Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lars Brygmann
6.4
Better Times (2024)
Better Times (2023) IMDb - 6.4/10ဒါရိုက်တာ Milad Schwartz Avazရဲ့လက်ရာ ဒိန်းမတ်မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။အမေဖြစ်သူ ကင်ဆာရောဂါနဲ့ဆုံးပါးသွားခဲ့ပြီးကတည်းက စိတ်အခြေအနေမကောင်းတဲ့ အော်စကာတစ်ယောက် အစ်ကိုဖြစ်သူ ကားလ်ရဲ့မိသားစုနဲ့အတူ လိုက်နေပါတယ်။ တစ်ရက် အဖေဖြစ်သူရဲ့ မုန့်ဆိုင်ကို ဘဏ်ကနေအကြွေးသိမ်းမဲ့အကြောင်း တရားရုံးလာခဲ့ဖို့အကြောင်းကြားစာက ကားလ်ဆီကိုရောက်လာတဲ့အတွက် ကားလ်နဲ့ အော်စကာတို့ သူတို့ညီကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ လူးကတ်စ်ကိုပါသွားခေါ်ပြီး သူတို့အဖေရှိတဲ့ မြို့လေးဆီထွက်လာခဲ့ကြပါတယ်။ အမေဖြစ်သူ ဆုံးပါးသွားပြီးကတည်းက အတူတူမရှိခဲ့ကြတဲ့ သားအဖလေးယောက် ပြန်လည်ဆုံတွေ့ကြပုံ၊ တစ်ဦးချင်းစီရဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြပုံတွေကို ဆွတ်ပျံ့ကြည်နူးဖွယ် ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 629MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
Better Times (2024)
The Celebration (1998)
IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ ...
movie
The Celebration (1998)
Fathers and Mothers (2022)
ဒီရုပ်ရှင်ကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင်ဖြစ်ပြီး လူတွေရဲ့ သဘောသဘာဝတွေ ဟန်ဆောင်မှုတွေနဲ့အတူ ကျောင်းသားမိဘတွေကြားထဲက အဖွဲ့အစည်းတွေမှာ မိဘဖြစ်သူတွေ ရုန်းကန်ကြရပုံကို တင်ဆက်ထားပါတယ်။မိဘရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့သားသမီးအတွက် သက်ဆိုင်ရာအသိုင်းအဝိုင်းတွေမှာ ဝင်ဆန့်ဖို့ ကြိုးစားရုန်းကန်ရတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ဒီရုပ်ရှင်ထဲမှာဆိုလည်း ဇနီးမောင်နှံနှစ်ဦးဟာ သမီးဖြစ်သူအတွက် နယ်မြေအသစ်တစ်ခုက ကျောင်းသစ်တစ်ခုကို ပြောင်းလာခဲ့ကြပါတယ်။ သူတို့တွေဟာ အဲဒီကျောင်းရဲ့ နာမည်ကြီး တောတွင်းစခန်းချမီးပုံပွဲကိုသွားရင်း အဲဒီမှာရှိတဲ့ ကျောင်းသားမိဘတွေကြားမှာ ဝင်ဆန့်ဖို့ ကြိုးစားကြရပါတယ်။မတူညီတဲ့ စရိုက်တွေကြားထဲကို ရောဝင်ဖို့ကြိုးစားရင်း အပေါ်ယံသကာလောင်းမှုတွေ၊ အားနည်းသူကို နှိမ်ကြတာတွေ၊ ကိုယ်စွမ်းကိုယ်စပြချင်တာတွေကို ကြုံတွေ့သည်းခံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ တင်ဆက်ပြထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Fathers and Mothers (2022)
7.3
The Professor and the Madman (2019)
The Professor and the Madman (2019)============================IMDb Rating - 7.3/10တစ်ခေတ်တစ်ခါက A+စတားတွေဖြစ်ခဲ့တဲ့ ခုထိလည်း နာမည်မကျသေးတဲ့ ရှောင်ပန်းန်နဲ့ မယ်ဂစ်ဆွန်တို့ အဓိကသရုပ်ဆောင်ထားတဲ့ကားပါ။ဇာတ်အိမ်ကတော့ 19ရာစုအလယ်မှာ ပထမဆုံး အောက်စ်ဖို့ဒ်အဘိဓာန်ကို ရေးသားတည်းဖြတ်ခဲ့တဲ့ အကြောင်း ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်းပါပဲ။ အဘိဓာန်တစ်အုပ်ရဖို့ ဘယ်လိုဘယ်ပုံ ခက်ခဲတယ်ဆိုတာကို ကောင်းကောင်းကြီး ပြထားတယ်။နာမည်နဲ့အတော်လိုက်ပါတယ်။ ကိန်းကြီးခန်းကြီးစကားလုံးတွေ အရူးစကားတွေ အပြည့်နဲ့ပါပဲ။ သမိုင်းဒရာမာပေမဲ့ တင်ပြပုံ အရမ်းရှင်းမနေပါဘူး။သမိုင်းတွေ ဒိုကူတွေ စိတ်၀င်စားတဲ့လူတွေ ကြိုက်မယ့် ရုပ်ရှင်ပါပဲ။ မင်းသားကြီး ၂ယောက်ရဲ့ သရုပ်ဆောင်ကွက်တွေကို မြင်ရတာနဲ့တန်တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။File Size - (2.2 GB)/(1.17 GB)/(700 MB) Quality – BluRay- (1080p) / (720p) / (480p) Duration - 2hrs 4min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama Translator – WiRa Aung Encoder ...
movie
The Professor and the Madman (2019)
2019
7.7
Riders of Justice(2021)
Riders of Justice(2021) အညွှန်း****************************IMDb....7.7 ,,,Rotten...93%ဒီကာလမှာ ဂျင်းကားတွေခပ်များများကြားထဲက ဒီလို လတ်ဆတ်ကြမ်းထော်နေတဲ့ ratingတွေလာတဲ့အက်ရှင်ကားက ခပ်ရှားရှားရယ်....မားကပ် ဆိုတဲ့ စစ်သားကြီးမှာ မိန်းမနဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်နေ့မှ ရထားချင်းမတော်တဆ တိုက်မှုမှာ မိန်းမကသေသွားပြီးသမီးနဲ့သူပဲ ကျန်ခဲ့တယ်။ အဲဒီရထားပေါ်မှာပဲ အချက်အလက်တွေကိ တွက်ချက်လေ့လာတတ်တဲ့ပညာရှင်တစ်ယောက်ပါ ပါလာတယ်။ သူက မသေဘဲ ကျန်ခဲ့ချိန်မှာ ဒီရထားတိုက်မှုဟာ မတော်တဆမဟုတ်ဘူးလို့ သံသယဖြစ်လာတာကြောင့်ဆက်ပြီး စုံစမ်းခဲ့ပါတယ်။ စုံစမ်းရင်းနဲ့ ဒီအမှုဟာ ဆိုင်ကယ်လူဆိုးဂိုဏ်းနဲ့ပတ်သတ်နေတာကို သိလာတဲ့အခါသိပ္ပံကြမ်းပိုးတွေနဲ့ စစ်သားကြီးပေါင်းပြီး လူဆိုးဂိုဏ်းကို ဘယ်လိုတွေဗျင်းကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Mr.Andersonပဲဖြစ်ပါတယ်...File Size : (980 MB) and (380 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:56:00 Genre : Action, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae
movie
Riders of Justice(2021)