Channel Myanmar

Lee Jae-eung

Springtime (2004) 7.1
Springtime (2004) Springtime (2004)******************IMDb rating 7.1 ရရှထားတဲ့ ဒီကားလေးမှာတော့ ရုန်းကန်နေရတဲ့ ဂီတပညာရှင် တစ်ယောက်အဖြစ် မင်းသားကြီး Choi Min Sik က ပါဝင်ထားပြီး ဆိုးလ်မြို့ကနေ ထွက်ခွာကာဆင်ခြေဖုံးမြို့လေးတစ်မြို့မှာ လေမှုတ်တူရိယာဂီတအဖွဲ့ဆရာ အနေနဲ့ သွားလုပ်တဲ့အကြောင်းလေးကို စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါး ကြည့်လို့ရအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ် ..ဇာတ်လမ်းအကျဉ်း **************ထရမ်းပတ်တီးတဲ့သူ ဟျွန်းအူကတော့ ဂီတကို တန်ဖိုးထားပြီး ပိုက်ဆံကြောင့်ဂီတကို လုပ်တာမျိုး မဖြစ်စေရဘူးဆိုတဲ့ သဘောတရားကို လက်ခံထားတဲ့သူ ဖြစ်ပါတယ် ..သို့ပေမဲ့ အလုပ်အကိုင်အတည်တကျ မရှိတဲ့အခြေအနေမှာတော့ သူ့အတွက် နေထိုင်စားသောက်ဖို့တင်မက လူမှုရေးအပိုင်းတွေမှာ လိုအပ်ချက်တွေရှိလာပြီး ရှင်သန်ရတဲ့ဘဝကြီးက ပင်ပန်းလာနေခဲ့တယ် ..ဘဝကြီးက ပြန်လည်စတင်ဖို့အတွက် ဟျွန်းအူဟာ ကျေးလက်မြို့လေးဖြစ်တဲ့ ဒိုဂယ်က အလယ်တန်းကျောင်းတစ်ခုရဲ့ လေမှုတ်တူရိယာအဖွဲ့ဆရာအဖြစ် အလုပ်လျှောက်ဖို့ ဖြစ်လာခဲ့ပါတယ် ..ဒိုဂယ်အလယ်တန်းကျောင်းက လေမှုတ်တူရိယာအဖွဲ့က ကလေးလေးတွေကတော့ ပြိုင်ပွဲမှာ ဆုရချင်လို့ ကြိုးစားနေကြပေမဲ့ ကျေးလက်မြို့လေးက အဖွဲ့ဖြစ်တဲ့အလျောက် ကလေးတွေမှာလည်း လိုအပ်ချက်တွေများစွာရှိနေတာကို တွေ့ခဲ့ရတယ် ..တခြားနေရာမှာဒေါသကြီးပေမဲ့ ကလေးတွေအပေါ်မှာတော့ အလိုလိုက်ပြီး ချစ်ခင် ပေးတတ်တဲ့ ဟျွန်းအူက .. ဆိုးလ်မြို့ကနေလာခဲ့တဲ့ဆရာကို သဘောကျအထင်ကြီးနေကြတဲ့ ကလေးတွေနဲ့တွေ့ပြီး ...
movie

Springtime (2004)

The President’s Barber (2004) 7
The President’s Barber (2004) The President's Barber (2004)******************************IMDb... 7သရုပ်ဆောင်ကြီး Song Kang Ho နဲ့ Moon So Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့သမ္မတနဲ့ တစ်ရပ်ကွက်ထဲမှာ နေထိုင်ရင်း သမ္မတရဲ့ ဆံသဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ဆံပင်ညှပ်ဆိုင်လေး ဖွင့်ရင်း လုပ်ကိုင်စားသောက်နေတဲ့ သာမန် အညတရ ဆံသဆရာဆောင်းဟန်မိုရဲ့ ဆံပင်ညှပ်ဆိုင်ကို ရုတ်တရက်ဆိုသလိုပဲ ဗဟို ထောက်လှမ်းရေး ဌာနက အရာရှိ တစ်ဦးရောက်ရှိလာပြီး ဆောင်းဟန်မိုဟာ ဒီရပ်ကွက်ထဲမှာ အချိန်အတော်ကြာ နေလာတဲ့သူ ဖြစ်တာကြောင့်မြောက်ကိုရီးယားသူလျှိုကို ဖမ်းပေးရမယ်ဆိုပြီး အမိန့် ထုတ်သွားခဲ့တယ်။အဲဒီ အမိန့်အတိုင်းအတိုင်းလည်း သူလျှိုကို အမိအရ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အပြင် ရိုးသားကြိုးစားတယ်ဆိုပြီးသမ္မတကြီးက ဆောင်းဟန်မိုကို အိမ်ပြာတော်မှာ ရာထူးတစ်နေရာပေးလိုက်တော့တယ်။အဲဒီအချိန်ကစလို့ ဆောင်းဟန်မိုတို့ မိသားစုရဲ့ဘဝဟာ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။အိမ်ပြာတော်အထိ ခြေဆန့်နိုင်ခဲ့တဲ့ သာမန် ဆံသဆရာ တစ်ယောက်ရဲ့ဘဝဟာ ရှေ့လျှောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ...
movie

The President’s Barber (2004)

Take Off (2009) 6.9
Take Off (2009)  ၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကိုနောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမားအဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကိုလိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့်အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေတွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်းပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…2.92GB / 1.43GB Quality…1080p / 720p Format…mp4 Duration….2h 17m Genre ….. Comedy . Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Take Off (2009)

The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)

Memories of Murder (2003) 8.1
Memories of Murder (2003) IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie

Memories of Murder (2003)

2003
My Teacher, Mr. Kim (2003) 6.4
My Teacher, Mr. Kim (2003) My teacher Mr.Kim 2003 =====================   ကိုဗစ်ကာလမှာ Heartwarming ဖြစ်စေမယ့် ကိုရီးယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။   ကျေးလက်ကဆရာဆိုရင် ဒီဘက်မှာဦးညပုလေးရဲ့မီးအိမ်ရှင်မလေးဆိုတဲ့သီချင်းကိုပြေးမြင်မိမှာပါ။ ဒီထဲကဆရာကတော့   အခုလောက်မရိုးရှင်းပါဘူး ကင်ဘုံဒူဆိုတဲ့ မြို့ပြကဆရာတစ်ယောက်က နာတာရှည်ဖြစ်နေတဲ့အဖေကြောင့်   ကျောင်းသားမိဘတွေဆီက စာအိတ်ကလေးတွေလက်ခံခဲ့ပါတယ်။ တစ်ရက်မှာအလုပ်ထွက်ရဖို့ဖြစ်လာပြီး   အလုပ်လည်းမထွက်ချင်တာကြောင့် လိုအပ်နေတဲ့ကျေးလက်ဘက်က စတိုးဆိုင်တောင်မရှိတဲ့ နယ်ဖျားတစ်နေရာမှာ   ဆရာလုပ်ဖို့ဖြစ်လာပါတယ်။အစကတော့ သူလည်းကျောင်းပြန်ပြောင်းရဖို့အမျိုးမျိုးကြိုးစားပါတယ်။   ဟာသလေးတွေလည်းပါပါတယ်။ ဒီထဲမှာ ဆရာကကလေးတွေကိုသင်ပေးတာထက် ကလေးတွေကပါ   ဆရာ့စိတ်ထားကိုပြုပြင်ပေးသွားတာကို ကြည်နူးဖွယ်တွေ့ရမှာပါ။ ကျေးလက်လူထုနဲ့ စာသင်ကျောင်းတွေ၊   ကျေးလက်ကကျောင်းသားကလေးတွေ၊ အသက်ကြီးပြီး ဇီဇာကြောင်ပေမယ့် သဘောကောင်းတဲ့အဖိုးကြီးတွေ   အထီးကျန်နေတဲ့အချိန်တွေပဲဖြစ်ဖြစ် Heartwarming ဖြစ်စေတာမို့ ကြည့်ကြည့်သင့်တယ်လို့ ထင်ပါတယ်    Translated and reviewed by DoDo Encoded by YK Quality ; 1080p and 720p File Size : 1.2GB and 590MB
movie

My Teacher, Mr. Kim (2003)

2003