Channel Myanmar

Leonardo Sbaraglia

The Man Who Loved UFOs (2024) 5.2
The Man Who Loved UFOs (2024)  ဒီဇာတ်ကားလေးကတော့ ဂြိုလ်သားယာဉ်ပျံ‌တွေအကြောင်းကိုလိုက်လံစုံစမ်းတဲ့ သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Josè De Zer ဆိုတဲ့အာဂျင်တီးနားနိုင်ငံရဲ့နာမည်ကြီးသတင်းထောက်တစ်ယောက်အကြောင်းဖြစ်ပါတယ်။ Josè တစ်ယောက်သူယုံကြည်ရာကိုလိုက်လံသက်သေပြရင်း ဘယ်လိုတွေကြုံရမလဲဆိုတာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ကျွန်တော်လေ့လာကြည့်သလောက် Josè ဆိုတာအပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး UFOတွေရှိတယ်ဆိုတာကိုသက်သေပြနိုင်ခဲ့တဲ့သူတွေထဲကတစ်ယောက်ပါ။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဖြစ်မှန်နဲ့အနည်းငယ်ပြောင်းထားတဲ့အတွက်ကြည့်ရှု့သူ‌တွေအဖို့ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းမှာအမှန်ပါပဲလို့ထင်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L
movie

The Man Who Loved UFOs (2024)

At the End of the Tunnel (2016) 7
At the End of the Tunnel (2016) At the End of the Tunnel (2016)~ IMDb - 7/10, Rotten Tomatoes - 83% ~စပိန်စကားပြော Crime / Thriller ဇာတ်ကားလေးဖြစ်ပါတယ်။မိန်းမနဲ့ ကလေးကို ဆုံးရှုံးထားရပြီး အောက်ပိုင်းသေနေတဲ့ ကွန်ပျူတာအင်ဂျင်နီယာတစ်ယောက်ရဲ့ အိမ်ကို မိန်းမတစ်ယောက် ကလေးမလေးတစ်ယောက်ကို လက်ဆွဲပြီး အိမ်ငှားချင်တယ်ဆိုပြီး ရုတ်တရက်ရောက်ချလာပါတယ်။ဘာမှမပြောနိုင်ခင်မှာပဲ အကုန်လုံးကို သဘောတူပြီး အိမ်ငှားစာချုပ်ချုပ်ဖြစ်သွားပါတယ်။ သူတို့နှစ်ယောက် အနေနီးလာပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာကြပါတယ်။ အဲဒီအချိန် သူအလုပ်လုပ်တဲ့ မြေအောက်ခန်းရဲ့ဘေးက အသံတွေကြားလို့ နားထောင်ကြည့်ရင်း ဘဏ်ဓားပြတိုက်ဖို့ လိုဏ်ခေါင်းတူးနေကြတဲ့ လူတစ်စုကို သွားတွေ့ပါတယ်။ဓားပြတွေကို ချောင်းကြည့်နေရင်း သူ့ရဲ့အိမ်ငှားလေးက ဓားပြတွေနဲ့ ကြံရာပါဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်။ဓားပြတစ်သိုက်နဲ့ အောက်ပိုင်းသေနေတဲ့ ဝှီးချဲပေါ်က အင်ဂျင်နီယာတို့ အားပြိုင်ကြတဲ့အကြောင်းကို စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.3GB, ...
movie

At the End of the Tunnel (2016)

2016
Blondi (2023) 6.7
Blondi (2023)  IMDb 6.7/ Rotten Tomatoes 86% ရထားတဲ့ မိသားစု ဟာသ ဒရာမာရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘလွန်ဒီ နဲ့ မီကိုတို့က အသက် ၁၅ နှစ်ပဲကွာတဲ့ သားအမိနှစ်ယောက်ပါ။ ဘလွန်ဒီမှာ မာတီနာလို့ခေါ်တဲ့ ၂ နှစ်လောက်ကြီးတဲ့ အစ်မတစ်ယောက်ရှိတယ်ပေါ့။ သူ့အစ်မမှာကလည်း မိသားစုနဲ့။ ဘလွန်ဒီ နဲ့ သူ့သား မီကိုတို့က အသက်အရွယ်အရမ်းမကွာတာကြောင့် အချင်းချင်းသူငယ်ချင်းပေါင်းပေါင်းကြတယ်။ အမေနဲ့သားပဲရှိတာကြောင့် အချင်းချင်းလည်းအရမ်းတွယ်တာကြတာပေါ့။တစ်ရက်မှာတော့ မီကိုက သူ့အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခုကိုချလိုက်တယ်။ ဒါပေမဲ့ သူ့အပေါ်အရမ်းတွယ်တာတဲ့ အမေဖြစ်သူကိုတော့ အားနာတာကြောင့် ဒီအစီအစဉ်ကိုမပြောပြဘဲနေနေပါတယ်။ ဒီအချိန်မှာ အဒေါ်ဖြစ်သူမာတီနာတစ်ယောက် အိမ်ကနေရုံးကိုသွားရာလမ်းမှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘလွန်ဒီ နဲ့ မီကိုတို့သားအမိ ကားတစ်စီးနဲ့ မာတီနာကိုလိုက်ရှာကြပါတော့တယ်။ မိသားစုရုပ်ရှင်လေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ။အထူးသဖြင့် အမေနဲ့သားအကြားမှာ age gap အရမ်းမကွာတဲ့အခါ အမေဖြစ်သူနဲ့ သူငယ်ချင်းပေါင်းပေါင်း၊ ဆေးခြောက်အတူသောက်၊ အတူတူပါတီသွားကြတဲ့ ...
movie

Blondi (2023)

Bird Box Barcelona (2023)
Bird Box Barcelona (2023) Bird Box Barcelona (2023)ဒါဟာ ၂၀၁၈ မှာထွက်ရှိခဲ့တဲ့ Bird Box ရုပ်ရှင်ကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုပါ။ နောက်ဆက်တွဲဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဘာစီလိုနာမှာ ဆင်ဆင်တူ ဖြစ်ပျက်နေပုံကို ပြသထားတာပါ။ ထူးဆန်းတဲ့အရာတစ်ခုကြောင့် ကမ္ဘာပျက်ကိန်းကြီး တစ်ခုဖြစ်ခဲ့ပြီး အဲဒီအရာကို မြင်လိုက်တဲ့သူတိုင်းဟာ သေကြောင်းကြံသွားကြပါတယ်။ ဒါမှမဟုတ် အဲဒီအရာရဲ့ ကျေးကျွန်တွေဖြစ်လာပြီး အခြား မျက်လုံးကို အုပ်ထားတဲ့သူတွေကို အတင်းမျက်လုံးဖွင့်အောင် လုပ်လိုက်ကြပါတယ်။ အဲဒီအရာကလည်း မျက်လုံးတွေဖွင့်ကြည့်မိအောင် မျိုးစုံလှည့်စားစည်းရုံးတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် ဆီဘက်ရှန်ဆိုတဲ့သူနဲ့ သူ့ရဲ့ သမီး အန်နာတို့ ပါပါတယ်။ ဇာတ်လမ်းက လှည့်ကွက်လေးတွေနဲ့မို့ အများကြီးတော့ ပြောပြလို့မရပါဘူး။ သူတို့တွေလည်း ဒီကပ်ဘေးကြီးထဲကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p File size… 1.6GB | 832MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Bird Box Barcelona (2023)

2023
Red Lights (2012) 6.2
Red Lights (2012) Red Lights (2012)ကျွန်တော်တို့တွေအသည်းစွဲ Peaky Blinders ရဲ့ Thomas Shelby မင်းသားဖြစ်တဲ့ Cillian Murphy... ဆယ်စုနှစ်တစ်ခုလောက်ချစ်ခဲ့ကြရတဲ့ မမ၊ နောက်ဆယ်စုနှစ်တွေမှာလည်း ဆက်ချစ်ရဦးမယ့် မမ Elizabeth Olsen... Avatar နဲ့ Aliens ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ရင့်ကျက်တည်ကြည်ခန့်ငြားနေဆဲ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ Sigourney Weaver... ၈၀ခုနှစ်တွေကတည်းကနေ ခုချိန်ထိ ဂန္ထဝင်တွင်နေဆဲ တွင်နေမယ့် အနှိုင်းမဲ့မင်းသားကြီး Robert De Niro...ခုလို Cast အလန်းကြီးတွေအပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~Professor Dr. Margret Matheson ဟာ Psychologist တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ Physicist တစ်ယောက် ဖြစ်တဲ့ Tom Buckley နဲ့အတူ သဘာဝလွန်ဖြစ်ရပ်ဆိုတဲ့ အောက်လမ်း၊ အထက်လမ်း၊ မှော်ဆရာ၊ တန်ခိုးရှင် ဆိုပြီး မဟုတ်မမှန်လုပ်ကြံလိမ်ညာနေကြသူတွေကို ဖော်ထုတ်ကြပါတယ်။ ...
movie

Red Lights (2012)

2012
Offering to the Storm (2020) 7.2
Offering to the Storm (2020) Offering to the stormက The Bazatan Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ စုံစမ်းရေးမှူး အမာရာဆယ်လာဇာတစ်ယောက် ကလေးငယ်တွေ ရုတ်တရက်သေခြင်းဆိုပြီး ဖုံးကွယ်ထားတဲ့ ဓလေ့ရိုးရာကလေးသတ်သမားတွေရဲ့ မကောင်းမှုကြီးကို နောက်ဆုံးတစ်ခေါက် စစ်ဆေးဖို့ ပြန်လာတဲ့အခါ............. ဒီရုပ်ရှင်ကားဟာ လျှို့ဝှက်ချက်တွေ၊ စဥ်းစားစရာတွေနဲ့ အတက်အကျပြင်းထန်ပြီး Rosemary's Baby (1968)ရဲ့ ရင်ထိတ်ဖွယ်ရာ ခံစားချက်က်ို ပြန်လည်အမှတ်ရသွားစေပါတယ်။ လူသားတွေရဲ့ အလိုဆန္ဒပြည့်ဖို့နဲ့ပတ်သက်ရင် စိတ်ကူးကြည့်လို့တောင်မရတဲ့ ဆိုးရွားမှုတွေ၊ ငွေအတွက်၊ လိုချင်တာရဖို့ ဘာမဆိုပေးဆပ်ကြတဲ့ ချောက်ချားဖွယ်ရာစိတ်ဓာတ်တွေကို ပေါ်လွင်စေတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ စုန်းအတတ်တွေ၊ ရှေးဒဏ္ဍာရီတွေနဲ့ အယူသီးတာတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် စိတ်မခိုင်တဲ့လူတွေအတွက်တော့ သူငယ်ချင်းနဲ့ အတူကြည့်ပါ။ ဇာတ်ကားတစ်ကားလုံးက ၂နာရီကျော်ကြာပေမယ့် နောက်ဆုံးဇာတ်သိမ်း အထိ ဘာဖြစ်မလဲ ဘာဖြစ်မလဲ တဖြေးဖြေးနဲ့ ဇာတ်ကားထဲ စိတ်ရောကိုယ်နစ်သွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ တစ်ခုရှိသေးတယ်။ဇာတ်သိမ်းပိုင်းက တကယ့်အသက်ပါ။ မထင်မှတ််ထားတွေနဲ့ တကယ့်ကို ပါးစပ်အဟောင်းသာ ဖြစ်ရပါတယ်။ အမာရာနဲ့ သူ့ရဲ့လက်အောင်ငယ်သားတွေရဲ့ ဆက်ဆံရေး၊ အခက်အခဲကြုံတဲ့အခါ တစ်ယောက်ကို တစ်ယောက် ဘယ်လိုကူညီလဲ၊ အမာရာအပေါ် ဘယ်လိုယုံကြည်ပေးကြလဲဆိုတာက ကြည့်ရှုပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို အမျိုးမျိုးဖြစ်ပေါ်သွားစေပါတယ်။ ဇာတ်လမ်းက rating နည်းတဲ့အထဲပါပေမယ့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ပုဒ်ပါ။ လူမဆန်စွာ အယူသီးတဲ့ ယဇ်ပူဇော်မှုတွေ၊ လူ့လောဘ၊ အာဃာတတွေအကြောင်း ...
movie

Offering to the Storm (2020)

2020
Wasp Network 2019 5.8
Wasp Network 2019 ဒီကားကတော့ လူတော်တော်များများမကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။အထူးသဖြင့် နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကို စိတ်၀င်စားတဲ့သူတွေအတွက်ပေါ့။ 1.ဘာလို့ ကြည့်သင့်လဲ ဒီဇာတ်လမ်းဟာ ကျူးဘားနိုင်ငံရဲ့ ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျူးဘား ထောက်လှမ်းရေးအဖွဲ့တွေဘယ်လိုတော်တယ်၊ဘယ်လို‌စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ အမေရိကန်တွေရဲ့ ဇာတိအချို့ကိုလည်းတွေ့မြင်ရမှာမို့ပါ။ 2.ဇာတ်လမ်းအကျဉ်း ကျူးဘားနိုင်ငံရှိစစ်အစိုးရကို မုန်းတီးသော ပြည်ပရောက်ကျူးဘားလူမျိုးများ၊အကြမ်းဖက်အဖွဲ့များ နှင့်ကြေးစားစစ်သားတို့သည် ထိုစစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျူးဘားနိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်ဖို့အတွက် ကြံစည်ခဲ့ကြပါတယ်။ ထိုအခါတွင် စစ်အစိုးရအဖွဲ့မှ ထိုအဖွဲ့များအားပြန်လည်ချေမှုန်းတဲ့အနေနဲ့ ထိုအဖွဲ့များ၏အဓိက ရုံးစိုက်ရာဖြစ်သော အမေရိကန်သို့ သူလျှိုများကို တိတ်တဆိတ်စေလွှတ်ခဲ့ပါတယ်။ ထိုအရေအတွက်နည်းလှသော သူလျှိုအစုက အမေရိကန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့များကို မည်မျှအထိဖျက်စီးနိုင်ခဲ့ကြောင်း၊အဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထောက်လှမ်းရေးအဖွဲ့များနှင့် သူလျှိုအဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွက်မည်မျှအထိအရေးပါသည်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ပါ။ File Size : 900 Mb / 450 Mb Quality :WEB-DL 720p Format…mp4 Duration…02:07:00 Genre : Comedy, Thriller Subtitle : Myanmar ...
movie

Wasp Network 2019

The Legacy of the Bones (2019) 6.1
The Legacy of the Bones (2019) Netflix မှာ ထွက်ထားတဲ့ဒီဇာတ်ကားကတော့ Crime/Thriller စပိန်ကားဖြစ်ပြီးတော့Dolores Redondo ရေးထားတဲ့ Baztan Trilogy ကိုရိုက်ထားတဲ့ထဲက ဒုတိယမြောက်ကား။ပထမကားကတော့ 2017 မှာထွက်ခဲ့တဲ့ The invisible Guardian ဆိုတဲ့ကား။အဲဒီကားမှာတော့ Salazar က Serial Killer Case ကိုလိုက်ပြီးစုံစမ်းခဲ့တယ်။Trilogyရဲ့ ဒုတိယကားလို့ဆိုပေမယ့် ပထမကားကိုမကြည့်ထားလည်း ကြည့်လို့ဖြစ်တယ်။ပထမကားနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ (ကြည့်ထားရင်​တော့ ပိုပြီးကောင်းတာပေါ့)ဇာတ်လမ်းအစမှာတော့ စုန်းကဝေအတတ်တွေကိုလေ့လာတာတွေကြောင့်မီးရှို့ခံရတဲ့သူတွေရယ်မွေးကာစကလေးတွေရယ်ပါဝင်ပတ်သက်နေတဲ့အတိတ်တခုနဲ့ စတင်ထားတယ်။လက်ရှိခေတ်မှာတော့ Salazar ကသူ့ရဲ့မြို့ကိုပြန်ရောက်လာပြီးChurch ကျောင်းကိုဝင်ဖျက်စီးပြီး အရိုးတွေထားသွားတဲ့အမှုတခုကိုလိုက်ရတယ်။အဲဒီအမှုကိုသူလိုက်ဖို့ ရာထူးကြီးတဲ့ဘုန်းတော်ကြီးတယောက်က တောင်းဆိုထားတယ်လို့သိရတယ်။နောက်ပြီးသူဖမ်းခဲ့တဲ့ထဲကတယောက်ကသူသတ်ခဲ့တဲ့အလောင်းမြှုပ်ထားတဲ့နေရာကိုSalazar ကိုရည်ညွှန်းပြီးပေးလိုက်လို့ သွားရှာတဲ့အခါမှာတော့သူသတ်ထားတဲ့အလောင်းမှာက လက်မောင်းတဖက် ဖြတ်ထားခံရတယ်။အဲလိုပြောပြီးနောက်မှာတော့ လူသတ်သမားကTarttalo ဆိုတဲ့စာကိုရေးပြီး သတ်သေသွားတော့တယ်။နောက်ထပ်လည်း ...
movie

The Legacy of the Bones (2019)

Pain and Glory (2019) 7.7
Pain and Glory (2019) ဒါကတော့ အောင်မြင်မှုတစ်ပုံကြီးရရှိထားတဲ့ စပိန်Dramaကားကောင်းတစ်ကားပါ။ဒါရိုက်တာ Pedro Almodóvar ရိုက်ကူးထားပြီးIMDb rating 7.7နဲ့ ခရမ်းချဉ်သီးမှာ 97%ရရှိထားပါတယ်။စပိန်နိုင်ငံတွင်းဆုပေးပွဲတွေသာမကပဲ Oscarတို့Cannes film festivalတို့ Golden globesတို့မှာလည်းစကာတင်စာရင်းတွေဝင်ပြီး စုစုပေါင်းစကာတင်134ခုနဲ့ ဆု25ခုရထားပါတယ်။Lead actorကလည်း Cannes film festivalမှာ Best Actorအပါအဝင်ဆု၅ဆုရထားပြီး Oscar စကာတင်စာရင်းထဲလည်းဝင်နေပါတယ်။ဇာတ်လမ်းကတော့ တစ်ချိန်ကအောင်မြင်မှုတွေရရှိခဲ့တဲ့ဇာတ်လမ်းရေးဆရာ၊ဒါရိုက်တာဆာဗာဒါမယ်လိုရဲ့လက်ရှိအခြေအနေနဲ့ အတိတ်ကအခြေအနေအနေတွေကို ပြသထားတဲ့ Flashbacksပါ။ဆာဗာဒါဟာ အနုပညာကိုရူးသွပ်နေဆဲဖြစ်ပေမယ့်သူ့မှာဖြစ်နေတဲ့ရောဂါတွေ စိတ်ပိုင်းဆိုင်ရာခံစားနေရမှုတွေကြောင့်ရုပ်ရှင်မရိုက်နိုင်တော့ပါဘူး။ဒါပေမယ့် သူ့ရဲ့နေ့စဉ်ဘဝမှာ သူငယ်ရွယ်စဉ်ကလုပ်ဆောင်ခဲ့တဲ့အရာတွေသူ့ရွေးချယ်မှုတွေဟာ လက်ရှိသူနဲ့သူအနုပညာတွေဖြစ်လာစေတဲ့အကြောင်းကိုတွေးတောနေတာတွေကိုရိုက်ကူးပြသထားတာပါ။113မိနစ်လောက်အချိန်ပေးကြည့်ရှုလိုက်ရင် နောင်တရမယ့်ကားမဟုတ်ပါဘူး။အကြမ်းအရမ်းဇာတ်ကားတွေကိုကြိုက်တဲ့သူတွေအတွက်တော့နည်းနည်းမြောတဲ့ကားဖြစ်မယ်ဆိုပေမယ့်ဒရမ်မာကားကောင်းတွေကြည့်ချင်တဲ့သူ‌တွေအတွက်တော့လုံးဝလက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ File Size : ( 1 ...
movie

Pain and Glory (2019)

Wild Tales (2014) 8.1
Wild Tales (2014)   ဒီဇာတ်ကားက နည်းနည်းလေးဆန်းတယ်။ ကျွန်တော်တို့ နေစဉ်ကြုံနေကြပြသနာလေး တွေမှာ တစ်ချို့ က စိတ်မထိန်းနိုင်တော့ဘဲ တစ်ဖက်ခြမ်းကို ရောက်သွားကြတယ့် လူ့ သဘာဝ ဖြစ်စဉ်လေးတွေ ကို သည်းခံစိတ် ရဲ့ အလွန်အနေထားလေးတွေ တွေ့ မြင်ရမှာပါ။ ဒီကားကို ရွှေးချယ်ဖြစ်ရခြင်းအကြောင်းရင်းတစ်ခု က ကိုယ်မတရားခံနေရသည်ဖြစ်သော်ငြားလဲ စိတ်နောက် အလိုလိုက်ပြီး တုန့် ပြန်လိုက်တဲ့ အခါ သူ့ အတွက် သာမက ကိုယ့် အတွက်ပါ ကြီးကြီးမားမားထိခိုက်စေတယ်ဆိုတာကို သိ စေချင်လို့ ပါ။" သောက်ရေးကြီးနေပါတယ်ဆိုမှာ သောက်ကားတွေ ကလာပိတ်နေတယ် အကုန်ဝင်တိုက်ပလိုက်ရ ...သောက်ဖုန်းကဒ်က ပိုက်ဆံကတော့ဖြတ်တယ် လိုင်းကျတော့ အ၀ိုင်းလည်တာထိုင် ကြည့်နေရတယ် သောက်ရုံး(....)ကို ဗုံးသွားခွဲ မိတော့မယ်....."အဲ့လို့ ကျွန်တော်တို့  တွေ ဖြစ်တက်ကြတယ့် သည်းခံနိုင်မှုအတိုင်းအတာတစ်ခဏလေးကုန်ဆုံးသွားတဲ့ အလွန်အခြေအနေလေးမှာ လူတစ်ချို့  က သူတို့  ဖုန်းကို ရိုက်ခွဲမိသွားတာမျိုးတို့  ၊ လူကြီးတစ်ယောက်ကို မကျေနပ် လို့ ဆဲဆို လိုက်တာမျိုး ကျောက်တုံးကို ခေါင်းနဲ့  ပစ်တိုက် သလို ငပိကြော်စားသွားရတာမျိုးကို ဖြစ်သွားတက်ပါတယ်။ဒီဇာတ်ကားထဲမှာ စိတ်ထဲသဘော ဇာတ်လမ်း တစ်ခန်း စီတိုင်းမှာ မတူညီတယ့် ...
movie

Wild Tales (2014)

2014
Black Snow (2017) 6.2
Black Snow (2017)  ဆာဗိတ်"မိသားစု​ရဲ့ရင်​နင့်​ဖွယ်​ရာ ဖြစ်​ရပ်​​လေးအ​ကြောင်းရိုက်​ထားတဲ့ ၁၅၀၀အချစ်​ ,၅၂၈အချစ်​ လျှို့ဝှက်​ဆန်းကြယ်​ စတဲ့ရသအစုံပါတဲ့ ပါတဲ့ဇာတ်​ကား​လေးတစ်​ကားပါတစ်​နည်း​ပြောရရင်​​တော့ဗျာ နှင်း​တောင်​​တွေကြားမှာ​နေတဲ့အမဲလိုက်​မုဆိုးမိသားစုဘဝ​လေးက​နေစခဲ့တယ်​​ပြောရမှာပဲကံဆိုးချင်​​တော့ မထင်​မှတ်​ပဲ အမဲလိုက်​ရင်း အကိုအကြီးဆုံးဖြစ်​တဲ့ ဆာဗာဒါက​ သူ့ညီအငယ်​ဆုံးဂျူအန်​ကို မ​တော်​တဆ​သေနတ်​နဲ့ပစ်​မိသွားရာက​နေ သူ့ဘဝရဲ့​ဆေး​ကြောလို့မရတဲ့အမှားလို့ခံယူပြီးသူ့တစ်​​သက်​လုံး နှင်း​တောင်​​တွေကြားမှာဘဲ​နေထိုင်​ရင်းဇာတ်​မြှုပ်​​နေတာ​ပေါ့သို့​ပေမယ့်​လဲကြမ္မာတစ်​ပတ်​ပြန်​လည်​​စေခဲ့တဲ့တရားခံကအ​မွေကိစ္စ ဒါ​ကြောင့်​လဲသူ့ညီဖြစ်​တဲ့မားကို့စ်​က သူ့ဆီကို အ​မွေကိစ္စတိုင်​ပင်​ဖို့ နဲ့သူ့အ​ဖေရဲ့​နောက်​ဆုံးဆန္ဒကိုဖြည့်​ဆည်း​ပေးဖို့ လာခဲ့တာ​ပေါ့​​နောက်​ပိုင်းညီအစ်​ကို၂​ယောက်​ကြားဘယ်​လို​တွေ​ဖြေရှင်းကြမလဲသူတို့ရဲ့ညီအငယ်​ဆုံးဖြစ်​တဲ့ ဂျူအန်​ရဲ့​သေဆုံးမှုက​ကော​သွေးရိုးသားရိုးဟုတ်​ရဲ့လားဂျူအန်​​သေသွားပီး​နောက်​ပိုင်း ဆာဗာဒါ မားကို့စ်​ ဆာဘရီနာတို့​မောင်​နှမ ၃​ယောက်​က​ကောဘယ်​​လို​တွေ​​တောင်​​တွေ့ကြုံကြရမလဲဆိုတာ​တော့.......ဆက်​ကြည့်​ကြပါစို့ဗျာ  (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (650 MB) and (250 MB) Quality : 720p Webdl Running Time : 1hr 30min Format : Mp4 Genre :Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae ...
movie

Black Snow (2017)

2017