံကို ဘယ်သူမှတပ်ကူမပေးလိုတဲ့အခါ.....တပ်သား၈၀၀ ကျော်ရဲ့အရှုံးမ ပေးပဲ အသက်စွန့်တိုက်ခိုက်မှုဟာတရုတ်ပြည်သူတစ်ရပ်လုံးကိုနိုးထစေခဲ့ပြီးနောင်တစ်ချိန်ကွန်မြူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာဂျပန်ကိုတစ်ကြိမ်ထဲနဲ့ အပြတ်တိုက်ထုတ်နိုင်ခဲ့ပါတယ်.... Translated & Reviewed By Phyo ZawEncoded By LK
movie

The Eight Hundred ( 2020 )

The Island (2018) 6.4
The Island (2018) ဒီဇာတ်ကားအကြောင်းကိုပြောရမယ်ဆို ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်လို့တွေးမိပါတယ် ဘာလို့များလဲ ကျွန်တော်လဲလူသားတစ်ယောက်ပဲကိုး.. ကျွန်တော်တို့လူသားတွေက ဂုဏ်တွေ ပညာတွေနဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေနဲ့ဒီလောကကြီးထဲမှာနေထိုင်နေရတာမဟုတ်လား လူတိုင်းမှာ မကောငး်စိတ်ဆိုတာရှိစမြဲပဲလေ အဲ့လိုမကောငး်တဲ့စိတ်ကိုပဲ အသိပညာနဲ့ စည်းမျဉ်းတွေကထိန်းချုပ်ထားတာမဟုတ်လား လူတွေရဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ အတ္တ မာနနဲ့ အကောက်ကြံမှုတွေကဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ ရှင်းပါတယ် စိတ်ကွယ်ရာအရပ် သို့မဟုတ် ဥပဒေကင်းလွတ်တဲ့အရပ်မှာဘွင်းဘွင်းကြီးထွက်ပေါ်လာတတ်တယ်မဟုတ်လား ဒီဇာတ်ကားကလဲဒီသဘာဝကို အထင်းသားမြင်ရအောင်ရိုက်ပြထားပါတယ် .. ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကိုနှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ်ပို့ပေးပါတယ် ကမ္ဘာ့အပြင်ဘက်ကဥက္ကာခဲအန္တရာယ်ကိုလျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ်ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့်ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ်သောင်တင်ခဲ့ပါတော့တယ် သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်ကပါဝင်ခဲ့ပြီးပရော်ဖက်ဆာရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့်ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့သူတို့သာကျန်တော့ကြောင်းအဖြေထွက်လာပါတော့တယ် ဒီတော့.. စည်းလုံးမှုတွေလဲပြိုကွဲ နောက်ဆုံးကျန်ခဲ့တဲ့လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲလိုချင်တပ်မက်လာတဲ့အခါ.. မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာပေါ်ပေါက်လာပါတော့တယ်.. အတ္တတွေ တပ်မက်မှုတွေနဲ့ လူတစ်စုကျွန်းပေါ်မှာဘယ် လိုအသက်ရှင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ.. ဒီဇတ်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကို လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

The Island (2018)

2018
S.M.A.R.T. Chase (2017) 4.1
S.M.A.R.T. Chase (2017)  S.M.A.R.T Chase (The Shanghai Job) (2017)ပထမတစ်ကြိမ်တုန်းက အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ အလွတ်တန်းလုံခြုံရေးအေးဂျင့် ဒန်နီစတက်တန်ဟာ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ အခွင့်အရေးတစ်ခု ထပ်မံရရှိခဲ့ပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံရဲ့ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုကို ရှန်ဟိုင်းကနေ လန်ဒန်ကို ပို့ဆောင်ပေးဖို့ပါပဲ။ဒုတိယတစ်ကြိမ်မှာလည်း ထပ်မံလုယက်ခံရပြန်တာကြောင့် သူ့ရဲ့အဖွဲ့ဝင်တွေနဲ့အတူ ရန်သူတွေနောက် လိုက်ပြီး ပစ္စည်းပြန်ရဖို့ သက်စွန့်ဆံဖျားကြိုးပမ်းခဲ့ပါတယ်။ အဲဒီမှာ သူသိလိုက်ရတာက အခုသူတို့လိုက်နေတဲ့ ရန်သူတွေဟာ ပထမတစ်ခေါက်က သူတို့ဆီကနေ ဗန်ဂိုးပန်းချီကားလုယူသူတွေနဲ့ တစ်ဖွဲ့တည်း ဆိုတာပါပဲ။အဲဒါကြောင့် ဒန်နီတစ်ယောက် အရင်ကကျဆင်းခဲ့ရတဲ့ သူ့တို့အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ အတွက် အဲဒီအဖွဲ့နောက်ကို ရေကုန်ရေခန်း လိုက်ပြီး လုယူခံလိုက်တဲ့ ပစ္စည်းတွေကို ပြန်ယူဖို့ ကြိုးပမ်းပါတော့တယ်။ အောင်မြင်ခါနီးမှ ချစ်ရသူရဲ့ အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်ခံရတာကြောင့် ချစ်သူနဲ့ ဂုဏ်သိက္ခာကြား ရွေးချယ်ရဖို့ ဖြစ်လာပါတယ်။အဲဒီလိုနဲ့ ဒန်နီတစ်ယောက် သူရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ပါ့မလား၊ ချစ်သူကိုရော ကယ်ဆယ်နိုင်ပါ့မလားဆိုတာကို အဖွဲ့လိုက် ...
movie

S.M.A.R.T. Chase (2017)

2017