Channel Myanmar

Lee Hae-yeong

The Age of Blood (2017) 6.2
The Age of Blood (2017) The Age of Blood (2017)***********************IMDb... 6.2 Action,Drama ကားကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက်မင်းသား Jung Hae-in နဲ့ The Haunted Palace ထဲက မင်းကြီး Kim Ji-hoon တို့ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းတွင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂျိုဆွန်းရဲ့အတော်ဆုံး ဓားဝိဇ္ဇာဖြစ်တဲ့ ဂင်ဟို (Jung Hae-in) ဟာ ကိစ္စတစ်ခုကြောင့်တော်ဝင်ကိုယ်ရံတော်ကနေ အကျဥ်းစောင့်အဖြစ် ရာထူးချခံလိုက်ရပါတယ်။ဒီလိုနဲ့ အကျဥ်းသားတွေကို စောင့်ကြပ်နေတဲ့ညတစ်ညမှာ အမည်မသိအုပ်စုတစ်စုကအကျဥ်းထောင်ကို မှောင်ခိုဝင်ရောက်လာပြီး တွေ့သမျှလူတွေကို သတ်ဖြတ်ရုံမကပုန်ကန်မှုကြီးရဲ့ ခေါင်းဆောင်အဖြစ် ဖမ်းဆီးခံထားရတဲ့ အီအင်ဂျွာ (Kim Ji-hoon) ကိုပါခေါ်ထုတ်သွားဖို့ ကြိုးပမ်းပါတော့တယ်။အဲဒီအုပ်စုဟာ အောယောင်းချောင်းလို့ခေါ်တဲ့ စစ်သည်တော် ၅ယောက်အဖွဲ့ဖြစ်နေပြီးအီအင်ဂျွာနဲ့အတူ ဘုရင်ကို သုတ်သင်ရှင်းလင်းဖို့ ကြံစည်နေတာကို ဂင်ဟိုတစ်ယောက်သိရှိသွားတဲ့အခါမှာတော့..သူပုန်တွေနဲ့ပြည့်နှက်နေတဲ့ နန်းတော်အတွင်းမှာ ဘုရင်ကိုကာကွယ်ဖို့အတွက် သူတစ်ဦးတစ်ယောက်တည်းဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲ.. ပုန်ကန်မှုကရော အထမြောက်သွားမလား...ဂင်ဟိုကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ရာဇဝင်ကားကိုမှ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့သရုပ်ဖော်ထားတာမို့လို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu ...
movie

The Age of Blood (2017)

The Accidental Detective (2015) 6.7
The Accidental Detective (2015) The Accidental Detective (2015)IMDb Rating (6.7)ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ပါဝင်ထားတဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကားလေးပါ။ဇာတ်လမ်းကတော့... ငယ်ငယ်တည်းက အတူကြီးပြင်းလာပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ် တစ်ယောက်ကတော့ ရဲသင်တန်းကျောင်းကို တက်ခွင့်ရပြီး စုံထောက်အဖြစ်လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် နောက်တစ်ယောက်ကတော့ သူ့ခြေထောက်ကြောင့် ဆေးစစ်ချက်ကျခဲ့လို့ စုံထောက်ဖြစ်ခွင့်မရခဲ့ရှာပါဘူးသူက စုံထောက်အလုပ်ကို အရမ်းဝါသနာပါလွန်းလို့ အလုပ်ပျက်အကိုင်ပျက် မိန်းမ အဆူအဆဲခံပြီး သူ့သူငယ်ချင်းတို့ရဲစခန်းကို အမြဲသွားပြီး ပေကပ်နေလေ့ရှိပါတယ် သူ့သူငယ်ချင်းဂျွန်စုရဲ့ တွဲဖက်စီနီယာကတော့ Legendary ကြီး နိုတေးဆူပါ ဒေးမန်ရဲ့ ဝါသနာ စုံထောက်အရည်အချင်းတွေက နိုတေးဆူအသိအမှတ်မပြုလို့မရအောင်ထိ ဖြစ်နေခဲ့ပေမယ့် သူ့ခမျာ စုံထောက်ဖြစ်ခွင့်မရခဲ့ပါဘူးတနေ့မှာတော့ လူသတ်မှုတစ်ခုမှာ ဂျွန်စုကို ချောက်တွန်းခံရတဲ့အခါ တတ်သိပညာမနေသာ သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ ဒေးမန်တစ်ယောက် နိုတေးဆူနောက်ကို အတင်းလိုက်ကပ်ပြီး အမှုမှန်ပေါ်အောင် ကြိုးစားရပါတော့တယ် ဒီအခါ သူ့စုံထောက်စကေးတွေက သူငယ်ချင်းကို ကယ်တင်ဖို့ လုပ်နိုင်ပါ့မလားဆိုတာ....။ဇာတ်လမ်းမြှုပ်ကွက်အဆန်းလေးတွေနဲ့အတူ နိုတေးဆူနဲ့ ဒေးမန် နှစ်ယောက်သား ဘယ်လို ...
movie

The Accidental Detective (2015)

2015
Officer Black Belt (2024) 7
Officer Black Belt (2024) Officer Black Belt (2024)*************************ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတွေ အသည်းစွဲ မင်းသား Kim Woo Bin ပါဝင်ထားတဲ့အက်ရှင်ဟာသ ရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီဇာတ်ကားလေးထဲမှာတော့ မင်းသား Kim Woo Bin နဲ့အတူMoving, 12.12: The Day ထဲမှ Kim Sung Kyun၊ Vigilante ထဲမှ Lee Hae-young တို့အပြင်Kim Yo Han, Son Sang Yeon စတဲ့ ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်များစွာပါဝင်သရုပ်ဆောင်ထားတာမလို့ လက်မလွှတ်တမ်း ‌ကြည့်ရှုသင့်တဲ့ movie လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း-Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့ဂိမ်းကစားလိုက် အရက်အတူတူသောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးတတ်တဲ့သာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပေမဲ့လည်း တိုက်ကွမ်ဒို၊ ကင်ဒိုနဲ့ ဂျူဒို စတဲ့ကိုယ်ခံပညာမှာတော့ အမြင့်ဆုံးအဆင့်ရှိတဲ့သူပေါ့။တစ်နေ့မှာတော့ Jung-Do က လျှပ်စစ်ခြေချင်းဝတ်ဆင်ထားတဲ့ ...
movie

Officer Black Belt (2024)

Confidential Assignment (2017) 6.7
Confidential Assignment (2017) Confidental Assignment (2017) ****************************** ကလေးအဖေဖြစ်သွားပြီဖြစ်တဲ့ နာမည်ကြီးမင်းသား ဟျွန်ဘင်း၊ သူ့ဇနီးဖြစ်သူ ဆုန်းရယ်ဂျင်းနဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲကို အများစုက မြောက်ကိုရီးယားဗိုလ်ကြီးကားဆိုပြီး လူသိများကြပါတယ်... မင်းသားက မြောက်ကိုရီးယားဗိုလ်ကြီးကားကနေတစ်ဆင့် လက်တွေ့ဘဝမှာ ဖူးစာစုံခဲ့သလို မြောက်ကိုရီးယားလူမျိုး Character ကလည်း မင်းသားနဲ့အတော်လေး လိုက်ဖက်ပြီး အကျိုးပေးတယ်ပြောရပါမယ်...အခုတင်ဆက်ပေးတဲ့ Confidential Assignment ဇာတ်ကားကလည်းမြောက်ကိုရီးယားက ဗိုလ်မှူး Character ဖြစ်တဲ့အပြင်Girl Generation အဖွဲ့က Idol ယွန်းနာနဲ့ဟာသနာမည်ကြီးမင်းသားကြီး ယူဟယ်ဂျင်းတို့ ပါဝင်ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်လို့ မသိတဲ့သူ ရှိမယ်မထင်ပါဘူး...ဇာတ်လမ်းအကျဉ်းကတော့....မြောက်ကိုရီးယားသမ္မတက စက်ရုံထောင်ပြီးတော့အထိဘယ်လိုနောက်ဆုံးပေါ်စက်တွေနဲ့စစ်စစ်အတုဆိုတာမပေါ်နိုင်တဲ့ အမေရိကန်ဒေါ်လာငွေ ငွေစက္ကူရိုက်ပလိတ်ပြားကိုလျှို့ဝှက်ပြီး ဖန်တီးနေခဲ့ပါတယ်...အဲဒါကို လာခိုးမဲ့သူတွေရှိတယ်လို့ သတင်းရထားတဲ့ဗိုလ်မှူး အင်မ်ချောလျောင်းကတော့ အထက်အမိန့်အရသူ့ရဲ့နောက်လိုက်အဖွဲ့နဲ့အတူ အသင့်အနေအထားနဲ့ စစ်ဆင်ရေးစတင်ဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်...အဲဒီအချိန်မှာ ကင်းပုန်းစောင့်နေတဲ့နေရာဆီထမင်းမစားရမှာစိုးလို့ဆိုပြီး ချောလျောင်းရဲ့မိန်းမဖြစ်သူကလည်းထမင်းဘူးလေးကိုင်ပြီး ယောကျ်ားဖြစ်သူကို ထမင်းဝင်အောင်ကျွေးဖို့ရောက်လာခဲ့ပါတယ်...ဒီလိုကနေ အထက်လူကြီးက အသင့်အနေအထားပဲနေခိုင်းနေပေမဲ့အခြေအနေမဟန်ဘူးထင်တဲ့ ချောလျောင်းကစက်ရုံထဲကိုအဖွဲ့နဲ့ဝင်သွားပြီး စစ်ဆင်ရေးစတင်ခဲ့ပါတယ်...ဒါပေမဲ့ ပလိတ်ပြားကို ခိုးယူမဲ့သူတွေက သူထင်ထားသလို ပြင်ပကလူမဟုတ်ဘဲသူ့ရဲ့အထက်လူကြီးကိုယ်တိုင်ဖြစ်နေတဲ့အခါ ..ဝင်ရှုပ်တာပဲဆိုတဲ့သဘောနဲ့ ချောလျောင်းရဲ့မိန်းမအပါအဝင်သူ့လက်အောက်က တပ်ဖွဲ့တစ်ခုလုံးကိုပါခေါင်းဆောင်ဖြစ်သူ ချာဂီဆောင်းက သူ့ရှေ့မှာ ပစ်သတ်ပြခဲ့ပါတယ်...ပြီးတာနဲ့ ချာဂီဆောင်းက ...
movie

Confidential Assignment (2017)

Confidential Assignment 2: International (2022) 6.9
Confidential Assignment 2: International (2022) Confidential Assignment 2 : Internationalအားလုံးစောင့်မျှော်နေကြတဲ့ Hyun Bin နဲ့ Yoona တို့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Confidential Assignment 2 ရပါပြီပုံမှန်မြင်တွေ့နေကြ တောင်ပိုင်းနဲ့မြောက်ပိုင်း အငြင်းပွားကြတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ တောင်နဲ့မြောက် ပူးပေါင်းပြီး တရားခံဖမ်းဆီးကြမယ့် ရုပ်ရှင်ကားဖြစ်တာမို့ Plot ဆန်းဆန်းနဲ့ Criminal Action ကားမျိုးကို ကြိုက်နှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲဇာတ်လမ်းအကျဉ်းကတော့_ မြောက်ကိုရီးယားအကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးမယ့် မြောက်ကိုရီးယားစုံထောက်အင်းချောရောင်းဟာ တောင်ကိုရီးယားစုံထောက်ဂန်ဂျင်ထယ်နဲ့ အတူတူပူးပေါင်းခဲ့ပါတယ်ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့နှစ်ဦးကို FBI စုံထောက်တစ်ဦးဖြစ်တဲ့ ဂျက် က လိုက်လံဖမ်းဆီးနေခဲ့ပြန်ပါတယ်ဒီလို‌နဲ့ ပြေးတမ်းလိုက်တမ်း ကစားကြရင်း ထင်မှတ်မထားတဲ့အခြေအနေတစ်ခုကြောင့် ဂျက် ဟာ အင်းချောရောင်းတို့နဲ့ ပူးပေါင်းဖို့ဖြစ်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးHyun Bin နဲ့ Daniel Henney တို့ရဲ့ ခပ်မိုက်မိုက် Action Scenes တွေနဲ့ Yoona ရဲ့ ပေါ့ပေါ့ပါးပါး ကာရိုက်တာလေးအပြင် Criminal Action ...
movie

Confidential Assignment 2: International (2022)

2022
The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie

The Admiral: Roaring Currents (2014)

2014
Kingmaker (2022) 7.1
Kingmaker (2022) Kingmaker (2022)IMDb -7.1/10(သမိုင်းအကျဉ်း)တောင်ကိုရီးယားရဲ့ အာဏာရှင်စနစ်အဆုံးသတ်ချိန် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးကားတစ်ကားကို တင်ဆက်ပေးပါရစေတောင်မြောက်နှစ်နိုင်ငံ ကွဲသွားပြီးတဲ့နောက် ကိုရီးယားရဲ့ ပထမဆုံးသမ္မတ Syngman Rhee ကိုရွေးကောက်ခဲ့ပါတယ် (သူ့လက်ထက်မှာပဲ တောင်မြောက်စစ်ဖြစ်ပွားခဲ့တာပါ) အဲနောက်မှာ သမ္မတရဲ့ လုံခြုံရေးဥပဒေပြင်ဆင်မှုကို လူတွေဒေါသထွက်ခဲ့ပေမဲ့ မဲမသမာမှုလုပ်ပြီး အနိုင်ရသွားပါတယ် အဲဒါကိုမကျေနပ်တဲ့ ကျောင်းသားထုဟာ "ဧပြီတော်လှန်ရေး" ဆိုပြီး စတင်ခဲ့ပါတယ်ဧပြီတော်လှန်ရေးပြီးတဲ့နောက်မှာတော့ သမ္မတ Syngman Rhee ဟာနှုတ်ထွက်လိုက်ရပြီး အထွေထွေရွေးကောက်ပွဲကနေ ဒီမိုကရက်တစ်ပါတီဟာ အစိုးရဝန်ကြီးအဖြစ်ဆောင်ရွက်ပါတယ်ဒါပေမဲ့ ပါတီအတွင်း ပဋိပက္ခတွေဖြစ်ပြီးတော့ နောက်ဆုံး ၁၉၆၁ မေလ ၁၆ ရက်နေ့မှာ စစ်တပ်ကပဲ အာဏာသိမ်းခဲ့ပါတယ်အဲလိုနဲ့ ၁၉၆၂ ထိစစ်အုပ်ချုပ်ရေးနဲ့နေလာရင်း၁၉၆၃ ခုနှစ်မှာတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာတယ်လိုဆိုရမှာပါ၁၉၆၃-၁၉၇၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့သမ္မတဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဘတ်ဂျောင်ဟီ(တတိယမြောက်သမ္မတ)ပါပဲအခုထိမိတ်ဆက်ပေးတာက သမိုင်းကြောင်းပါပဲ အခုမှတကယ့် အညွှန်းရောက်လာပါပြီနော်၁၉၇၁ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ...
movie

Kingmaker (2022)

2022
More Than Family (2020) 6
More Than Family (2020) More Than Family (2020)"မိသားစုထက် ပိုတယ်" ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ မိသားစုတွေအကြောင်းရိုက်ထားတဲ့ကားလေးပါFx အဖွဲ့က Krystal လေး က ဗိုက်တစ်လုံးနဲ့သရုပ်ဆောင်ထားပါတယ် တက္ကသိုလ်ကျောင်းသူဂိုက်ဆရာမလေးဟာ စိတ်လက်တစ်ဆစ်နဲ့ ဟောဟောဒိုင်းဒိုင်း လုပ်ချင်တိုင်းလုပ်တတ်တဲ့ ကောင်မလေးပေါ့သူ စာသင်ပေးနေတဲ့ အထက်တန်းနောက်ဆုံးတစ်နှစ်ကျ ကျောင်းသားလေးနဲ့ စာသင်ရင်းက အရှိန်လွန်ပြီး ကိုယ်ဝန်ငါးလဖြစ်သွားတော့တယ် (ဘယ်လိုအရှိန်လွန်တာလဲတော့ မမေးနဲ့ဗျနော့)အဲ့ဒါကို နှစ်ဖက်မိဘတွေကိုပြောတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာလဲကိုယ်ဝန်ကြီးနဲ့ အဖေရင်းလိုက်ရှာတဲ့ဆရာမလေးကရော တွေ့မှာလား မိသားစုတွေရဲ့တွေးခေါ်ပုံတွေမတူတဲ့အခါ လက်ခံနိုင်စွမ်းတွေလည်းကွာဟတယ်ဆိုတာကို ရယ်ရင်းမောရင်းနဲ့ကြည့်ရအောင်ဇာတ်လမ်းကို ဖတ်ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘဲ ရိုးရှင်းနေတဲ့ ဇာတ်ကားလေးပါပဲ။ ဒါပေမယ့် ကြည့်မိရင်တော့ အဆုံးထိကြည့်မိမှာ သေချာပါတယ်။ဘာမှမကြည့်ချင်ရင်တောင် Krystal လေးရဲ့မျက်နှာပြောင်လေးကြည့်ရရုံနဲ့တင်တန်ပါတယ် ကြည့်ကြပါလို့File size… Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 50min Subtitle….Myanmar Subtitle (Hardsub) Encoder…. August Translated by ..... Thinzar Htet
movie

More Than Family (2020)

2020
Alice in Earnestland (2015) 6.8
Alice in Earnestland (2015) Alice in Earnestland (2015) ဒီဇာတ်လမ်းကတော့ ဂျောင်ဆူနမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုအကြောင်းလို့ ပြောလို့ရပါတယ်.. ဇာတ်လမ်းရဲ့အစမှာ အဲ့ဒီအမျိုးသမီးဟာ အခမဲ့အကြံပေးခြင်း၀န်ဆောင်မှုပေးတဲ့ ရုံးခန်းကိုရောက်လာပြီး အဲ့ဒီမှာပဲ သူမဘ၀အကြောင်းကို စတင်ပြောပြခဲ့ပါတယ် စိတ်၀င်စားဖို့ကောင်းတဲ့ သူမရဲ့ဇာတ်လမ်းအစဟာ ဆယ်ကျော်သက်အရွယ်မှာပဲ စတင်ခဲ့တယ်ဆိုပါတော့ အလယ်တန်းနောက်ဆုံးနှစ်ပြီးတဲ့အချိန်မှာ အထက်တန်းပဲဆက်တက်ရမလား စက်ရုံတစ်ခုမှာပဲ အလုပ်၀င်ရမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ် တစ်ယောက်တည်းခက်ခဲပင်ပန်းစွာ နေလာခဲ့ရတဲ့သူမဘ၀ဟာ သိပ်ချစ်ရတဲ့အမျိုးသားနဲ့တွေ့ဆုံပြီးနောက်မှတော့ အနည်းငယ် ပျော်ရွှင်စရာကောင်းလာခဲ့သလိုပါပဲ အကြားအာရုံချို့တဲ့နေတဲ့အမျိုးသားကြောင့် သူတို့နှစ်ယောက်ရဲ့အိမ်၀ယ်မယ့် ပိုက်ဆံဟာ ခွဲစိတ်မှုအတွက် ဖြစ်လာခဲ့ပါတယ် ကံဆိုးမှုက အဲ့ဒီမှာတင် ရပ်မနေခဲ့ပါဘူး ခွဲစိတ်မှုပြီးတဲ့နောက်မှာပဲ အမျိုးသားဟာ မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ဟာ သုံးမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတ အလုပ်မလုပ်နိုင်တော့တဲ့ယောက်ျားဖြစ်သူကြောင့် အိမ်အတွက် ပိုက်ဆံရှာဖို့က သူမတာ၀န် ဖြစ်လာခဲ့ပါတယ် ပိုက်ဆံရဖို့အတွက် အလုပ်ပေါင်းစုံ မညည်းမညူဘဲ လုပ်ခဲ့တယ်. တစ်ရက်မှာတော့ သူတို့နေတဲ့ မြေနေရာကို စီမံကိန်းအသစ်တစ်ခုနဲ့ ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာတဲ့အခါ.. သေကြောင်းကြံပြီး ကိုမာဖြစ်သွားတဲ့ ခင်ပွန်းသည်အတွက် ပိုက်ဆံလိုနေတဲ့ သူမ.. စီမံကိန်းရဲ့ကန်ထရိုက်ကခိုင်းတဲ့ အလုပ်ကို ကြိုးစားဆောင်ရွက်ရင်း သူမဘာတွေကြုံတွေ့လာရမလဲ ဇာတ်ကားတစ်ကားလုံး အချိတ်အဆက် မိမိနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတာမို့ အားလပ်တဲ့အချိန်မှာ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ File Size - 1GB ,548MB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Thiri Lwin Encoder - August
movie

Alice in Earnestland (2015)

2015