Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Yi-kyung
7.1
Hitman 2 (2025)
Hitman 2 (2025)******************Hitman 1 တုန်းကလိုပဲ ဝက်ဝက်ကွဲ ရယ်ရဦးမဲ့ Hit Man 2 ထွက်ရှိလို့လာပါပြီ။သရုပ်ဆောင်တွေအနေနဲ့ S1 တုန်းကအတိုင်း Kwon Sang Woo, Jung Joon Ho,Lee Yi Kyung, Kim Sung Oh, Hwang Woo Seul Hye, Han Ji Eun တို့ကအဓိက ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။S1 တုန်းကလို ကာတွန်း ရေးရတာကို ဝါသနာပါတဲ့ ဂင်ဘုံဂျွန်ဟာ သူ့ဘဝဇာတ်ကြောင်းကိုအခြေခံပြီး ရေးသားထားတဲ့ "လုပ်ကြံရေးသမားဂျွန်" ဆိုတဲ့ Webtoonကို အတွဲ၂ ထွက်ရှိဖို့ကြိုးစားခဲ့ပေမဲ့ သူ ထင်ထားသလို မအောင်မြင်တဲ့အပြင် အပျက်သဘောဆောင်တဲ့မှတ်ချက်တွေနဲ့ပါ တိုက်ခိုက်ခံလာရပြီး နာမည်ပျက်ဖို့ လမ်းစပြုလာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ အကြမ်းဖက်သမား အစစ်တွေ ကိုရီးယားကို ရောက်ရှိလာပြီး ဂင်ဘုံဂျွန်ကိုလုပ်ကြံဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို ...
movie
Hitman 2 (2025)
6.4
Hitman: Agent Jun (2019)
Hitman: Agent Jun (2019)IMDb Rating (6.4)မင်းသားကြီး Kwon Sang-woo နဲ့ Jung Joon-ho တို့အပြင် ဂင်ချားနား Lee Yi-kyung , မင်းသမီး Hwang Woo-seul-hye တို့ပါဝင်ထားတဲ့ အက်ရှင်ဟာသစုံထောက် ကိုရီးယားရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့် သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါဒီလိုထူးခြားမှုတွေကြောင့် တစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့လိုကနေ ဂင်ဘုံဂျွန်တယောက် အေးဂျင့်ဂျွန်အဖြစ်နဲ့ လုပ်ကြံသူအဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ အေးဂျင့်အလုပ်ကို ငြီးငွေ့လာတဲ့ ဂျွန်က အဲ့လောကကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့ ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်၁၅ နှစ်အကြာမှာ သူ့ရဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ လုပ်ကြံသူအေးဂျင့်ဘဝဇာတ်ကြောင်းကာတွန်းက နာမည်ကြီးလာခဲ့ပြီး လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်က ဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာတော့... အေးချမ်းတဲ့ဘဝမှာ ကိုယ်ယောင်ဖျောက်နေတဲ့ အေးဂျင့်ဂျွန်တယောက် ဒီလောကအရိပ်မည်းလက်ထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာ...။ File ...
movie
Hitman: Agent Jun (2019)
6
One on One (2014)
One on One (2014)*************************IMDb... 6 ဒီနေ့မှာတော့ Ma Dong Seok, Kim Young Min, Lee Yi Kyung, Teo Yoo, Park So Dam နဲ့ တခြားသော အနုပညာရှင်တွေပါဝင်ထားတဲ့ mystery, thriller ရုပ်ရှင်ကားဟောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ဒီကားလေးက တောင်ကိုရီးယား ဒါရိုက်တာ Kim Ki Duk က ရိုက်ကူးထားပြီး ၇၁ ကြိမ်မြောက် Venice Internationl Film Festival မှာ အဖွင့်အနေနဲ့ ပြသခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။နှစ်တစ်နှစ်ရဲ့ မေလ ၉ ရက်နေ့မှာ အိုမင်ဂျူလို့ခေါ်တဲ့ ကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ ဘာအကြောင်းအရင်းကြောင့်မှန်းမသိ ကြံရာပါ အရွယ်ရောက်လူကြီး ၇ ယောက်က ဒီကောင်မလေးကို သတ်ခဲ့ကြတာပါ။ ခိုင်းတဲ့လူကလည်း ခိုင်းတယ်..။ အမိန့်ကိုမလွန်ဆန်နိုင်လို့ မတတ်သာဘဲ ကျူးလွန်ခဲ့ရတဲ့သူကလည်း ကျူးလွန်ခဲ့ပြီးဖြစ်လို့ လူ့အသက်တစ်ချောင်း ဆုံးရှုံးခဲ့ပြီးဖြစ်ပေမဲ့ ဒီအရေးကိုမျက်ကွယ်မပြုနိုင်တဲ့ အရိပ် ၇ ယောက်ကလည်း ရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ ...
movie
One on One (2014)
6.0
Wretches (2018)
Wretches (2018)*************** ပရိသတ်တို့အချစ်တော် ဂင်ချားနား (Lee Yi Kyung), Uncle Samsik ထဲက (Lee Won Geun) နဲ့ Dali and Cocky Prince, Celebrity ထဲက (Park Gyu-Young)တို့ ပါဝင်ထားပြီးကိုရီးယားနိုင်ငံရဲ့ ဆိုးဝါးလှတဲ့အရာတစ်ခုဖြစ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှု အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ 2018 ခုနှစ်ထွက် ဇာတ်ကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း **************** သာမန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jae-Young နဲ့ သူ့သူငယ်ချင်းတို့ဟာ ကျောင်းမှာ အနိုင်ကျင့်ခံရနေကျ ကျောင်းသားတွေပါ။တစ်ရက်သည်းမခံနိုင်တော့တဲ့အဆုံး အနိုင်ကျင့်တဲ့ခေါင်းဆောင်ကို အအေးထဲ ပိုးသတ်ဆေးခတ်လိုက်ရာကနေ သူငယ်ချင်းဖြစ်သူက ကျောင်းထွက်လိုက်ရပါတယ် .. ။ကျောင်းတွင်းအနိုင်ကျင့်အဖွဲ့တွေမှာလည်း အာဏာအပေါ်မူတည်ပြီး အထက်တွေ အောက်တွေရှိတဲ့အလျောက်ထုံးစံအတိုင်း ကျန်ခဲ့တဲ့ Jae-Young တစ်ယောက် မပြီးမဆုံးနိုင် အနိုင်ကျင့်ခံရပါတယ်။စပရိန်တို့လို ဖိလေလေ တွန်းကန်လေဆိုတဲ့အတိုင်း ချောင်ပိတ်ပြီး လွတ်လမ်းမရှိတဲ့ လူငယ်ကျောင်းသားတစ်ယောက် ဘယ်လိုတွေ လက်တုံ့ပြန်သွားမလဲဆိုတာကို Jae-Young နေရာမှာပါ ဝင်ခံစားပြီး ရင်တမမနဲ့ ကြည့်ရှုခံစားရစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.13GB / 500MB Quality… ...
movie
Wretches (2018)
6.7
Confidential Assignment (2017)
Confidental Assignment (2017) ****************************** ကလေးအဖေဖြစ်သွားပြီဖြစ်တဲ့ နာမည်ကြီးမင်းသား ဟျွန်ဘင်း၊ သူ့ဇနီးဖြစ်သူ ဆုန်းရယ်ဂျင်းနဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲကို အများစုက မြောက်ကိုရီးယားဗိုလ်ကြီးကားဆိုပြီး လူသိများကြပါတယ်... မင်းသားက မြောက်ကိုရီးယားဗိုလ်ကြီးကားကနေတစ်ဆင့် လက်တွေ့ဘဝမှာ ဖူးစာစုံခဲ့သလို မြောက်ကိုရီးယားလူမျိုး Character ကလည်း မင်းသားနဲ့အတော်လေး လိုက်ဖက်ပြီး အကျိုးပေးတယ်ပြောရပါမယ်...အခုတင်ဆက်ပေးတဲ့ Confidential Assignment ဇာတ်ကားကလည်းမြောက်ကိုရီးယားက ဗိုလ်မှူး Character ဖြစ်တဲ့အပြင်Girl Generation အဖွဲ့က Idol ယွန်းနာနဲ့ဟာသနာမည်ကြီးမင်းသားကြီး ယူဟယ်ဂျင်းတို့ ပါဝင်ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်လို့ မသိတဲ့သူ ရှိမယ်မထင်ပါဘူး...ဇာတ်လမ်းအကျဉ်းကတော့....မြောက်ကိုရီးယားသမ္မတက စက်ရုံထောင်ပြီးတော့အထိဘယ်လိုနောက်ဆုံးပေါ်စက်တွေနဲ့စစ်စစ်အတုဆိုတာမပေါ်နိုင်တဲ့ အမေရိကန်ဒေါ်လာငွေ ငွေစက္ကူရိုက်ပလိတ်ပြားကိုလျှို့ဝှက်ပြီး ဖန်တီးနေခဲ့ပါတယ်...အဲဒါကို လာခိုးမဲ့သူတွေရှိတယ်လို့ သတင်းရထားတဲ့ဗိုလ်မှူး အင်မ်ချောလျောင်းကတော့ အထက်အမိန့်အရသူ့ရဲ့နောက်လိုက်အဖွဲ့နဲ့အတူ အသင့်အနေအထားနဲ့ စစ်ဆင်ရေးစတင်ဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်...အဲဒီအချိန်မှာ ကင်းပုန်းစောင့်နေတဲ့နေရာဆီထမင်းမစားရမှာစိုးလို့ဆိုပြီး ချောလျောင်းရဲ့မိန်းမဖြစ်သူကလည်းထမင်းဘူးလေးကိုင်ပြီး ယောကျ်ားဖြစ်သူကို ထမင်းဝင်အောင်ကျွေးဖို့ရောက်လာခဲ့ပါတယ်...ဒီလိုကနေ အထက်လူကြီးက အသင့်အနေအထားပဲနေခိုင်းနေပေမဲ့အခြေအနေမဟန်ဘူးထင်တဲ့ ချောလျောင်းကစက်ရုံထဲကိုအဖွဲ့နဲ့ဝင်သွားပြီး စစ်ဆင်ရေးစတင်ခဲ့ပါတယ်...ဒါပေမဲ့ ပလိတ်ပြားကို ခိုးယူမဲ့သူတွေက သူထင်ထားသလို ပြင်ပကလူမဟုတ်ဘဲသူ့ရဲ့အထက်လူကြီးကိုယ်တိုင်ဖြစ်နေတဲ့အခါ ..ဝင်ရှုပ်တာပဲဆိုတဲ့သဘောနဲ့ ချောလျောင်းရဲ့မိန်းမအပါအဝင်သူ့လက်အောက်က တပ်ဖွဲ့တစ်ခုလုံးကိုပါခေါင်းဆောင်ဖြစ်သူ ချာဂီဆောင်းက သူ့ရှေ့မှာ ပစ်သတ်ပြခဲ့ပါတယ်...ပြီးတာနဲ့ ချာဂီဆောင်းက ...
movie
Confidential Assignment (2017)
7.1
The Moon(2023)
The Moon(2023)**************** ဒီကားဟာ BO ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိခဲ့တဲ့ ရုံကားဖြစ်ပါတယ်....ဘက်ဂျက်တွေအများကြီးသုံးခဲ့ပြီးCGI တွေလည်း တော်တော်ကိုကောင်းမွန်ပါတယ် ..ပြသချိန် ၂နာရီကျော်အတွင်းလုံးဝပျင်းစရာမကောင်းဘဲ စ/ဆုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်...ကိုရီးယားတွေဟာလကမ္ဘာကိုတက်ဖို့ ကြိုးစားခဲ့တုန်းက ပျက်စီးမှုတွေများပြားလွန်းတဲ့အပြင်ပါသွားတဲ့အာကာသယာဉ်မှူး ၃ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်...ဒီနောက်ဆက်တွဲအကျိုးဆက်ကတော့အာကာသအဖွဲ့ဝင်တွေနိုင်ငံကနေ ထုတ်ပယ်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်..သို့ပေမဲ့ ကိုရီးယားသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဟာလက်မလျှော့ခဲ့ပါဘူး...စမ်းသပ်မှုအကြိမ်ကြိမ်ကနေအမှန်တွေပြင်ဆင်ရင်း အထူးအာကာသယာဉ်မှူး(၃)ယောက်နဲ့ လကမ္ဘာပေါ်ကိုထပ်မံခြေချဖို့ကြိုးစားပါတော့တယ်...သူတို့အောင်မြင်မလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ .....A List သရုပ်ဆောင်တွေချည်းပါတဲ့အပြင် imdb ရော အခြားကောင်းမွန်တဲ့ review တွေကြောင့်ထွေထူးတော့မညွှန်းတော့ပါဘူး...File size… 2.4GB & 0.9GB Quality…WEB-DL 1080p & 720p Format…mp4 Duration….2hr 09min Genre ….. Sci-Fi, Adventure ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri,Tiff, Hnin Wai Oo, Stary & Treasure Htet
movie
The Moon(2023)
6.2
Bear Man (2023)
Bear Man / Ungnami (2023)ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ဒီတစ်ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့ အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။Casts တွေအနေနဲ့ ဝါရင့်သရုပ်ဆောင် Park Sung Woong အပါအဝင် မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | ...
movie
Bear Man (2023)
2023
6.2
The Pension (2018)
The Pension (2018)ဘယ်သူမဆို တပ်မက်တဲ့ ဒီနေရာလေးမှာ ဖုံးကွယ်ထားချင်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးနဲ့ ခံစားချက်တွေ ပေါက်ကြားကုန်တယ် !!!ဘယ်သူမဆို ထူးခြားတဲ့ အဖြစ်အပျက်တွေကြုံရမဲ့ ဒီ Pension ဆိုတဲ့ နေရာကို ရောက်လာကြတဲ့ လူတိုင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ သူစိမ်းတွေနဲ့ ပတ်သက်ဖို့ဖြစ်လာပြီးတော့ ဖြစ်တည်လာတဲ့ အကြောင်းအရာ ၄ပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ဇာတ်ကားထဲမှာ မတူညီတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၄ပိုင်းပါဝင်တာကြောင့် မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်မှာပါ။ “လရောင်” ဆိုတဲ့ Pension လေး မှာ လာတည်းတဲ့ ဧည်သည်တွေမှာလည်း “လ”နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖွယ် ကြည့်ရူ့နိုင်မှာပါ။အဓိက ဇာတ်ဆောင်တွေကတော့ Jo Jaeyoon, Park Hyo Joo, Jo hanchul, Lee Yi Kyung, Hwang sun hee တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie
The Pension (2018)
2018
5
Café Midnight : Missing Honey (2022)
Cafe Midnight : Missing Honey (2022)၂၀၂၀ ခုနှစ်မှာထွက်ခဲ့တဲ့ MBC drama special မှာ ဒီနာမည်နဲ့ပဲ ထွက်ခဲ့တဲ့ ဇာတ်လမ်းကို မြန်မာနိုင်ငံမှာ ဂင်ချားနား လို့ နာမည်ကြီးတဲ့ မင်းသား Lee Yi Kyung နဲ့ ပြန်ပြီးအသက်သွင်းထားတဲ့ ရိုလည်းရိုသလို ထူးဆန်းထွေလာတွေနဲ့ ရောယှက်နေတဲ့ Romance Fantasy ရုပ်ရှင်လေးပါမင်္ဂလာဆောင်နေ့မှာ သတို့သားအန်းထယ်ဘောင်းက ရောက်မလာဘဲ ပျောက်ချင်းမလှပျောက်သွားပါတယ်.... အစကတည်းက အရမ်းချစ်ကြတဲ့ စုံတွဲဆိုတော့ ထွက်ပြေးသွားတယ်ဆိုတာကိုလည်း မယုံတဲ့ သတို့သမီးနမ်ဂွန်ယွန်းဟာ လိုက်ရှာပါတော့တယ်နောက်ဆုံးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကော်ဖီဆိုင်ရောက်သွားပြီးတော့ သူ့ရဲ့သတို့သားကိုပြန်တွေ့ခဲ့ပါတယ် ဒါပေမဲ့ အဲဒီကော်ဖီဆိုင်က သာမန်မဟုတ်ဘဲ ထူးခြားဆန်းပြားနေခဲ့တော့ ထင်သလိုဖြစ်မလာခဲ့ပြန်ပါဘူးနောက်ဆုံးတော့ သတို့သားကိုပြန်တွေ့မလား သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Lee Yi Kyung ရဲ့အရိုတစ်လိုင်းဇာတ်ကားလေးကို ကြည့်လိုက်ပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. 1080p | 720p | ...
movie
Café Midnight : Missing Honey (2022)
2022
7.5
6/45 (2022)
6/45 (2022)IMDb - 7.5/10ပိုစတာထွက်ကတည်းက တမျှော်မျှော်ဖြစ်ခဲ့ရတဲ့ကားလေး နောက်ဆုံးတော့ ထွက်လာပါပြီတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက် 6/45 ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို့ ပြောလို့ရပါတယ်ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီး လမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့ လက်ထဲအထိ ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့် ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရောတောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေ လွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်...ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်တပ်နှစ်ခုကြားမှာ ပဋိပက္ခတွေပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် ဒီထီလက်မှတ်အကြောင်းကို သိနေကြတဲ့ နှစ်နိုင်ငံကစစ်သားတွေ အချင်းချင်းပေါင်းစည်းသွားမလားသေချာတာကတော့ တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်တဲ့ ထီလက်မှတ်လေးရဲ့ နောက်ဆုံးအခြေချရာနေရာကို ပါးစပ်မစေ့တမ်း ရယ်ရင်းမောရင်း စောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးစောင့်မျှော်နေကြတဲ့ကားဖြစ်လို့ အခုပဲ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးမင်းသားတွေကလည်း ပရိသတ်အကြိုက် ဒိတ်ဒိတ်ကြဲ မင်းသားတွေပဲမို့ ကြည့်ရတာ အားရစရာပါ။Love ...
movie
6/45 (2022)
2022
6.6
The Pirates (2014)
IMDb Rating (6.6)ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆွန်းဂျဲတို့ တရုတ်ကိုစစ်တိုက်ဖို့ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်စစ်သူကြီးရီဆွန်းဂျဲက တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီးဘုရင်ကိုပြန်ပုန်ကန်ဖို့နဲ့ ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီးသတ်ဖြတ်ကာ ကွဲကုန်ပါတယ်စစ်သူကြီးအများစုက ဘုရင်ကိုပုန်ကန်ဖို့ဆုံးဖြတ်ကြတာကြောင့်ဘုရင်ကိုမပုန်ကန်ချင်တဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားရရှာပါတယ်။မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။The Classic 2003 ဇာတ်ကားထဲက မင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်...ရီဆွန်းဂျဲက ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်...အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လဲ မောက်မာလိုက်ပါသေးတယ်..တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်းဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်းအလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးက မြိုသွားပါတယ်....တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်ဝေလငါးလိုက်ရှာရင်း ...
movie
The Pirates (2014)