Channel Myanmar

Lee Ju-yeon

My Tutor Friend 2 (2007) 6.5
My Tutor Friend 2 (2007) My Tutor Friend 2 (2007) *****************************ဒီတစ်ခါမှာတော့ အချစ်ဟာသဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရတာ သဘောကျတဲ့ ပရိသတ်ကြီးအတွက်် My Tutor Friend 2 ဆိုတဲ့ ရုပ်ရှင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။၂၀၀၃ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ My Tutor Friend ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ကြော်ငြာခဲ့ပေမဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းအကြောင်းအရာအားလုံးဟာ ကွဲပြားနေပြီး ကျောရိုးဇာတ်လမ်းသာ တူညီတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ****************ဂျွန်ကို ဆိုတဲ့ကောင်မလေးဟာ ဂျပန်ကနေ ကိုရီးယားကို ဘာသာစကားလေ့လာဖို့ exchange ကျောင်းသူအနေနဲ့ ရောက်လာခဲ့ပါတယ်။ကိုရီးယားရောက်ရောက်ချင်း ရင်းနှီးဖော်ရွေပြီး ဟင်းချက်ကောင်းလွန်းတဲ့ တည်းခိုရိပ်သာပိုင်ရှင်က သေချာပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းပေးပြီး နေခွင့်ပေးထားပါတယ်။ဒါပေမဲ့ ဒီအခန်းပိုင်ရှင်က သူနဲ့လုံးဝ အဆင်မပြေ မနှစ်မြို့စရာကောင်းတဲ့ ဂျုံးမန်ရဲ့ အခန်းမှန်း သိသွားတဲ့အခါမှာ နေရာပြောင်းဖို့ စီစဉ်ပါတော့တယ်။တည်းခိုရိပ်သာပိုင်ရှင်က ဂျွန်ကိုကို မပြောင်းသွားဖို့ တောင်းဆိုရင်း သူ့သားဖြစ်တဲ့ ဂျုံးမန်ကိုပါ ဂျွန်ကိုအတွက် ကိုရီးယားစာသင်ပေးဖို့ စေခိုင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မျက်နှာမြင်လိုက်တာနဲ့ မတည့်ကြတဲ့ ဂျွန်ကိုနဲ့ ဂျုံးမန်တို့ နှစ်ယောက်ကြား ...
movie

My Tutor Friend 2 (2007)

The Mayor (2017) 6.5
The Mayor (2017) The Mayor (2017) *****************ဒီတစ်ခေါက်မှာတော့ Exhuma (2024) ထဲက မင်းသားကြီး ချွဲမင်ရှစ်ရဲ့ နိုင်ငံရေးဇာတ်ကား ကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ cast တွေကတော့ Choi Min Shik, Shim Eun Kyung, Kwak Do Won, Ra Mi Ran, Ryu Hye Young, When Life Gives You Tangerines (2025) ထဲက Moon So Ri တို့ အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..ဗြောင်ဂျုံဂူ (ချွဲမင်ရှစ်) က ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ် ။သူဟာ တတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရွေးကောက်ပွဲဝင်ပြိုင်နေပြီး နောက်ပိုင်းမှာလည်း သမ္မတရွေးကောက်ပွဲအထိပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိသူတစ်ယောက်ပေါ့ ။ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် သူဟာ ကမ်ပိန်းအဖွဲ့တစ်ခု တည်ထောင်ပါတယ်။ကမ်ပိန်းဒါရိုက်တာ ရှင်းဟျော့ဆူနဲ့ ကြော်ငြာနယ်ပယ်ဘက်က လူငယ်အမျိုးသမီး ဘတ်ဂယောင်းတို့လည်း ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်…။ဒီလိုနဲ့ ...
movie

The Mayor (2017)

Iron Mask (2023) 8
Iron Mask (2023) Iron Mask (2023)ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့် Iron Mask (2023) ထွက်ရှိလာပါပြီ။Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက် လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့် Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာ သဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Fantasy Quality…. 1080p | 720p File size… 890MB | 348MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar ...
movie

Iron Mask (2023)

2023
Oh! My Ghost (2022) 5
Oh! My Ghost (2022) Oh my ghost (2022)သရဲကားပရိသတ်ကြီးအတွက် အူတက်အောင်ရယ်ရင်း အာပြဲအောင်အော်ရမယ့် Horror/Comedy ဇာတ်ကားလေး လာပါပြီရိုက်ကူးရေးစတူဒီယိုတစ်ခုမှာ အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာတော့ သရဲ‌တွေကိုမြင်နိုင်တဲ့ထယ်မင်းဟာ သူ့ရဲ့အကြွေးတွေကိုဆပ်ဖို့ အလုပ်ရှာရင်းနဲ့ ဂန်ဆယ်အာစတူဒီယိုမှာ အလုပ်ရသွားခဲ့ပါတယ်ဖြစ်ချင်တော့ အဲဒီစတူဒီယိုမှာ သရဲမလေးတစ်ယောက် သောင်းကျန်းနေခဲ့တာကြာပါပြီ ဘယ်သူမှညစောင့်မလုပ်ရဲလို့ ညဘက်ဆိုလွှတ်ထားရတဲ့စတူဒီယိုမှာ ထယ်မင်းကတော့ ငွေမျက်နှာတစ်ခုတည်းနဲ့ ညစောင့်ဝင်လုပ်ခဲ့ပါတော့တယ်တစ်ဖက်မှာလည်း စတူဒီယိုရဲ့ CEO က ဒီနေရာကို ဈေးကြီးပေးဝယ်ခဲ့ပြီး တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေပါတယ် အဲဒီလိုနဲ့ အရှာအဖွေသမား စတူဒီယို CEO အပါအဝင် ထယ်မင်းနဲ့သရဲမလေးတို့သုံးယောက်တို့ ဘယ်ကဘယ်လိုဆုံတွေ့မိကြပြီး အဖွဲ့ကျသွားကြမလဲ သုံးယောက်သား ဆုံပြီးကြတဲ့နောက်မှာ ဘယ်လိုပဟေဠိတွေကို ဖော်ထုတ်အဖြေရှာသွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်Mystery အမျိုးအစား‌ဖြစ်လို့ မြှုပ်ကွက်တွေကတော့ အများကြီးပါ ဘာတွေမြှုပ်ထားလဲသိချင်ရင်တော့ အခုပဲကိုယ်တိုင်ရှုစားလိုက်ကြပါဦးမင်းသားမင်းသမီးတွေအနေနဲ့ကတော့ 2AM အဖွဲ့ဝင် Jung Jin-Woon နဲ့ ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးတဲ့ မင်းသမီး Ahn Seo-Hyun တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Mystery Quality…. ...
movie

Oh! My Ghost (2022)

2022
The King(2017) 7.0
The King(2017) The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
movie

The King(2017)

2017