Channel Myanmar

Levi Miller

Kraven the Hunter (2024) 5.4
Kraven the Hunter (2024) အားလုံးမျှော်နေတဲ့ Sony ရဲ့ Spider-man ဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့လူသားတစ်ပိုင်းမုဆိုးရိုင်း Kraven the Hunter ရဲ့ Origin Story ထွက်လာပါပြီ...နာမည်ကြီး မင်းသား Aaron Taylor Johnson က ဦးဆောင်ပါဝင်ထားပြီး Russel Crowe လို သဘာရင့်မင်းသားကြီးတွေလည်း ပါဝင်အားဖြည့်ထားပါတယ်ဘာပဲဖြစ်ဖြစ် Spider-man , Venom တို့ Universe ထဲက Anti-Hero ဇာတ်ကောင်တစ်ကောင်ဆိုတော့ ..သေချာပေါက်စောင့်ကြည့်ရမယ့်ကားပါ...မကောင်းမှုဒုစရိုက်နဲ့အသက်မွေးတဲ့ ဖခင် နီကိုလိုင်ခရေဗင်နော့စ်မှာ ဆာဂေးနဲ့ ဒီမီထရီဆိုတဲ့ သား ၂ ယောက်ရှိပါတယ်...ဖခင့်ရဲ့ နိုင့်ထက်စီးနင်းဆက်ဆံမှုတွေကြောင့် သား ၂ ယောက်လုံး နီကိုလိုင်ကို ငယ်ငယ်ထဲကမုန်းနေကြတာပါ...ဒါပေမယ့် သူတို့အမေဖြစ်သူ အဆုံးစီရင်သွားတဲ့အချိန်မှာတော့နီကိုလိုင်းက သား ၂ ယောက်လုံးကို အမဲလိုက်ပညာသင်ပေးဖို့ တန်ဇနီးယားက ဆာဖာရီတောကြီးထဲကိုခေါ်သွားပါတယ်အဲ့ဒီမှာ လူပေါင်း ထောင်ချီကိုသတ်ခဲ့တဲ့ ဇာခြင်္သေ့ကိုပစ်သတ်ပြီး ဂန္တဝင်မုဆိုးအဖြစ် နာမည်ခံယူချင်တဲ့ နီကိုလိုင်းရဲ့ ...
movie

Kraven the Hunter (2024)

4K HEVC
A Wrinkle in Time (2018) 6.5
A Wrinkle in Time (2018) A Wrinkle in Time(2018) ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာပါ.. Walt Disneyရဲ့ထုံးစံအတိုင်း သီချင်းကောင်းကောင်းလေးနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်း ဆန်းဆန်းလေးဖြစ်လို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားပါပဲ... Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့အကျဉ်းချုပ်လေးကတော့ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်ဆိုပြီး မျှော်လင့်ချက်လေးနဲ့ မက်ဂ် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်ဟာ အချိန်တွေကိုဖြတ်ကျော်နေပါတယ်... တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးတွေလို့ထင်ရလောက်တဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံမိပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ရဲ့ပြောကြားချက်အရ သူတို့ရဲ့အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ... ဘယ်လိုအခက်အခဲတွေကရော ရှေ့မှာစောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ လူတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ ရှယ်ဇာတ်ကါးလေးလို့ပဲပြောချင်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ်JtheKoalaဖြစ်ပါတယ်.... File Size : (4.6GB) (1.75 GB) and (800 MB) Quality : Blu-Ray 4K HEVC/ 1080p/ 720p Format…mp4 Duration…01:51:00 Genre : Adventure, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

A Wrinkle in Time (2018)

2018
4K HEVC
Before Dawn (2024) 5.5
Before Dawn (2024)  စစ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုချင်ပါတယ်ဆိုတဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ အမေရိကန် ဂျာမနီစစ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Before Dawn ဖြစ်ပြီး IMDB Rating 5.5ရရှိထားပါတယ်။ကမ္ဘာစစ်ကြီးတွေထဲမှာအမေရိကန်နဲ့ ဂျာမနီတို့စစ်ပွဲတွေကအကြီးမားဆုံးဖြစ်ခဲ့ပြီး ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေရိုက်ကူးခဲ့တဲ့စစ်ကားတွေလည်းအများကြီးရှိပါတယ်။ဒီဇာတ်ကားထဲမှာတော့ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်မှာ ဂျာမနီနဲ့အမေရိကန်တွေဖြစ်ခဲ့တဲ့စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့စွန့်စားခန်းတွေကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဂျင်မ်ဆိုတဲ့ကောင်လေးက သူ့အဖေပိုင်တဲ့မွေးမြူရေးခြံကြီးထဲမှာငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်လာခဲ့တဲ့ဒွန်နဲ့လက်စ်တို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့တစ်နေ့ဒီမွေးမြူရေးခြံကြီးထဲမှာပဲနေရတဲ့ဘ၀ကြီးက သူများတွေအတွက်တော့ အိပ်မက်တစ်ခုလိုဖြစ်နေပေမဲ့သူ့အတွက်တော့ ငြီးငွေ့စရာဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာပထမကမ္ဘာစစ်ကြီးကလည်း ဖြစ်နေတဲ့အတွက် သူကိုယ်တိုင်စစ်ဝင်တိုက်ပေးစရာမလိုပေမဲ့ သူငယ်ချင်းနှစ်ယောက်ခေါ်တာကတစ်ကြောင်းသူကိုယ်တိုင်ကလည်း ဒီဘ၀ကြီးကနေ ရုန်းထွက်ချင်တာကတစ်ကြောင်းကြောင့် တပ်ထဲဝင်ပြီးစစ်တိုက်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ဂျာမန်တွေကို တိုက်ထုတ်ရင်း သူကြုံတွေ့ရမဲ့စွန့်စားခန်းတွေ သူ့ရဲ့ကူညီချင်စိတ်ပြင်းပြမှုကြောင့် စစ်သားတွေကိုကယ်တင်ခဲ့တာတွေပစ်မလွဲဆိုတဲ့နာမည်ပြောင်ဘယ်လိုရလာတယ်ဆိုတာတွေနဲ့ တခြားသောစစ်မြေပြင်ပေါ်မှာ ရသပေါင်းမျိုးစုံကို တွေ့ရမဲ့စစ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.13GB / 1.04GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 39m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Before Dawn (2024)

Streamline (2021) 6.6
Streamline (2021) IMDb Rating (6.6) / Rotten Tomatoes (90%)ငယ်ငယ်တုန်းက ပီတာပန်မင်းသားလေး Levi Miller တစ်ယောက် အရွယ်ရောက်လာပါပြီ...ဟွင်းဟွင်းဒီဇာတ်ကားမှာတော့ သူ့ရဲ့လူပျိုဖော်ဝင်စ လေးနက်တဲ့ သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာပါ...ဇာတ်ကားကတော့ အားကစားနဲ့ မိသားစုဒရမ်မာ ဇာတ်ကားလေးပါ..ဘင်ဂျမင်လိန်းဆိုတဲ့ ၁၅ နှစ်အရွယ်ကောင်လေးဟာ အိုလံပစ်ပြိုင်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရည်မှန်းခံထားရတဲ့ အလားအလာရှိတဲ့ တက်သစ်စ ရေကူးသမားလေးတစ်ယောက်ပါ။ဒါပေမယ့် သူ့အဖေတစ်ယောက် ထောင်ကလွတ်လာတဲ့အခါမှာတော့မိသားစုတွင်းက အဆင်မပြေမှုတွေကြား သူရုန်းထွက်နိုင်မလားဆိုတာ...။ဒါရိုက်တာ Tyson Wade Johnston ရဲ့ ပွဲဦးထွက်လက်ရာဆိုပေမယ့်ဝေဖန်ရေးဆရာတွေအကြိုက်တွေ့စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/ (800 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

Streamline (2021)

The Spectacular Now (2013) 7.1
The Spectacular Now (2013) IMDb Rating (7.1) / Rotten Tomatoes (91%)ဒီဇာတ်ကားဟာRating  မြင့်တဲ့အချစ်ကားလေးဖြစ်သလို သရုပ်ဆောင်တွေကလဲ မခေသူတွေချည်းပါပဲ...Fantastic Four ထဲက မင်းသား Miles Teller , Divergent နဲ့ The Fault in Our Stars ထဲက မင်းသမီးချောလေး Shailene Woodley နဲ့Marvel  ရဲ့  Captain Marvel တဖြစ်လဲ မင်းသမီး Brie Larson တို့ဖြစ်ပါတယ်။အချစ်ဆိုတဲ့အရာကို တချို့ကခံစားတယ်..တချို့ကခုတုံးလုပ်ပြီး အသုံးချတယ်..တချို့က မသိကျိုးကျွံပြုတယ်...ဘယ်လိုပဲအချစ်ကိုသုံးဆောင်သုံးဆောင်ပေါ့...တကယ်တန်ဖိုးထားသူဆီမှာသာ အချစ်တွေက အမြဲနေတတ်တာမျိုးပဲ။ဇာတ်လမ်းလေးကတော့ ၃ ပွင့်ဆိုင် ဇာတ်လမ်းပါ...ဆက်တာဟာ အနာဂတ်ကိုမတွေးထားဘဲ အရာရာကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့။ကပ်စ်စီလီဆိုတဲ့ သူသိပ်ချစ်တဲ့ ကောင်မလေးနဲ့ အထင်လွဲခံရမှုတစ်ခုကြောင့် ပြတ်အပြီး စိတ်လေနေချိန်မှာအေမီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။အေမီဟာ ရည်းစားတောင်မထားဖူးသလို အနေအေးတဲ့ ဖြူစင်တဲ့ကောင်မလေး..ဆက်တာဟာ ...
movie

The Spectacular Now (2013)

Better Watch Out (2017) 6.6
Better Watch Out (2017) Better Watch Out movie ဟာ ​၂၀၁၇ခုနှစ်​ထွက်​ စိတ္တဇ horror ကား အမျိုးအစားဖြစ်​ပါတယ်​Rotten Tomatoes 87% IMDb 6.6 ထိရရှိထားတဲ့ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​ပါဝင်​သရုပ်​​ဆောငိထားသူ​တွေက​တော့ Levi Miller,Olivia Dejonge , Ed Oxenbould တို့အဓိကပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​ အခုလိုခရစ္စမတ်​ရာသီမှာကြည့်​​ကောင်းမယ်​ ခရစ္စမတ်​ horror ကား​လေးပါဇာတ်​လမ်းအကျဉ်းက​တော့Ashley တစ်​​ယောက်​ ခရစ္စမတ်​အားလပ်​ရက်​မှာ ၁၂သား Luke Lerner ကိုက​လေးထိန်း​ပေးရပါတယ်​Luke ဟာ သူမကိုမြူဆွယ်​တဲ့အမူအရာ​တွေလုပ်​တက်​တာလည်း သတိပြုမိ​နေခဲ့ပါတယ်​ထို့​နောက်​ Luke သူငယ်​ချင်း Garret အိမ်​အလည်​လာချိန်​ သူတို့တစ်​​တွေ အိမ်​အ​ပေါ်ထပ်​ကအုတ်​ချပ်​မှာ ထွက်​သွားရင်​​သေရမယ်​ ဆိုတဲ့စာတန်း​တွေ့တဲ့အခါ......ထူးဆန်းတာ​တွေဖြစ်​လာတဲ့အခါ......Garrett တစ်​​ယောက်​အမည်​မသိ ​သေနတ်​သမားပစ်​သတ်​ချင်းခံရတဲ့အခါ.......လူသတ်​သမားအစစ်​ကဘယ်​သူလဲ......​နောက်​ကွယ်​ကကြံစည်​​နေသူက ဘယ်​သူလဲ......ဆိုတာ ကြည့်​ရှုသူကိုယ်​တိုင်​ပဲ ခံစားကြည့်​လိုက်​​နော်​ File Size : (700 MB) and (230 MB) Quality : ...
movie

Better Watch Out (2017)

2016