Channel Myanmar

Lee Dae-yeon

When Romance Meets Destiny (2005) 6.3
When Romance Meets Destiny (2005) When Romance Meets Destiny (2005)**********************************ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူ အချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ..ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk, Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအညွှန်း ***************အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီး မိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူ‌ရိုးလူအေးကြီးပါ ..ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲ ရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ ..တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် ..တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာ ဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် ...
movie

When Romance Meets Destiny (2005)

YMCA Baseball Team (2002) 6.3
YMCA Baseball Team (2002) YMCA Baseball Team (2002)**************************ဒီကားလေးကတော့ Parasite ထဲကမင်းသားကြီး Song Kang Ho , Under the Queen’s Umbrella ထဲကမင်းသမီးကြီး Kim Hye Soo နဲ့ Believer ထဲကမင်းသားကြီး Kim Joo Hyuk တို့က အဓိကသရုပ်ဆောင်တွေ အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Hyeon Seok ရိုက်ကူးပြသထားတဲ့ Comedy , Drama , Sports ကားလေးပါ ..ဇာတ်လမ်းအကျဉ်း ****************ဂျပန်လက်အောက်ကျရောက်နေတဲ့ ဂျိုဆွန်းခေတ်က စာသင်သားလေးအီဟိုချန်းဟာ သံတမန်ဖြစ်ချင်တဲ့ သူ့ရဲ့မူလပန်းတိုင်ပျောက်ဆုံးသွားပြီးတဲ့နောက် တစ်နေ့မှာတော့ အမေရိကန်သားတွေ ဘေ့စ်ဘောကစားနေတာကိုတွေ့ရာက ဘေ့စ်ဘောရဲ့တည်ရှိမှုကို စိတ်ဝင်စားသွားခဲ့ပါတယ် ..အီဟိုချန်းဟာ သူ့အဖေကျောင်းအုပ်ဖြစ်သူရဲ့ဆန္ဒအတိုင်း အဖေဖြစ်သူနေရာကိုဆက်ခံမလား ..ဟိုချန်းရဲ့ပန်းတိုင်အသစ်ဖြစ်တဲ့ ဂျိုဆွန်းရဲ့ပထမဆုံးနဲ့အကောင်းဆုံးဘေ့စ်ဘောအသင်းရဲ့ ဘေ့စ်ဘောကစားသမားဘဝကိုရွေးချယ်မလား ဆိုတာကို ဟာသလေးနှောပြီး အဲဒီခေတ်က ဂျပန်လူမျိုးတွေနဲ့ ဂျိုဆွန်းပြည်သူတွေရဲ့အရှုပ်တော်ပုံတွေ၊ မျိုးချစ်စိတ်တွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ..(အညွှန်းကို Lucien မှ ရေးသားထားပါတယ်)File size…1.68GB / 775MB Quality… ...
movie

YMCA Baseball Team (2002)

Cyrano Agency (2010) 6.5
Cyrano Agency (2010) Cyrano Agency (2010) ********************** Cyrano လို့ခေါ်တဲ့ မြားနတ်မောင်အေဂျင်စီဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားလေတော့ သူတို့ အိုင်ဒီယာလေးတွေက အတော်မိုက်တယ် ..သူတို့က အောင်သွယ်ပေးဖို့ အလုပ်လာအပ်တဲ့သူကို အကြံပေးရုံသက်သက်တင်မဟုတ်ဘူး...... အောင်သွယ်ပေးရမဲ့လူ (၂)ယောက်လုံးရဲ့ Biography ကို အသေးစိတ်လေ့လာတယ် .. ပြီးရင် Plan တွေ စနစ်တကျဆွဲတယ် ..နားကြတ်တပ်ပေးပြီးတော့ အနီးကပ်ညွှန်ကြားပေးတဲ့အပြင်သူတို့(၄)ယောက်ကလည်း လိုအပ်ရင် လိုအပ်သလို planထဲ ကွက်တိဝင်အောင် သရုပ်ဆောင်ပေးတယ်.....တစ်နေ့တော့ သူတို့အဖွဲ့ဆီကို ကောင်လေးတစ်ယောက်က အောင်သွယ်လုပ်ပေးဖို့အလုပ်အပ်တယ်...အလုပ်အပ်တဲ့ကောင်လေးနဲ့ အောင်သွယ်ပေးရမဲ့ကောင်မလေးရဲ့ အချက်အလက်တွေစုဆောင်းပြီးတဲ့ အချိန်မှာတော့Cyrano အေဂျင်စီမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်ကုန်တယ်...ကောင်လေးတစ်ယောက်က မဖြစ်နိုင်ဘူး ဒီအလုပ်ဆက်မလုပ်ရဘူးလို့ ကန့်ကွက်တယ် ကျန်တဲ့သူတွေက ဒီအလုပ်ကို လက်ခံလိုက်တယ် ..ဒီကားရဲ့သရုပ်ဆောင် Tae-woong Eom, Lee Min Jung, Park Shin Hye Daniel Choi စတဲ့ နာမည်ကြီး (၄)ယောက်ကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ....ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း Entertainment အတော်ဆန်လှတယ်Story တွေက သိပ်မဆန်းရင်တောင် ဇာတ်ကွက်လေးတွေက အတော်ဆွဲဆောင်မှုရှိတယ်နောက်တစ်ခု ချီးကျူးစရာကောင်းတာက Lighting ပိုင်းပါ သရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေအမူအရာတွေကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တယ် သူတို့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်း ...
movie

Cyrano Agency (2010)

C’est Si Bon (2015) 6.7
C’est Si Bon (2015) C'est Si Bon (2015) ******************** နာမည်ကြီးသရုပ်‌ဆောင်‌တွေဖြစ်တဲ့ Han Hyo Joo, Kang Ha Neul, Jung Woo ,Jin Goo, Jo Bok Rae တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဂီတကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တစ်ခေတ်တခါက ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးစတိတ်စင်ဖြစ်တဲ့ ဆဲရှီဘုံဆိုတာက အဆိုတော်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယွန်းဆဲတက္ကသိုလ်ကျောင်းသား ဆေးကျောင်းသားလေးဖြစ်တဲ့ ယွန်းဟျွန်းဂျူ (Kang Ha Neul ) ဟာဆိုရင် အပတ်စဉ် ဆဲရှီဘုံရဲ့ထိပ်တိန်းဆုကို သိမ်းပိုက်ထားတဲ့သူပါ။ဟားဗတ်မှာ ကျောင်းဆက်တက်မှာမို့ သီချင်းဆိုတာကို ရပ်နားတော့မဲ့တစ်နေ့မှာ သူ့နေရာကို လုယူမယ့် ဆုန်းချန်းရှစ် (Jo Bok Rae)ကပေါ်လာပါတယ်။အဆိုအပိုင်းမှာ တစ်ဖက်ကမ်းတော်ကြပေမဲ့ နှစ်ယောက်ကို အဆိုတော်အဖွဲ့ဖွဲ့ဖို့လုပ်ရင်းကနေ ရွာသားလေးအိုဂွန်းထယ် (Jung Goo)ကပါ သူတို့အဖွဲ့ထဲပါလာပါတယ်။တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းနေကြတဲ့ သူတို့ကြား မင်ဂျာယောင်း (Han Hyo Joo)လို့ခေါ်တဲ့ သရုပ်ဆောင်ဝါသနာပါတဲ့ ကောင်မလေးက သူတို့ကြားထဲဝင်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။မင်ဂျာယောင်းအချစ်ကိုဘယ်သူရသွားမှာလဲ။သူငယ်ချင်းတွေ ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ရင်ဆိုင်ရင်း အောင်မြင်သွားကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ် ..(အညွှန်းကို Shwe Pyae မှ ရေးသားပေးထားပါတယ်)File size…2.97GB / 988MB Quality… WEB-DL ...
movie

C’est Si Bon (2015)

11 A.M. (2013) 5.6
11 A.M. (2013) 11 A.M (2013) ************** အချိန်ခရီးသွားစက်ကို တီထွင်ဖန်တီးဖို့ ကြိုးစားနေကြတဲ့ ကိုရီးယားသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဒီကားလေးက သိပ္ပံကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် ကွက်တိဖြစ်မှာပါနော် ..ဇာတ်လိုက်တွေ အနေနဲ့ကတော့ Partners for Justice ထဲက မင်းသား Jung Jae Young, High Kick Season 2 ထဲက မင်းသား Choi Daniel နဲ့ Children of a Lesser God ထဲက မင်းသမီး Kim Ok Vin တို့ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအကျဉ်း ************ ဂျောင်ဝူဆော့ (Jung Jae Young) က ကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့ ဇနီးဆီကိုပြန်သွားဖို့ အချိန်ခရီးသွားစက်ကို တီထွင်ချင်နေခဲ့ပါတယ် ..ဆာယောင်အွန်း (Kim Ok Vin) ကတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သူ့အဖေရဲ့အိပ်မက်ဖြစ်တဲ့ အချိန်ခရီးသွားစက်ကိုတီထွင်ဖို့ရာကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူပါ ..ယောင်အွန်းရဲ့ ကောင်လေးဖြစ်သူ ဂျီဝမ် (Choi Daniel) က ဆေးကျောင်းကနေထွက်ပြီး ...
movie

11 A.M. (2013)

No Boys, No Cry (2009)
No Boys, No Cry (2009) No Boys, No Cry (2009)ဒီတစ်ခါမှာတော့ ကိုရီးယားရုပ်ရှင်ကားတွေ ကြည့်ဖူးသူတိုင်း မစိမ်းတဲ့လောက်မယ့် မင်းသား Ha JungWoo နဲ့ ဂျပန်မင်းသား Satoshi Tsumabuki တို့ အတွဲညီညီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကိုရီးယားလူမျိုးဖြစ်တဲ့ ဟွန်းဂူဟာ အသက် ၆ နှစ်အရွယ်တည်းက အမေ့ဆီက စွန့်ပစ်ခံခဲ့ရသူပါ။ မှောင်ခိုသမား ဦးလေးကြီးဘိုဂယောင်းဆိုသူ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူပေါ့။ ဘဝတစ်လျှောက်လုံးမှာ "အမေက ဘာလို့ စွန့်ပစ်သွားတာဖြစ်မလဲ" ဆိုတဲ့အတွေးနဲ့ ဘိုဂယောင်းအပေါ် သစ္စာရှိဖို့ကလွဲရင် ဘာအတွေးမှ မရှိတဲ့သူပါပဲ။ ဟွန်းဂူ မှောင်ခိုပစ္စည်းလာပို့တိုင်း ဂျပန်ဘက်ကနေ သူ့ကို လာကြိုနေကျသူကတော့ တိုရုပါပဲ။ ဂျပန်ကောင်လေး တိုရုကို အားလုံးက ခပ်နုံနုံလေးလို့ပဲ ထင်ခဲ့ကြပါတယ်။တစ်နေ့ ဦးလေးကြီးဘိုဂယောင်းက သူတို့နှစ်ယောက်ကို ဂျီဆုဆိုတဲ့မိန်းကလေးကို ပြန်ပေးဆွဲပြီး ဂျပန်ကို ခေါ်လာခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ထင်သလို မဖြစ်တဲ့အပြင် ဟွန်းဂူတစ်ယောက် တိုရုရဲ့ပုံစံအမှန်ကိုပါ သိလာရတဲ့အခါ..။မိသားစုအပေါ် တာဝန်သိတတ်တဲ့ တိုရုနဲ့ မိသားစုဆိုတာ ဘာလဲ မေးခွန်းထုတ်နေဆဲ ဟွန်းဂူတို့ ကြား ဘယ်လိုမျိုး ...
movie

No Boys, No Cry (2009)

Kidnapping Granny K (2007) 6
Kidnapping Granny K (2007) Kidnapping Granny K (2007)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၂၀၀၇ တုန်းကထွက်ရှိထားတဲ့ Kidnapping Granny Kဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရတဲ့ သူငယ်ချင်း ၃ ယောက်ဟာ ကံအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ငွေကြေးပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဒါကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ သိပ်နာမည်ကြီးတဲ့ ထမင်းစွပ်ပြုတ်ဆိုင်က အဘွားကို ပြန်ပေးဆွဲဖို့လုပ်ကြပါတော့တယ် ပြန်ပေးဆွဲလာတဲ့သူတို့ကို အဘွားက နွေးထွေးကြင်နာပေးသလို သားသမီးတွေကို ခက်ခက်ခဲခဲပျိုးထောင်လာခဲ့တဲ့ အဘွားဟာလည်း သူ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သားသမီးတွေကို ဆက်သွယ်ပေမယ့် တစ်ဦးမှ သူ့အနားကိုရောက်မလာကြတဲ့အတွက် ပြန်ပေးဆွဲသူ သူငယ်ချင်းတစ်သိုက်ပါ လက်မှိုင်ချရတဲ့အထိ ဖြစ်လာပါတော့တယ် နုံအအ သူငယ်ချင်း ၃ ဦးမှာ ငွေလို၍သာ လုပ်ခဲ့ရသော်လည်း လူမိုက်များမဟုတ်သလို ကြင်နာတတ်သည့် ဓာတ်ခံရှိကြသည့်အခါ ပြန်ပေးဆွဲသမား ၃ ယောက် နဲ့ အဘွားတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာက ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့တကယ်ကောင်းတဲ့ကားမို့ ကြည့်လို့ နောင်တရရမှာမဟုတ်ပါဘူးအညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin, CharOu, Su Myat တို့ပဲ ...
movie

Kidnapping Granny K (2007)

A Tale of Two Sisters (2003) 7.2
A Tale of Two Sisters (2003) A Tale Of Two Sisters (2003) IMDb: 7.1/10 Genre: Drama/Horror/Mysteryမွန်ဂိုယောင်းပါဝင်ထားပြီးနာမည်ကြီးတဲ့ ဒီရုပ်ရှင်ကသရဲကားဆိုပေမဲ့ သာမန်ကြည့်နေကျသရဲကားပုံစံတွေနဲ့ကွဲထွက်နေပြီး ဇာတ်လမ်းရဲ့လှည့်ကွက်တွေကြားထဲမှာ ဟင်ကနဲ ဟာကနဲဖြစ်နေမယ့်ရုပ်ရှင်မျိုးပါ။ ကြောက်ရွံ့မှုတွေ ဝမ်းနည်းမှုတွေခံစားရမယ့်အပြင် တကယ်ကိုစိတ်ထဲမှာစွဲကျန်နေမဲ့သရဲကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ရက်ရှည်ဆေးကုပြီး အဖေနဲ့မိထွေးရှိတဲ့အိမ်ကိုပြန်လာတဲ့ ဆူယွန်းနဲ့ဆူမီတို့ညီအစ်မ၊ သူတို့အိမ်ပြန်လာပြီးနောက်ပိုင်းမှာအရာရာကအရင်လိုမဟုတ်နေတော့ပဲ အိမ်ကြီးမှာလည်း ထူးဆန်မှုတွေဖြစ်လာပါတော့တယ်။ပြောင်းလဲမှုတွေက ဘယ်လိုမျိုးပြောင်းလဲမှုမျိုးလဲ ထူးဆန်းတဲ့အရာတွေကရောဘာတွေဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းအစကနေအဆုံးထိပဟေဠိဆန်ဆန်ကြည့်ရှုခံစားရမှာဖြစ်ပြီးဝမ်းနည်းမှုကြောက်ရွံ့မှုစတဲ့ခံစားချက်များစွာကို ခံစားရမှာဖြစ်ပြီး ညီအစ်မနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုပါပုံဖော်ရိုက်ကူးပေးထားတာကြောင့် ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size…    2.2 GB /  809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Drama/Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia
movie

A Tale of Two Sisters (2003)

2003
Joint Security Area (2000) 7.7
Joint Security Area (2000) Joint Security Area (2000) (အညွှန်း) =========================မင်းသား Lee Byung Hun နဲ့ ချန်ဂင်လို့ လူသိများကြတဲ့ မင်းသမီး Lee Young Ae တို့ပါဝင်ထားကြပြီး ၂၀၀၀ ခုနှစ်ရဲ့ Blue Dragon Film Award နဲ့ ၂၀၀၁ ခုနှစ်ရဲ့ Grand Bell Award စတဲ့ဆုကြီးတွေအပြင် တခြားသောဆုတွေကိုပါဆွတ်ခူးထားတဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ကိုရီးယားတောင်မြောက်နှစ်နိုင်ငံကြားစစ်မဲ့ဇုန် (JSA) အတွင်း မြောက်ကိုရီးယားတပ်သားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ပဋိပက္ခတွေအစပျိုးနေပြီး အခန့်မသင့်ရင်စစ်မက်ဖြစ်ပွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ နျူးကလီးယားလက်နက်ပိုင်ရှင်မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် အမေရိကန်လည်းဝင်ပါလာရမှာဖြစ်သလို ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးမို့ NNSC (နှစ်နိုင်ငံကြားကြီးကြပ်ရေးကော်မရှင်) က ဦးဆောင်ပြီး ဆွစ်ဇာလန်က ဥပဒေအရာရှိဗိုလ်မှူး ဆိုဖီဂျန်းကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ များသောအားဖြင့် အမှုတွေလို တရားခံရှာရတာမျိုးမဟုတ်ဘဲ တရားခံကိုသိထားပြီး အမှုဖြစ်ရတဲ့အကြောင်းအရင်းကိုဖော်ရတဲ့ဒီအမှုရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းအမှန်ကဘာဖြစ်မလဲ .. အများသိထားကြသလို တောင်ပိုင်းကစစ်သားက မြောက်ပိုင်းကိုပြန်ပေးဆွဲခံရလို့ထွက်ပြေးလာရင်းဖြစ်တဲ့အမှုလား ဒါမှမဟုတ် တခြားနောက်ကွယ်မှာ ဘာတွေရှိဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p File ...
movie

Joint Security Area (2000)

2000
Dream Palace(2023) 8.2
Dream Palace(2023) Dream Palace(2023)******************ယောက်ျားဖြစ်သူကို လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဆုံးရှုးခဲ့ရပြီးနစ်နာကြေးရခဲ့တဲ့ပိုက်ဆံနဲ့ Dream Palaceလိုခေါ်တဲ့ တိုက်ခန်းအသစ်ဆီ ပြောင်းလာတဲ့ဟယ်ဂျောင်... အိမ်အသစ်မှာ အဆင်မပြေတာတွေရှိလို ကုမ္ပဏီကို တိုင်ကြားချင်ပေမယ့်အခြားနေထိုင်သူတွေက ဒီသတင်း ပေါက်ကြားပြီး တိုက်ခန်းစျေး ကျသွားမှာကိုပဲ စိတ်ပူနေကြပါတယ်.... တစ်ချိန်တည်းမှာပဲ မိတ်ဆွေဟောင်းဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး သူမနေတဲ့ တိုက်ခန်းမှာပဲဈေးသက်သာစွာနဲ့ တိုက်ခန်းဝယ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ် တိုက်ခန်းစျေးကျသွားမှာကို စိုးရိမ်နေကြတဲ့ အခြားနေထိုင်သူတွေနဲ့ဟယ်ဂျောင်ကြားမှာဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး....File size : 1.8GB/ 667MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 1h 51min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae
movie

Dream Palace(2023)

2023
Princess Aurora (2005) 6.5
Princess Aurora (2005) Princess Aurora (2005) =================၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ...
movie

Princess Aurora (2005)

2005
Paju (2009) 6.5
Paju (2009) Paju (2009)ဒီတစ်ခေါက်မှာတော့ ဒီနှစ်ပိုင်းမှာ comeback ပြန်လာတော့မယ့် မင်းသမီး Seo Woo ရဲ့ ၂၀၀၉ ခုနှစ်က ရုပ်ရှင်လေးကို တင်ဆက်ပေးပါဦးမယ်မိဘတွေမရှိဘဲ အစ်မနဲ့ နစ်ယောက်တည်းနေရင်း အစ်ကို ကာကွယ်ပေးချင်တဲ့စိတ်ကြောင့် အိမ်က ထွက်ပြေးခဲ့တဲ့ ကောင်မလေးဟာ ပြန်လာတော့လည်း အစ်မက သေဆုံးသွားတာကြောင့် ခဲအိုနဲ့ အဆင်မပြေပြန်လို့ နောက်တစ်ခါထပ်ပြီးထွက်ပြေးခဲ့ပါတယ်အဲလိုနဲ့ ၇ နှစ်ကြာမှ အစ်မဖြစ်သူရဲ သေဆုံးရတဲ့ အကြောင်းအရင်းကို သိသွားပြီး စုံစမ်းရင်းနဲ့ အစ်မဖြစ်သူ သေဆုံးမှုမှာ ခဲအိုပတ်သက်လိမ့်မယ်လို့ သံသယဝင်လာပါတော့တယ်ပြန်လာတဲ့အချိန်မှာလည်း မိဘတွေအမွေပေးခဲ့တဲ့ အိမ်က ဖွံ့ဖြိုးမှုအတွက် ပြန်လည်တည်ဆောက်မှု နယ်မြေထဲပါနေပြန်တော့ အဲအတွက်လည်း ကြိုးစားရပါတော့တယ်ဇာတ်လမ်းကငြိမ့်ငြိမ့်လေးပဲသွားတာဖြစ်ပြီး ဆုတွေလည်း အများကြီး ရထားတဲ့ ရုပ်ရှင်တစ်ခုပါ၊ အမြင်မတော်တဲ့အခန်းတချို့ပါတဲ့အတွက် မိသားစုနဲ့မကြည့်ဖို့ သတိပေးချင်ပါတယ်ရုပ်ရှင်ကို တစိမ့်စိမ့်ခံစားပြီး ကြည့်တတ်တဲ့သူတွေ အကြိုက်ဖြစ်စေမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 2.1GB ...
movie

Paju (2009)

2009
Horror Stories 3 (2016)
Horror Stories 3 (2016) Horror Stories III (2016)IMDb - 5.3/10******************************************ညနက်သန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲမှာ လမ်းပျောက်နေကြပါသတဲ့။ လမ်းရှာရင်းနဲ့ တောလမ်းလေးအဆုံးမှာ အိမ်တစ်ဆောင်ကို တွေ့တော့ ထုံးစံအတိုင်း တစ်ညတာနားခိုဖို့ အထဲကို ဝင်လိုက်ကြပါတယ်။ ဒီအိမ်ကြီးထဲမှာ ယောက္ခထီးနဲ့ သူ့ချွေးမ နှစ်ယောက်ပဲနေထိုင်တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အိမ်မှာ ခင်ပွန်းရဲ့အသုဘနှစ်ပတ်လည် ရှိနေပါသတဲ့။ သူတို့ကို တစ်ညတာနားခွင့်ပေးလိုက်ပေမယ့် ညလယ်စာကျွေးတော့ ကလီစာဟင်းတွေ ဖြစ်နေပြန်ပါတယ်။ဘယ်လိုအိမ်ကြီးလဲ.... ဘယ်လိုလူတွေလဲဆိုတာ .... မသိုးမသန့်ဖြစ်စရာကောင်းလှပါတယ်.....။သေချာတာတစ်ခုကတော့ ခြောက်ခြောက်ခြားခြားတွေကို ရိုက်ပြထားတာမို့လို့ အသည်းငယ်တတ်သူတွေ၊ ရွံရှာဖွယ် အခန်းတွေကို ကြောက်လန့်တတ်သူများ မကြည့်သင့်ပါဘူးလို့ ကြိုသတိပေးပါရစေ။"ကြောက်တတ်သူများ မကြည့်ရ" ဆိုပြီး တစ်ချိန်က ဗမာဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို မှတ်မိကြမယ်ဆိုရင်......အဲဒီလိုပုံစံမျိုးပဲ ဇာတ်လမ်းတိုလေး ၃ပုဒ်လောက်ကို အရသာရှိရှိ ချိတ်ဆက်ပြီး ကျောချမ်းစရာဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအတိုလေးတွေရဲ့ ခေါင်းစဥ်ကို အမြည်းပြောပြရရင် - မားစ်ဂြိုဟ်က မိန်းကလေး... - လမ်းမထက်က ဒေါသမီး.... - စက်ရုပ် ဝိညာဥ်.... တို့ပဲဖြစ်ပါတယ်။2016 ခုနှစ်က ထွက်ခဲ့တဲ့ ...
movie

Horror Stories 3 (2016)

2016
The Throne(2015) 7.1
The Throne(2015) 2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB /  Quality…1080p Blu Ray DTS 5.1Ch /  Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie

The Throne(2015)

2015
Battlefield Heroes (2011) 5.4
Battlefield Heroes (2011)  ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟိုးအရင်ခေတ် ဂိုဂူလျောတိုင်းပြည်နဲ့ တရုတ်မင်းဆက် ကြားက တိုက်ပွဲကို ဟာသနှောပြီး ရိုက်ပြထားတာပါ ။ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင် အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။ ဇာတ်လမ်းကတော့ ...လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ် သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ...
movie

Battlefield Heroes (2011)

Oldboy (2003) 8.4
Oldboy (2003) Oldboy (2003) *************** (1080p UFHDRip) IMDb - 8.4/10 Rotten - 82%အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ် သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ် အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီး ရဲစခန်းရောက်သွားတယ် ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ် မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ် အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့ နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ် ၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် .....ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်း စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ်ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံး သူ့ကိုချုပ်နှောင်ထားရတာလဲ.....ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ် ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ် ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ်ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ် ဖြတ်သန်းရတဲ့ဒုက္ခ သူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေ တကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ်ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆို ကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်မရဘူး နှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ်ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက အသင့်တော်ဆုံးပါလို့အကြံပေးပါရစေဒါရိုက်တာ Park Chan-yongရဲ့လက်ရာမြောက်ကားတစ်ကားပါပဲ သူ့ရဲ့လက်ရာရဲ့ပေါက်ရောက်မှုက Hollywood ကနေ အမေရိကန် Oldboy ဆိုပြီးပြန်ရိုက်လိုက်တယ် အဓိကသရုပ်ဆောင် Choi Min-sikရဲ့သရုပ်ဆောင်ချက်တွေကိုလည်းခံစားလိုက်ပါဦး လက်ဖျားခါလောက်တယ်ကဲ ပြောရတာလည်းရှည်နေပါပြီဗျာ IMDB 8.4 တောင်ရထားတယ်ဆိုတော့ အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်..ဒီကားကိုဘာသာပြန်ပေးတာကတော့ Ichika ဘဲဖြစ်ပါတယ်...File ...
movie

Oldboy (2003)

2003
The Show Must Go On (2007) 6.9
The Show Must Go On (2007) [Unicode]လူမိုက်ဘဝနဲ့ မိသားစုအတွက် ပိုက်ဆံတွေထောက်ပံ့ပေးနေရတဲ့ ဂျန်အင်ဂူ တစ်ယောက် ဒယ်ချန်းဆောက်လုပ်ရေးကို အပိုင်သိမ်းပြီးနောက်ပိုင်းမှာ ရန်သူတွေပေါများလာခဲ့ပါတယ်...တစ်ဘက်မှာလည်း သူယုံကြည်အားကိုးရတဲ့ ဥက္ကဌကြီးရဲ့ညီဖြစ်သူက သူ့ကိုချောက်တွန်း အကောက်ကြံနေပြီးတော့ တစ်ဘက်မှာလည်း မိသားစုအတွက် အိမ်အသစ်လေးရအောင် ပိုက်ဆံတွေကြိုးစားရှာဖွေနေရပါတယ်မိသားစုအတွက်အသက်ရှင်နေရတဲ့ ဂန်အင်ဂူတစ်ယောက် ဒီလူမိုက်ဘဝကလွတ်မြောက်ချင်ပေမယ့် လွတ်မြောက်ဖို့အကြောင်းမဖန်လာခဲ့ပါဘူး အဲ့လိုနဲ့ပဲ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် )[Zawgyi]လူမိုက်ဘဝနဲ့ မိသားစုအတွက် ပိုက်ဆံတွေထောက်ပံ့ပေးနေရတဲ့ ဂျန်အင်ဂူ တစ်ယောက် ဒယ်ချန်းဆောက်လုပ်ရေးကို အပိုင်သိမ်းပြီးနောက်ပိုင်းမှာ ရန်သူတွေပေါများလာခဲ့ပါတယ်...တစ်ဘက်မှာလည်း သူယုံကြည်အားကိုးရတဲ့ ဥက္ကဌကြီးရဲ့ညီဖြစ်သူက သူ့ကိုချောက်တွန်း အကောက်ကြံနေပြီးတော့ တစ်ဘက်မှာလည်း မိသားစုအတွက် အိမ်အသစ်လေးရအောင် ပိုက်ဆံတွေကြိုးစားရှာဖွေနေရပါတယ်မိသားစုအတွက်အသက်ရှင်နေရတဲ့ ဂန်အင်ဂူတစ်ယောက် ဒီလူမိုက်ဘဝကလွတ်မြောက်ချင်ပေမယ့် လွတ်မြောက်ဖို့အကြောင်းမဖန်လာခဲ့ပါဘူး အဲ့လိုနဲ့ပဲ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( 999 MB , 350 ...
movie

The Show Must Go On (2007)

Peppermint Candy (1999) 7.7
Peppermint Candy (1999) [Unicode]Peppermint Candy (1999)ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်း‌နေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။ အချိန်ကတော့ ...
movie

Peppermint Candy (1999)

1999
Lady Vengeance (2005) 7.6
Lady Vengeance (2005) Lady Vengeance (2005)_____IMDb - 7.6/10    Zawgyi ******* Thriller ကားမျိုးမှာ ဒီလိုမျိုး IMDb 7.6 လောက်ရတာရှားတယ်လို့ပြောရပါမယ် ဒီတစ်ခါတော့ psycho ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ချန်ဂင်ဆိုပြီး နာမည်ကြီးတဲ့ Jo Jung-eun ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ... ဒီကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၅ နှစ်သားကလေးလေးကို ပြန်ပေးဆွဲ သတ်တဲ့အမှုနဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ... ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲ လူသတ်သမားလား... သူဘာတွေ လျို့ဝှက်ထားတာက ဘာလဲ...အဖြေကို ဇာတ်လမ်းကြည့်မှ သိနိုင်မှာပါ...     Unicode ******* Thriller ကားမျိုးမှာ ဒီလိုမျိုး IMDb 7.6 လောက်ရတာရှားတယ်လို့ပြောရပါမယ် ဒီတစ်ခါတော့ psycho ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ချန်ဂင်ဆိုပြီး နာမည်ကြီးတဲ့ Jo Jung-eun ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ... ဒီကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၅ နှစ်သားကလေးလေးကို ပြန်ပေးဆွဲ သတ်တဲ့အမှုနဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ... ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲ လူသတ်သမားလား... သူဘာတွေ လျို့ဝှက်ထားတာက ဘာလဲ...အဖြေကို ဇာတ်လမ်းကြည့်မှ သိနိုင်မှာပါ...     Translated & Review By ...
movie

Lady Vengeance (2005)

2005