Channel Myanmar

Lee Jun-hyeok

South Bound (2013) 6.9
South Bound (2013) South Bound (2013) ********************IMDb- 6.9South Bound ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၃ခုနှစ်မှာ ဒါရိုက်တာYim Soon-rye ကရိုက်ကူးထားပြီးတော့ မင်းသားကြီးKim Yun-seokမှ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဖခင်တစ်ဦးဖြစ်တဲ့ ချွဲဂျယ်ဂတ်ရဲ့ မိသားစုကို အခြေခံထားပြီး လွတ်လပ်မှုနဲ့ မိသားစုကြားမှာရှုပ်ထွေးနေတဲ့ဘဝကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။သူက နိုင်ငံ့အာဏာနဲ့အဖွဲ့အစည်းတွေကို မယုံကြည်တော့ဘဲ၊သူ့မိသားစုနဲ့အတူ မြို့ကြီးကထွက်ပြေးပြီး တောင်ဘက်ရှိကျွန်းငယ်တစ်ခုကိုရွှေ့ပြောင်း သွားနေပါတယ်။ သူရဲ့ရည်ရွယ်ချက်က မိသားစုနဲ့အတူ လွတ်လပ်စွာ၊ စနစ်မဲ့တဲ့ဘဝကိုနေချင်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုအတွင်းမှာပဲ အမြင်မတူတာတွေ၊ စိတ်ကူးယဉ်နဲ့လက်တွေ့ဘဝကြား ပဋိပက္ခတွေက ကြီးလာတဲ့အခါ… သူ့ရဲ့ရွေးချယ်မှုက မှန်နေသေးမလား၊ ဟာသနဲ့အတွေးအခေါ် တစ်ပြိုင်နက်တည်းရရှိစေတဲ့ ဒီဇာတ်ကားဟာ မိသားစုအတွက်ရော ကိုယ့်အတွက်ပါ “အမှန်တရား” ဆိုတာ ဘာလဲဆိုတာ ပြန်စဉ်းစားစေမယ့် ရုပ်ရှင်တစ်ကား ဖြစ်တာကြောင့် ဒီလိုဇာတ်ကားလေးကိုတူတူကြည့်ရှု့ခံစားလိုက်ကြရအောင်ပါနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size - 2.39 GB/ 1 ...
movie

South Bound (2013)

Golden Slumber (2018) 6.8
Golden Slumber (2018) Golden Slumber (2018)**********************IMDb... 6.8 မင်းသားကြီး Kang Dong Won , အားလုံးရဲ့ အသည်းစွဲမင်းသမီးလေး Han Hyo Joo နဲ့အတူပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Dae Myung , Kim Eui Sung နဲ့Kim Sung Kyun တို့ အဓိက ပါဝင်ရိုက်ကူးထားတဲ့ action ,thriller ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။~ ဇာတ်လမ်းအညွှန်း ~ပါဆယ်လိုက်ပို့ပြီး ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အချိန်ကုန်ဆုံးပြီး ဖြတ်သန်းနေတဲ့သာမန်ပြည်သူလေး ဂင်ဂွန်းအူဟာ သူ့ရဲ့ ရိုးသားမှုနဲ့ သတ္တိရှိမှုကြောင့် စံပြပြည်သူဆုကိုချီးမြှင့်ခြင်းခံထားရသူတစ်ဦးပဲဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့ သမ္မတလောင်း ယူယောင်းဂုရဲ့ သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီးလုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံရလိုက်တဲ့အခါမှာတော့....ရိုးသားကြိုးစားတဲ့ ဂင်ဂွန်းအူတစ်ယောက် စွပ်စွဲခံရတဲ့အမှုကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးပမ်းသွားမလဲ...သူ့ရဲ့ ရိုးသားဖြောင့်မတ်တဲ့ "စံပြပြည်သူ" ဆိုတဲ့ ဂုဏ်ပုဒ်လေးကိုရော အဖတ်ပြန်ဆယ်သွားနိုင်ပါ့မလား..ဆိုတာကို တော့ ဇာတ်ကားလေးထဲမှာပဲ... (ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Golden Slumber (2018)

Miss Butcher (2017) 6.4
Miss Butcher (2017) Miss Butcher (2017)*******************IMDb... 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီးအရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကိုယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှုနောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့..မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် ...
movie

Miss Butcher (2017)

Rosebud (2019) 6.3
Rosebud (2019) Rosebud (2019) **************ဒီကားလေးကတော့ IMDb rating 6.3 ရရှိထားပြီး Yoo Ho Jung , Oh Jung Se, Park Sung Woong, Ha Yeon Soo, Choi Woo Shik, Chae Soo Bin တို့လို ထိတ်ထိတ်ကြဲ cast တွေကို အတူတူတွေ့မြင်ရမဲ့ စီးရီးလေးဖြစ်ပါတယ် ..ဇာတ်လမ်းလေးကတော့ .."ဟုန်းဂျန်မီ" ဆိုတဲ့ အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက်က အထည်ချုပ် စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အခြေခံလူတန်းစားရပ်ကွက်က ကောင်မလေးတစ်ယောက်ပေါ့...ဒါပေမယ့် သူ့အိပ်မက်ကကြီးတယ်.... တစ်နေ့ နိုင်ငံကျော် အဆိုတော်ကြီးဖြစ်ရမယ်ပေါ့...ဒီတော့ သူမချုပ်တဲ့ အဝတ်တွေရဲ့ ကောက်ကြောင်းတွေကလည်း နူးညံသိမ့်မွေ့နေလေရဲ့...အားတဲ့အချိန်တိုင်း သီချင်းတွေရေးနေတတ်သလို အသစ်သစ်သော သီချင်းသံစဉ်တွေ ဖန်တီးနေတတ်တယ် ..ညဘက် ဘီယာဆိုင်မှာလည်း အချိန်ပိုင်းအလုပ်တယ်..သူမအတွက် ဘီယာဆိုင်က တီးဝိုင်းကြောင့်ပင်ပန်းတယ်လို့မထင်ဘူး....တစ်နေ့တော့ သူမအတွက် အဆိုတော်ဖြစ်ဖို့အခွင့်အရေးကြီး တစ်ခုရလာတယ်.....တစ်ချိန်တည်းမှာပဲ ...
movie

Rosebud (2019)

Ghost Sweepers (2012) 5.8
Ghost Sweepers (2012) Ghost Sweepers (2012)**********************Horror လည်းကြိုက် စိတ်ပြေလက်ပျောက်လည်း ကြည့်ချင်တဲ့ သရဲကားပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားသရဲဟာသကားလေး တစ်ကားဖြစ်တဲ့ Ghost sweepers လေး တင်ပေးထားပါတယ် .. ။Cast တွေအနေနဲ့ကတော့ လူတိုင်းသိကြတဲ့ legendary မင်းသားကြီးဖြစ်တဲ့ Kim Su Ro, Taxi Driver နဲ့ Signal တို့က မင်းသား Lee Je Hoon နဲ့ The One and Only နဲ့ The Huntresses တို့က မင်းသမီး Kang Ye Wonအပြင် တခြားနာမည်ကြီး cast များစွာ ကိုလည်း တွေ့ရမှာဖြစ်ပါတယ် .. ။ဇာတ်လမ်းအညွှန်း *************အူဂျင်မြို့မှာ နှစ်ပေါင်းများစွာ မကောင်းဆိုးဝါးသောင်းကျန်နေတာကြောင့် တောင်ကိုရီးယားနိုင်ငံက ထိပ်တန်းပယောဂဆရာတွေအများကြီးစုပြီး သရဲနှိမ်နင်းဖို့ သွားခဲ့ကြတယ်။ပယောဂဆရာအဖွဲ့ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အစွမ်းမတူတဲ့ ပယောဂဆရာမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ် ။တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းနတ်ဝင်သည် ဆရာဘတ် (Kim ...
movie

Ghost Sweepers (2012)

The Killers (2024) 6.1
The Killers (2024) The Killers (2025) ***************** IMDb.....6.1 ၁၉၅၄ ခုနှစ်မှာ စာပေ ပညာ နိုဘယ်ဆု ရရှိထားတဲ့ Ernest Hemingway ရဲ့ "The Murders" ဝတ္ထုကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ "The Killers" ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Castတွေ အနေနဲ့ကတော့ Shim Eun Kyung, Yeon Woo Jin, Hong Sa Bin, Jang Hyun Sungတို့နဲ့အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ဇာတ်လမ်းအညွှန်း အနေနဲ့ကတော့..နောက်ကျောမှာ ဓားစိုက်နေတဲ့ ယောကျ်ားတစ်ယောက်၊ လူသတ်ပေးဖို့ တောင်းဆိုလာတဲ့ မိန်းမတစ်ယောက်၊လူတိုင်းက စောင့်မျှော်နေတဲ့ လူတစ်ယောက်၊ လူတစ်ယောက်ကို စောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်..အစရှိသဖြင့် ရှူထောင့် ၄ခုကနေ ဇာတ်လမ်း ၄ပုဒ် တည်ရှိနေပြီးတော့ ညမိုးချုပ် အချိန် ပဟေဠိဆန်တဲ့စားသောက်ဆိုင်တစ်ဆိုင်ကို ဓားစိုက်နေတဲ့ လူတစ်ယောက် ရောက်ရှိလာချိန်မှာပဲ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဟာ စတင်လာပါတော့တယ်။ဒီ ...
movie

The Killers (2024)

Hitman 2 (2025) 7.1
Hitman 2 (2025) Hitman 2 (2025)******************Hitman 1 တုန်းကလိုပဲ ဝက်ဝက်ကွဲ ရယ်ရဦးမဲ့ Hit Man 2 ထွက်ရှိလို့လာပါပြီ။သရုပ်ဆောင်တွေအနေနဲ့ S1 တုန်းကအတိုင်း Kwon Sang Woo, Jung Joon Ho,Lee Yi Kyung, Kim Sung Oh, Hwang Woo Seul Hye, Han Ji Eun တို့ကအဓိက ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။S1 တုန်းကလို ကာတွန်း ရေးရတာကို ဝါသနာပါတဲ့ ဂင်ဘုံဂျွန်ဟာ သူ့ဘဝဇာတ်ကြောင်းကိုအခြေခံပြီး ရေးသားထားတဲ့ "လုပ်ကြံရေးသမားဂျွန်" ဆိုတဲ့ Webtoonကို အတွဲ၂ ထွက်ရှိဖို့ကြိုးစားခဲ့ပေမဲ့ သူ ထင်ထားသလို မ‌အောင်မြင်တဲ့အပြင် အပျက်သဘောဆောင်တဲ့မှတ်ချက်တွေနဲ့ပါ တိုက်ခိုက်ခံလာရပြီး နာမည်ပျက်ဖို့ လမ်းစပြုလာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ အကြမ်းဖက်သမား အစစ်တွေ ကိုရီးယားကို ရောက်ရှိလာပြီး ဂင်ဘုံဂျွန်ကိုလုပ်ကြံဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို ...
movie

Hitman 2 (2025)

Hitman: Agent Jun (2019) 6.4
Hitman: Agent Jun (2019) Hitman: Agent Jun (2019)IMDb Rating (6.4)မင်းသားကြီး Kwon Sang-woo နဲ့ Jung Joon-ho တို့အပြင် ဂင်ချားနား Lee Yi-kyung , မင်းသမီး Hwang Woo-seul-hye တို့ပါဝင်ထားတဲ့ အက်ရှင်ဟာသစုံထောက် ကိုရီးယားရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့် သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါဒီလိုထူးခြားမှုတွေကြောင့် တစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့လိုကနေ ဂင်ဘုံဂျွန်တယောက် အေးဂျင့်ဂျွန်အဖြစ်နဲ့  လုပ်ကြံသူအဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ အေးဂျင့်အလုပ်ကို ငြီးငွေ့လာတဲ့ ဂျွန်က အဲ့လောကကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့  ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်၁၅ နှစ်အကြာမှာ သူ့ရဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ လုပ်ကြံသူအေးဂျင့်ဘဝဇာတ်ကြောင်းကာတွန်းက နာမည်ကြီးလာခဲ့ပြီး လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်က ဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာတော့... အေးချမ်းတဲ့ဘဝမှာ ကိုယ်ယောင်ဖျောက်နေတဲ့ အေးဂျင့်ဂျွန်တယောက် ဒီလောကအရိပ်မည်းလက်ထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာ...။ File ...
movie

Hitman: Agent Jun (2019)

The Yellow Sea (2010) 7.3
The Yellow Sea (2010) The Yellow Sea (2010)**********************IMDb....7.3 IMDb 7.3 အထိရရှိထားပြီး Ha Jung-woo, Kim Yoon-seok တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Action thriller ရုပ်ရှင်ကားကြီး The Yellow Sea ကို တင်ဆက်ပေးလိုက်ပါတယ်နော်။တရုတ်ပြည် အရှေ့မြောက် ယန်ဘီယန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာရှိတဲ့ ယန်ဂျီမြို့မှာနေတဲ့ဂျိုဆွန်းလူမျိုး (မြောက်ကိုရီးယားနဲ့ တရုတ်စပ်) ဂူနမ်က တောင်ကိုရီးယားကို ပြန်ချင်လွန်းလို့လူမိုက်တွေဆီက ပိုက်ဆံချေးပြီး မိန်းမကို အရင်ရောက်အောင် ပို့ပေးခဲ့တယ်။မိန်းမကလည်း  သူ တောင်ကိုးရီးယားကို ရောက်ရင် သူ့ဆီ ပိုက်ဆံပြန်ပို့ပေးမယ်ဆိုတဲ့ ကတိနဲ့ပေါ့။ဒါပေမဲ့ အဆက်အသွယ်ဖြတ်သွားတဲ့ မိန်းမကြောင့် အကြွေးနွံထဲ နစ်ပြီး ကြံရာမရဖြစ်နေတဲ့ ဂူနမ့်ကိုအဲဒီအချိန်မှာပဲ လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်က တောင်ကိုရီးယားကို သွားပြီး လူတစ်ယောက်ကိုရှင်းပေးဖို့ပြောလာအခါ...ဆင်းရဲတွင်း နက်သထက်နက်နေတဲ့ ဂူနမ်တစ်ယောက် ရွေးချယ်စရာမရှိဘဲ လူဆိုးဂိုဏ်းခေါင်းဆောင်စေခိုင်းတဲ့အတိုင်းလုပ်မလား..။ အဆက်အသွယ်ပြတ်နေတဲ့ မိန်းမနဲ့ရော ပြန်ဆုံတွေ့မလား...။ဘယ်လိုမျိုး ကံကြမ္မာရဲ့ ကစားမှုကို ခံရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲရှုစားလိုက်ကြပါဦး ...
movie

The Yellow Sea (2010)

Montage (2013) 7.4
Montage (2013) Montage (2013)*****************လွန်ခဲ့သော ၁၅ နှစ်က ပြန်ပေးဆွဲမှုမှာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးဟာ တရားရင်ဆိုင်ရေးကာလ ကုန်ဆုံးသွားပြီလို့ ကြားသိလိုက်ရတဲ့အခါမှာတော့ တရားခံကို ဘယ်တော့မှ အပြစ်မပေးနိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့် အရှင်လတ်လတ်ဝါးမြိုသလို ခံစားခဲ့ရပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်ချွဲဟာလည်း မိခင်တစ်ဦးရဲ့ သောကနဲ့အတူ မိမိရဲ့ အင်အားမဲ့မှုကိုပါ ရင်ဆိုင်ရတဲ့အခါ လိပ်ပြာမလုံတဲ့စိတ်ကြောင့် အလုပ်ထွက်သွားခဲ့တော့တယ် ..ဒါပေမဲ့ တစ်နေ့မှာ သူတို့နှစ်ဦးအတွက် စိတ်ဓာတ်ဆက်လက်ရှင်သန်ရာ သတင်းတစ်ခုပေါ်လာခဲ့တယ်။အဲဒီသတင်းကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုအတိုင်း တစ်ထေရာတည်း ကျူးလွန်နေတဲ့ ပြန်ပေးဆွဲလူသတ်သမား ပြန်လည်ပေါ်ပေါက်လာခြင်းပါပဲ။ဒီတစ်ခေါက်တော့ တရားခံကို အလွတ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမေတစ်ယောက်နဲ့ စုံထောက်တစ်ဦးဟာ အပြစ်သားဖမ်းဆီးရေးခရီးမှာ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲ၊သဲလွန်စတွေကို ဘယ်လိုအဖြေညှိမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ကိုရီးယားအနုပညာလောကမှာ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ အဆိုတော်-မင်းသမီး Uhm Jung Hwa နဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Kim Sang Kyung တို့ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် Bollywood ကတောင် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တာမို့ ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ်။ (အညွှန်းကို Esther Oo မှ ရေးသားထားပါတယ်) File ...
movie

Montage (2013)

Twilight Gangsters (2010) 6.5
Twilight Gangsters (2010) Twilight Gangsters (2010)****************************ဒီဇာတ်ကားလေးကတော့ လောကဓံကို ရင်ဆိုင်အန်တုပြီး ဆိုးအတူကောင်းအတူအမြဲအတူတူ ရှိလာတဲ့ သူငယ်ချင်း ၃ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတကယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ နာမွန်းဟီး၊ ဂင်ဆူမီ၊ ဂင်ဟယ်အို့တို့ကအဓိကဇာတ်လိုက်တွေအဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း-ဂျောင်ဂျာ၊ ယောင်းဟီးနဲ့ ရှင်းဂျာဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ ဟာဝိုင်အီကိုအထူးပက်ကေ့ချ်နဲ့ ခရီးသွားဖို့အတွက် ပိုက်ဆံတွေကို ခက်ခက်ခဲခဲ နဲ့ စုလာခဲ့ကြတာ၈နှစ်ကြာတဲ့နောက်မှာတော့ သူတို့ လိုချင်တဲ့ပမာဏ ပြည့်သွားကြပါတယ်။အဲဒါနဲ့ ခရီးစဥ်ပက်‌ကေ့ချ်အတွက် ငွေသွင်းဖို့ ဘဏ်သွားရာမှ ကံမကောင်းစွာနဲ့ဘဏ်ဓားပြတိုက်ခံရပြီး သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ပါသွားပါတော့တယ်။ဘဏ်ကလည်း ဓားပြတိုက်ခံရတဲ့ ငွေတွေကို တာဝန်မယူဘဲ ခေါင်းရှောင်တဲ့အခါမှာတော့အာဂအဘွားကြီး ၃ယောက်ဟာ ဘဏ်ကို ပြန်ဓားပြတိုက်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့‌ငွေတွေကို ရအောင် ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ...။ ဘဝဇာတ်ခုံပေါ်မှာ တွေ့ကြုံရတဲ့ လောကဓံတရားတွေကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့အပြင်အချိန်တွေ အကြာကြီး အတူတူရှိလာကြတဲ့ သူငယ်ချင်းအဘွားကြီး ၃ယောက်ရဲ့သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံမှုတွေကိုပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး ...
movie

Twilight Gangsters (2010)

Born To Sing (2013) 7.3
Born To Sing (2013) Born To Sing (2013) ********************** အခုတစ်ခေါက် ထပ်မံတင်ဆက်ပေးချင်တဲ့ ဇာတ်ကားဟောင်းလေးကတော့ 2013 လောက်က ထွက်ရှိခဲ့ပြီး 2014 ခုနှစ် နှစ်၅၀ မြောက် Baeksang Arts Awards ဆုပေးပွဲမှာ Best New Director ဆုနဲ့ ဇကာတင်စာရင်းဝင်ခဲ့ပြီးတော့ ၃၄ နှစ်မြောက် Golden Cinema Festival မှာ Best New Cinematographer ဆု ရရှိထားခဲ့တဲ့ Born To Sing ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ..တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံကျော်သီချင်းဆိုပြိုင်ပွဲကြီးဖြစ်တဲ့ Born To Sing ဆိုတဲ့ရှိုးကြီးဟာ ဂင်ဟယ်ဆိုတဲ့နယ်မြို့လေးကို ရောက်ရှိလာပါတယ်။နာမည်ကြီးရှိုးဖြစ်တာကြောင့် အနိုင်ရရှိသူဟာ အဆိုတော်ဖြစ်ဖို့အခွင့်လမ်းကိုရရှိမှာပါ။ဒါကြောင့်လည်း မြို့မှာရှိသမျှ လူငယ် လူကြီးအကုန်ဝင်ပြိုင်ကြပါတယ်။ဒီအထဲမှာမှ ပြိုင်ပွဲဝင်တချို့က အဆိုတော်ဖြစ်ချင်တာကြောင့်မဟုတ်ဘဲ အကြောင်းရင်းကိုယ်စီကြောင့် ဝင်ပြိုင်ဖို့ဖြစ်လာတဲ့အခါ....သူတို့ရဲ့အကြောင်းရင်းတွေက ဘာဖြစ်မလဲဆိုတာကိုတော့ Born To Sing ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာလိုက်ကြတာပေါ့။သရုပ်ဆောင်တွေအနေနဲ့ကလည်း တောင်ကိုရီးယားရဲ့မိခင်ကြီးလို့ပြောလို့ရတဲ့ မင်းသမီးကြီးဂင်ဆူမီအပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ဂင်အင်ဂွမ်၊ ရူဟျွန်းဂယောင်း၊ ယူယွန်းဆော့နဲ့ အီချိုဟီးတို့ပါဝင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းကို Double M မှရေးသားထားပါတယ်)File size…2.46GB ...
movie

Born To Sing (2013)

Fatal Intuition (2015) 5.8
Fatal Intuition (2015) Fatal Intuition (2015)********************CM ပရိသတ်ကြီးအတွက် 2015 ခုနှစ်မှာ ထွက်ရှိထားပြီး မင်းသားကြီး Yu Hae Jinနဲ့ Joo Won တို့ ပါဝင်ထားတဲ့ Fatal Intution ဆိုတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ဂျန်ဝူနဲ့ အွန်းဂျီတို့ဟာ မိဘတွေ ဆုံးသွားပြီးကတည်းက မောင်နှမနှစ်ယောက်တည်း ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်။ညီမဖြစ်သူ အွန်းဂျီကို လာထိရင် လုံးဝသည်းမခံနိုင်တဲ့ ‌အစ်ကိုဖြစ်သူ ဂျောင်ဝူကသူတို့နဲ့ သွေးဝေးပေမဲ့ ဆွေမျိုးတော်စပ်တဲ့ မြောင်ဂယူကိုတော့သည်းခံပြီး နေလာခဲ့ရပါတယ်။တစ်ဖက်မှာလည်း လူတွေ ဘယ်လိုသေမလဲဆိုတာကို ကြိုမြင်နိုင်တဲ့ အီရှီအွန်းကိုရပ်ကွက်ထဲက စုန်းမဆိုပြီးတော့ အဆက်အဆံမလုပ်ကြပေမဲ့အွန်းဂျီကတော့ ရင်းရင်းနှီးနှီးနဲ့ ပြောဆိုခဲ့လို့ ရင်းနှီးသွားခဲ့ပါတယ် ..ဒီလိုနဲ့ တစ်ရက်မှာ မောင်နှမနှစ်ယောက် စကားများပြီးဂျောင်ဝူက အွန်းဂျီကို အိမ်ထဲမှာ ပိတ်ထားခဲ့ပါတော့တယ်။ရက်ပိုင်းလောက်အကြာမှာတော့ အွန်းဂျီကို သေဆုံးလျက် တွေ့ခဲ့ရပြီးသူ့ဘဝလေး ပျက်စီးသွားခဲ့ရပါတော့တယ်။ရဲတွေက မြောင်ဂယူကို တရားခံအဖြစ် စွပ်စွဲပြီး ဖမ်းခဲ့ပေမဲ့တရားခံအစစ်က မြောင်ဂယူမဟုတ်တာကို သိနေတဲ့ ဂျောင်ဝူကသူ့ညီမကို သတ်ခဲ့တဲ့ ...
movie

Fatal Intuition (2015)

My Dictator (2014)
My Dictator (2014) My Dictator (2014)********************မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်းအဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေစိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကိုလွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီးကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာသူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်ကနိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာမမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင်ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကိုအဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB ...
movie

My Dictator (2014)

A Birth aka Birth (2022) 8.5
A Birth aka Birth (2022) A Birth aka Birth (2022)*************************** ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာ စာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့် ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေ ဘာသာတရားအဖြစ် လက်ခံလာကြတယ်.တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ ကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလို ကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာ ပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်...ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့ တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်...ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန် ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့... ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်...နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါသလို ဘက်ဂျက်လည်း တော်တော်သုံးထားတာကိုတွေ့ရတာမို့ ကြည့်သင့်ပါကြောင်း...Size - 2.10GB, 898MB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 31Min Genre - Drama, History  Subtitle - Myanmar Subtitle (Hardsub) Translated by Hnin ...
movie

A Birth aka Birth (2022)

Honeysweet (2023) 4
Honeysweet (2023) Honey Sweet (2023)အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း...အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Honeysweet (2023)

2023
Rebound (2023) 6.9
Rebound (2023) Rebound (2023)၂၀၁၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ အားကစားရုပ်ရှင် Rebound ထွက်ရှိလာပါပြီဇာတ်လမ်းအကျဉ်းကတော့ အလားအလာမရှိဘူးလို့ သတ်မှတ်ခံထားရတဲ့ ဘူဆန်ဂျွန်အန်းအထက်ကျောင်းကိုယ်စားပြု ဘတ်စကတ်ဘောအသင်းဟာ နည်းပြအသစ် Kang Yang-Hyeon ရဲ့ ဦးဆောင်မှုအောက်မှာ ပြောင်းလဲလာခဲ့တဲ့အကြောင်းပါတစ်ချိန်က ထိပ်တန်းကစားဖြစ်ခဲ့ဖူးသူ Kang Yang-Hyeon ဟာ နည်းပြဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝအတွေ့အကြုံကို အသုံးချပြီး ဘယ်လိုဗျူဟာတွေနဲ့ အသင်းကိုကိုင်တွယ်သွားမလဲအောက်ဆုံးမှာရောက်နေတဲ့အသင်းကို National Championship ပွဲစဉ်အထိ ဘယ်လိုများ‌ဆွဲခေါ်သွားမလဲဆိုတာအပြင် ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ်ထားတဲ့ ခံယူချက်တွေ အိပ်မက်တွေကို သေချာကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Sports Drama နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့ သဘောကျနှစ်ခြိုက်ကြမှာပါCasts တွေအနေနဲ့လည်း Fight for My Way ထဲက Ahn Jae-Hong နဲ့ Doctor Romantic S3 ထဲက အဆိုးလေး Lee Shin-Young နဲ့ Secret Romantic Guesthouse ထဲကအချောလေး Jung Gun Joo တို့အပြင် သရုပ်ဆောင်အားလုံးက Basketball ကိုပါ ...
movie

Rebound (2023)

2023
The Advocate: A Missing Body(2015) 7.0
The Advocate: A Missing Body(2015) The Advocate: A Missing Body(2015)*********************************ဥပဒေရုံးကြီးတစ်ခုရဲ့နာမည်ကျော်ရှေ့နေဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလိုနိုင်အောင်စွမ်းဆောင်နိုင်ပြီး"အနိုင်ရတာကတရားမျှတမှုပဲ" လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ဆေးဝါးကုမ္ပဏီကြီးအတွက် အမှုနိုင်အောင်လုပ်ပေးပြီးတဲ့နောက်မှာတော့ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ဥက္ကဌမွန်းဂျီဟွန်းရဲ့ဒရိုင်ဘာအတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။အလောင်းရော၊ သက်သေရောမရှိတဲ့လူသတ်မှုဖြစ်နေပေမယ့် ရှေ့နေဗြောန်းကသူ့ထုံးစံအတိုင်း တရားပြိုင် အပြစ်မရှိအောင် ခုခံချေပပေးခဲ့ပါတယ်။ဒီလိုနဲ့ တရားခွင်နောက်ဆုံးနေ့ အမှုနိုင်ခါနီးမှာမှ သူ့အမှုသည်က သူသတ်ခဲ့တာဖြစ်ကြောင်းရုတ်တရက်ထဝန်ခံလိုက်တဲ့အခါမှာတော့ အမှုရှုံးနိမ့်သွားပါတော့တယ်။ရှေ့နေဗြောန်းတစ်ယောက် အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင် မျက်မြင်သက်သေအတုဖန်တီးမှုနဲ့ပါသံသယဝင်ခံရတဲ့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အမှုပြန်စုံစမ်းရင်းကနောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိနေတဲ့အခါမှာတော့...File Size :(1.7GB) and (688MB) Quality :WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:57:00 Genre : Crime , Thriller, Mystery, Comedy, Law Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Shoon Encoded by Phyo Pyae
movie

The Advocate: A Missing Body(2015)