Channel Myanmar

Lee Dong-Yong

Kundo: Age of the Rampant (2014) 6.8
Kundo: Age of the Rampant (2014) Kundo: Age of the Rampant(2014) **********************************IMDb...6.8(၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို ပြန်တင်ဆက်ပေးရတဲ့ အကြောင်းအရင်းက Ma Dong-seok  ကြောင့်ဆိုရင်လည်းမမှားပါဘူး....ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable ,The Outlaws တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင်အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက်လွင့်သွားတာလည်း အားရစရာကြီးပါပဲ...ဒီကားထဲမှာလည်း သံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်...နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး..သူရိုက်သမျှကားတိုင်းဟာ ကောင်းမွန်တယ်လို့တောင်မှတ်ကျောက်တင်ခံရတဲ့သူပါ....ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကိုရိုက်ပြထားတာပါ...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်... ပြီးတော့ အက်ရှင်ခန်းပေါင်းများစွာပါဝင်တဲ့အတွက်ကြောင့်  Action ကားကောင်းကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါဘူး... (အညွှန်းကို Megumi မှ ရေးသားထားပါတယ်) File size…1.72GB / 878MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 17m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet
movie

Kundo: Age of the Rampant (2014)

MAL·MO·E: The Secret Mission (2019) 6.9
MAL·MO·E: The Secret Mission (2019) MAL·MO·E: The Secret Mission (2019)***********************************အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ..ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ်(ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....)File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu ...
movie

MAL·MO·E: The Secret Mission (2019)

Secret Sunshine (2007) 7.5
Secret Sunshine (2007) Secret Sunshine (2007)*************************နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, ...
movie

Secret Sunshine (2007)

Swing Kids (2018) 7.5
Swing Kids (2018) Swing Kids (2018)*******************ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O, မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင် Oh Jung se တို့အဓိက ပါဝင်ထားပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယား musical ရုပ်ရှင်လေးတစ်ကားကို ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင် ..ဇာတ်လမ်းအကျဉ်း *************** 1951ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်အကျဉ်းသားတွေက တောင်ကိုရီးယား ဂိုဂျယ်ကျွန်းရှိ စခန်းကို စေလွှတ်ခံခဲ့ရပါတယ် ..POW စခန်းကတော့ ကွန်မြူနစ်စနစ်ကိုလိုလားတဲ့သူတွေနဲ့ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့သူတွေအကြားက ပဋိပက္ခလက်အောက်မှာ ရှိနေပါတယ် ..ရိုဂီဆူကတော့ ဂိုဂျယ်POW စခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြောက်ကိုရီးယားစစ်သားတစ်‌ယောက်ပါ...အဲဒီအချိန်မှာပဲ တပ်ကြပ်ကြီးဂျက်ဆင်ဆီကို tap dance ဆိုတဲ့ ဖိနပ်စည်းချက်လိုက်အကကဖို့ အကအဖွဲ့တစ်ခုဖွဲ့ရန် အမိန့်ကျလာပါတယ်...အဲဒါကြောင့် ဂျက်ဆင်က စခန်းမှာ အကအဖွဲ့ဝင်တွေ ရွေးချယ်ဖို့အတွက် လူရွေးပွဲကျင်းပခဲ့ပြီး...နောက်ဆုံးမှာတော့ တရုတ်စစ်သား ရှောင်းဖန် ကွန်မြူနစ်ပါတီဝင်ဟု မတရားစွပ်စွဲခံခဲ့ရတဲ့ ဂန်ဗြောင်ဆမ်း နှင့် မိသားစုကို ထောက်ပံ့ပေးနေတဲ့ ယန်းဖန်းလယ်တို့ သုံးယောက်က အကအဖွဲ့မှာ ပါဖို့ဖြစ်လာပါတော့တယ် ...ထိုအချိန်တွင် တပ်ကြပ်ကြီးဂျက်ဆင်က ဂီဆူရဲ့ အကအရည်အချင်းကို သဘောကျပြီးတော့ အကအဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းတဲ့အခါမှာတော့....စစ်ပွဲအကြားမှာ ...
movie

Swing Kids (2018)

Honeysweet (2023) 4
Honeysweet (2023) Honey Sweet (2023)အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း...အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Honeysweet (2023)

2023
The Scam(2009) 6.7
The Scam(2009) The Scam(2009)**************ဒီကားဟာ ကိုးရီးယားနိုင်ငံရဲ့စတော့ရှယ်ယာစီးပွါးရေးအရှုပ်အထွေးတွေနဲ့ စတော့ရှယ်ယာတွေကိုအကြံအဖန်ဂွင်နဲ့ ကြားကနေသိမ်းပိုက်ယူဖို့ကြိုးစားနေကြတဲ့ သူဌေးတွေ နဲ့ အချောင်သိုက်တူးသမားတွေကြားမှာဖြစ်ကြတဲ့ပဋိပက္ခဇာတ်လမ်းတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်....ဂန်ဟျောင်းဆိုးဆိုတဲ့လူတစ်ယောက်ဟာ ကောလိပ်ကသရုပ်ဆောင်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်းသာမန်ဘဝ သာမန်အလုပ်လေးနဲ့ပဲ ဘဝကို ပင်ပင်ပန်းပန်းဖြစ်သန်းနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ချမ်းချမ်းသာသာနေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ဦးပါ ..တစ်နေ့မှာတော့ စီနီယာအကိုတစ်ယောက်ရဲ့စကားဆွယ်မှုကြောင့် စတော့လောကထဲကို အမှတ်မထင်ရောက်ရှိသွားပါတော့တယ်..ဒီလိုနဲ့ပဲ စတော့လောကထဲမှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်ကျင်လည်ပြီး နောင်ငါးနှစ်အကြာမှာတော့လူမိုက်ဂန်းစကားအဖွဲ့ခေါင်းဆောင် DSG ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဌဟွမ်ဂျောင်ဂူဂွင်ချထားတဲ့ စတော့အစီအစဉ်ကို မထင်မှတ်ဘဲ ဝင်ရောက်သွားနှောင့်ယှက်မိပါတော့တယ်...အဲဒါကို ဟွမ်ဥက္ကဌသိရှိသွားချိန်မှာတော့.... File Size : (2.09GB) and (882MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded by Phyo Pyae
movie

The Scam(2009)

The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)

Miracle: Letters to the President (2021) 7.7
Miracle: Letters to the President (2021) The Miracle : Letters to President (2021)IMDb - 7.7/10ဒရမ်မာကို ဟာသလေးနှောပြီး ကြည့်ချင်သူများအတွက်၂နာရီစာလောက်ပဲရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးပါရစေCast တွေကတော့ Girl's Generation ထဲက Yoon-Ah နဲ့Hellbound မီနီစီးရီးထဲက Park Jung Min တို့ ခေါင်းဆောင်အနေနဲ့ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....အချိန်ကာလအားဖြင့် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကိုရီးယား ဂယောင်းဆန်းခရိုင်မှာ ရွာရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်တဲ့အတွက်သမ္မတကြီးဆီကို စာတွေအမြဲပို့ပေးခဲ့တဲ့ ဉာဏ်ကြီးရှင် ဂျွန်းဂယောင်းနဲ့ဂျွန်းဂယောင်းရဲ့အိမ်မက်ကိုနားလည်သွားတဲ့ ကောင်မလေး လာဟီးတို့ရဲ့ ကြိုးစားမှုရယ်အဖေနဲ့ မောင်လေးကိုပဲ ဦးစားပေးလာတဲ့ ဂျွန်းဂယောင်းအစ်မ ဘိုဂယောင်းနဲ့သားနဲ့ ဆက်ဆံရေး စိမ်းသက်သက်ဖြစ်တဲ့ သားအဖနှစ်ဦးကြားက သံယောဇဉ်...ဒီလိုဆန်းပြားတဲ့ ကာရိုက်တာတွေကို ဘယ်လိုတင်ဆက်ပေးမလဲဆိုတာကိုThe Miracle : Letters to President ...
movie

Miracle: Letters to the President (2021)

2021
Memories of Murder (2003) 8.1
Memories of Murder (2003) IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie

Memories of Murder (2003)

2003
Tunnel (2016) 6.9
Tunnel (2016) Tunnel (2016) IMDb - 6.9/10_____Rotten 100%    IMDb 6.9 Rotten Tomatoes 100 percent 2016ခုနှစ်ထွက် korea movieတွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် train to busan ဇတ်ကားပြီးရင်အကောင်းဆုံးကဒီ Tunnel ဇတ်ကားပါပဲ ကျွန်တော်ဆိုလုံးဝထိုင်ရာကတောင်မထပါဘူး (၃ခါတောင်ကြည့်တာ ပြီးမှဘာသာပြန်တာ ) ဇတ်လမိးအကျဉ်းကိုပြောပြရရင် KIA ကားcompanyအရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့လီဂျံ ု ဆူတစ်ယောက်သူ့ သမီးလေးမွေးနေ့အတွက်အိမ်အပြန်လမ်းမှာဥမင်လိူဏ်ခေါင်းပြိုကျပြီးပိတ်မိသွားပါတယ် ပိတ်မိနေတဲ့အချိန်အတောအတွင်းမှာတောင်သူ့ ရဲ့တစ်ဖက်သားကိုကူညီတတ်တဲ့စိတ်ဓာတ် နောက်ဆုံးအချိန်ထိအရူံးမပေးတဲ့စိတ်ဓာတ်တွေဟာတကယ်ကိုလေးစားဖို့ကောင်းပါတယ် (တခြားကောင်းတဲ့အချက်တွေရေးပေးချင်ပေမယ့်spoilerဖြစ်မှာဆိုးလို့မရေးတော့ပါဘူး) လီဂျုံဆူ အနေနဲ့နောက်ဆုံးအချိန်ထိအသက်ရှင်နိုင်မလားဆိုတာ CMပရိတ်သတ်ကြီးအမြန်ဆုံးပဲဒေါင်းကြည့်လိုကိကြပါခင်ဗျာ ဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်    File Size - 996 MB Quality - BR-Rip 720p Duration - 2hrs 6mins Translator - Kaung Myat Thu Encoder - Tariq L Walker  
movie

Tunnel (2016)

2016