Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Jae-gu
7.1
Blood Rain (2005)
Blood Rain (2005) *****************ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်စုံထောက်ကားလေး တစ်ကားဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းကတော့ စက္ကူ ထုတ်လုပ်ရေး တွင်ကျယ်တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ် ။တစ်ရက်မှာတော့ ဘုရင့်ဆီ ဆက်သဖို့ ပြင်ဆင်ထားတဲ့ စက္ကူတွေတင်ထားတဲ့ လှေက မီးလောင်သွားခဲ့ပါတယ် ။ ဒီကိစ္စကြောင့် မြို့တော်ကနေ အထောက်တော် အရာရှိနှစ်ယောက် ဆင်းလာပြီး မီးလောင်မှုကို စစ်ဆေးဖော်ထုတ်ကြပါတယ် ။ဒါပေမဲ့ တကယ့်ပြဿနာကတော့ သူတို့ရောက်လာပြီး နောက်နေ့ကစလို့ လူတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရတော့တာပါပဲ ။သတ်ပုံသတ်နည်းကလည်း တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ၇ နှစ်က ဘရင်ဂျီဂိုဏ်းဝင်ပါလို့ စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရတဲ့ သူကြီး ဂန်တို့ မိသားစု ကွပ်မျက်ခံခဲ့ရပုံတွေနဲ့ တစ်ပုံစံတည်း တူနေခဲ့တာပါ ။ဒီအခါမှာတော့ နောက်ထပ် လူတွေမသေရဖို့အတွက် တရားခံကို ဖော်ထုတ်ဖို့ အရေးကြီးလာခဲ့ပါတယ် ။ကိစ္စတွေက သူကြီးဂန် ကွပ်မျက်ခံရမှုနဲ့ ဆက်စပ်နေတဲ့အတွက် သူတို့ဟာ လွန်ခဲ့တဲ့ ၇ နှစ်က သူကြီးဂန်အမှုကို ပြန်အစဆွဲထုတ်စုံစမ်းကြပါတော့တယ် ။ဒီလိုမျိုး ပြန်စုံစမ်းရင်းနဲ့ ဘယ်လိုထိတ်လန့်စရာ ...
movie
Blood Rain (2005)
6.7
Rampant (2018)
Rampant (2018)*****************ဒီတစ်ခေါက်ဇာတ်ကားကတော့ 2018ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့Action/Horror ရုပ်ရှင်ဖြစ်ပြီး Hyun Bin၊ Jang Dong Gun၊ Kim Eui Sung နှင့် နာမည်ကြီးသရုပ်ဆောင်များစွာတို့ ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အရည်အချင်းမရှိတဲ့ဘုရင်ကြောင့် ချင်နိုင်ငံရဲ့လက်အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်မြောက်ဖို့ကြိုးစားနေတဲ့စစ်မက်ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှုကြောင့် အိမ်ရှေ့စံမင်းသားသေဆုံးသွားပြီးညသရဲလို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေ ရောက်ရှိလာပါတော့တယ်။တစ်ဖက်မှာလည်း ဂျိုဆွန်းမှာမွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းကအိမ်ရှေ့စံရဲ့ သေတမ်းစာကို ရရှိပြီး ဂျိုဆွန်းကိုပြန်ရောက်လာပါတော့တယ်။ရောက်ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံရေးအဖွဲ့အပြင် ညသရဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးအိမ်ရှေ့စံရဲ့ အစေခံရဲမက်နဲ့ တွေ့ဆုံကာ အခြေအနေတွေကို တဖြည်းဖြည်းချင်းနားလည်လာပါတော့တယ်။နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေကြောင့် မင်းကြီးသေဆုံးကာနန်းတော်တစ်ခုလုံး ညသရဲအဖြစ် ပြောင်းလဲသွားပြီး ဂျိုဆွန်းတစ်ပြည်လုံးကိုကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ တာဝန်ဖြစ်လာတဲ့အခါမှာတော့...မင်းသားဂန်ရင်းက သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်ပြီး ညသရဲတွေကိုဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File Size : ...
movie
Rampant (2018)
7.2
A Millionaire’s First Love (2006)
A Millionaire's First Love (2006)**********************************ဒီကားလေးကတော့ Crash Landing On You ထဲကမင်းသားကြီး Hyun Bin နဲ့ Ghost ထဲကမင်းသမီး Lee Yeon Hee တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီးဒါရိုက်တာ Kim Tae Kyun ရိုက်ကူးပြသထားတဲ့ Romance, Comedy ကားလေးဖြစ်ပါတယ် ..ဇာတ်လမ်းအကျဉ်း **************ဆိုးလ်မြို့သားလေး ဂန်ဂျယ်ဂယောင်းက သူ့အဘိုးဖြစ်သူ ဆုံးပါးပြီးနောက် သူအမွေဆက်ခံရဖို့အတွက် အဘိုးဖြစ်သူရဲ့ သေတမ်းစာထဲကအတိုင်း ဘိုရမ်အထက်တန်းကျောင်းကို ကျောင်းပြောင်းလာခဲ့ရာက ..မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ မွေးရာပါရောဂါသည် ချွဲအွန်းဟွမ်နဲ့ တွေ့ပြီးနောက် သူ့ဘဝရဲ့တန်ဖိုးထားရတဲ့အရာကို ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ချိုချိုအေးအေးလေး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ..(ဇာတ်လမ်းအညွှန်းကို Lucienမှရေးသားထားပါတယ်)File size…1.88GB / 795MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 52 min. Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Lucien Encoded by AHtet
movie
A Millionaire’s First Love (2006)
5.6
Beautiful Sunday (2007)
Beautiful Sunday (2007) ************************ မင်းသားကြီး Namkoong Min နဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီကားဟာ တစ်ကားလုံး ဇာတ်ရှိန်မကျသွားဘဲ ခြောက်ခြားစရာကောင်းတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းကြောင့် နောက်ဆုံးစာတန်းထိုးပြီးတာတောင် စိတ်ထဲမှာ စွဲကျန်ရစ်နေမဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ် ..ဒီကားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ အရင်းခံဆက်ယှက်နေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး စိတ္တဇမှုခင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များ အရသာတွေ့မှာ သေချာပါတယ်။ဇာတ်လမ်းအညွှန်း ************* ဆေးရုံမှာ သတိမေ့နေတဲ့ ဇနီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအကြွေးတွေကြောင့် ငွေအသည်းအသန်လိုနေတဲ့ စုံထောက်ဂန်။ သူ့ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ ဇနီးဖြစ်သူ အသက်ဆက်နိုင်ဖို့အတွက် ဆေးမှောင်ခိုသမားတွေဆီက လာဘ်ထိုးတာကို လက်ခံပြီး သူတို့ရဲ့ပြစ်မှုတွေကို မျက်နှာလွှဲခဲပစ် နေပေးခဲ့ရတယ်။တစ်နေ့မှာ အကျင့်ပျက်စုံထောက်ဂန်ဆီကို မင်ဝူးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး သူဟာ သူ့မိန်းမကို သတ်မိပါတယ်လို့ အပြစ်ဝန်ခံတော့တယ်။အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ဒီလူသတ်မှုနဲ့ သူ့မိန်းမရဲ့ မတော်တဆမှုအကြား ဆက်သွယ်ချက်တစ်ခုခုရှိနေကြောင်း ရိပ်မိသွားတဲ့အခါ....(ဇာတ်လမ်းအညွှန်းကို Esther Oo မှရေးသားထားပါတယ်)File size…3.32GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 57 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle ...
movie
Beautiful Sunday (2007)
6.5
The Old Garden (2006)
The Old Garden (2006) - အညွှန်းဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. ...
movie
The Old Garden (2006)
2006
5.9
The Wrath (2018)
The Wrath (2018) ******************* လိုင်းပေါ်မှာ တစ်ဖန်ပြန်ပြီး ခေတ်စားလာတဲ့ ကိုရီးယား horror ကား The Wailing (2016) ကြည့်မယ်ဆိုရင် အကြောင်းအရာတွေ ဆက်စပ်ပြီး နားလည်နိုင်ဖို့အတွက် သူ့ရဲ့ မူရင်းဇစ်မြစ်ကို ရိုက်ကူးထားတဲ့ The Wrath (2018)ကို အရင်ကြည့်မှ ဖြစ်ပါမယ်နော်(ဇာတ်လမ်းအညွှန်း)ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ကြည့်ရမယ့် Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ်မျိုးရိုးမြင့်အိမ်တော်တစ်ခုက သားယောက်ျားလေးတွေဟာ မင်္ဂလာဦးညမှာ အငြိုးကြီးမကောင်းဆိုးဝါးရဲ့ ခြောက်ခြားမှုတွေနဲ့ ကြုံတွေ့ပြီး အသက်ဆုံးရှုံးနေရတယ်နောက်ဆုံးကျန်တဲ့ သားအငယ်ဆုံးကိုလည်း အလားတူ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးမကြုံဘဲ မိသားစုကိုဆက်ခံဖို့ သွေးသားရနိုင်အောင် အိမ်တော်ရဲ့ သခင်မကြီးက နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားနေရှာတယ်အငြိုးကြီးမကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ဖို့ ဟန်ဆောင်မင်္ဂလာပွဲအတွက် မျိုးရိုးနိမ့်မိဘမဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ ဘာမှမသိဘဲ အိမ်တော်ကြီးထဲကို ရောက်ရှိလာခဲ့တယ်အဲဒီ မကောင်းဆိုးဝါးက အိမ်တော်ထဲကို ဘယ်လိုအကြောင်းတွေကြောင့် ကပ်ငြိနေရတာလဲအိမ်တော်က လူတွေကရော မကောင်းဆိုးဝါးကို ပြန်အန်တု နှိမ်နင်းသွားနိုင်မလားဆိုတာကိုတော့ The wrath movie ထဲမှာ ခံစားလိုက်ကြပါဦးFile ...
movie
The Wrath (2018)
7.1
The Admiral: Roaring Currents (2014)
The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie
The Admiral: Roaring Currents (2014)
2014
7.2
The President’s Last Bang (2005)
ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။ File Size - 733 MB Quality - Bluray 720P Runtime - 1h 42min Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie
The President’s Last Bang (2005)
2005