Channel Myanmar

Lee Yo-won

Galatea (2025) 6.5
Galatea (2025) Galatea (2025)****************The Great Queen Seondeok နဲ့ 49 Days ဒရမ်မာတွေထဲက မင်းသမီး Lee Yo Won နဲ့The Scandal of Chun Hwa, Under the Queen's Umbrella ထဲက  Chani တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ AI နည်းပညာ‌တွေ ခေတ်စားလာတဲ့ အခုလို ခေတ်ကြီးထဲမှာ လူသားအသွင်သဏ္ဌာန်နဲ့AI service သာ ရှိခဲ့မယ်ဆိုရင် သင်ရော ဘယ်လိုပုံစံနဲ့ မှာယူချင်ပါသလဲ..ဒီကားလေးထဲမှာတော့ လူသားတွေကိုယ်စား နှစ်ပေါင်းများစွာ အကြွေးဆပ်ပေးမဲ့ AI,အတိတ်က သတ္တိမရှိခဲ့လို့ လက်လွှတ်ခဲ့ရတဲ့ မိန်းကလေးနဲ့ ပုံစံတူ AI, ကိုယ်မသေခင်ကိုယ့်ရဲ့ အချက်အလက်ပေါင်းစုံကို update လုပ်ထားခဲ့လို့ရပြီး ‌ကိုယ်သေသွားပြီးနောက်မှာတောင် ကိုယ့်အလုပ်တွေကို ဆက်လုပ်ပေးနေဦးမဲ့ AI...အစရှိသဖြင့် စိတ်ကူးယဉ် လူသား AI အမျိုးမျိုးအစားစားကို ...
movie

Galatea (2025)

My Little Brother (2017) 6.8
My Little Brother (2017) My Little Brother (2017)************************ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် The Walt Disney Company ကနေ ပထမဆုံးအနေနဲ့ distribute လုပ်ခဲ့တဲ့ My Little Brotherဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီကားလေးမှာတော့ 49Days ထဲမှ Lee Yo-won, Taxi Driverထဲမှ Esom, Vagabond ထဲမှ Jeong Man-Sikနဲ့ The world of marriageထဲမှ Joon Won Jungတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း *************ဆူဂယောင်း (Lee Yo-won), ဂျူမီ (Esom)နဲ့ ဆောင်းဟို(Jeong Man-Sik)တို့ကတော့ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်မလုပ်ကြတော့တဲ့ မောင်နှမတွေပါ...သူတို့ ၃ယောက်ကို ပြန်ပြီးဆုံတွေ့စေခဲ့တာကတော့ အဖေဖြစ်သူ မတော်တဆမှုနဲ့ဆုံးပါးသွားပြီဆိုတဲ့ သတင်းစကားပါပဲ.. ဒါပေမဲ့ အဲဒီသတင်းနဲ့အတူ ပါလာတာကတော့ ရှိမှန်းတောင် မသိခဲ့တဲ့ နာ့လေး(Joon Won Jung)ဆိုတဲ့ ၁၁နှစ်အရွယ် သူတို့ရဲ့ မောင်နှမအငယ်ဆုံးလေးပါ...ဘယ်ကမှန်းမသိဘဲ ရုတ်တရက်ပေါ်လာတဲ့ နာ့လေးက တကယ်ပဲ ...
movie

My Little Brother (2017)

When Romance Meets Destiny (2005) 6.3
When Romance Meets Destiny (2005) When Romance Meets Destiny (2005)**********************************ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူ အချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ..ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk, Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအညွှန်း ***************အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီး မိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူ‌ရိုးလူအေးကြီးပါ ..ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲ ရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ ..တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် ..တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာ ဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် ...
movie

When Romance Meets Destiny (2005)

The Recipe (2010) 6.6
The Recipe (2010)  Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကိုအသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီးနောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကိုသွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်ကနှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးကတောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကိုအသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ်ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြားဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီးသတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်ကလွမ်းဆွေးဖွယ် ...
movie

The Recipe (2010)

Take Care of My Cat (2001) 7.1
Take Care of My Cat (2001) Take Care of My Cat (2001)သူငယ်ချင်းငါးယောက်ဖြစ်တဲ့ ဟယ်ဂျူး၊ ထယ်ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်းဆိုတဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာတည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက်တစ်လမ်းစီ လျှောက်ကြရပါတယ်။ မိသားစုအလုပ်ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်းဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူကရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝကြီးကိုလျှောက်လမ်းကြပါတယ်။အဲ့ဒီလို ဘဝရဲ့တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင်လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြပါတယ်။ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင်တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APPပါ။)File Size          : 2.8GB, 1.1GB, 578MB Quality          ...
movie

Take Care of My Cat (2001)

2001
May 18 (2007) 7.1
May 18 (2007) [Unicode]ဒီဇာတ်လမ်းကတော့ 1980 ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အကြောင်းလေးပါအေးချမ်းနေတဲ့မြို့တစ်မြို့မှာ ရုတ်တရက်ဆိုသလို သူပုန်တွေကိုတိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ်Min Woo ရဲ့တစ်ဦးတည်းသော ညီလေး Jun Woo တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတော့တယ်ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်...ရုန်းရင်းဆန်ခတ်တွေဖြစ်ရင်းကနေ Jun Woo တစ်ယောက်သေနတ်ပစ်ခံထိပြီး သေဆုံးခဲ့ရပါတော့တယ် အဲ့အချိန်မှာ Min Woo တစ်ယောက် ကြေကွဲမဆုံးဖြစ်ပြီး ဂွမ်ဂျူမြို့သူမြို့သားတွေနဲ့ပူးပေါင်းကာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ စောင့်ကြည့်ခံစားလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ ) [Zawgyi]ဒီဇာတ္လမ္းကေတာ့ 1980 ...
movie

May 18 (2007)

Perfect Number(2012) 7.0
Perfect Number(2012) Perfect Number(2012)ဒီဇာတ်ကားလေးကတော့ အတော်များများစိတ်ဝင်စားတတ်ကြတဲ့ ကိုရီးယား Crime Mystery-drama အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်ထက်မြက်တဲ့ဉာဏ်ရည်ပိုင်ဆိုင်ထားပြီး အထက်တန်းကျောင်းသင်္ချာဆရာတစ်ယောက်ရှိတယ်...သူက တစ်ယောက်ထဲနေတတ်တဲ့သူမို့ လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အပိုင်းမှာ သိပ်တော့အံဝင်လေ့မရှိ... ဒါပေမယ့်သူတစ်ဖက်သတ်သိပ်ချစ်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်...ဒီအမျိုးသမီးဟာတစ်ခုလပ်တစ်ယောက်..တစ်နေ့တော့ အဲ့ဒီအမျိုးသမီးဟာခင်ပွန်းဟောင်းဖြစ်သူကိုမတော်တဆသတ်မိသွားတယ်...ဒီအရေးကိုသိတဲ့ သင်္ချာဆရာဟာ သူချစ်တဲ့အမျိုးသမီးအမှုအခင်းကလွတ်ဖို့အရေး သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်ကိုကောင်းကောင်းအသုံးချပြီးကာကွယ်ဖို့ကြိုးစားပါတော့တယ်...မှုခင်းထောက်လှမ်းရာမှာတော်တဲ့ရဲတွေကရော အမှုမှန်ကိုဖော်ထုတ်နိုင်မလား..သင်္ချာဆရာဖြစ်သူရဲ့လှည့်စားမှုအောက်ကို ရောက်သွားမလားဆိုတာကိုတော့ကြည့်ကြပါကုန်....ဒီကားက တကယ်ကို့စိတ်လှုပ်ရှားစရာပါ..ကိုရီးယားတွေ ဒီလိုဇာတ်မျိုးဆို ရိုက်ကူးရာမှာ အတော်ပိုင်လေ့ရှိတယ်...ရင်တဖိုဖိုနဲ့ကို စဆုံးဆွဲခေါ်ပြီး စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်....File Size : (950 MB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…01:55:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by Phyo Pyae
movie

Perfect Number(2012)

Fists of Legend (2013) 6.9
Fists of Legend (2013) ကိုရီးယားဖိုက်​တင်​းကားတွေနဲ့ အဆက်​ပြတ်​နေတဲ့ပရိသတ်​ကြီအတွက်​ကိုရီးယားအက်​ရှင်​ကားကောင်​းလေးတကားနဲ့မိတ်​ဆက်​ပေးချင်​ပါတယ်​နော်​။အဲ့ကားလေးကတော့2013 April လက ထွက်​ရှိခဲ့တဲ့ Fists of Legend (2013)လို့အမည်​ရတဲ့တောင်​ကိုရီးယားအက်​ရှင်​ကားလေးပဲဖြစ်​ပါတယ်​။တခြားအက်​ရှက်​ကားတွေနဲ့မတူတဲ့ထူးခြားချက်ကတော့​ဒီကားဟာ Webtoonတခုကိုအခြေခံပြီးတော့ရိုက်​ကူးထားခဲ့တာဖြစ်​ပါတယ်​။ဒါ့အပြင်​ကားထဲမှာသရုပ်​ဆောင်​ထားကြတဲ့လူတွေကလည်​း နာမည်​ကြီးတောင်​ကိုရီးယားသရုပ်​ဆောင်တွေဖြစ်​ကြတဲ့Hwang Jung-min, Yoo Jun-Sang, Yoon Je-Moon, Lee Yo-wonn and Jung Woong-inတို့ဖြစ်​လို့ကြည်​့ရူသူတွေကိုဆွဲဆောင်​နိုင်​မှာအမှန်​ပါပဲနော်​။ဇာတ်​လမ်​းလေးကတော့ ငယ်ဘဝကဆိုးတူကောင်းဖက် သူငယ်​ချင်​းသုံးယောက်​နဲ့ ပြိုင်​ဖက်​တို့ဟာတီဗီမှာပြသတဲ့ ကမ္ဘာ့အကြီးကျယ်​ဆုံးတိုက်​ခိုက်​ရေးပြိုင်​ပွဲမှာဘယ်​လိုမျိုးယှဉ်​ပြီးတော့အနိုင်​ရအောင်​တိုက်​ခိုက်​ကြသလဲ သူတို့ကြားကအခြေအနေတွေကရော ဘယ်​လိုလဲဝေးကွာပီးမှပြန်တွေ့ရတဲ့့သူငယ်ချင်းသံယောဇဉ်နဲ့နောက်​ဆုံးဘယ်​လိုအနိုင်​ယူသွားခဲ့လဲဆိုတာကို အက်​ရှင်​ကားအစစ်​အမှန်​ကိုကြည်​့ရှု့ခံစားကြရမှာဖြစ်​လို့ လက်​လွတ်​မခံဘဲကြည်​့ရှုသင်​့တဲ့ ကိုရီးယားကားကောင်​းလေးတကားဖြစ်​ပါတယ်​နော်​။(ကောျင်းတက်ခဲ့တဲ့ငယ်ဘဝ ဆိုးပေတဲ့အချိန်လေးတွေကိုပြန်မြင်ရောင်မိမှန်ပါပဲ ကြည့်သင့်တဲ့ကားကောင်းလေးလဲဖြစ်တာမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်)File Size : (1 GB) & (455MB) Quality : .1080p.BluRay Running Time :2hr  33min Format : Mp4 Genre    :  Action Subtitle : Myanmar Subtitle (Hard Sub) Translated by Jake & Su Encoded by Arkar Phyo (Yrfatt)
movie

Fists of Legend (2013)

2013