Channel Myanmar

Liang Chao

Er-Lang God of the New Legend of Deification ( 2023 ) 5.9
Er-Lang God of the New Legend of Deification ( 2023 ) တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ မျက်စိသုံးလုံးပါတဲ့ အာ့လန်နတ်မင်းကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်လေးကတော့ အာ့လန်တစ်ယောက် နတ်မင်းမဖြစ်ခင်က သာမန်လူသားဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ယန်ကျန်ဟာ အဖေနဲ့ညီမလေးနဲ့အတူ ကြီးပြင်းလာခဲ့ပြီး အမေက ဘယ်သူလဲဆိုတာ သိချင်နေတဲ့ အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ရွာထဲက ကလေးခိုးသွားတဲ့ မိစ္ဆာတစ်ကောင်နောက်လိုက်ခဲ့ပြီး သူက လူတစ်ပိုင်း နတ်တစ်ပိုင်းဖြစ်ကြောင်း သိခဲ့ရပါတယ်။သူက အတင်းအကြပ်မေးတဲ့အတွက် သူ့အဖေကလည်း မတတ်နိုင်တော့ဘဲ ယန်ကျန်ရဲ့ အမေက နတ်သမီးတစ်ပါးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ က မီးမိစ္ဆာကြီး ချုံမင်ကို နှိမ်နင်းဖို့အတွက် မက်မွန်တောင်အောက်မှာ အပိတ်ခံထားရကြောင်း သိခဲ့ပါတယ်။အမေ့ကို ကယ်ဖို့အတွက် တားမြစ်စည်းထဲ ဝင်သွားတဲ့ ယန်ကျန်ကို ဘယ်လို စိန်ခေါ်မှုမျိုးတွေက စောင့်နေမလဲ...... သူတို့ သားအမိတစ်တွေ ပြန်ဆုံစည်းရပါ့မလား...... မိစ္ဆာကြီး ချုံမင်ကရော ဘယ်လို အန္တရာယ်မျိုးတွေ ရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။ Filesize : 1.07 GB / 600 MB Quality : WEB-DL 1080p HEVC ...
movie

Er-Lang God of the New Legend of Deification ( 2023 )

Kung Fu Boys (2016) 5
Kung Fu Boys (2016) ဆင်းဆင်းရဲရဲမွေးလာရတာနဲ့ အနိင်ကျင့်ခံနေရတော့မှာလား...... အကြားအာရုံချို့ယွင်းတာနဲ့ လှောင်ပြောင်ခံရတော့မှာလား..... လူငယ်လေးရဲ့သူရဲကောင်းအိပ်မက်က မဖြစ်နိုင်တဲ့တောင်းဆုတစ်ခုပဲလား...... နိဒါန်းမှာစုတ်ပြတ်နေလဲ နိဂုံးမှာဘုရင်အဖြစ်နဲ့ အဆုံးသတ်အောင်လုပ်နိုင်ပါတယ်။ ဆင်းရဲနုံချာပြီး အကြားအာရုံချို့ယွင်းနေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ထိပ်ဆုံးကိုရောက်ဖို့ကြိုးစားပြီ တိုက်ပွဲဝင်ပုံလေးကို နွေးထွေးတဲ့အချစ်တွေနဲ့ သတ္တိအစွမ်းတွေကိုဖော်ကျူးထားတဲ့ Kung Fu Boys ဒုတိယကား လူငယ်ကွန်ဖူးကားလေးဖြစ်ပါတယ်။Quality - WEB DL 1080p,720p Format - mp4 Genres - Action, Drama Runtime - 1 hr 35 min Subtitle - Myanmar Subtitile (Hardsub) Translated by CM Team Reviewed by Nu Mon Encoded by LK
movie

Kung Fu Boys (2016)

Keep You Safe ( 2023 ) 6
Keep You Safe ( 2023 ) ပိုင်ဆိုင်မှုအားလုံးကို မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့တဲ့အတွက် နာမည်ကြီးသွားတဲ့ "အလှူရှင်အစ်မ" ကြီးဟာ တစ်ညအတွင်းမှာပဲ ကလပ်မှ "ကောင်မလေး" အဖြစ် သတင်းထွက်လာသောအခါ......အခုတစ်ခေါက် CM ပရိသတ်တွေအတွက် Keep you safe ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -သူငယ်ချင်းအတွက်နဲ့ ရန်ဖြစ်ပြီး ထောင်ကျခဲ့တဲ့ ဝေ့ဖျင်အန်းဟာ ထောင်ထွက်ပြီးနောက် သင်္ချိုင်းမြေရောင်းသူအဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။ လူလတ်အရွယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေတဲ့ ဝေ့ဖျင်အန်းဟာ သူ့ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဖောက်သည်ဖြစ်သူ ဟန်လုရဲ့ ကောလာဟလ သတင်းကို ကြားသိခဲ့ရပါတယ်။ထို ကောလာဟလသတင်းကို ဖြေရှင်းနိုင်ရန်အတွက်၊ ကတိတစ်ခုအတွက် ဝေ့ဖျင်အန်းဟာ ကောလာဟလတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာပါတော့တယ်။ လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ပြည့်နက်နေခဲ့တယ်။ သူ့ညီမဖြစ်သူ ဝေ့ရူရိကလဲ ကောလာဟလဖြန့်တဲ့ထဲ ပါနေပြီး ချမ်းသာကြွယ်ဝလှတဲ့ ဒါရိုက်တာဖုန်ရဲ့ လိုက်လံ နှောင့်ယှက်ခြင်းကိုလဲ ခံခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ သူဟာ "ကိုယ်မှန်တယ်ထင်တဲ့အရာကိုလုပ်ခြင်း" က ပိုပြီးတော့ စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ ဝေ့ဖျင်အန်းတစ်ယောက် ကောလာဟလတွေကို ဖြေရှင်းနိုင်ပါ့မလား...... ဟန်လုရဲ့ သင်္ချိုင်းနေရာကိုရော ထိန်းသိမ်းထားပေးနိုင်မလာ...... ဆိုတာကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL ...
movie

Keep You Safe ( 2023 )

Ping-Pong: The Triumph ( 2023 ) 6
Ping-Pong: The Triumph ( 2023 ) ယခုတစ်ခေါက် CM က ပရိသတ်တွေအတွက် Ping Pong The Triumph ဆိုတဲ့ အားကစားရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1990 ပြည့်နှစ်အစောပိုင်းနှစ်တွေမှာ တရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲဟာ ဆွီဒင်အဖွဲကို အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ ၃ နှစ်ဆက်တိုက် ချန်ပီယံဖလားနဲ့ ဝေးကွာခဲ့တဲ့ ပင်ပေါင်အဖွဲဟာ ရှုံးနိမ့်မှုကြီးနဲ့ ကြုံနေရပါတယ်။တိုက်မင်ကျားက ဦးဆောင်တဲ့ နည်းပြအဖွဲ အသစ်ကို တရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲကို ပြုပြင်ပြောင်းလဲပေးဖို တာဝန်ပေးအပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ 1995 ခုနှစ် ထျန်းကျင်းနိုင်ငံတကာပင်ပေါင်ပြိုင်ပွဲမှာ ချန်ပီယံဆွဲနိုင်ရန် ဖြစ်ပါတယ်။နိုင်ငံတော်ပင်ပေါင်နည်းပြချုပ်အသစ်ဖြစ်သူ တိုက်မင်ကျားက နည်းပြချုပ်ရွေးချယ်ပွဲမှာ " ၂ နှစ် ၁၀ နှစ်မလိုဘူး" ဆိုတဲ့ စကားကြီးစကားကျယ်ပြောပြီးနောက်...... ၂ နှစ်အတွင်းမှာ အမျိုးသားပင်ပေါင်အဖွဲကို ချန်ပီယံအဖြစ်လေ့ကျင့်ပေးနိုင်မလား...... နိုင်ငံတော်အဖွဲထဲကိုရော ဘယ်လို အားကစားသမားတွေ ဝင်လာမလဲ ...... ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ကြဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Sport , Drama Runtime : 2h 17 min Subtitle ...
movie

Ping-Pong: The Triumph ( 2023 )

Looking Up (2019) 6.1
Looking Up (2019) Looking Up (2022)ဒီလိုကားမျိုးကို ရီဗျူးရေးဖို့ အများကြီးစဉ်းစားရပါတယ်။ ဇာတ်လမ်းကကောင်းပြီး ရီဗျူးချာသွားမှာဆိုးလို့ပါ။ ရီဗျူးကို သည်းခံဖတ်ပြီး ဘယ်လိုနေနေ ဇာတ်ကားကိုတော့ဒေါင်းပြီးကြည့်လိုက်ကြပါ။ ပေးရတဲ့အချိန်နှစ်နာရီခွဲနဲ့တန်အောင် ကြည့်ရမှာပါ။ ဘာသာပြန်နေရင်းနဲ့တောင် ကြက်သီးမွှေးညင်းထရတဲ့အထိ ဒိုင်ယာလော့ခ်တွေက ထိမိသလို Deng Chao၊ Bai Yu၊ Li Jianyi တို့လိုဝါရင့်သရုပ်ဆောင်တွေမို့ အကယ်ဒမီရှော့ခ်ပါပဲဗျာ။တရုတ်ပြည်ရဲ့အသက်အငယ်ဆုံး အာကာသယာဉ်မှူးဖြစ်တဲ့ မာဖေး အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး တရုတ်ပြည်ရဲ့ ပြောင်းလဲဖို့ကြိုးစားနေတဲ့ ပညာရေးစနစ်အပြင် မိဘနဲ့သားသမီးကြားက သံယောဇဉ်နဲ့ယုံကြည်မှုကို အဓိကရိုက်ပြထားပါတယ်။တုန်းဖေနယ်ရဲ့ ဂုဏ်ထူးဆောင်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဟောက်ဝန်က သူဒီဇိုင်းဆွဲထားတဲ့တံတားကြီး ပြိုကျပျက်ဆီးသွားလို့ ရှိသမျှအပြစ်တွေအကုန်လက်ခံလိုက်ပြီး ထောင်ကျခဲ့ပါတယ်။ သူအရမ်းချစ်တဲ့သားလေး မာဖေးကတော့ ဉာဏ်မမှီတဲ့သူဆိုပြီး လူတွေအားလုံးက လက်ညှိုးထိုးနေကြတဲ့ ထူးခြားတဲ့ကလေးတစ်ယောက်ပေါ့။ ခုနစ်နှစ်ကြာပြီး မာဖေးကျောင်းထုတ်ခံရတဲ့အချိန်ကျမှ သားအဖနှစ်ယောက်ပြန်တွေ့ကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဖခင်တစ်ယောက်က ကလေးတစ်ယောက်ကို စိတ်ဓါတ်သန်မာလာအောင်၊ ပြဿနာနဲ့ကြုံတွေ့ရင် ဖြေရှင်းတတ်အောင်၊ စဉ်းစားတတ်အောင် ဘယ်လိုမျိုးလေ့ကျင့်ပေးလဲဆိုတာကို ဒီကားလေးကြည့်ပြီး အတူတူလေ့လာလိုက်ကြရအောင်နော် ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | ...
movie

Looking Up (2019)

2019
Knock Knock ( 2021 ) 6.8
Knock Knock ( 2021 ) ဒီ knock knockဇာတ်ကားတော့ တော်တော်စဉ်းစားပြီးခေါင်းခြောက်စွာကြည့်ရမဲ့ မှုခင်းဇာတ်ကားလေးပါဇာတ်ကားအစမှာတော့ လောင်လီဆိုတဲ့သူခိုးတစ်ယောက်က သူ့ရဲ့သားလေးဆေးကုပေးဖို့အတွက်ပိုက်ဆံခိုးဖို့ လူနေအဆောက်အအုံဟောင်းတစ်ခုကို ဝင်သွားတာကနေ စတင်ခဲ့တဲ့ လူသတ်မှုတစ်ခုဖြစ်ပါတယ်အဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က ထူးထူးဆန်းဆန်းအသတ်ခံထားရတာကိုတွေ့ပါတယ်အဲ့အချိန်မှာ သူခိုးဖြစ်သူ လောင်လီက အိမ်ထဲမှာ လူငယ်တစ်ယောက်ကိုတွေ့ရာမှလူသတ်သမားထင်ပြီး ဒီလူသတ်အမှုကြီးထဲလည်းမပါအောင် ပိုက်ဆံလည်းရအောင် ခြိမ်းခြောက်ပြီးငွေညစ်ရာမှပစ္စည်းပို့သမား‌ဖြစ်တဲ့ မာမင်လျန့်က ရုပ်တရက်ကြီးအဆောက်အအုံထဲကိုရောက်နေပါတယ်သူတို့ ၃ယောက် ဒီအမျိုးသမီးအလောင်းကိုကြည့်ပြီး ဘယ်လိုဆက်လုပ်ကြမလဲပစ္စည်းပို့သမား မာမင်လျန့်ကရော ဘာဖြစ်လို့အိမ်ထဲကိုရောက်နေတာလဲလူသတ်သမားက ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးကြပါ Quality : WEB-DL 1080pFormat : mp4Genres : Comedy , Drama , Crime , MysteryDuration : 1h 47minSubtitle : Myanmar Subtitle ( Hardsub )Translated By A Pu Lay & Nu MonEncoded By ...
movie

Knock Knock ( 2021 )