Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Latonya Williams
6.3
Diary of a Wimpy Kid: Dog Days (2012)
Diary of a Wimpy Kid: Dog Days (2012)~ IMDb - 6.3/10, Rotten Tomatoes - 53% ~ငပိန်လေးရဲ့ ၇ တန်းနှစ်ကုန် နွေရာသီကျောင်းပိတ်ရက် ဒိုင်ယာရီပါ။နွေရာသီကျောင်းပိတ်ရက်မှာ ရင်းနှီးစပြုလာတဲ့ Crush လေးကို သူငယ်ချင်းအဆင့်က တက်အောင် တလွဲအစီအစဉ်တွေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာကိုတွေ့ရမှာပါ။ ဒီအရှေ့က ဇာတ်ကားမှာ အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြင်ဆင်တာကိုတွေ့ခဲ့ရပြီးတော့ ဒီဇာတ်ကားမှာတော့ သူ့အဖေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ဘယ်လိုလုပ်လဲဆိုတာ တွေ့ရပါလိမ့်မယ်။နောက်ထပ် သူ့ရဲ့အချစ်ဆုံး ရိုလီရဲ့ အဖေနဲ့ အမေတို့က ကြည့်မရဖြစ်နေတာ ဒီဇာတ်ကားမှာ ပိုဆိုးသွားပါတယ်။ ဟတ်ဖလေမိသားစုဝင် ခွေးလေးတစ်ကောင်လည်း တိုးလာပါသေးတယ်။ ခွေးကလည်း ငပိန်လေးလို ပြဿနာရှာတတ်တဲ့ကောင်လေးပါပဲ။ထုံးစံတိုင်း ပျော်စရာ၊ ရယ်စရာ၊ ချစ်စရာကောင်းတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ နောက်ဆုံးပိုင်းပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ...
movie
Diary of a Wimpy Kid: Dog Days (2012)
2012
5.5
Where Your Heart Belongs (2022)
မက်ကင်ဇီ ဆူလီဗန်က အမေဖြစ်သူဆုံးသွားကတည်းက သူ့မွေးရပ်မြို့ကလေးကို မပြန်ဖြစ်တော့ပဲ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်မခံစားချင်တာကြောင့် နယူးရော့ခ်မြို့မှာ အခြေချကာ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးမားကတ်တင်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ အချောအလှလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ သူမရဲ့အခင်ဆုံးသူငယ်ချင်းက မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲကို မွေးရပ်မြို့ကလေးမှာ ပြန်လုပ်ချင်တဲ့အတွက် သူမကို ပွဲစီစဉ်ကူဖို့ အကူအညီတောင်းလို့ မွေးရပ်မြို့ကလေးကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ အထက်တန်းတုန်းက သူမကို သဘောကျခဲ့တဲ့ အဆက်ဟောင်း ဒေလန်ဟာ အရင်လိုမဟုတ်တော့ပဲ ရင့်ကျက်ခန့်ညားလာကာ သူတို့နှစ်ယောက်သား အတူတူ မင်္ဂလာပွဲစီစဉ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီတော့ မက်ကင်ဇီတစ်ယောက် ဒေလန်နဲ့ ပြန်အဆင်ပြေသွားမလား၊ အမေဖြစ်သူဆုံးသွားတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ပါ့မလားဆိုတာကို ချစ်စရာအလွဲအမှားလေးတချို့နဲ့ ကြည်နူးဖွယ်ကြည့်ရှုရမယ့် romance comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre... Family, Romance Subtitle….Myanmar Subtitle ...
movie
Where Your Heart Belongs (2022)
6.9
Always Amore(2022)
Always Amore(2022)*******************အဲလိဇဘတ်ဟာ ယောကျာ်းဖြစ်သူ ဆုံးပါးသွားပြီးနောက် မိသားစုကိုရော စီးပွားရေးကိုရောတစ်ဦးတည်းဦးဆောင်နေရရှာပါတယ်။ ယောကျာ်းဖြစ်သူရဲ့အမွေအနှစ်ဖြစ်တဲ့ စားသောက်ဆိုင်လေးဟာလည်းတစ်နှစ်ထက်တစ်နှစ်ရောင်းအားကျလာပြီးနောက် ပိတ်သိမ်းရမယ့်အခြေအနေကိုရောက်ရှိလာပါတယ်။ဒီအခြေအနေကနေကယ်တင်နိုင်ဖို့ဆိုပြီး စားသောက်ဆိုင်အကြံပေးဖြစ်သူ ဘန်နဲ့ ပူးတွဲအလုပ်လုပ်ဖို့အကြောင်းဖန်လာပါလေရော။ ဘန်ဟာ အကြံပေးလောကမှာ နာမည်ကြီးအောင်မြင်သူ၊အပြောင်းအလဲကိုကြိုဆိုသူပါ။ အဲလိဇဘတ်ကကျတော့ ယောကျာ်းဖြစ်သူရဲ့ အမှတ်တရအငွေ့အသက်တွေ ပျောက်ပျက်မသွားအောင် အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်လေ့ရှိသူပါ။သူတို့နှစ်ဦးထိပ်တိုက်တွေ့ဆုံတဲ့အခါမှာတော့.....။ ပြောင်းလဲမှုတိုင်းဟာ အမြဲတမ်းဆိုးဝါးမနေဘဲအချစ်သစ် ပျော်ရွှင်မှုအသစ်ကိုတောင် ရှာဖွေတွေ့ရှိနိုင်ကြောင်းရိုက်ကူးပြသထားတဲ့ကားလေးဖြစ်ပါတယ်။File Size :(1.2GB) and (533MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:57:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Always Amore(2022)
5.7
Married by Mistake (2023)
Married by Mistake (2023)IMDb - 5.8ပူပူနွေးနွေး MBAဘွဲ့ရထားတဲ့ ရိုင်လီတစ်ယောက် ငယ်ငယ်တည်းက မျှော်မှန်းခဲ့ရာအလုပ်ကို လက်မတင်လေး ဆုံးရှုံးလိုက်ရပါတယ်။ စိတ်ညစ်ညစ်နဲ့ နိတ်လို့ခေါ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့အတူ မူးကွဲနေအောင်သောက်မိရာက မနက်လင်းတော့ ဘုရားတရပါပြီ။ ဝတ်လစ်စလစ်နဲ့ တစ်ကုတင်တည်းအတူ တက်အိပ်နေကြတဲ့အဖြစ်ကို တွေ့လိုက်ရတာပါ။ လက်သန်းကြွယ်မှာလည်း လက်စွပ်ကိုယ်စီနဲ့ပါပဲ။ ဆိုတော့ မည်သို့မည်ပုံဖြစ်သွားသည် မသိသော်ငြားလည်း နိတ်နဲ့ ခေါင်းချင်းရိုက်တိုင်ပင်ကြတော့ အကြံတစ်ခုထွက်လာပါတယ်။ စီးပွားရေးဘွဲ့လက်မှတ်ကြီးကိုင်ပြီး အလုပ်မရှိလို့ အနာဂတ်ပျောက်နေတဲ့ ရိုင်လီကတစ်ဖက်၊ မိသားစုစီးပွားရေးလုပ်ငန်းမှာ အရှုံးပေါပြီး ဒေဝါလီခံရလုနီးနီးဖြစ်နေတဲ့ နိတ်ကတစ်ဖက်မို့ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် လက်ထပ်လျက်သား ဆက်နေပြီး နိတ်တို့စီးပွားရေးလုပ်ငန်းကိုပဲ ကူညီလုပ်ကိုင်ပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။Romanceနဲ့ Comedy ပေါင်းထားပြီး ခေတ်ဆန်တဲ့ စကားအသုံးအနှုန်းတွေ ပါတာကြောင့် ဇာတ်လေးကြီးတွေ ကြည့်ရတာ ငြီးငွေ့လာသူတွေအဖို့ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 642MB ...
movie
Married by Mistake (2023)
2023
6.3
Warming Up to You (2022)
Warming Up to You (2022) ===================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကတော့ လတ်တလောခေတ်စားနေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့ gym trainer ကောင်မလေးနဲ့ နာမည်ကျော်မင်းသားတစ်ယောက်တို့ရဲ့ ရိုမန့် ဇာတ်လမ်းလေးလို့ပဲ ဆိုကြပါစို့။ကျန်းမာရေးအတွက်ပဲ အမြဲအဓိကထားပြီး လေ့ကျင့်ပေးတတ်လို့ ပေါ်ပင်တွေ နောက်လိုက်တတ်တဲ့ Gym နဲ့ အမြဲကတောက်ကဆဖြစ်ရတဲ့ ပါဆင်နယ်ထရိန်နာမလေး ကိတ်ဝို့ဖ်။နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပေမယ့် body structure ကို ဂရုမစိုက်ဘဲ စားချင်သလိုတွေစားလို့ ကြွက်သားတွေပျောက် ဝဖိုင့်လာရတဲ့ မင်းသား ရစ်ခ်စတီးလ်။ တစ်နေ့မှာ ရစ်ခ် ရဲ့ စတူဒီယိုကနေ ပါဆင်နယ်ထရိန်နာအဖြစ် လေ့ကျင့်ပေးဖို့ ကိတ် ကို ငှားရမ်းလာတဲ့အခါ၊ စတွေ့ကတည်းက ကြောင်နဲ့ ကြွက်လို အမြင်မတည့်ခဲ့ကြတဲ့ သူတို့နှစ်ယောက် ထရိန်နင်ဆင်းကြတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုမန့်စ် လေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေး စီးမျောခံစားကြည့်ရဦးမှာပါ။ ကိုယ့်ရဲ့ ကလိုင်းရန့်နဲ့ လုံးဝ ဒိတ်မလုပ်ဘူးလို့ ကြွေးကြော်ထားခဲ့တဲ့ ကိတ် အတွက်ရော ဘယ်လို challenge တွေဖြစ်လာမလဲဆိုတာကတော့ ... ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Christie Will Wolf ...
movie
Warming Up to You (2022)
2022
5.7
Girl vs. Monster (2012)
စကိုင်လာလူးဝစ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးဟာအရွယ်နှင့်မမျှဘဲအကြောက်တရားကင်းမဲ့လှသူပါသူ့ရဲ့မိဘနှစ်ပါးက မကောင်းဆိုးဝါးများကိုဖမ်းဆီးသူများဖြစ်ကြပြီးတော့သူ့ကိုတော့အဲ့အကြောင်းကိုလျှို့ဝှက်ထားပါတယ်စကိုင်လာ့မိဘနှစ်ပါးဟာ သူ့သမီးကိုအရမ်းကိုပဲ အကာကွယ်လွန်ပြီးအကဲပိုတတ်ကြပါတယ်ဒါပေမယ့် စကိုင်လာကတော့ ငယ်ရွယ်သူပီပီ အဲ့လိုအကာကွယ်လွန်ပြီးစိုးရိမ်ပူပန်လွန်းတာကို လုံးဝမကြိုက်ပါဘူး...သူ့မှာ သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အင်မတန်ကြောက်တတ်တဲ့ ဟင်နရီနဲ့ဆီဒီဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်...သူဟာ နောက်တစ်နေ့ည ဟောလိုးဝင်းမှာကျင်းပမယ့်ပါတီပွဲမှာရောခ့်ဂီတအဖွဲ့တစ်ဖွဲ့နဲ့အတူ သီချင်းတွဲဆိုဖို့အတွက်လဲစီစဉ်ထားပါတယ်သူ့အနေနဲ့ဟောလိုးဝင်းညကိုပျော်ပျော်ကြီးဖြတ်သန်းမယ်လို့မျှော်လင့်ချက်အပြည့်နဲ့ပေါ့...ဒါပေမယ့် အဲ့မျှော်လင့်ချက်တွေဟာ ဟောလိုးဝင်းညမှာ စကိုင်လာ့မိဘတွေသူ့ကိုအိမ်ထဲမှာပဲနေပြီး အပြင်မထွက်ရန် "Alarm" စနစ်ပါပေးထားပြီးလူတစ်ယောက်ဖြင့်စောင့်ကြည့်ခိုင်းထားတဲ့အတွက် အကုန်ပျက်စီးကုန်ပါတော့တယ်...ဒါပေမယ့် စကိုင်လာ့အနေနဲ့ လက်မလျှော့ပဲ သူ့ကို စောင့်ကြည့်နေသည့်လူမသိအောင်အိမ်ထဲကနေခိုးထွက်ဖို့အတွက် အိမ်ရဲ့ပါ၀ါမီးခလုတ်ကိုပိတ်လိုက်ရာမှာတော့သူ့မိဘတွေနှစ်ပေါင်းများစွာ ချုပ်ထားကြသည့် လူတွေရဲ့အကြောက်တရားကိုအင်အားအဖြစ်ဝါးမြိုစားသောက်ကြရတဲ့ မကောင်းဆိုးဝါးများဖြစ်ကြသည့်ဒီရန်မာတာ၊ သီအိုဒိုးရှားနဲ့ စာခြောက်ရုပ်ဘော့တို့သုံးယောက်အပြင်မကောင်းဆိုးဝါးမြောက်မြားစွာ လွတ်မြောက်သွားပါတော့တယ်...စကိုင်လာ့ကိုစောင့်ကြည့်ခိုင်းထားတဲ့ သူ့မိဘများရဲ့သူငယ်ချင်းကစကိုင်လာဟာ မျိုးဆက်(၅)ဆက်မြောက် မကောင်းဆိုးဝါးဖမ်းဆီးသည့်သူတစ်ယောက်ဖြစ်ပြီးအခုလွတ်မြောက်သွားတဲ့ မကောင်းဆိုးဝါးတွေကို ပြန်ဖမ်းဆီးရမယ်လို့ပြောလိုက်တဲ့အခါမှာတော့စကိုင်လာ့အနေနဲ့ သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ မကောင်းဆိုးဝါးများကိုပြန်လည်ဖမ်းဆီးရတော့မယ့်တာဝန်ရှိလာပါတယ်...သူဘယ်လိုတွေများဆက်ရင်ဆိုင်မလဲဆိုတာတော့ဒီကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါလို့...ဒီကားလေးမှာ သူတို့သုံးယောက်ရဲ့စွန့်စားခန်းများအပြင်လူတွေအနေနဲ့ အကြောက်တရားဆိုတဲ့အရာကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာကိုပါထည့်သွင်းပြသထားတဲ့အတွက်အရမ်းကိုပဲကြည့်လို့ကောင်းတဲ့ရုပ်ရှင်ကားလေးဖြစ်မယ်ဆိုတာ သေချာပါတယ်File Size : (760 MB) and (322 MB) Quality : WedDL 720p Running Time : 1hr 29 min Format ...
movie
Girl vs. Monster (2012)
2012