Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Marvin
6.7
The Wild One (1953)
"The Wild One" (1953) ဟာ အမေရိကန် မှုခင်းဒရာမာရုပ်ရှင်ဖြစ်ပြီး László Benedek မှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားကာ Marlon Brando က အဓိကအဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းထဲမှာတော့ Johnny Strabler ဟာ Black Rebels Motorcycle Club လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ California ပြည်နယ်က Wrightsville မြို့လေးကို သူတို့တွေရုတ်တရက်ဝင်ရောက်လာချိန်မှာပဲ အေးချမ်းနေတဲ့မြို့လေးဟာ မအေးမချမ်းဖြစ်ခဲ့ရပါတယ်။နောက်ပိုင်း ပြိုင်ဘက်မော်တော်ဆိုင်ကယ်ဂိုဏ်းတစ်ခုလည်းဝင်လာပြီး မြိုသူမြိုသားတွေနဲ့ ရဲတွေကြား အကြမ်းဖက်မှုတွေပါ ဖြစ်ပေါ်လာတယ်။ အရှုပ်အထွေးတွေကြားထဲကပဲ Johnny ဟာ Kathie ဆိုတဲ့ကောင်မလေးကို တွေ့ပြီး စိတ်ဝင်စားသွားတယ်။ သူတို့ရဲ့ဆက်ဆံရေးကြောင့် Johnny ရဲ့ စိတ်သဘောထား နူးညံ့မှု၊ မိမိကိုယ်ကို ပြန်သုံးသပ်မှုတွေကိုပါ တွေ့မြင်လာရတယ်။သိုပေမဲ့လူ့အဖွဲအစည်းရဲ့ ဖိအားနဲ့ ယုံကြည်မှု လွှဲမှားမှုတွေကြောင့် ဘယ်လိုဒုက္ခတွေ၊ အဖြစ်ဆိုးတွေဖြစ်လာရမလဲဆိုတာတော့ ဒီ The ...
movie
The Wild One (1953)
6.7
Donovan’s Reef (1963)
ဟာလီယာကာလိုဟာကျွန်းဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ လူမျိုးပေါင်းစုံစုပေါင်းနေကြပြီး အေးချမ်းသာယာတဲ့ကျွန်းတစ်ကျွန်း။ ကျွန်းပေါ်နိုင်ထိုင်ကြတဲ့သူတွေထဲ အမေရိကန်စစ်ပြန်ကြီးတိုဖြစ်ကြတဲ့ မိုက်ကယ်ဒိုနိုဗန်တိုလည်းပါတယ်။တနေ့မှာတော့ မိုက်ကယ့်မိတ်ဆွေဒေါက်တာရဲ့သမီးဟာ ဘော်စတွန်ကနေ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာတော့ ဒေါက်တာဟာကျွန်းပေါ်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်ရှိနေပြီဆိုတဲ့အကြောင်း သူ့သမီးကို ဘယ်လိုပြောပြရကောင်းမှန်းမသိလို့ ကလေး ၃ ယောက်ကို သူ့သားသမီးတွေပါလို့ လိမ်ဆင်လုပ်ရာကနေပြီးတော့အစပြုမယ့် သူတိုရဲ့ချစ်ဇာတ်လမ်း။ File size…(3.1 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Adventure, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Donovan’s Reef (1963)
7.7
The Dirty Dozen (1967)
ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန် အမေရိကန်စစ်တပ်အရာရှိ မေဂျာရိုက်စ်မန်းဟာ ရိုင်းစိုင်းပြီးအမိန့်ကို ဖီဆန်တတ်ရုံမက ခံစားချက်မဲ့သူဆိုပြီး ဝေဖန်ရှုတ်ချခံရကာ အထက်လူကြီးတွေရဲ့ မျက်မုန်းကျိုးတာကို ခံရသူ။ တစ်နေ့မှာတော့ သူဟာ လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ သေဒဏ် မဟုတ်ရင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၂ ယောက်ကိုရွေးကာ အပြင်းအထန်လေ့ကျင့်ပေးပြီး နာဇီအခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ရမယ့် စစ်ဆေးရေးတစ်ခုကို တာ၀န်ပေးအပ်ခြင်းခံခဲ့ရတယ်။စစ်ဆင်ရေးကို အောင်မြင်ခဲ့ရင် အရွေးချယ်ခံထားရတဲ့ အကျဉ်းသားတွေဟာ အပြစ်ဒဏ် လျှော့ပေါ့ပေးခံရနိုင်ခြေရှိသလို လျှော့ပေါ့ပေးမခံရနိုင်တာမျိုးလည်းရှိမယ်။ အကျဉ်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆိုးသွမ်းပုံချင်းမတူကြပေမဲ့ အရာရှိတွေကို မုန်းတီးတဲ့နေရာမှာတော့ တူညီကြတယ်။ သူတိုရဲ့ရန်သူဟာ နာဇီတွေမဟုတ်ဘဲ အမေရိကန်စစ်တပ်အရာရှိတွေသာဖြစ်ပြီး ကမ္ဘာစစ်ကလည်း သူတိုနဲ့မဆိုင်၊ ခံယူချက်ကိုယ်စီနဲ့ ထိန်းချုပ်ရခက်တဲ့ စိတ္တဇလူသတ်ကောင် မုဒိမ်းကောင်တွေ။ ဒီလိုမျိုး ကိုင်တွယ်ရခက်ပြီး စည်းလုံးမှုမရှိတဲ့ အကျဉ်းသား တစ်ဒါဇင်ကို မေဂျာရိုက်စ်မန်းတစ်ယောက် ဘယ်လိုမျိုး လေ့ကျင့်ပေးမလဲ။ လေ့ကျင့်ရေးအပြီး စစ်ဆင်ရေးကိုလုပ်ဆောင်ချိန်မှာရော ဆိုးမိုက်လိုထောင်ကျနေတဲ့သူတွေနဲ့ဖွဲစည်းထားတဲ့ မေဂျာရိုက်စ်မန်းတိုအဖွဲဟာ စစ်ဆင်ရေးကို ...
movie
The Dirty Dozen (1967)
4K HEVC
8.1
The Man Who Shot Liberty Valance (1982)
ဒီရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ ဂျွန်ဖို့ဒ် ရိုက်ကူးခဲ့တဲ့ အနောက်တိုင်းဂန္တဝင်ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ဥပဒေသမားလေး ရန်ဆမ် စတောဒတ် နဲ့ ဥပဒေဆို မထီမဲ့မြင်ပြုပြီး ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ လစ်ဘာတီ ဗဲလန့်စ် ကြားထဲက ဇာတ်လမ်းအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အထက်လွှတ်တော်အမတ် ဖြစ်တဲ့ ရန်ဆမ် စတောဒတ် ဟာ သူ့နယ်မြို့လေးကို ချစ်ဇနီး ဟယ်လီ နဲ့အတူ ပြန်ရောက်လာပါတယ်။ လာရင်းကတော့ ရန်ဆမ်ရဲ့ သူငယ်ချင်း ဇာပနအတွက်ပါ။ အဲဒီမှာ သတင်းထောက်သမားတွေက အထက်လွှတ်တော်အမတ်တစ်ယောက်က နယ်မြေလေးကို ဒုန်းဆိုင်းပြန်လာရတဲ့အကြောင်းရင်းကို သိချင်ဇောနဲ့ အင်တာဗျူးဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရန်ဆမ့် အနေနဲ့ အတိတ်က ဇာတ်လမ်းဟောင်းလေးဖြစ်တဲ့ "လစ်ဘာတီ ဗဲလန့်စ် ကို ပစ်ခဲ့သူ" အကြောင်း ပြန်ပြောပြဖို့ရာ အကြောင်းဖန်လာပါတော့တယ်...ဒီရုပ်ရှင်ဟာဆိုရင် ရန်ဆမ် စတောဒတ် နဲ့ သူ့သူငယ်ချင်း၊ နောက်ပြီး ဟယ်လီတို့ ...
movie
The Man Who Shot Liberty Valance (1982)
The Delta Force (1986)
The Delta Force (1986)1985 တုန်းက လေယာဉ်ပြန်ပေးဆွဲခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်ကို Reference ယူပြီး ရိုက်ထားတဲ့ 1986 က ကားဟောင်းလေးပါ။ Delta Force Trilogy ထဲက ပထမဆုံးကားဖြစ်ပါတယ်။ အမေရိကန် ဖိုက်တာကြီး Chuck Norris ပါဝင်သရုပ်ဆောင်ထားတာမို့ အပစ်အခတ် အကြမ်းစားတွေ သေချာပေါက်တွေ့ရမှာပါ။ဇာတ်လမ်းကတော့... အကြမ်းဖက်သမားနှစ်ယောက် အဒူရာဖိုင်းနဲ့ မူစတာဖာတို့က အေသင်ကနေ ရောမ နယူးယောက်ကိုသွားမယ့် လေယာဉ်ကို ပြန်ပေးဆွဲသွားပြီး ဘဲရု လက်ဘနွန်ကို ပျံခိုင်းလိုက်တယ်။ အမေရိကန် ဒယ်တာတပ်ဖွဲ့က ကာနယ်နဲ့ မေဂျာစကော့တို့ ဦးဆောင်ပြီး ဓားစာခံတွေကိုကယ်တင်ဖို့ တာဝန်ကျလာတယ်။ အဒူရာဖိုင်းက ခရီးသည် ၁၄၄ ယောက်ထဲက ဂျူးတွေနဲ့ မရိန်းတပ်သားတွေကို ခွဲထုတ်ပြီး ဘဲရုမှာထားခဲ့ပြီးတော့ သူတို့အစား အကြမ်းဖက်သမားအဖော်တွေခေါ်တင်လာတယ်။ အယ်ဂျီးရီးယားကို ဆက်ပျံလာပြီး ဓားစာခံမိန်းကလေးတွေကို လွှတ်ပေးမယ်ဆိုတော့ ဒယ်တာတပ်ဖွဲ့က အကြမ်းဖက်သမား ၂ယောက်ပဲပါတယ်ဆိုပြီး ...
movie
The Delta Force (1986)
1986