Channel Myanmar

Lee Min-ji

Entangled (2014) 7.6
Entangled (2014) Entangled (2014)*****************IMDb..... 7.6 မိသားစုကားလေးကိုမှ Mystery ဆန်ဆန်ကြည့်ချင်တဲ့ CM ပရိသတ်ကြီးတို့အတွက်ဂျူမုံမင်းသား Song Il-Kook၊ မင်းသမီးကြီး Do Ji-won၊ Kim Young-Ae နဲ့Kim So-eun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းသမီးကြီးရယ် သမီးငယ်ရယ် သမက်ဆရာဝန်လေးရယ် မြေးလေးရယ်နဲ့ အတူတူနေထိုင်ရင်း ဘဝကြီးဟာဘာမှတောင့်တစရာမရှိတော့အောင် ပြီးပြည့်စုံနေတဲ့ မိခင်ဖြစ်သူဆွန်းအင်ရဲ့ဘဝ။အသက်အရွယ်ရလာတာနဲ့အမျှ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူငယ်ပြန်ခြင်းဆိုတဲ့ရောဂါဆိုး စွဲကပ်လာတဲ့အခါမှာတော့ပျော်ရွှင်စရာမိသားစုကို တစ်စစီဖျက်ဆီးပစ်လိုက်တဲ့ အမှားအကြီးကြီးတစ်ခုကို ဆွန်းအင်တစ်ယောက်ကျူးလွန်မိလိုက်ပါတော့တယ်။ အဲဒီအမှားကြောင့်ပဲ သမီးကြီးတို့လင်မယားကလည်း အိမ်ခွဲနေဖို့ထွက်သွားခဲ့ပြီးတစ်စစီပြိုကွဲသွားတဲ့ မိသားစုကြောင့်ရလာတဲ့ စိတ်ဒဏ်ရာဟာ သမီးငယ်ရဲ့ဘဝကိုပါ သက်ရောက်လာပါတော့တယ်။တဖြည်းဖြည်း ရောဂါ အခြေအနေဆိုးရွားလာတဲ့ မိခင်ဖြစ်သူ ဆွန်းအင်ရယ်၊ မိခင်ဖြစ်သူရဲ့ အမှားကြီးကြောင့်အမုန်းကြီးမုန်းသွားခဲ့တဲ့ သမီးကြီးတို့ လင်မယားရယ် ကျောင်းမှာဆို အနိုင်ကျင့်ခံရ အိမ်မှာဆို ရောဂါသည်အမေကြီးကိုပါ လိုက်ထိန်းရနဲ့ မနိုင်ဝန်ထမ်းနေရတဲ့ သမီးငယ်တို့ရဲ့ မွန်းကျပ်စရာ အဖြစ်အပျက်တွေကကိုယ်ပါ ဇာတ်ကားထဲရောက်သွားသလို  စီးမျောခံစားစေရမဲ့ ...
movie

Entangled (2014)

One Win (2024) 6.5
One Win (2024) One Win (2024)*****************IMDb... 6.5Rebound , Amazon Bullseye တို့လို အားကစားရုပ်ရှင်တွေကို အထူးနှစ်ခြိုက်ခဲ့သူများအတွက်ဒီတစ်ခေါက်မှာတော့ ဘော်လီဘောအားကစားအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Main Cast များအနေနဲ့ ရုပ်ရှင်ချစ်သူများနဲ့ မစိမ်းတဲ့ Parasite , A Taxi Driver မှ Song Kang-Ho နဲ့Uprising ဇာတ်ကားတို့မှ Park Jeong-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဂင်အူဂျင် (Song Kang-Ho) ဟာ ဘော်လီဘောကစားသ‌မားဟောင်းဖြစ်ပြီး လက်ရှိမှာတော့ကလေးသူငယ် ဘော်လီဘောသင်တန်းကျောင်းကို ဖွင့်ထားပေမဲ့ အရှုံးပေါ်ပြီးသင်တန်းကို ပိတ်ပစ်လိုက်ရတဲ့ အခြေအနေမှာပါ။အဲဒီအချိန်မှာပဲ တိုက်တိုင်ဆိုင်ဆိုင် ပရိုအသင်း Pink Storm ကနေ နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ဖြစ်ချင်တော့ Pink Storm ကလည်း အဓိက ပွဲထွက်ကစားသမားတွေလည်း အသင်းပြောင်းကုန်ပြီးအရန်ကစားသမားတွေပဲ ကျန်ရှိတော့တာမို့ ဖျက်သိမ်းရတော့မယ်လို့ သတင်းထွက်နေတဲ့ အသင်းဖြစ်နေတာပါပဲ။အဲဒီလို ဖျက်သိမ်းရခါနီးဆဲဆဲ ...
movie

One Win (2024)

Slate ( 2020 ) 5.6
Slate ( 2020 ) ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်လမ်းရဲ့အကြောင်းအရာလေးကတော့... ယွန်းဟီးဆိုတဲ့ ကောင်မလေးဟာ မိဘမဲ့ တစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက အဓိကဇာတ်ကောင် ဖြစ်ချင်စိတ်ပြင်းပြတဲ့လူတစ်ယောက်ပါဒါပေမဲ့လည်း သူဟာ အဓိက ဇာတ်ဆောင်ဖြစ်ဖို့ကံ​တော့ပါမလာဘဲ ဇာတ်ကားတစ်ကားရဲ့ အက်ရှင်အစားထိုးစတန့်သမားလုပ်ဖို့ ကမ်းလှမ်းခံရကာ ရိုက်ကွင်းကိုသွားတဲ့အချိန်မှာ မထင်မှတ်ထားဘဲနဲ့ အပြိုင်ကမ္ဘာကိုရောက်ရှိသွားပါတော့တယ် အဲ့ဒီကမ္ဘာမှာ ယွန်းဟီးကို ရွာသားတွေက ရွာကိုကာကွယ်ပေးမဲ့ ဝိညာဉ်သတ်ဖြတ်သူ သူရဲကောင်းလို့ထင်မှတ်ပြီး တစ်ရွာလုံးက သူ့ကိုပစားထားကြပါတယ်ဒီလိုနဲ့ အဓိက ဇာတ်ကောင်ဖြစ်ချင်တဲ့ ယွန်းဟီးတစ်ယောက် အဓိကဇာတ်ကောင်ဖြစ်ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဘယ်လိုအလွဲတွေနဲ့ရွာကို ကယ်တင်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် Filesize : 1.66 GB / 681 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Slate ( 2020 )

The Vanished ( 2018 ) 6.6
The Vanished ( 2018 ) အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့ လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့ သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်း စုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက် သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာ သည်းထိတ်ရင်ဖိုကားလေးတစ်ကားကို လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married couple ဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-ae ပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-woo စုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။ Filesize ...
movie

The Vanished ( 2018 )

Jane (2017) 6.1
Jane (2017) Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရောဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီးရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာစွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့မိခင်သဖွယ်‌နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် ..ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီးဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ ..သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီးသူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ...
movie

Jane (2017)

Confidential Assignment 2: International (2022) 6.9
Confidential Assignment 2: International (2022) Confidential Assignment 2 : Internationalအားလုံးစောင့်မျှော်နေကြတဲ့ Hyun Bin နဲ့ Yoona တို့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Confidential Assignment 2 ရပါပြီပုံမှန်မြင်တွေ့နေကြ တောင်ပိုင်းနဲ့မြောက်ပိုင်း အငြင်းပွားကြတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ တောင်နဲ့မြောက် ပူးပေါင်းပြီး တရားခံဖမ်းဆီးကြမယ့် ရုပ်ရှင်ကားဖြစ်တာမို့ Plot ဆန်းဆန်းနဲ့ Criminal Action ကားမျိုးကို ကြိုက်နှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲဇာတ်လမ်းအကျဉ်းကတော့_ မြောက်ကိုရီးယားအကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးမယ့် မြောက်ကိုရီးယားစုံထောက်အင်းချောရောင်းဟာ တောင်ကိုရီးယားစုံထောက်ဂန်ဂျင်ထယ်နဲ့ အတူတူပူးပေါင်းခဲ့ပါတယ်ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့နှစ်ဦးကို FBI စုံထောက်တစ်ဦးဖြစ်တဲ့ ဂျက် က လိုက်လံဖမ်းဆီးနေခဲ့ပြန်ပါတယ်ဒီလို‌နဲ့ ပြေးတမ်းလိုက်တမ်း ကစားကြရင်း ထင်မှတ်မထားတဲ့အခြေအနေတစ်ခုကြောင့် ဂျက် ဟာ အင်းချောရောင်းတို့နဲ့ ပူးပေါင်းဖို့ဖြစ်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးHyun Bin နဲ့ Daniel Henney တို့ရဲ့ ခပ်မိုက်မိုက် Action Scenes တွေနဲ့ Yoona ရဲ့ ပေါ့ပေါ့ပါးပါး ကာရိုက်တာလေးအပြင် Criminal Action ...
movie

Confidential Assignment 2: International (2022)

2022
Color Rush 2 (2022) 7.2
Color Rush 2 (2022) Color Rush 2ကဲ Color Rush S2 Movie Versionလေး လာပါပြီ အရင် S1တုန်းက Mono ယွန်းအူတစ်ယောက် သူ့ရဲ့Probe ဂိုယူဟန်နဲ့ တွေ့ဆုံခဲ့ပြီး တစ်နေ့တော့ ဂိုယူဟန်က ယွန်းအူအစား ပြန်ပေးဆွဲခံခဲ့ရပြီး ပျောက်သွားခဲ့ပါတယ်အခု S2ကို အကျဉ်းချုပ်လေး ပြောပြရရင်တော့ အရောင်တွေကို အဖြူအမဲအနေနဲ့သာ မြင်ရတဲ့ Monoတွေဟာ သူတို့ကို အရောင်မြင်နိုင်စွမ်း(Color Rush)အခိုက်အတန့်ကိုပေးတဲ့ Probeတွေကို တွေ့ဆုံတဲ့အခါ...ပျော်ရသလို စွဲလမ်းလွန်းသွားတတ်တာကြောင့် ပြန်ပေးဆွဲမှု လူသတ်မှုတွေပါထိ ဖြစ်ကြတော့ ရာဇဝတ်ကောင်တွေအဖြစ် Monoတွေကို လူအများက ကျဉ်ပယ်ကြပါတယ်ဝမ်းနည်းမှု မတရားမှု စိတ်အားငယ်မှုတွေနဲ့အတူ ပတ်ဝန်းကျင်ဒဏ်ကို ခံစားရတဲ့ Monoတွေရဲ့ ခံစားချက်တွေကို အခွင့်ကောင်းယူ အသုံးချပြီး အရောင်မြင်နိုင်အောင် ဖန်တီးပေးမယ့် ''Probe ခွဲစိတ်မှု ''ဆိုတဲ့ စီးပွားရေးလောကသားအချို့ရဲ့ လျျို့ဝှက်ရာဇဝတ်မှုတစ်ခု ရှိနေတဲ့အခါအဲ့အမှုထဲ ပါဝင်ပြီး သေဆုံးသွားခဲ့တဲ့ Mono ကျောင်းသူယယ်ဝန်အတွက် ...
movie

Color Rush 2 (2022)

Color Rush (2020) 7.9
Color Rush (2020) Color Rush -BL 2021Monoနဲ့ Probeဆိုတာကိုကြားဖူးကြပါသလား။မကြားဖူးရင်တော့ ဒီကားလေးထဲမှာ လေ့လာလို့ရမှာဖြစ်ပြီး သိပြီးသားဆိုရင်တော့ အဲ့လူနှစ်ယောက်ကြားက ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ကြရအောင်ပါ။Monoဆိုတာ အရောင်မြင်နိုင်စွမ်းမရှိသူကိုခေါ်ပါသတဲ့ ဒါပေမယ့် Color Blind ဖြစ်တာမျိုးတော့မဟုတ်ဘဲ သူတို့မြင်ရတဲ့လောကကြီးဟာ မီးခိုးရောင်အဖြစ်တည်ရှိနေတာမျိုးပါ။ကံကြမ္မာက ဖန်တီးပေးထားတဲ့အဆန်းတကြယ်ဖြစ်ရပ်လေးကတော့ အဲ့ဒီMonoလိုလူတွေဟာ လူတယောက်နဲ့တွေ့တဲ့အခါ အရောင်မျိုးစုံဖြာထွက်တာ(Color rush)ကို မြင်ရပြီး အရောင်တွေကိုသိမြင်ခံစားလာနိုင်ကြပါသတဲ့။ အဲ့လိုသူတို့ကို အရောင်တွေကိုသိမြင်ခွင့်ပေးနိုင်သူကို Probeလို့ခေါ်ပြီး Monoတယောက်ဟာ သူ့ရဲ့Probeနဲ့တွေ့ဆုံခွင့်ရသွားပြီဆိုရင် အရူးအမူးစွဲလန်းသွားတဲ့ထိဖြစ်သွားတတ်ကြပါတယ်။Probeသာဘေးမှာရှိနေရင် အရောင်တွေကိုမြင်ခွင့်ရမယ်ဆိုတဲ့လောဘကြောင့်ရော ချစ်မိသွားတဲ့စိတ်ကြောင့်ရော...ပြောရမယ်ဆိုရင် Probeနဲ့Monoဟာ soulmate လိုမျိုးဖြစ်နေကြတဲ့ သဘောသဘာဝလေးကိုဒီကားလေးထဲမှာ Monoဖြစ်သူ အထက်တန်းကျောင်းသားချွဲယွန်းဝူနဲ့ သူ့ရဲ့Probe ဂိုယူဟန်ကြားက ဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားပါတယ်BLကားလေးဖြစ်လို့ မထိတထိကလိကလိနေရာလေးများကို စောင်ကိုက်ကြည့်ရမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ Quality__720p IMDb Rating__7.9/10 Format__mp4 Duration__02:00:00 Type__Drama ,Romance , LGBTQ+ Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

Color Rush (2020)

Coin Locker Girl ( 2015 ) 6.8
Coin Locker Girl ( 2015 ) ဒီကား​လေးမှာဆိုရင် မင်းသမီး အဓိကဦးစား​ပေး ဇာက်​ကားတစ်​ကားဖြစ်​ပြီး Drama/Crimeဇာတ်​ကားတစ်​ကားပါ အဓိက role​တွေ ​အ​နေနဲ့Goblin ဇာတ်​ကားမှ မင်းသမီး kim Go-eunမှ မာ​အီ​ယောင်းအဖြစ်​သရုပ်​​ဆောင်​ထားပြီး ​နောက်​ထပ်​ ဇာတ်​​ဆောင်​အ​နေဖြင့်​ မင်းသမီးကြီးKim Hye-sooမှ သရုပ်​​ဆောင်​ထားပါတယ်​ မင်းသားအ​နေနဲ့လဲအားလုံးသိကြတဲ့ love in the moonlightထဲမှ မင်းသား​လေး park bo-gumမှသရုပ်​​ဆောင်​ထားပါတယ်​ ဇာတ်​လမ်းအ​နေနဲ့က အီ​ယောင်းဟာစွန့်​ပစ်​ခံက​လေးတစ်​​ယောက်​ဖြစ်​ပြီး ​ငွေတိုး​ချေးစားတဲ့လုပ်​ငန်းကိုလုပ်​တဲ့ မာဝူဟီးက ​မွေးစားထားခဲ့ပါတယ်​ မာဝူဟီးဟာ အီ​ယောင်းအပြင်​ အခြားက​လေး​တွေကိုလဲ ​မွေးစားထားပြီး သူ့လုပ်​ငန်းအတွက်​ ခို​င်း​စေခဲ့ပါတယ်​သူ့အတွက်​ အသုံးမဝင်​ရင်​ ​ခွေး​တောင်​မထားပဲ သတ်​ပစ်​တဲ့သူမျိုးလဲ ဖြစ်​ပါတယ်​အီ​ယောင်းဟာ တစ်​ခြားက​လေး​တွေနဲ့မတူပဲ ​အေးတိ​အေးစက်​ မိုက်တိမိုက်​ကန်းပုံစံမျိုးနဲ့ ကြီးပြင်​လာခဲ့ပြီး မင်းသားနဲ့​တွေ့ပြီးဘယ်​လို​ပြောင်းလဲဆိုတာမာလုပ်​ငန်းက ​ငွေ​ချေးတဲ့လုပ်​ငန်​အပြင်​ ဘာ​တွေလုပ်​​နေ​သေးလဲ ဆိုတာkorea နိုင်​ငံရဲ့ ဒုစရိုက်​​လောကကို မျက်​ဝါးထင်​ထင်​ မြင်​​တွေ့​အောင်ရိုက်​ကူးထားတဲ့အပြင်​ မင်းသမီးနှစ်​​ယောက်​ ဂိုဏ်းစတား​တွေအဖြစ်​သဘာဝကျကျသရုပ်​​ဆောင်​ထားပြီး rating IMDb 6.8/10ရရှိထားတဲ့ ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​ Translated & ...
movie

Coin Locker Girl ( 2015 )

2015
The Piper (2015) 6.3
The Piper (2015) The Piper (2015) ________IMDB - 6.3/10IMDb  Rating 6.3 ရထားတဲ့ ကိုးရီးယား  Horror/Mystery ဇာတ်ကားလေးပါ၊ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိပါမှာ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးပါ၊ ဇာတ်လမ်းလေးကတော့ ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်  နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက ...
movie

The Piper (2015)

2015