Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lanette Ware
5.8
Seven Veils (2025)
Seven Veils (2025)IMDb Rating (5.8) / Rotten Tomatoes (77%) အချစ်ဦးလို့ပြောလို့ရတဲ့ မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Amanda Seyfriedရဲ့ ရုပ်ရှင်အသစ်ပါ။မမကို ငန်းရင်းတောင် တန်နေတဲ့ရုပ်ရှင်ကိုမှ ဇာတ်လမ်းသွားကလည်း ကြမ်းနေတော့ ဒီကားက ပြောစရာကို မလိုတဲ့ကားပါပဲ။ ဇာတ်ကတော့ အော်စကာဝိုင်းရဲ့ပြဇာတ်ကို အဓိကသုံးထားတယ်။မင်းသမီးက ပြဇာတ်ဒါရိုက်တာ။ သူ့ဆရာပြဇာတ်ဒါရိုက်တာသေသွားပြီးတဲ့နောက် အဲဒီဆရာအတွက် အမှတ်တရ အဲဒီဆရာရဲ့ အကျော်ကြားဆုံးပြဇာတ်ကို ပြန်လည်ကပြဖို့ လုပ်ကြရာမှာ သူက ဒါရိုက်တာအဖြစ်ပါဝင်ရတယ်။အော်ပရာပြဇာတ်တစ်ခုလုံး အသက်သွင်းဖို ကြိုးစားကြပုံတွေကို မြင်ရမယ့်အပြင် အော်စကာဝိုင်းရဲ့ပြဇာတ်နဲ့ မင်းသမီးရဲ့ဘဝက ဘယ်လိုဆက်စပ်နေလဲ။သူ့ဆရာနဲ့ သူ့ဆက်ဆံရေးက ဘာတွေဖြစ်ခဲ့လဲဆိုတာကို တော်တော်လေးစိတ်ဝင်စားဖို့ကောင်းအောင်ပြထားတယ်။အော်စကာဝိုင်းရဲ့ မူရင်းပြဇာတ်ရဲ့ဇာတ်ကိုကလည်း တော်တော်လေး ထူးခြားပြီး အနုပညာမြောက်နေတဲ့အတွက် အဲဒီပြဇာတ်က ဇာတ်ကို အဓိကသုံးထားတဲ့ ဒီကားကလည်း မညံ့ခဲ့ပါဘူး။ အော်စကာဝိုင်းပြဇာတ်ထဲက စကားအတိုင်းဆို အချစ်ဆိုတာ သေခြင်းတရားထက် ပဟေဠိဆန်တယ်တဲ့။ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းနဲ့ သေခြင်းကြားက ပဟေဠိတွေကို ...
movie
Seven Veils (2025)
2025
The Fire Inside (2024)
The Fire Inside ဇာတ်ကားက စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်ကောင်အဓိကကတော့ သူရဲ့အိပ်မက်ကို လိုက်ချင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ််။ သူဟာ လက်ဝှေ့လောကမှာ အောင်မြင်ချင်တဲ့သူဖြစ်ပြီး၊ အခက်အခဲတွေကြုံရပါတယ်။ ဒါပေမယ့် သူဟာ စိတ်အားထက်သန်တွေ လျော့သွားတတ်သူမဟုတ်ပါဘူး။သူရဲ့ရင်ဆိုင်မှုတွေကိုကြည့်ပြီး တော့ပြန်ပြီးစိတ်အားထက်သန်လာအောင် လုပ်ပေးနိုင်တဲ့ဇာတ်ကားပါပဲ။ ဒါရိုက်တာ ရေချယ် မော်ဆန်က ဇာတ်လမ်းကို တင်ဆက်ရာမှာ ရှုခင်းတွေ၊ စိတ်ကူးတွေအပြည့်အဝ ထည့်သွင်းထားပြီး မိန်းကလေးရဲ့ စိတ်အခြေအနေတွေကို ခံစားရစေပါတယ်။ ဇာတ်ကောင်ရဲ့ရင်ဆိုင်မှုတွေက ပရိသတ်ကို လည်းဘယ်လိုကျော်လွှာရမလဲဆိုတာမျိုးကို အားဖြစ်စေခဲ့တယ် လမ်းပြတဲ့သူ ကိုယ်စားပြုပေးတဲ့သူတစ်ယောက်ဖြစ်ပေးခဲ့တယ်။ ဒီဇာတ်ကားဟာ လူတိုင်းရဲ့ အိပ်မက်တွေနဲ့ ရင်ဆိုင်ကြိုးစားနေတဲ့သူတွေအတွက် အဓိပ္ပာယ်ရှိပါတယ်။သူဟာ အခက်အခဲတွေကို ကျော်လွှားပြီးတော့ လက်တွေ့ကျတဲ့ အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။အခက်အခဲတွေကြောင့် ဘယ်လို မချိုးမလှဖြတ်လို့မရတဲ့အခါမျိုးမှာလည်း အောင်မြင်ဖို့အတွက်မဖြစ်မနေကြိုးစားနေခဲ့တယ်။ "The Fire Inside" ကတော့ အိပ်မက်တွေကို ယုံကြည်စွာလိုက်ခဲ့တဲ့သူတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပေးတဲ့ ဇာတ်ကားတစ်ကားပါပဲ။ အားလုံးကိုလည်းကြိုးစားလာဖို့အတွက်အားဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ...
movie
The Fire Inside (2024)
6.0
Shaft (2000)
Shaft (2000)IMDb Rating (6.0) / Rotten Tomatoes (67%) ရှက်ဖ် ကို အတော်များများ ကြိုက်ကြမယ် ထင်ပါတယ်။ ဆမ်မြူရယ် ဂျက်ဆန် ကြီးက အထာကျတာကိုး။ဒီကားကတော့ ဂျွန်ရှက်ဖ် တစ်ယောက် စုံထောက်အလုပ်ကနေ ဘယ်လိုထွက်လာပြီး အလွတ်စုံထောက်ဖြစ်လာလဲဆိုတာ တွေ့ရမှာပါ။သူနဲ့အပြိုင်ဗီလိန်မင်းသားက ခရစ်ရှန်ဘေး ဆိုတော့ အတော်ကောင်းနေတာပါပဲ။ဒီဇာတ်လမ်းအစမှာ သန်းကြွယ်သူဌေးကြီးရဲ့ သားတစ်ယောက်က ကလပ်မှာ လူသတ်လိုက်တယ်။တရားခံကို ဖမ်းပေးလိုက်နိုင်ပေမယ့် သက်သေက ထွက်ပြေးနေလို့ အာမခံရသွားတယ်။ဒီအမှုကို တရားမျှတမှုရဖို့ ရှက်ဖ်ကြီး သဲကြီးမဲကြီးလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Littleneo ဖြစ်ပါတယ်။)File size…(1.6 GB) / (870 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:41:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Littleneo
movie
Shaft (2000)
2000
Bad Company (2002)
ဂျိတ်ဟေးစ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီးတော့ လက်မှတ်မှောင်ခိုရောင်းလိုက်၊ ပန်းခြံမှာ စစ်တုရင်ကစားပြီး ငွေရှာလိုက်နဲ့ လုံးချာလိုက်နေပေမယ့် ဂေါင်းကြီးတို့နဲ့ မတူတာကတော့ သူ့မှာ ဂျူလီဆိုတဲ့ ကောင်မလေးတော့ရှိပါတယ်။ဒါပေမဲ့ သူ့ကောင်မလေးက အဖြစ်မရှိတဲ့ ဂျိတ်ကြောင့် သူ့ရည်းစားဟောင်းရှိတဲ့ တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ ပြောလာပါတော့တယ်။ အဲဒီအချိန်မှာ သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် စီအိုင်အေက ခေါ်သွားပြီးတော့ သူ့မှာ ငယ်ငယ်တုန်းက ကွဲသွားတဲ့ အမြွာအစ်ကိုရှိတဲ့အကြောင်း၊ သူ့အမြွာအစ်ကိုက စစ်ဆင်ရေးတစ်ခုမှာ ဆုံးသွားတဲ့အကြောင်း ပြောပြပြီးတော့ အန္တရာယ်မရှိတဲ့ သာမန်စစ်ဆင်ရေးမှာ သူ့အစ်ကိုဟန်ဆောင်ပေးဖို့ ငွေအများကြီး ကမ်းလှမ်းပါတော့တယ်။ဒီတော့ သူကောင်မလေးကို ဆုံးရှုံးရမှာစိုးတဲ့အတွက် စီအိုင်အေကို သဘောတူလိုက်ပေမဲ့ စစ်ဆင်ရေးက သူထင်ထားသလို သာမန်မဟုတ်ပဲ တစ်မြို့လုံး ပြောင်သလင်းခါသွားနိုင်တဲ့ နျူးကလီးယားဗုံးနဲ့ ဆက်စပ်နေပြီး ကျားမြီးပြေးဆွဲနေရမဲ့အနေအထား ရောက်လာတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရမှာဖြစ်လို့ အူတက်အောင် ခွီချင်ရင် ကြည့်သာကြည့်လိုက်ကြပါတော့ ဂေါင်းကြီးတို့File ...
movie
Bad Company (2002)
5.8
A Mother’s Nightmare (2012)
A Mother's Nightmare (2012) "မိခင်သောက" IMDb - 5.8/10ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲ သူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးက စာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီး ရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။ လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျ အမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီး ဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ...
movie
A Mother’s Nightmare (2012)
2012
6.5
Music and Lyrics (2007)
Music and Lyrics (2007) ================== IMDb Rating - 6.5/10ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple music စတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်း ကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက် ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင် ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီး ဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာ ရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေး တွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊ အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့ သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်း မျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles'Angle ဒရူးဘယ်ရီမိုးက တော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)File Size..........(2.13 GB) / (889 ...
movie
Music and Lyrics (2007)
2007
4.6
Firestarter (2022)
Firestarter (2022) 1980 တုန်းက ထွက်ခဲ့တဲ့ စတီဖင်ကင်း ၀တ္တုဖြစ်တဲ့ Firestarter ကို 1984 မှာ ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပါတယ်။ ခုတစ်ဖန် ၂၀၂၂မှာ Reboot ပြန်ရိုက်ထားတာပါ။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ ကြည့်ပျော်တဲ့ထဲပါတဲ့ ရုပ်ရှင်ပါပဲ။ Zac Efron လို နာမည်ကြီး မင်းသားလည်း ပါ၀င်သရုပ်ဆောင်ထားသလို အဓိကဇာတ်ကောင်ကလေးမလေးကလည်း ရုပ်ရှင်သမားအတော်များများ မြင်ဖူးကြလောက်မယ့်သူပါပဲ အရင်ကားအဟောင်းကိုပဲ တီးခတ်ပေးထားတဲ့ ဂန္ထဝင် Composer John Carpenter ကြီးကပဲ နောက်ခံဂီတကို တီးခတ်ပေးထားပါတယ်။သူကတော့ Horror, Science Fiction လို့ ရေးထားပေမဲ့ စူပါဟီးရိုးကား အရသာတော်တော်ရပါတယ်။ အဓိက ဇာတ်ကောင်ကလေးမလေးက မီးကိုထုတ်ချင်သလိုထုတ်လို့ရပါတယ်။ သို့ပေမဲ့ သူ့ပုံစံက X menထဲက ဂျင်းဂရေးနဲ့အတော်တူပါတယ်။ သူတို့လို စွမ်းအားတွေရဲ့ရင်းမြစ်က ဓာတုကွန်ပေါင်းတစ်မျိုးဖြစ်တာကြောင့် The Boys ထဲက ဟီးရိုးတွေနဲ့လည်း ...
movie
Firestarter (2022)
2022
6.5
White Lie (2019)
movie
White Lie (2019)
2019