Channel Myanmar

Lee Yong-nyeo

The Old Woman with the Knife (2025) 6.8
The Old Woman with the Knife (2025) The Old Woman with the Knife (2025)************************************IMDb... 6.8 ဒီတစ်ခါမှာတော့ Action, Thriller ဇာတ်လမ်းအမျိုးအစား ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် ကားသစ်တစ်ကား ယူဆောင်လာခဲ့ပါပြီ။ရုပ်ရှင်ကြိုက်ပရိသတ်ကြီးတွေနဲ့ မစိမ်းတဲ့ ဝါရင့် မင်းသမီးကြီး Lee Hye Young၊မင်းသား Kim Mu Yeol၊  မင်းသား Kim Sung Chul တို့နဲ့ တက်သစ်စ မင်းသမီးလေးShin Si Ah တို့က အဓိက ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲပိုးမွှားသဖွယ် ပြုမူနေထိုင်နေတဲ့လူတစ်စုကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပြီးတော့ ဂျိုဂတ် (Lee Hye Young)ကတော့အဲဒီအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ လူသတ်သမားပဲ ဖြစ်ပါတယ်။အမှိုက်သရိုက်တွေကို ချက်ကျလက်ကျ ရှင်းထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျိုဂတ်ရဲ့နောက်ကိုနောက်ယောင်ခံလိုက်နေတဲ့ ထူအူ (Kim Sung Chul) ဆိုတဲ့ လူသတ်သမား တစ်ယောက်ကလည်း ...
movie

The Old Woman with the Knife (2025)

Daddy’s back (2016) 6.3
Daddy’s back (2016) Daddy's back (2016)******************* ငယ်စဥ်တည်းက ဖခင်ဖြစ်သူက နောက်မိန်းမနောက်ကို လိုက်သွားပြီး သူတို့သားအမိကိုပစ်သွားခဲ့တာကြောင့် ဖခင်မေတ္တာငတ်မွတ်ခဲ့ရရှာတဲ့ “ဂျိုဒုံးဂူ” .. ။အဖမဲ့သားလေး ဒုံးဂူရဲ့ဘဝမှာ တစ်ဦးတည်းသောကျန်ရှိသူ မိခင်ဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားပြန်ပါတယ်။ ဒီလိုနဲ့ဘဝကို ကြုံရာကျပန်း လုပ်ကိုင်နေထိုင်ရင်း အရွယ်ရောက်လို့ဖခင်ဖြစ်သူနဲ့ ပြန်ဆုံရပြန်တော့လည်း ဖခင်ဖြစ်သူရဲ့ ဈာပန အခမ်းအနားမှာ ဖြစ်နေပါတော့တယ်။ဒီလိုနဲ့အားကိုးရာမဲ့သွားရှာတဲ့ ဒုံးဂူတစ်ယောက် တစ်ကောင်ကြွက်ဘဝနဲ့ပဲ ငွေတိုးချေးစားတဲ့အကြွေးရှင်တွေရဲ့ ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုကိုခံရင်း ငွေပြန်မဆပ်နိုင်လို့ ရှောင်ပြေးရင်းကံကြမ္မာက သူ့ဆီကို ငွေထုပ်ကြီးတစ်ထုပ် ပို့လိုက်ပါတော့တယ်။ဖြစ်ချင်တော့လည်း ငွေ ၁ ဘီလီယံပါတဲ့ ဘဏ်စာအုပ်က လက်ထဲတော့ရောက်လာပေမဲ့ ငွေထုတ်ရမဲ့လျှို့ဝှက်နံပါတ်ကို မသိတာကြောင့် လျှို့ဝှက်နံပါတ် ရှာပုံတော်ထွက်ရာကနေ သူနဲ့ဘဝတူ ဖခင်မေတ္တာငတ်နေရှာပြီး  ဖခင်ရဲ့ပြန်အလာကိုမျှော်နေရှာတဲ့ “ဘို့ဂီ” ဆိုတဲ့ ချစ်စရာကလေးလေးနဲ့ ဆုံတွေ့လိုက်ရတဲ့အခါမှာ..ဒုံးဂူတစ်ယောက် သူ့နဂိုရည်မှန်းချက်အတိုင်း ငွေထုပ်ပိုက်ပြီး သူဌေးဖြစ်ဖို့အရေးကိုပဲ ရှေ့ဆက်မလား...ဒါမှမဟုတ် ဖခင်မေတ္တာလိုအပ်နေရှာတဲ့ ဘို့ဂီလေးအတွက်ပဲ​ ဘဝကိုရှေ့ဆက်မလားဆိုတာကို ‌ကြည့်ရှုရမဲ့ဒရာမာကားကောင်းလေးပဲဖြစ်ပြီး cast တွေအနေနဲ့ကလည်း ...
movie

Daddy’s back (2016)

Woochi: The Demon Slayer (2009) 6.8
Woochi: The Demon Slayer (2009) Woochi: The Demon Slayer (2009)*******************************စိတ်ပြေလက်ပျောက် ရယ်မောချင်တဲ့ ပရိသတ်ကြီးတို့အတွက် 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က မှော်ဆရာဂျောင်ဝူချီအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ကတော့ A-List Actor တစ်ယောက်ဖြစ်တဲ့ မင်းသား Gang Dong-Won ၊ မင်းသမီး Lim Soo-Jung၊ မင်းသားကြီး Kim Yun-Seok ၊ Kim Yun-Seok တို့အပြင် ပရိသတ်ကြီးတို့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း *************ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲ ရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီး မှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာ စည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကို ကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို ...
movie

Woochi: The Demon Slayer (2009)

Herstory (2018) 6.8
Herstory (2018) Herstory (2018)*****************IMDb..... 6.8 ဒီရုပ်ရှင်ဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေကြောင့် လိင်ကျွန်ဖြစ်ခဲ့ရတဲ့နစ်နာသူ ကိုရီးယားအမျိုးသမီး ၁၀ဦးဟာ ဂျပန်တရားရုံးအထိသွားပြီး ဂျပန်အစိုးရကို တရားစွဲခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2018 Eleven Best Films of the Year,Best Actress Award နဲ့ Best Supporting Actress Award အပါအဝင် ဆုပေါင်းများစွာ ရရှိထားတဲ့ဇာတ်လမ်းလည်း ဖြစ်ပါသေးတယ်။Castတွေအဖြစ်လည်း တကယ့် မင်းသမီးကြီးတွေဖြစ်ကြတဲ့ Kim Hee Ae, Kim Hae Sook,Ye Soo Jung, Moon Sook, Lee Yong Nyeo နဲ့ မင်းသား Kim Jun Han တို့အပြင်ဝါရင့်သရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့မွန်းဂျောင်ဆု (Kim Hee Ae) ဟာ ဘူဆန်မှာ ခရီးသွားအေဂျင်စီတစ်ခု ပိုင်ဆိုင်ထားပြီး ...
movie

Herstory (2018)

Man on High Heels (2014)
Man on High Heels (2014) Man On high heels (2014) *************************2014တုန်းက ထွက်ရှိခဲ့တဲ့ Man On High Heelsကို တင်ဆက် ပေးချင်ပါတယ်။အဓိကသရုပ် ဆောင် တွေအနေနဲ့ Our Blues နဲ့ One Ordinary Day အပြင်...နာမည်ကြီး ရုပ်ရှင်တော်တော်များများမှာ ပါဝင်တဲ့ မင်းသားကြီး Cha Seung Won...Mr.Plankton အပြင် It's okay not to be okay တို့နဲ့ လူသိများတဲ့...မင်းသား Oh Jung Se နဲ့ Taxi Driver ထဲက မင်းသမီး Esom တို့က အဓိကပါဝင်ထားပြီး...တခြားလူသိများတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားတဲ့ရုပ်ရှင် ဖြစ်ပါတယ်။အက်ရှင်ခန်းတွေမိုက်တဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကြောင့်...ကြည့်ရတာတန်တဲ့ ဇာတ်လမ်းဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း -------------တရားခံဖမ်းတဲ့အခါ ညှာတာမှုမရှိဘဲ ထိုက်ထိုက်တန်တန် အပြစ်ပေးပြီးမှ ဖမ်းဆီးတတ်တဲ့...စုံထောက် Ji ...
movie

Man on High Heels (2014)

Villain and Widow (2010) 6.3
Villain and Widow (2010) Villain and Widow (2010)**************************ဒီတစ်ခါမှာတော့ 2010 ခုနှစ်က ထွက်ရှိထားတဲ့ Comedy,Romance ရုပ်ရှင် Villain and Widow ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာ Main lead တွေအနေနဲ့ အားလုံး ရင်းနှီးကြတဲ့ A list သရုပ်ဆောင်တွေပဲ ပါဝင်ထားတာပါ။ Romantic Doctor Teacher Kim ရဲ့ ဂင်ဆာဘူလို့ လူသိများတဲ့ မင်းသားကြီး Han Seok Kyu အပြင် Under The Queen's Umbrella ထဲက မင်းသမီးကြီး Kim Hye Soo တို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ************* ယွန်းဂျူ (Kim Hye Soo) က ယောက်ျားဖြစ်သူ ဆုံးပါးပြီးနောက် Single Motherအဖြစ်နဲ့ အလယ်တန်း ကျောင်းသူ သမီးလေးကို ပျိုးထောင်ရင်း နေထိုင်နေသူပါ။တစ်ယောက်တည်း ရုန်းကန်ရတာ ခက်ခဲတဲ့အပြင် ငွေကြေးကိစ္စတွေပါလာတဲ့အခါမှာယွန်းဂျူတစ်ယောက် စိတ်ကျရောဂါကိုပါ ...
movie

Villain and Widow (2010)

I’m a Cyborg, But That’s OK ( 2006 ) 7.1
I’m a Cyborg, But That’s OK ( 2006 ) IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းပုံစံကတော့  သူမတူတဲ့ပုံစံလေးပေါ့.. သူမတူဆို စိတ်မနှံ့တဲ့သူနှစ်ယောက်ကြားမှာ ဖြစ်ပေါ်တဲ့ အချစ်ဇာတ်လေးတစ်ခုပါ...ယောင်းဂွန်းဆိုတဲ့ ကောင်မလေးက ကိုယ့်ကိုယ်ကို စက်ရုပ်လို့ ယုံကြည်နေတဲ့ ကောင်မလေး တစ်နေ့ စိတ္တဇဆေးရုံကို တက်တဲ့အခါ လူတွေရဲ့ အရာအားလုံးကို ခိုးနိုင်တယ်လို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်ကို ဆေးရုံမှာ တွေ့လိုက်ရတယ်...ဒီအခါမှာတော့ သူ့ဆီက တစ်ခုခုကို ခိုးပေးဖို့အတွက် တောင်းဆိုရင်း ရင်းနှီးမှုတစ်ခုရခဲ့ရာကနေ... စက်ရုပ်လို့ထင်နေတဲ့ ကောင်မလေးကို ဘယ်လိုတွေကူညီမယ်.. ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ် Filesize : 2.12 GB / 1.04 GB Quality : WEB-DL HEVC 1080p , 720p Format : mkv  Genres : Drama , Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

I’m a Cyborg, But That’s OK ( 2006 )

2006
The Wailing(2016) 7.4
The Wailing(2016) The Wailing(2016)*****************Exhuma 2024  သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။  မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie

The Wailing(2016)

Snatch Up (2018) 6.3
Snatch Up (2018) IMDb - 6.3/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာသူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီးတိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်ကဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက်ရန်ပုံငွေပေးရမှာပါ။သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့လူသတ်သမားငှားပါတယ်။တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲကလောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာသူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီမှားရောက်သွားရာကနေ ပြဿနာတွေပိုရှုပ်လာပါတော့တယ်။ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကိုဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့အသည်းအသန်ကြိုးစားရှာပါတယ်။တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေလုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက်ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့အတော်လေးမိုက်ပါတယ်။နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းကဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…  1.79 GB /  890 MB Quality… WEB Rip 1080p / 720p Format… ...
movie

Snatch Up (2018)

2018
The Recipe (2010) 6.6
The Recipe (2010)  Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကိုအသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီးနောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကိုသွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်ကနှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးကတောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကိုအသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ်ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြားဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီးသတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်ကလွမ်းဆွေးဖွယ် ...
movie

The Recipe (2010)

Riceboy Sleeps (2022) 7.6
Riceboy Sleeps (2022) Riceboy Sleeps (2022)IMDb - 7.6/10, Rotten Tomatoes - 95% ~90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။နိုင်ငံကြီးသားဆိုတာ နိုင်ငံက "ကြီး" နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ "နိုင်ငံကြီး"မှာနေသလောက် "နိုင်ငံကြီးသား" မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ...
movie

Riceboy Sleeps (2022)

2022
Microhabitat (2017) 7.4
Microhabitat (2017) Microhabitat ( 2017 ) ----------------------------အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။Microhabitatထဲက "မီဆို" ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ...
movie

Microhabitat (2017)

2017
Christmas in August (1998) 7.6
Christmas in August (1998) Christmas in August ( 1998 )သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ...
movie

Christmas in August (1998)

1998
Decision to Leave (2022) 7.6
Decision to Leave (2022) Decision to Leave ( 2022) ----------------------- ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ...
movie

Decision to Leave (2022)

2022
Welcome to Dongmakgol (2005) 7.6
Welcome to Dongmakgol (2005) Welcome to Dongmakgol (2005)ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်‌‌‌မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်....စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်....ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေသူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့်ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာ‌ကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and ...
movie

Welcome to Dongmakgol (2005)

2005
The Legendary Tazza’s Tap (2022) 4.5
The Legendary Tazza’s Tap (2022) The Legendary Tazza's Tap (2022)ဖဲဝိဇ္ဇာတွေအများကြီးထဲမှာ ၂၀၂၂ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ မင်းသားကြီးအိုဂျီဟိုလည်းပါဝင်လာပါပြီ အွန်လိုင်းဂိမ်းကနေပဲ လောင်းကစားလုပ်တဲ့ အီထက်ဒုံးဟာ ညီအစ်ကိုလိုခင်တဲ့ ဂယောင်းဂျို ရှုံးသွားတဲ့ ပိုက်ဆံတွေကိုလိုက်ပေးဖို့ ကိုယ်တိုင် ဝင်ပါရာမှ တကယ့်ဖဲလောကရဲ့ လှည့်ဖြားမှုတွေကို သိသွားလိုက်ရပါတော့တယ်ပိုက်ဆံတွေပြန်ရဖို့ကို ဘယ်လိုတွေလိုက်လဲ ဘယ်လိုတွေ အချီကြီးတွေဆော့လဲ ဘာတွေရင်းလိုက်ရလဲ ဘယ်လိုတွေဉာဏ်ဆင်ပြီး ရအောင်လိုက်သလဲဖဲဝိဇ္ဇာဆိုတဲ့အတိုင်း ကတ်တွေကို ပါးပါးနပ်နပ်နဲ့ဆော့သွားတာကို ကြည့်ရမှာဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ "ဘာဒုဂီ" လို့ခေါ်တဲ့ ပိုကာဂိမ်းကို အဓိကထားပြီးဆော့သွားမှာပါဖဲဝိဇ္ဇာတွေရဲ့ ဉာဏ်သုံးပုံတွေကို ဒီရုပ်ရှင်လေးမှာ အတူကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Action Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 703MB and 273 MB Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

The Legendary Tazza’s Tap (2022)

2022
Alice in Earnestland (2015) 6.8
Alice in Earnestland (2015) Alice in Earnestland (2015) ဒီဇာတ်လမ်းကတော့ ဂျောင်ဆူနမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုအကြောင်းလို့ ပြောလို့ရပါတယ်.. ဇာတ်လမ်းရဲ့အစမှာ အဲ့ဒီအမျိုးသမီးဟာ အခမဲ့အကြံပေးခြင်း၀န်ဆောင်မှုပေးတဲ့ ရုံးခန်းကိုရောက်လာပြီး အဲ့ဒီမှာပဲ သူမဘ၀အကြောင်းကို စတင်ပြောပြခဲ့ပါတယ် စိတ်၀င်စားဖို့ကောင်းတဲ့ သူမရဲ့ဇာတ်လမ်းအစဟာ ဆယ်ကျော်သက်အရွယ်မှာပဲ စတင်ခဲ့တယ်ဆိုပါတော့ အလယ်တန်းနောက်ဆုံးနှစ်ပြီးတဲ့အချိန်မှာ အထက်တန်းပဲဆက်တက်ရမလား စက်ရုံတစ်ခုမှာပဲ အလုပ်၀င်ရမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ် တစ်ယောက်တည်းခက်ခဲပင်ပန်းစွာ နေလာခဲ့ရတဲ့သူမဘ၀ဟာ သိပ်ချစ်ရတဲ့အမျိုးသားနဲ့တွေ့ဆုံပြီးနောက်မှတော့ အနည်းငယ် ပျော်ရွှင်စရာကောင်းလာခဲ့သလိုပါပဲ အကြားအာရုံချို့တဲ့နေတဲ့အမျိုးသားကြောင့် သူတို့နှစ်ယောက်ရဲ့အိမ်၀ယ်မယ့် ပိုက်ဆံဟာ ခွဲစိတ်မှုအတွက် ဖြစ်လာခဲ့ပါတယ် ကံဆိုးမှုက အဲ့ဒီမှာတင် ရပ်မနေခဲ့ပါဘူး ခွဲစိတ်မှုပြီးတဲ့နောက်မှာပဲ အမျိုးသားဟာ မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ဟာ သုံးမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတ အလုပ်မလုပ်နိုင်တော့တဲ့ယောက်ျားဖြစ်သူကြောင့် အိမ်အတွက် ပိုက်ဆံရှာဖို့က သူမတာ၀န် ဖြစ်လာခဲ့ပါတယ် ပိုက်ဆံရဖို့အတွက် အလုပ်ပေါင်းစုံ မညည်းမညူဘဲ လုပ်ခဲ့တယ်. တစ်ရက်မှာတော့ သူတို့နေတဲ့ မြေနေရာကို စီမံကိန်းအသစ်တစ်ခုနဲ့ ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာတဲ့အခါ.. သေကြောင်းကြံပြီး ကိုမာဖြစ်သွားတဲ့ ခင်ပွန်းသည်အတွက် ပိုက်ဆံလိုနေတဲ့ သူမ.. စီမံကိန်းရဲ့ကန်ထရိုက်ကခိုင်းတဲ့ အလုပ်ကို ကြိုးစားဆောင်ရွက်ရင်း သူမဘာတွေကြုံတွေ့လာရမလဲ ဇာတ်ကားတစ်ကားလုံး အချိတ်အဆက် မိမိနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတာမို့ အားလပ်တဲ့အချိန်မှာ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ File Size - 1GB ,548MB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Thiri Lwin Encoder - August
movie

Alice in Earnestland (2015)

2015
The Sword with No Name (2009) 6.3
The Sword with No Name (2009) [Unicode]ဒီတစ်ခေါက်မှာတော့ CM fan တွေအတွက် နန်းတွင်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါရစေမြောင်ဆောင်း မိဖုရားကြီး အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်Grand Prix Action Asia/ Best Action Asia Film စတဲ့ ဆုကြီးတွေကိုလည်းရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါမင်းသမီးကြီး Soo-Ae နဲ့ Stranger ဇာတ်ကားက မင်းသား Cho Seung-Woo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျာယောင်းဆိုတဲ့ အမျိုးသမီးဟာ ဂျိုဆွန်းရဲ့ မိဖုရားခေါင်ကြီး အဖြစ်ရွေးကောက်ခံရပါတယ်သူမ မိဖုရားဖြစ်လာမှာ မလိုလားသူတွေဟာ လုပ်ကြံသူ မူမြောင်းကို ငှားရမ်းပြီး သူမကို လုပ်ကြံခဲ့တယ်ဒါပေမယ့် မူမြောင်းဟာ အရင်တည်းက ဂျာယောင်းနဲ့ သိကျွမ်းခဲ့ပြီး ဂျာယောင်းကို တဖတ်သတ်ချစ်နေတဲ့သူဖြစ်လို့ လုပ်ကြံရမယ့်အစား ကယ်တင်ပေးခဲ့ပါတယ်ဂျာယောင်းမိဖုရားကြီး ဖြစ်သွားတဲ့ အခါမှာလည်း နန်းစောင့်တပ်သားဝင်လုပ်ပြီး ဆက်တိုက်ကာကွယ်ပေးခဲ့တဲ့နောက်...ထီးနန်းရဲ့ ရှုပ်ထွေးမှုတွေ နိုင်ငံရေး ပဋိပက္ခတွေကြားမှာသူချစ်တဲ့ မိဖုရားကြီးကို ဆက်လက်ကာကွယ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆ်လက်ကြည့်ရှုကြပါနော်...။*** ...
movie

The Sword with No Name (2009)

The Handmaiden (2016) 8.3
The Handmaiden (2016) မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။ The Handmaiden တဲ့...(function(f,b,n,j,x,e){})();IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ် ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။ စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီး အဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။ 8.8 millions သုံးခဲ့ပြီး box office မှာတော့ 38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။ 16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့် ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။ သိမ်မွေ့တယ်ပေါ့။ လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့ မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။ သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့ Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့ လူလိမ်မိသားစုက ကောင်မလေးကို အိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။ Hideko ဟာ ...
movie

The Handmaiden (2016)

2016