Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laura Harrier
7.9
Spider-Man: Homecoming (2017)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Spider-Man: Homecoming (2017)
2017
4K HEVC
7.3
Entergalactic (2022)
Entergalactic (2022)~ IMDb - 7.3/10, Rotten Tomatoes - 97% ~"အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆမွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး"လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ဒီမှာတော့ Street ...
movie
Entergalactic (2022)
2022
6.4
The Starling (2021)
The Starling (2021)~ IMDb rating - 6.4/10 ~ရှင်သန်ရတဲ့လူ့ဘဝတလျှောက်မှာ လောကဓံမျိုးစုံနဲ့ကြုံတွေ့ကြရတယ်။ ဒီထဲမှာ ချစ်ရတဲ့သူတွေနဲ့ သေကွဲကွဲရတာလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ နာကျင်စရာအဖြစ်အပျက်တွေကိုပဲ ပြန်တွေးပြီး အတိတ်မှာနစ်မျောနေမလား သွားနှင့်သူတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့သတိရရင်း ဘဝကို ရှေ့ဆက်မလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။၂၀၂၁ စက်တင်ဘာမှာ Netflix ကထုတ်လွှင့်ခဲ့တဲ့ The Starling ဆိုတဲ့ ရုပ်ရှင်လေးကတော့ ကြည့်ရှုသူတွေကို ဘဝနဲ့ပတ်သက်တဲ့ရသတစ်ခုခု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။အရမ်းချစ်ကြတဲ့ဇနီးမောင်နှံဖြစ်တဲ့ ဂျက်နဲ့လီလီဟာ သမီးဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းပြန်နေနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ ဇနီးဖြစ်သူလီလီကတော့ ခက်ခက်ခဲခဲနဲ့ပြန်ရပ်တည်လာနိုင်ပေမဲ့ ခင်ပွန်းဖြစ်သူဂျက်ကတော့ စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ ဒီဆုံးရှူံးမှုကြီးအပြီးမှာ တစ်ယောက်တစ်နေရာစီ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရုန်းကန်ရင်း အချင်းချင်းဝေးကွာလာသလိုဖြစ်ပြီး ကတောက်ကဆတွေလည်းဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံတွေပီပီ လောကဓံကိုဘယ်လိုအနိုင်ယူကြမလဲ။ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ ကိုယ်ချစ်ရတဲ့သူတွေ ချစ်ရတဲ့အရာတွေသာအနားမှာရှိရင် ကြမ်းတမ်းတဲ့လောကကြီးမှာ ရှေ့ဆက်ဖို့ခွန်အားတွေရလာနိုင်တယ်ဆိုတာကို စတားလင်းငှက်ကလေးနဲ့ ပုံဖော်သွားတာပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ...
movie
The Starling (2021)
2021
4.7
White Men Can’t Jump (2023)
White Men Can't Jump (2023) ======================Sports Type နဲ့ Basketball ကြိုက်တဲ့ဘရားသားတို့အတွက် ဇာတ်ကားကောင်းလေးလာပါပြီ။ 1992 ကထွက်ထားတဲ့ White Men Can't Jump ကို remake ပြန်လုပ်ထားတဲ့ကားပါ။ 1992 ရုပ်ရှင်မှာတော့ Zombieland မင်းသားကြီး Woody Harrelson နဲ့ Blade မင်းသားကြီး Wesley Snipesတိုက အတွဲမိမိတင်ဆက် သွားခဲ့ပါတယ်။ ရုပ်ရှင်နာမည်တူနေတာကလွဲလို ဇာတ်လမ်းဇာတ် အိမ်ကတော့ ပြောင်းလဲသွားတယ် အရင်ကားက လူတွေလည်း ပြန်မပါလာဘူး ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ပုံ စံနဲ့သူ ကွဲထွက်နေပြီး ကြည့်လိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့တွဲဖက်နှစ် ယောက်က Jeremy အဖြစ်နဲ့အမေရိကန် ရက်ပ်ပါ Thomas Harley၊ ပြီးတော့ Kamal အဖြစ် Sinqua Walls တို့ သရုပ်ဆောင်ထားပါတယ်။Kamal Allan ရဲ့ဘတ်စကတ်ဘောစကေးက NBA မှာကစားခွင့်ရဖို့ အထိ ရေပန်းစားနေသလို အောင်မြင်မှုအမြောက်အမြားရထားတဲ့ ဆယ်ကျော်သက် တက်သစ်စအထက်တန်း ကျောင်းသားလေးပါ။ သူရဲ့အဖေရဲ့ စနစ်တကျပျိုးထောင်ပေးမှုနဲ့ ဒီလိုအခြေအနေအထိ တက် လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် ...
movie
White Men Can’t Jump (2023)
2023
7.3
Finch (2021)
Finch (2021)==========IMDb Rating - 7.3/10အိုဇုန်းလွှာ ပျက်စီးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် နေရောင်ထဲကို လူသားတွေထွက်လို့မရတော့ အချိန်၊EMP ကြောင့် လျှပ်စစ်ဓာတ်အားလုံး သေဆုံးသွားတဲ့အချိန်၊ ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်နေတဲ့အနာဂတ် ကမ္ဘာပျက်ကြီးထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဖင့်ချ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အဖော် အနေနဲ့ ခွေးလေးတစ်ကောင်နဲ့ စက်ရုပ်လေး တစ်ရုပ်ရှိတယ်။ သူ မရှိတော့တဲ့အချိန်မှာ ခွေးလေးကို စောင့်ရှောက်ဖို့နောက်ထပ်စက်ရုပ်တစ်ရုပ်တိုးလာပြီးအဲဒီစက်ရုပ်ကို သင်ကြားပေးဖို့ ကြိုးစားနေတဲ့အချိန်။ စက်ရုပ်ကလည်း လူလုပ်အသိဉာဏ်ရှိတဲ့အဆင့်ဖြစ်တော့ တဖြည်းဖြည်းသင်ယူလာနိုင်တာပေါ့။ ဒီလိုနဲ့ ဖင့်ချ် လက်ရှိနေတဲ့နေရာကို ဧရာမမုန်တိုင်းကြီးရောက်လာတော့မယ့်အခါမှာ ဘေးကင်းတဲ့အဝေးတစ်နေရာကိုအခက်အခဲတွေ ကြားထဲကနေ ရောက်အောင်သွားဖို့ စွန့်စားခန်းဖွင့်တာကို တွေ့ရပါလိမ့်မယ်။Finch အဖြစ်သရုပ်ဆောင်ထားသူကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Tom Hanks ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) File Size - (3 GB) / (2 ...
movie
Finch (2021)
2021
4K HEVC Web-DL
7.8
BlacKkKlansman (2018)
ဒီဇာတ်လမ်းလေးကတော့ ၁၉၇၀အစောပိုင်းက အမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်ရဲ့ ကော်လိုရာဒိုစပရင်းမြို့ရဲဌာနမှာပထမဦးဆုံး တာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့အာဖရိကန်-အမေရိကန် နီဂရိုးစုံထောက်တစ်ယောက်ဖြစ်တဲ့ရွန် စတောလ်ဝေါ့ရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးပုံဖော်ထားတာပါ...အဲ့ခေတ်အခါက လူမည်းတွေနဲ့ တခြားမျိုးနွယ်ဝင်တွေ(ဥပမာ - ဂျူးလူမျိုးများ)ကို ခွဲခြားဆက်ဆံပြီးလူဖြူမျိုးနွယ်တွေသာမြင့်မြတ်သည်ဟု ခံယူထားကြသည့်"Ku Klux Klan" လို့အမည်ရတဲ့ လူဖြူဝါဒကြီးစိုးရေးအဖွဲ့လဲပေါ်ပေါက်လျက်ရှိပါတယ်...ဒီရုပ်ရှင်ထဲမှာတော့ နီဂရိုးလူမျိုးတစ်ယောက်ဖြစ်တဲ့ ရွန် စတောလ်ဝေါ့အနေနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ဂျူးအနွယ်ဝင် ဖလစ် ဇင်မာမန်းနဲ့အတူ"KKK" အဖွဲ့ထဲ ဘယ်လို လျှို့ဝှက်အသွင်ပြောင်းဝင်ရောက်ပြီးတော့အဖွဲ့ရဲ့သတင်းအချက်အလက်တွေကို ရယူမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ...ထိုခေတ်အခါက အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ လူဖြူမဟုတ်တဲ့မျိုးနွယ်ဝင်တွေဖြစ်ကြတဲ့ နီဂရိုးလူမည်းတွေနဲ့ တခြားအနွယ်ဝင်တွေဘယ်လိုဒုက္ခခံစားရတယ်ဆိုတာကိုလဲ တွေ့မြင်နိုင်ပါသေးတယ်...(အညွှန်းနဲ့ဘာသာပြန်ကတော့ MiKi ပဲဖြစ်ပါတယ်....) File Size : (1 GB) and (311 MB) Quality : WEBDL ...
movie
BlacKkKlansman (2018)
2018
5.8
Fahrenheit 451 (2018)
ဒီရုပ်ရှင်ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Fahrenheit 451 ဆိုတဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။အနာဂတ်ကာလမှာ အာဏာပိုင်တွေဟာ လူတွေ ပညာဆည်းပူးနေတာတွေ၊ အသိပညာရှာဖွေတာတွေကို ပိတ်ပင်တားဆီးနိုင်ဖို့၊ သတင်းအမှောင်ချနိုင်ဖို့၊ စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့အတွက် စာအုပ်တွေအားလုံးကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းပါတော့တယ်။စာအုပ်တွေကို မီးရှို့ဖျက်စီးတဲ့သူတွေထဲမှာ Guy Montag ဆိုတဲ့လူငယ်တစ်ယောက်လဲ ပါဝင်ပြီး အာဏာပိုင်တွေရဲ့ အမိန့်အတိုင်း ဘာအမေးအမြန်းမှမရှိပဲ ဖျက်စီးပေးနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာတဲ့ ကောင်မလေး တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် စာအုပ်တွေကို ဖျက်စီးတဲ့လုပ်ရပ်ကို သူကိုယ်တိုင်ပြန်လည်တားဆီးဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ Black Panther ဇာတ်ကားထဲမှ Michael B. Jordan နဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးဖြစ်တဲ့ Michael Shannon တို့ဖြစ်ပါတယ်။ Fahrenheit 451 ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသားကောင်း ၂ လက်နဲ့အတူ ဇာတ်လမ်း အစအဆုံးဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပဲ ညွန်းလိုက်ပါရစေ။(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (750 MB) and (350 ...
movie
Fahrenheit 451 (2018)
2018